backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Janumet


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Janumet ကို ဘာအတွက်အသုံးပြုကြသလဲ

Janumet®ကို အမျိုးအစား 2 ဆီးချိုရောဂါနှင့်အတူလူကြီးများအတွက် သွေးတွင်း သကြားဓါတ်လျော့ချရန် အသုံးပြုပါတယ်။

သင့်ရဲ့သရက်ရွက်ကို အင်ဆူလင်ပိုထုတ် အောင်ကူညီပေးတဲ့အပြင်

သင့်ခန္ဓါကိုယ်က အင်ဆူလင်ကိုပိုထိထိရောက်ရောက် အသုံးပြုဖို့ကူညီပေးပါတယ်။

သင့်ရဲ့အသည်းကိုပိုလျှံသော သကြားဓါတ်လျှော့ချရန်ကူညီပေးပါတယ်။

အသုံးပြုမှု၌ အရေးကြီးသော ကန့်သတ်မှုများ :

Janumet®ကို အမျိုးအစား 1 ဆီးချိုရောဂါနှင့်သို့မဟုတ်ဆီးချို ketoacidosis ကုသမှုများအတွက်မသုံးသင့်ပါ။

Janumet®ပန်ကရိယရောင်ရောဂါလူနာအတွက် မလေ့လာခဲ့ရသေးပါဘူး။

Janumet®သည်အခြားရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ပိုမိုသိရှိလိုပါက သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူ ကိုမေးပါ။

Janumet ဘယ်လိုသောက်သုံးသင့်သလဲ

အစာအိမ်နာမဖြစ်စေဖို့ အစားအစာနှင့်အတူJanumet®ကိုသောက်ပါ။

Janumet®ကို ဆေးတစ်ခုလုံးဒီတိုင်း သောက်ပါ။ မသောက်မီတက်ဘလက်ကိုချိုးတာ ခွဲတာမလုပ်ပါနဲ့။

သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆေးဝါးဘယ်လို သုံးစွဲဖို့မေးပါ။

Janumet ဘယ်လိုသိမ်းဆည်းရမလဲ

Janumet ကို အကောင်းဆုံးထိန်သိမ်းနည်းကတော့ တိုက်ရိုက်အလင်းနှင့်အစိုဓါတ်ထိတွေ့မှု မရှိပဲ အခန်းအပူချိန်မှာသိမ်းဆည်းထားခြင်းဖြစ်သည်။ ဆေးထိခိုက်ပျက်စီးမှုမှကာကွယ်ရန်, သင့်ရေချိုးခန်းသို့မဟုတ်ရေခဲသေတ္တာထဲမှာ Janumet ကို သိုလှောင်ထားတာမျိုး မလုပ်သင့်ပါ။

ကွဲပြားခြားနားသောသိုလှောင်မှုလိုအပ်ချက်ရှိတဲ့ အခြား Janumet အမှတ်တံဆိပ်ရှိကောင်းရှိနိုင်ပါတယ်။ ဒါ့ကြောင့်အထုပ်မှာပါတဲ့ အညွှန်းကိုကြည့်ဖို့နဲ့ သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား မေးရန်အရေးကြီးပါသည်။

ဘေးကင်းလုံခြုံမှုရှိစေရန် သင့်ကလေးများနှင့်အိမ်မွေးတိရစ္ဆာန်များနှင့်ဝေးရာမှာထားရှိပါ။

လုပ်ဖို့မညွှန်ကြားထားလျှင် Janumet ကိုအိမ်သာ သို့မဟုတ် ပိုက်ထဲ စွန့်ပစ်တာမျိုး မလုပ်သင့်ပါ။ ဒိတ်ကုန်ဆုံးခြင်း သို့မဟုတ်မလိုအပ်သည့်အခါဒီထုတ်ကုန်ကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Janumet အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိလျှင်သင်၏ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူ တွေနဲ့တိုင်ပင်ဆွေးနွေးပါ :

