Ketoprofen (ကီတိုပရိုဖန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Generic Name: Ketoprofen (ကီတိုပရိုဖန်) Brand Name(s): Generics only. No brands available.

အဓိပ္ပါယ်ဖွင့်ဆိုချက်

ketoprofen ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Ketoprofen ကို အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော နာကျင်ခြင်းများ သက်သာပျောက်ကင်းစေရန် အသုံးပြုပါသည်။ ထို့အပြင် ၎င်းသည် အဆစ်အမြစ်ရောင်ရောဂါကြောင့်ဖြစ်သော နာကျဉ်ရောင်ရမ်းခြင်း၊အဆစ်အမြစ်နာကျဉ်ခြင်းတို့ကိုလည်း သက်သာစေသည်။ ketoprofen သည် စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAID) အုပ်စုဝင် ဆေးတမျိုးဖြစ်ပြီး ရောင်ရမ်းခြင်းကို ဖြစ်စေသော ပစ္စည်းများကို ခန္တာကိုယ်မှ ထုတ်ခြင်းအား တားဆီးခြင်းဖြင့် ဆေးအာနိသင်ပြစေသည်။ အကယ်၍ သင်သည် အဆစ်အမြစ်ရောင်ခြင်းကဲ့သို့ နာတာရှည်အခြေအနေများအတွက် အသုံးပြုလိုပါက အခြားဆေးများကို အသုံးပြုသင့်ပြီး ဆေးဝါးအပြင် အခြားသော ကုသမှုများကိုလည်း ခံယူသင့်သဖြင့် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် ketoprofen ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
ketoprofen ကို ဂေါက်ရောဂါ အတွက်လည်း အသုံးပြုနိုင်သည်။

ဆေးသောက်နည်း နှင့် သိုလှောင်ရန်

Ketoprofen ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

အကယ်၍ သင်သည် ဆရာဝန် ညွှန်ကြားချက် မလိုသော ဆေးများကို မိမိဖာသာ ဝယ်ယူသုံးစွဲပါက ketoprofen ကို မသောက်သုံးမီ ဆေးညွှန်းကို သေချာစွာဖတ်ပါ။ ဆရာဝန် ညွှန်ကြားချက်ဖြင့် အသုံးပြုပါက ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။ မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။

ketoprofen ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် တနေ့လျှင် ၂ကြိမ် သို့မဟုတ် ၃ကြိမ်) ရေတဖန်ခွက်အပြည့်ဖြင့် သောက်ပါ။ ဆေးသောက်ပြီး အနည်းဆုံး ၁၀မိနစ်ခန့်အကြာထိ လဲလျောင်းခြင်းမပြုရ။ အစာအိမ်ထိခိုက်ခြင်းမှ ကာကွယ်ရန် ဆေးကို အစာ၊နွားနို့ သို့မဟုတ် antacid များနှင့် တွဲသောက်ပါ။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သရွေ့ လျှော့ချနိုင်ရန်နှင့် အစာအိမ်သွေးယိုခြင်းမှ ကာကွယ်ရန်အတွက် ဆေးကို ဖြစ်နိုင်သမျှ အနည်းဆုံးပမာဏဖြင့် စတင်ပြီး ဖြစ်နိုင်သမျှ ကာလအတိုဆုံးသောက်သင့်သည်။ ဆရာဝန် ညွှန်ကြားထားသည့်ပမာဏ သို့မဟုတ် ကာလ ထက် ပိုသောက်ခြင်း မပြုရ။ အထူးတလည်ညွှန်ကြားထားခြင်းများ မရှိလျှင် ဆရာဝန် ညွှန်ကြားချက် မလိုသော ဆေးများကို ဆယ်ရက်ထက် ပိုမသောက်ရပါ။ တာရှည်စွဲသောက်ရမည့် ရောဂါများ (ဥပမာ။ ။ အဆစ်အမြစ်ရောင်ခြင်း)အတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆက်လက်သောက်သုံးပါ။ ကောင်းကျိုးဆိုးပြစ်များကို သိရှိနိုင်ရန် ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပါ။ အကယ်၍ သင်သည် ketoprofen ကို ပုံမှန်သုံးစွဲနေခြင်း မဟုတ်ဘဲ လိုအပ်မှ သုံးစွဲသည်ဆိုလျှင် အကိုက်အခဲပျောက်ဆေးများသည် စ,နာသည်နှင့် ချက်ချင်း သောက်ပါက အကောင်းဆုံးဖြစ်ပြီး ပိုမို နာကျင်လာသည့်အချိန်မှ သောက်လျှင် လိုအပ်သည့် ဆေးအာနိသင်လုံလောက်စွာမရ ဖြစ်တတ်ကြောင်းကို သိထားရမည်။ အကယ်၍ သင်သည် ketoprofen ကို ခေါင်းတခြမ်းကိုက်ခြင်းအတွက် သုံးစွဲခြင်းဖြစ်လျှင် ပထမတကြိမ် သောက်ပြီးနောက် မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

