backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ketasma (ကီတိုတီဖန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ketasma (ကီတိုတီဖန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Ketasma® (ketotifen)ကို ကလေးများတွင်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ၊ ဓါတ်မတည့်ခြင်းတို့ကို ကုသရန် ကာကွယ်ရန် သောက်ဆေးအနေနှင့် အများဆုံး အသုံးပြုပါသည်။

ထို့ပြင် ဓါတ်မတည့်ခြင်းကြောင့် ဖြစ်သော နှရည်ယိုခြင်း၊ မျက်ကြည်လွှာရောင်ခြင်း ၏ရောဂါလက္ခဏာများဖြစ်သော နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းယားခြင်း၊ နှာချေခြင်း၊ မျက်ရည်ပူများကျခြင်း၊ မျက်လုံးများနီခြင်း၊ ားခြင်း၊ ဖောင်းခြင်းတို့ကို ကုသရန် အသုံးပြုပါသည်။

Ketasma (ကီတိုတီဖန်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို အစာနှင့်တွဲပြီး တနေ့ ၂ ကြိမ်သောက်ပါ။ ရေတဖန်ခွက်ဖြင့် မြိုချပါ။

သင်ဖြစ်နေသောရောဂါအပေါ်မူတည်ပြီး ဆရာဝန်က သင်ဆေးသောက်ရမည့် ပမာဏနှင့် ကြာချိန်ကို သတ်မှတ်ပေးပါလိမ့်မည်။

ဆေးသောက်ပြီး ၄ ပတ်မှ ၆ ပတ်အတွင်း တိုးတက်မှုများကို တွေ့ရပါလိမ့်မည်။ ဆေးကို ၂ လမှ ၃ လအထိဆက်သောက်ပါ။ သို့မဟုတ် ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆက်သောက်ပါ။ သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Ketasma (ကီတိုတီဖန်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Ketasma® (ketotifen) (သောက်ဆေး)ကို ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ketasma® (ketotifen)ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Ketasma® (ketotifen)ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Ketasma® (ketotifen)ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Ketasma® (ketotifen)ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ketasma (ကီတိုတီဖန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Ketasma® (ketotifen)ကို မသောက်ခင်မှာ သင့်ကျန်းမာရေးရာဇဝင်များနှင့် သင်နှင့်ဓါတ်မတည့်သော အရာများကို ဆရာဝန်အား ပြောပြထားသင့်ပါသည်။

အရက်သောက်ခြင်းသည် ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။

ထို့ကြောင့် ဆေးမှီဝဲနေစဉ်ကာလတွင် ကားမောင်းခြင်းများကို သတိနှင့် ပြုလုပ်ရပါမည်။

ဆေးပမာဏကို အတိုးအလျော့ကို သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ketasma (ကီတိုတီဖန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Ketasma (ကီတိုတီဖန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ထိုင်းမှိုင်းခြင်း၊ မူးဝေခြင်း၊ အိပ်စက်ရ ခက်ခဲခြင်းနှင့် တုပ်ကွေးလက္ခဏာများကို ခံစားရမည်ဖြစ်ပါသည်။ ထို လက္ခဏာများကြာမြင့်နေခြင်း ပိုဆိုးလာခြင်းများရှိပါက ဆရာဝန်အား အသိပေးပါ။

အောက်ပါဆိုးကျိုးများ ခံစားပါက ဆရာဝန်အား ချက်ချင်း ဆက်သွယ်ရမည်ဖြစ်ပါသည်။

  • ကိုယ်အလေးချိန် အလွန်များလာခြင်း
  • ဗိုက်အောင့်ခြင်း
  • အနီစက်များဖြစ်ခြင်း
  • သွေးခြေဥခြင်း၊ သွေးထွက်ခြင်း
  • ဓါတ်မတည့်ခြင်း
  • စိတ်လှုပ်ရှားခြင်း၊ ဂနာ မငြိမ်ဖြစ်ခြင်း တို့ဖြစ်ပါသည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ketasma (ကီတိုတီဖန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Ketasma® (ketotifen)ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ယခုဆေးဝါးနှင့် ဓါတ်မတည့်ခြင်းဖြစ်စေနိုင်သောဆေးများမှာ သွေးမွှားဥများကို နည်းသွားစေသော အာနိသင်ရှိသည့် ဆီချိုကျဆေးများ၊ အိပ်ဆေးများ နှင့် ဟစ်စတာမင်း ဆန့်ကျင်သည့် ဆေးများဖြစ်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Ketasma (ကီတိုတီဖန်) နဲ့ ဓါတ်ပြုနိုင်သလား

Ketasma® (ketotifen)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ketasma (ကီတိုတီဖန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Ketasma® (ketotifen)ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ketasma (ကီတိုတီဖန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Ketasma® (ketotifen) မီလီဂရမ် သောက်ဆေးပြား ကို တနေ့လျှင် ၂ ကြိမ် သောက်သုံးရပါမည်။

ဆေးကို ၂ လမှ ၃ လအထိဆက်သောက်ပါ။ သို့မဟုတ် ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆက်သောက်ပါ။

ကလေးတွေအတွက် Ketasma (ကီတိုတီဖန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Ketasma® (ketotifen) မီလီဂရမ် သောက်ဆေးပြား ကို တနေ့လျှင် ၂ ကြိမ် သောက်သုံးရပါမည်။

ဆေးကို ၂ လမှ ၃ လအထိဆက်သောက်ပါ။ သို့မဟုတ် ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆက်သောက်ပါ။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Ketasma (ကီတိုတီဖန်) ကိုဘယ်လိုရရှိနိုင်သလဲ

Ketasma® (ketotifen)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Ketasma® (ketotifen) မီလီဂရမ် သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Ketasma® (ketotifen)ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement