Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ကို ဘာအတွက်အသုံးပြုကြသလဲ

kanamycin meiji (kanamycin sulfate) ကို Escherichia coli, Klebsiella pneumonia, Enterobacter aerogenes, Proteus vulgaris စသည့် ပိုးကောင်များကြောင့်ဖြစ်သော ပြင်းထန်သည့် ပိုးဝင်ရောဂါများကို ကုသရာတွင် အသုံးပြုကြပါသည်

ယင်းတို့မှာ

  • သွေးဆိပ်တက်ခြင်း
  • အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း
  • ဦးနှောက် အမြှေးပါးရောင်ခြင်း
  • ၀မ်းတွင်းမြှေးရောင်ခြင်း
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် နောက်ဆက်တွဲ အခြေအနေများ
  • ၀မ်းလျှောခြင်း
  • Leptospira အကောင်ကြောင့်ဖြစ်သော ရောဂါ တို့ကို ကုသရန်အသုံးပြုပါသည်။

ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။

Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ဘယ်လိုသောက်သုံးသင့်သလဲ

ထိုးဆေးအမှုန့်ကို ရေနှင့်ဖျော်ရပါသည်။ လိုအပ်သော ဆေးပမာဏရရှိရန်အတွက် ဆေးကို 0.5g ,1g ,2g စသဖြင့် လိုအပ်သလိုဖျော်နိုင်ပါသည်။

ဆေးရည်ကို မထိုးသေးလျှင် အခန်းအပူချိန်တွင် ထားပေးပါ။ ဖျော်ပြီး ပြီးချင်းထိုးလျှင် အကောင်းဆုံးဖြစ်ပါသည်။

ဆေး ၁ မီလီ တွင် 150 မှ 400 mg ပါသော အချိုးအစားကို အများဆုံး အသုံးပြုပါသည်။

သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

kanamycin meiji (kanamycin sulfate)ကို ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် မှာသိမ်းပါ။တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ kanamycin meiji (kanamycin sulfate) ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ kanamycin meiji (kanamycin sulfate) ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

kanamycin meiji (kanamycin sulfate) ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

kanamycin meiji (kanamycin sulfate) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးကို အသုံးမပြုခင်မှာ အောက်ပါအချက်များကို သင်သိထားရပါမည်။

  • kanamycin sulfate ကို သုံးနေသော လူနာတွင် ရှစ်ခုမြောက်အာရုံကြော ထိခိုက်ခြင်း၏ လက္ခဏာများကို ဂရုပြုရပါမည်။ ထိုလက္ခဏာများ ပေါ်လာပါက ဆေးကို ချက်ချင်းရပ်ရပါမည်။ မဖြစ်မနေ ဆေးကို သုံးရမည်ဆိုပါက လူနာ၏ကျောက်ကပ်၊ နားအကြားအာရုံများနှင့် ပတ်သက်ပြီး သေချာစွာ စောင့်ကြည့်ရပါမည်။
  • အသက်ကြီးသူများ၊ နားအူခြင်း၊ ချာချာလည်အောင်မူးခြင်းရှိသူများတွင် ရှစ်ခုမြောက်အာရုံကြော ထိခိုက်ခြင်းဖြစ်နိုင်ချေများသဖြင့် သေချာစွာ စောင့်ကြည့်ရပါမည်။
  • ကိုယ်ဝန်ဆောင်များတွင်လည်း မွေးလာမည့် ကလေးတွင် ရှစ်ခုမြောက်အာရုံကြော ထိခိုက်ခြင်းဖြစ်နိုင်ချေများသဖြင့် သေချာစွာ စောင့်ကြည့်ရပါမည်။
  • အကယ်၍ kanamycin sulfate ဆေးနှင့် ဓာတ်မတည့်ခြင်းများဖြစ်ပါက ဆေးကို ရပ်လိုက်ပါ။ aminoglycoside အမျိုးဝင်ဆေးများဖြစ်သော Fradiomycin, Streptomycin, dihydrostreptomycin, Kanamycin, Gentamycin ဆေးများနှင့် ဓာတ်မတည့်ခြင်းများဖြစ်ပါကလည်း kanamycin sulfate ကို ရပ်လိုက်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်  D           ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုး အချို့မှာ