အချို့သောရောဂါများ (ဥပမာ။ ။ အဆစ်အမြစ်ရောင်ခြင်း)အတွက် အသုံးပြုပါက ဆေးအာနိသင် အပြည့်အဝပြရန် ရက်သတ္တပတ် ၂ပတ်ခန့် အချိန်ယူရလေ့ရှိပါသည်။

Ketoprofen ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Ketoprofen ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံး သိုလှောင် သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ ketoprofen ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ketoprofen ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Ketoprofen ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။

Ketoprofen ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

သတိပြုရမည့်အချက်များ

Ketoprofen ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

ketoprofen ကို မသောက်သုံးမီ
• သင့်အနေဖြင့် ketoprofen ၊ aspirin သို့မဟုတ် အခြား NSAIDများ (ဥပမာ။ ။Ibuprofen (Advil, Motrin)၊ naproxen (Aleve, Naprosyn)) သို့မဟုတ် အခြားသော အကိုက်အခဲပျောက် အဖျားကျဆေးများ သို့မဟုတ် အခြားဆေးဝါးတမျိုးမျိုး သို့မဟုတ် ketoprofen ဆေးတောင့်/ကြာရှည်စွာ အာနိသင်ပြသော ဆေးပြားများတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။ အဆိုပါ ပါဝင်ပစ္စည်းများကို သိရှိလိုပါက ဆရာဝန်ကို မေးမြန်းပါ။
• သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။
• သင့်တွင် ပန်းနာရင်ကြပ်ရှိလျှင် အထူးသဖြင့် နှာခေါင်းပိတ်ခြင်း၊နှာရည်ယိုခြင်း သို့မဟုတ် နှာခေါင်းအတွင်းသားရောင်ရမ်းခြင်းများ မကြာခဏဖြစ်ပါက၊ခြေလက်များ ဖောရောင်ပါက၊ ကျောက်ကပ် သို့မဟုတ် အသည်းရောဂါများရှိပါက ဆရာဝန်ကို ကြိုပြောပါ။
• ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ပြောပြပါ။
• သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက ketoprofen သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ketoprofen က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက ketoprofen သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
• ရင်ဘတ်အောင့်ခြင်း၊အားနည်းခြင်း၊အသက်ရှုမဝခြင်း၊စကားပီပီသသ မပြောနိုင်တော့ခြင်း၊ အမြင်အာရုံ သို့မဟုတ် ခန္တာကိုယ်ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿနာများ ခံစားရခြင်း။
• ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း။
• ချောင်းဆိုးသွေးပါခြင်း သို့မဟုတ် ကော်ဖီအနှစ်ရောင်များ အန်ခြင်း။
• စိတ်ရှုပ်ထွေးခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း။
• ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝ မသွားတော့ခြင်း။
• ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အပေါ်ပိုင်း နာ/အောင့်ခြင်း၊ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊မျက်စိ သို့မဟုတ် အသားဝါခြင်း။
• သွေးခြေဥခြင်း၊ပြင်းထန်စွာ ထုံနာကျဉ်နာဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း။
• ဖျားခြင်း၊ခေါင်းကိုက်ခြင်း၊ဇက်တောင့်ခြင်း၊ချမ်းတုန်ခြင်း၊အလင်းရောင်မခံနိုင်ခြင်း၊အရေပြားပေါ်တွင် ခရမ်းရောင် အစက်လေးများပေါ်လာခြင်း၊တက်ခြင်း။
• သာမန်ဘေးထွက် လက္ခဏာများမှာ
• ဗိုက်နာ/အောင့်ခြင်း၊ အနည်းငယ် ရင်ပူခြင်း သို့မဟုတ် အစာအိမ်နာခြင်း၊ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း။
• လေထခြင်း။
• ခေါင်းကိုက်၊မူးဝေထိုင်းမှိုင်းခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း။
• အာခြောက်ခြင်း။
• ချွေးအလွန်ထွက်ခြင်း၊ နှာစေးခြင်း။
• အမြင်အာရုံဝေဝါးခြင်း။
• နားထဲတွင် အသံစူးစူးများ ကြားနေရခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက ketoprofen နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Ketoprofen ဟာ သင်အခုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

