backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ketamine (ကီတာမင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ketamine (ကီတာမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Ketamine သည် မေ့ဆေးဖြစ်ပါသည်။ ketamine သည် သင့်အားခွဲစိတ်နေစဉ်အချိန်တွင် အိပ်ပျော်နေစေရန် ပြုလုပ်ပေးသလို စမ်းသပ်စစ်ဆေးမှုလုပ်ငန်းစဉ်များ ပြုလုပ်ရာတွင်လည်း နာကျင်ခြင်း၊ကသိကအောက်ဖြစ်ခြင်းတို့မှ သင့်အားကာကွယ်ပေးပါသည်။ အထက်ပါ အချက်မျာအပြင် အခြားသော ရည်ရွယ်ချက်များအတွက်လည်း ketamine ကို အသုံးပြုနိုင်ပါသည်။

Ketamine (ကီတာမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ketamine ကို အသားထိုးဆေးအဖြစ် ကြွက်သားထဲထိုးနိုင်သလို အကြောထိုးဆေးအဖြစ်လည်း သွေးပြန်ကြောထဲ ထိုးနိုင်ပါသည်။ketamine ကို ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် ထိုးရပါမည်။ သင့်အား ketamine ပေးထားစဉ်ကာလတလျှောက်လုံးတွင် သင်၏ အသက်ရှုနှုန်း၊ သွေးပေါင်ချိန်၊ နှလုံး၏ လုပ်ငန်းဆောင်တာများ ဆောင်ရွက်မှု နှင့် အခြားသော အရေးကြီး အချက်များကို အနီးကပ် စောင့်ကြည့်နေရမည်ဖြစ်ပါသည်။

မေ့ဆေးမှ ပြန်လည် သတိရလာချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စိတ်ထဲတွင် ထူးဆန်းနေခြင်းတို့ကို ခံစားရမည်ဖြစ်ပါသည်။ အဆိုပါ ခံစားမှုများမှာ ဆိုးရွားပြီး မခံနိုင်အောင်ဖြစ်လျှင် သင့်အား ပြုစုပေးနေသူကို အသိပေးပါ။ အိမ်တွင် ဆေးထိုးရန် သင့်အား ပြသပေးလိုက်မည်ဖြစ်သည်။ ဆေးကို မည်သို့ထိုးရမည်ကို သေချာစွာမသိလျှင်၊အသုံးပြုပြီးသား ဆေးထိုးအပ်နှင့် အခြား ပစ္စည်းများကို မည်သို့ စနစ်တကျ စွန့်ပစ်ရမည်ကို မသိလျှင် မိမိဖာသာ လုံးဝဆေးမထိုးရပါ။

Ketamine (ကီတာမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Ketamine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ ketamine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ketamine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Ketamine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။

Ketamine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ketamine (ကီတာမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ အောက်ပါအချက်များရှိလျှင် ဆရာဝန်ကို အသိပေးပါ။

  • ဆေးနှင့် ဓါတ်မတည့်လျှင်။
  • သွေးတိုးရှိလျှင်။
  • လွန်ခဲ့သည့် ၂ပတ်အတွင်း MAO inhibitor ဆေးများကို သောက်မိလျှင်။ အန္တရာယ်ရှိသော ဓါတ်ပြုခြင်းများ ဖြစ်လာနိုင်ပါသည်။MAO inhibitor ဆေးများမှာ isocarboxazid, linezolid, methylene blue, phenelzine, rasagiline, selegiline, tranylcypromie နှင့် အခြားသော ဆေးများ ဖြစ်ကြပါသည်။
  • နှလုံးရောဂါရှိလျှင်။
  • သွေးတိုးရှိလျှင်။
  • အရက်စွဲဖူးလျှင်။
  • မရှေးမနှောင်းကာလက အရက်ပမာဏ များပြားစွာ သောက်ထားခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ketamine (ကီတာမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် N ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ketamine (ကီတာမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

ketamine အသုံးပြုပြီးနောက် ၂၄နာရီအတွင်း အောက်ဖော်ပြပါ ဆိုးရွားသော ဘေးထွက်လက္ခဏာများ ပေါ်ပေါက်လာပါကဆရာဝန်ကို အမြန်အကြောင်းကြားရမည်။

  • ပြင်းထန်စွာ စိတ်ရှုပ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊မူမမှန်သော အတွေးများ ပေါ်လာခြင်း သို့မဟုတ် အလွန်အမင်း ကြောက်ရွံ့ခြင်း။

အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် အမြန်ပြသပါ။

  • မူးဝေပြီး မေ့လဲသွားတော့မယောင် ခံစားရခြင်း။
  • နှလုံးခုန်နှေးခြင်း၊အားနည်းခြင်း သို့မဟုတ် အသက်ရှုအားနည်းခြင်း။
  • ဆီးကျဉ်ခြင်း၊ဆီးပူခြင်း။
  • ကြွက်သားများ မူမမှန် အကြောဆွဲနေသဖြင့် တက်နေသည်ဟု ထင်ရခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

  • အိပ်မက် မက်နေသကဲ့သို့ ခံစားရခြင်း။
  • အမြင်အာရုံဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း။
  • အနည်းငယ် မူးဝေထိုင်းမှိုင်းခြင်း၊ငိုက်မျဉ်းခြင်း။
  • ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း။
  • အိပ်မပျော်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ketamine (ကီတာမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Ketamine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Ketamine (ကီတာမင်း) နဲ့ ဓါတ်ပြုနိုင်သလား

Ketamine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ketamine (ကီတာမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Ketamine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • အရက်အလွန်အကျွံသောက်ခြင်း။
  • ဦးနှောက်ရောဂါရှိခြင်း။
  • ဆေးစွဲခြင်း။
  • သွေးတိုးခြင်း။
  • အသက်ရှုအလွန် နှေးခြင်း —–> အခြေအနေကို ပိုဆိုးစေနိုင်သဖြင့် သတိထားသုံးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ketamine (ကီတာမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ ketamine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

  • မေ့ဆေးအဖြစ်

အကြောသွင်းဆေး :

စတင်ပေးခြင်း : 1 – 4.5 mg/kg သို့မဟုတ် 1 – 2 mg/kg ပမာဏကို 0.5 mg/kg/min နှုန်းဖြင့်ပေးရမည်။(2 mg/kg ပမာဏပေးလျှင် ပေးပြီး စက္ကန့်၃၀အတွင်း မေ့ဆေးအာနိသင် ရရှိကာ ၅မိနစ်မှ ၁၀မိနစ်အထိ အာနိသင် သက်ရောက်ပါသည်)။

အသားထိုးဆေး :

6.5 – 13 mg/kg : (9 – 13 mg/kg ပမာဏပေးလျှင် ပေးပြီး ၃ – ၄ မိနစ်အတွင်း မေ့ဆေးအာနိသင် ရရှိကာ ၁၂မိနစ်မှ ၂၅မိနစ်အထိ အာနိသင် သက်ရောက်ပါသည်)။

ကလေးတွေအတွက် Ketamine (ကီတာမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Ketamine (ကီတာမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

အကြောထိုးဆေး၊အသားထိုးဆေး : 10mg/ml, 50 mg/ml, 100 mg/ml.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement