Generic Name: Ketoconazole(ကီတိုကိုနဇော) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Ketoconazole(ကီတိုကိုနဇော) ကို ဘာအတွက်အသုံးပြုကြသလဲ

Ketoconazole ကို ပြင်းထန်သော fungus မှိုစွဲခြင်း အား ကုသရန် အသုံးပြုပါသည်။ ketoconazole သည် azole antifungal အုပ်စုဝင် မှိုပိုးသတ်ဆေးအမျိုးအစားတစ်မျိုးဖြစ်ပါသည်။၎င်းသည် fungus မှိုများ ကြီးထွားခြင်းကို ရပ်တန့်ခြင်းအားဖြင့် အာနိသင်ပြပါသည်။ketoconazole ကို ဦးနှောက်တွင်း သို့မဟုတ် အရေပြားပေါ်နှင့် ခြေသည်းလက်သည်းများတွင် မှိုစွဲခြင်းအတွက် အသုံးမပြုသင့်ပါ။

အခြားအသုံးပြုမှုများ။   ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် ketoconazole ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

ketoconazole ကို ဆီးကျိတ်ကင်ဆာ နှောင်းပိုင်းအဆင့်များတွင်လည်း သုံးနိုင်ပါသည်။

Ketoconazole(ကီတိုကိုနဇော) ဘယ်လိုသောက်သုံးသင့်သလဲ

ketoconazole ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် တနေ့လျှင် တကြိမ်) သောက်သုံးရပါသည်။ketoconazole ကို အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သောက်နိုင်ပါသည်။ သို့သော် အစာနှင့် အတူသောက်ခြင်းဖြင့် ဗိုက်နာ/အောင့်ခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။

အကယ်၍ သင်သည် antacid များကို သောက်သုံးနေပါက ketoconazole ကို antacid မသောက်မီ အနည်းဆုံး နှစ်နာရီ သို့မဟုတ် antacid သောက်ပြီး တစ်နာရီအကြာမှ သောက်ပါ။ထိုသို့မဟုတ်လျှင် ketoconazole ကို သွေးထဲသို့ကောင်းစွာ စုပ်ယူနိုင်မည်မဟုတ်ပါ။

ဆေးပမာဏ နှင့် ဆေးသောက်ရမည့် ကာလသည် သင်၏ကျန်းမာရေးအခြေအနေနှင့် ဆေးကိုတုန့်ပြန်မှုတို့အပေါ် မူတည်ပါသည်။ကလေးများတွင် ကိုယ်အလေးချိန်ကိုပါ ထည့်သွင်းစဉ်းစားရပါသည်။ဆေးကုသမှု လုံးဝအောင်မြင်ပြီးစီးရန်အတွက် ရက်ပိုင်းမှ လပိုင်းအထိ ကြာမြင့်မည်ဖြစ်ပါသည်။ ketoconazole ၏ အာနိသင်အကောင်းဆုံးပြနိုင်ရန်အတွက် သွေးထဲတွင် ketoconazole ဆေးပမာဏ တသမတ်တည်း ရှိနေရန် လိုအပ်ပါသည်။ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရောဂါလက္ခဏာများ ပျောက်ကွယ်သွားသည့်တိုင် ketoconazole ကို သတ်မှတ်ရက် ပြည့်သည်အထိ ဆက်လက်သောက်သွားရမည်ဖြစ်ပါသည်။ဆရာဝန် ညွှန်ကြားထားသည်ထက် စောပြီး ဆေးသောက်ရပ်လိုက်ပါက ရောဂါလက္ခဏာများ တဖန် ပြန်လည်ဖြစ်ပေါ်လာနိုင်ပါသည်။

သင့်ရောဂါအခြေအနေ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို အသိပေးပါ။

Ketoconazole(ကီတိုကိုနဇော) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Ketoconazole ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့  ketoconazole ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ketoconazole ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Ketoconazole ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Ketoconazole ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ketoconazole(ကီတိုကိုနဇော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ketoconazole ကို မသောက်သုံးမီ