စိတ်ကျရောဂါပျောက်ဆေးများ ဖြစ်ကြသော citalopram (Celexa), duloxetine
(Cymbalta), escitalopram (Lexapro), fluoxetine (Prozac, Sarafem, Symbyax), fluvoxamine
(Luvox), paroxetine (Paxil), sertraline (Zoloft), or venlafaxine (Effexor) တို့ကို မသုံးစွဲမီ ဆရာဝန်နှင့် ဦးစွာ တိုင်ပင်ပါ။ အဆိုပါဆေးများကို NSAID များနှင့် တွဲဖက်သောက်သုံးခြင်းဖြင့် သွေးခြေဥခြင်း၊သွေးထွက်ခြင်းများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
အခြားသော ဆေးများ သုံးစွဲနေပါကလည်း ဆရာဝန်ကို ပြောပြပါ။ အထူးသဖြင့်
• Cyclosporine (Gengraf, Neoral, Sandimmune);
• Lithium (Eskalith, Lithobid);
• Methotrexate (Rheumatrex, Trexall);
• Probenecid (Benemid);
• သွေးကျဲဆေးများ —-> warfarin (Coumadin), or an anti-platelet Ketoprofen such as
• clopidogrel (Plavix), dipyridamole (Persantine)၊ ticlopidine (Ticlid)၊ and others;
• Steroids (prednisone and others);
• Aspirin သို့မဟုတ် အခြားသော nsaids —-> diclofenac (Voltaren)၊ etodolac (Lodine)၊ fenoprofen
(Nalfon)၊ flurbiprofen (Ansaid)၊ ibuprofen (Advil၊ Motrin)၊ indomethacin (Indocin),
ketorolac (Toradol)၊ mefenamic acid (Ponstel)၊ meloxicam (Mobic)၊ nabumetone
(Relafen)၊ naproxen (Aleve၊ Naprosyn)၊ piroxicam (Feldene)

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက ketoprofen နဲ့ ဓါတ်ပြုနိုင်ပါသလား။

Ketoprofen က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက ketoprofen နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Ketoprofen ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• သွေးအားနည်းရောဂါ။
• ပန်းနာရင်ကြပ်ရောဂါ။
• သွေးနှင့်ဆိုင်သော ပြဿနာများ။
• နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း။
• ဖောရောင်ခြင်း။
• ရုတ်တရက် နှလုံးရပ်ဖူးခြင်း။
• နှလုံးရောဂါရှိခြင်း။
• သွေးတိုးရှိခြင်း။
• ကျောက်ကပ် သို့မဟုတ် အသည်းရောဂါရှိခြင်း။
• အစာအိမ် သို့မဟုတ် အူအနာရှိခြင်း သို့မဟုတ် ထိုအနာမှ သွေးယိုခြင်း။
• လေဖြတ်ဖူးခြင်း —–> အခြေအနေကို ပိုဆိုးစေတတ်သဖြင့် သတိထားသုံးပါ။
• အက်စ်ပရင် ဆေးပြားကြောင့် ပိုဆိုးစေသော ပန်းနာရင်ကြပ်ရှိလျှင်။
• အက်စ်ပရင် ဆေးပြားနှင့် ဓါတ်မတည့်သည့် ရာဇဝင်ရှိခြင်း —-> ထိုလူနာများတွင် လုံးဝအသုံးမပြုရပါ။
• နှလုံးခွဲစိတ်ခြင်း ——> ခွဲစိတ်မှု မပြုလုပ်မီ သို့မဟုတ် ပြုလုပ်ပြီးချိန်တွင် အနာသက်သာစေရန် ketoprofen ကို အသုံးမပြုရပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ ketoprofen ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

• Osteoarthritis အဆစ်အမြစ်ရောင်ရောဂါအတွက် :
၇၅ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ် သို့မဟုတ် ၅၀ မီလီဂရမ်ကို တနေ့လျှင် လေးကြိမ် သောက်ရမည်။ တနေ့တာအတွက် အများဆုံး သောက်နိုင်သော ပမာဏမှာ ၃၀၀ မီလီဂရမ် ဖြစ်ပါသည်။
ကြာရှည်စွာ အာနိသင်ပြသော ဆေးပုံစံဖြစ်လျှင် ၂၀၀ မီလီဂရမ်ကို တနေ့တကြိမ် သောက်ရမည်ဖြစ်ပါသည်။

• Rheumatoid arthritis အဆစ်အမြစ်ရောင်ရောဂါအတွက်
၇၅ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ် သို့မဟုတ် ၅၀ မီလီဂရမ်ကို တနေ့လျှင် လေးကြိမ် သောက်ရမည်။ တနေ့တာအတွက် အများဆုံး သောက်နိုင်သော ပမာဏမှာ ၃၀၀ မီလီဂရမ် ဖြစ်ပါသည်။
ကြာရှည်စွာ အာနိသင်ပြသော ဆေးပုံစံဖြစ်လျှင် ၂၀၀ မီလီဂရမ်ကို တနေ့တကြိမ် သောက်ရမည်ဖြစ်ပါသည်။

• ဂေါက်ရောဂါကြောင့် လတ်တလော နာကျင်ခြင်းအတွက်
၁၀၀မီလီဂရမ်ကို တကြိမ်ဦးစွာ သောက်ပြီး ၅၀ မီလီဂရမ်စီကို ဂေါက်ရောဂါကြောင့် လတ်တလောနာကျင်ခြင်း ပျောက်ကင်းသွားသည်အထိ (အများအားဖြင့် နှစ်ရက်သုံးရက်ခန့်) ၆နာရီခြားတခါ သောက်ရမည်ဖြစ်သည်။

• အခြားသော နာကျင်ခြင်းများအတွက်
၂၅ – ၅၀ မီလီဂရမ်ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြားတခါ သောက်ရမည်။ ဆေးပမာဏကို ၇၅မီလီဂရမ် အထိတိုးမြှင့်နိုင်သည်။

• အဖျားတက်ခြင်းအတွက်
• ၁၂.၅ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြား တခါ သောက်ရမည်။ တနာရီအတွင်း အဖျားမကျပါက နောက်တကြိမ်ထပ်ပေးနိုင်သည်။ တနေ့တာအတွက် အများဆုံး သောက်နိုင်သော ပမာဏမှာ ၇၅ မီလီဂရမ် ဖြစ်ပါသည်။

• ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက်
၂၅ – ၅၀ မီလီဂရမ်ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြားတခါ လိုအပ်သလို သောက်ရမည်။ လူနာအခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကို ချိန်ဆရမည်ဖြစ်ကာ ၂၄နာရီအတွင်း ၃၀၀မီလီဂရမ်ထက် မပိုရပါ။

ကလေးငယ်တွေမှာ ketoprofen ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစား ပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ
ketoprofen ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

ketoprofen ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• သောက်ဆေးတောင့် : ၅၀၊ ၇၅ မီလီဂရမ်။
• ကြာရှည်စွာ အာနိသင်ပြသော ပုံစံ ဆေးတောင့် : ၂၀၀ မီလီဂရမ်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Ketoprofen ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုင် 25, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 14, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။