  • kanamycin sulfate ကို သုံးနေသော လူနာတွင် ရှစ်ခုမြောက်အာရုံကြော ထိခိုက်ခြင်း(နားအတွင်းရှိ ခရုခွေပုံစံပြွန်ငယ် ပျက်စီးခြင်းကြောင့်)ကြောင့် နားအူခြင်း၊ နားမကြားခြင်း၊ ချာချာလည်အောင်မူးဝေခြင်းတို့ကို ဖြစ်စေပါသည်။
  • အချို့သူများတွင် ကျောက်ကပ်ကို ထိခိုက်စေခြင်းကြောင့် ကျောက်ကပ်ပျက်စီးသည့် လက္ခဏာများ ပေါ်လာပါက ဆေးကို ရပ်ပစ်ရမည်ဖြစ်ပါသည်။
  • ထိုဆေးသည် ခေါင်းကိုက်ခြင်း၊ နှုတ်ခမ်းများ ထုံခြင်း၊ အာရုံကြောများ နှင့် ကျောက်ကပ်ကို ထိခိုက်ခြင်း၊ သွေးထဲတွင် အီယိုစင်နိုဖီလ်များခြင်း၊ ယားယံခြင်း၊ အနီစက်များထွက်ခြင်း၊ ထုံကျဉ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

 (ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) နဲ့ ဓာတ်ပြုနိုင်သလဲ

kanamycin meiji (kanamycin sulfate) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးများသည် kanamycin meiji (kanamycin sulfate)  နှင့် ဓာတ်ပြုနိုင်သော ဆေးများဖြစ်ပါသည်။

  • သွေးအစားထိုးပေးရသောဆေးများဖြစ်သည့် dextran , sodium alginate စသည့်ဆေးများနှင့် တွဲသုံးလျှင် ကျောက်ကပ်ကို ပိုပျက်စီးစေပါသည်။
  • မေ့ဆေးများ၊ ကြွက်သားများကို မလှုပ်နိုင်အောင် ပြေလျော့သွားစေသည့်ဆေးများ နှင့်တွဲသုံးလျှင် Curare ၏အာနိသင်ကြောင့် အသက်ရှုရန်သွားစေနိုင်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) နဲ့ ဓာတ်ပြုနိုင်သလား

kanamycin meiji (kanamycin sulfate) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) နဲ့ ဓာတ်ပြုနိုင်သလဲ

kanamycin sulfate ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ပိုးဝင်ရောဂါများ

1-2g/kg ကို တနေ့လျှင် တကြိမ် သို့မဟုတ် ၂ ကြိမ် ခွဲထိုးနိုင်ပါသည်။

  • တီဘီရောဂါ

သတ်မှတ်ထားသော ပမာဏမှာ တနေ့လျှင် 1g တစ်ပတ်လျှင် ၃ကြိမ်

သို့မဟုတ် တနေ့လျှင် 2g တစ်ပတ်လျှင် ၂ကြိမ်

ဖြစ်ပါသည်။

  • ဂနိုရောဂါ

သတ်မှတ်ထားသော ပမာဏမှာ အသားထိုးဆေး 2g ကို တကြိမ်သာထိုးရမည်ဖြစ်ပါသည်။

လူနာ၏ရောဂါအခြေအနေ အပေါ်မူတည်ပြီး ဆေးပမာဏများ ကွာခြားနိုင်ပါသည်။

ကလေးတွေအတွက် Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ပိုးဝင်ရောဂါများ

15 mg/kg ကို တနေ့လျှင် တကြိမ် သို့မဟုတ် ၂ ကြိမ် ခွဲထိုးနိုင်ပါသည်။

ကလေး၏ရောဂါအခြေအနေ အပေါ်မူတည်ပြီး ဆေးပမာဏများ ကွာခြားနိုင်ပါသည်။

ယေဘူယျအသိပေးချက် – အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Kanamycin Meiji (ကန်နာမိုင်စင် မယ်ဂျီ) ကိုဘယ်လိုရရှိနိုင်သလဲ

kanamycin meiji (kanamycin sulfate) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ၀.၅မီလီဂရမ် ပါဆေးဗူး(ထိုးဆေး)
  • ၁ မီလီဂရမ် ပါဆေးဗူး(ထိုးဆေး)
  • ၂ မီလီဂရမ် ပါဆေးဗူး(ထိုးဆေး)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

kanamycin meiji (kanamycin sulfate) ကို ထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 18, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 18, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