  • သင့်အနေဖြင့် ketoconazole ၊ သို့မဟုတ် အခြားဆေးဝါးတမျိုးမျိုး သို့မဟုတ် ketoconazole တွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။အဆိုပါ ပါဝင်ပစ္စည်းများကို သိရှိလိုပါက ဆရာဝန်ကို မေးမြန်းပါ။
  • အောက်ပါဆေးများ သုံးစွဲနေပါက ဆရာဝန်ကို အသိပေးပါ။

alprazolam (Niravam, Xanax);eplerenone (Inspra);

ergotamine (Ergomar, in Cafergot, in Migergot), dihydroergotamine

(D.H.E 45, Migranal),  methylergonovine (Methergine); felodipine (Plendil); irinotecan

(Camptosar); lovastatin (Mevacor); lurasidone (Latuda); midazolam (Versed); nisoldipine

(Sular); simvastatin (Zocor); tolvaptan (Samsca);  triazolam (Halcion)

၎င်းတို့ကို သုံးစွဲနေပါက ketoconazole ကို မသောက်သုံးရန် သင့်ဆရာဝန်က ညွှန်ကြားကောင်း ညွှန်ကြားပါလိမ့်မည်။

  • သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ဆေးအမြောက်အများသည် ketoconazole နှင့် ဓာတ်ပြုနိုင်သဖြင့် သင်သောက်သုံးနေသမျှ ဆေးတိုင်းကို ဆရာဝန်အား ပြောပြရန် လိုအပ်ပါသည်။
  • အကယ်၍ သင်သည် အလျူမီနီယမ်၊ကယ်လ်ဆီယမ် သို့မဟုတ် မဂ္ဂနီဆီယမ်ပါဝင်သော antacid များ (Maalox, Mylanta, Tums) သုံးစွဲနေပါက ၎င်းဆေးများကို ketoconazole မသောက်မီ ၁နာရီ သို့မဟုတ် ketoconazole သောက်ပြီး ၂နာရီအကြာတွင်သောက်ရပါမည်။
  • သင်သည် ယခင်က ရောဂါတမျိုးမျိုးဖြစ်ဖူးပါက ဆရာဝန်ကို အသိပေးပါ။
  • ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင်  ဆရာဝန်ကို ပြောပြပါ။
  • သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက ketoconazole သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။
  • ketoconazole သောက်သုံးနေစဉ်ကာလအတွင်း အယ်လ်ကိုဟော ပါဝင်သော သောက်စရာများ (ဝိုင်၊ဘီယာ နှင့် ချောင်းဆိုးပျောက်ဆေးများကဲ့သို့သော အယ်လ်ကိုဟောပါဝင်သော ဆေးများ)ကို သုံးစွဲပါက အောက်ပါ အချက်များကို ဖြစ်ပေါ်လာစေ သို့မဟုတ် ပိုဆိုးလာစေပါသည်။

–  အသည်းထိခိုက်ခြင်း။

– နီရဲပူနွေးခြင်း၊အနီစက်များထွက်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ခေါင်းကိုက်ခြင်း၊ခြေလက်များဖောရောင်ခြင်းစသည့် မကောင်းသော လက္ခဏာများ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ketoconazole(ကီတိုကိုနဇော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ketoconazole(ကီတိုကိုနဇော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် အမြန်ပြသပါ။

  • မူးဝေထိုင်းမှိုင်းခြင်း၊သတိလစ်ခြင်း၊နှလုံးခုန်မြန်ခြင်း၊မမှန်ခြင်း။
  • သွေးခြေဥလွယ်ခြင်း၊သွေးထွက်လွယ်ခြင်း၊ပင်ပန်းနွမ်းနယ်အားနည်းခြင်း။
  • ထုံနာကျဉ်နာဖြစ်ခြင်း။
  • ပင်းထန်သော စိတ်ကျဝေဒနာခံစားရခြင်း၊စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် မိမိကိုယ်ကို ထိခိုက်အောင်လုပ်လိုသော အတွေးများ ပေါ်လာခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်နာ/အောင့်ခြင်း၊ခပ်ငွေ့ငွေ့ဖျားခြင်း၊အစားအသောက်ပျက်ခြင်း၊အားနည်းခြင်း၊ဆီးအရောင်မည်းခြင်း၊ဝမ်းအရောင်ဖြူခြင်း၊မျက်စိ သို့မဟုတ် အသားဝါခြင်း။

သာမန်ဘေးထွက်ဆိုးကျိုးများမှာ

  • အနည်းငယ် ပျို့အန်ခြင်း၊ဗိုက်နာခြင်း။
  • အနည်းငယ် ယားယံခြင်း၊အနီစက်ထွက်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • ရင်သားရောင်ခြင်း။
  • မြုံခြင်း သို့မဟုတ် လိင်စိတ်နည်းပါးခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Ketoconazole(ကီတိုကိုနဇော) နဲ့ ဓာတ်ပြုနိုင်သလဲ

Ketoconazole ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Ketoconazole(ကီတိုကိုနဇော) နဲ့ ဓာတ်ပြုနိုင်သလား

Ketoconazole က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ketoconazole(ကီတိုကိုနဇော) နဲ့ ဓာတ်ပြုနိုင်သလဲ

Ketoconazole ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • အသည်းရောဂါများ ဖြစ်ဖူးခြင်း။
  • အက်ဒရီနယ် ဂလန်း ပြဿနာများ ရှိခြင်း။
  • သင့်တွင် သို့မဟုတ် သင့်မိသားစုဝင်များတွင် long QT syndrome ဟုခေါ်သော နှလုံးဆိုင်ရာ ပြဿနာတစ်ခုရှိခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ketoconazole(ကီတိုကိုနဇော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • Blastomycosis အတွက် ။ ကနဦးဆေးပမာဏ ။ ၂၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။
  • Chromomycosis အတွက် ။ ကနဦးဆေးပမာဏ ။ ၂၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။
  • Coccidioidomycosis အတွက် ။ ကနဦးဆေးပမာဏ ။ ၂၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။
  • Histoplasmosis အတွက် ။ ကနဦးဆေးပမာဏ ။ ၂၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။
  • Paracoccidioidomycosis အတွက် ။ ကနဦးဆေးပမာဏ ။ ၂၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။

ကလေးတွေအတွက် Ketoconazole(ကီတိုကိုနဇော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

  • Blastomycosis အတွက် ။ အသက် ၂နှစ်နှင့် အထက် ။ 3.3 – 6.6 mg/kg ပမာဏကို တနေ့လျှင် တကြိမ်သောက်ရမည်။
  • Chromomycosis အတွက် ။ အသက် ၂နှစ်နှင့် အထက် ။ 3.3 – 6.6 mg/kg ပမာဏကို တနေ့လျှင် တကြိမ်သောက်ရမည်။
  • Coccidioidomycosis အတွက် ။ အသက် ၂နှစ်နှင့် အထက် ။ 3.3 – 6.6 mg/kg ပမာဏကို တနေ့လျှင် တကြိမ်သောက်ရမည်။
  • Histoplasmosis အတွက် ။ အသက် ၂နှစ်နှင့် အထက် ။ 3.3 – 6.6 mg/kg ပမာဏကို တနေ့လျှင် တကြိမ်သောက်ရမည်။
  • Paracoccidioidomycosis အတွက် ။ အသက် ၂နှစ်နှင့် အထက် ။ 3.3 – 6.6 mg/kg ပမာဏကို တနေ့လျှင် တကြိမ်သောက်ရမည်။

Ketoconazole(ကီတိုကိုနဇော) ကိုဘယ်လိုရရှိနိုင်သလဲ

သောက်ဆေးပြား : ၂၀၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Ketoconazole ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