သင်က ကိုယ်ဝန်ဆောင် သို့မဟုတ်နို့တိုက်မိခင် ဖြစ်နေမယ်ဆိုရင် , သင် ကလေးယူဖို့စဉ်းစားထားမယ် သို့မဟုတ်ကလေးနို့တိုက်ကျွေးမှုလုပ်နေတယ်ဆိုရင် ဆရာဝန်တစ်ဦး၏ထောက်ခံချက်ရှိမှ ဆေးသုံးစွဲသင့်ပါတယ်။

သင်ကအခြားဆေးဝါးများ ( ဥပမာ ဆေးဖက်ဝင်အပင်များနှင့်ဖြည့်စွက်ဆေးဝါးတွေလို ဆေးညွှန်းမပါဘဲဝယ်လို့ရရှိနိုင်သောဆေးများ )သုံးစွဲနေတယ်ဆိုရင် သတိထားသင့်ပါတယ်။

သင်က Janumet သို့မဟုတ်အခြားဆေးဝါးများနှင့် ဓါတ်မတည့်မှုရှိခြင်း

သင့်မှာ အခြားရောဂါ, သို့မဟုတ်ဆေးဝါးအခြေအနေများရှိနေခြင်း

သင်တစ်ဦးက X-Ray ရိုက်ဖို့ dye ထိုးရမယ် သို့မဟုတ် အခြားပစ္စည်းသုံးမယ်ဆိုရင် ဆေးသုံးတာကို ရပ်ထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Janumet ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်နှင့် နို့တိုက်ကျွေးနေစဉ်အတွင်း ဒီဆေးအသုံးပြု ခြင်းရဲ့ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး လုံလောက်သောအချက်အလက်မရှိပါ။ Janumet ကို အသုံးမပြုမီအကျိုးကျေးဇူးများနှင့်အန္တရာယ်များကိုချိန်တွယ်နိုင်ရန်သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Janumet ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Janumet® က ဒီဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်၊

လက်တစ်အက်စစ်လျော့နည်းခြင်း ၏အပျော့စားရောဂါလက္ခဏာတွေ, ကြွက်သားနာကျင်မှုသို့မဟုတ်အားနည်းခြင်း သင့်ရဲ့လက်မောင်းနှင့်ခြေထောက်များအတွက်ထုံကျင်မှုခံစားရခြင်း, အသက်ရှူခက်ခဲခြင်း, အစာအိမ်နာကျင်ခြင်း, အော့အန်ခြင်း, နှလုံးခုန်နှေးခြင်း သို့မမှန်နှလုံးခုန်နှုန်းမမှန်ခြင်း , မူးဝေခြင်း,ဓါတ်မတည့်မှုလက္ခဏာတွေ; အကွက်ထခြင်း, အသက်ရှူခက်ခဲခြင်း; သင်၏မျက်နှာ, နှုတ်ခမ်း, လျှာ, သို့မဟုတ်လည်ချောင်းရောင်ရမ်းခြင်း။

ပန်ကရိယရောင်ခြင်း – သင်အစာအိမ်အတွင်း ပြင်းထန်သောနာကျင်မှုဖြစ်ပြီး ကျောထိနာခြင်း, ပျို့ခြင်းနှင့်အန်ခြင်း, အစာစားချင်စိတ်ဆုံးရှုံးခြင်း, နှလုံးခုန်နှုန်းမြန်ခြင်း,

ဆီးပုံမှန်အတိုင်းထက်လျော့နည်းခြင်း သို့မဟုတ်ဆီးလုံးဝမသွားခြင်း

အသက်ရှုရပ်ရပ်သွားခြင်း , ကိုယ်အလေးချိန်တက်လာခြင်း

ပြင်းထန်သောအရေပြားရောဂါ, လည်ျချာင်းနာ, မျက်နှာနှင့် လျှာဖျားရောင်ရမ်းမှု, မျက်စိပူခြင်း, အရေပြား အနီကွက်ကွက်ထပြီးနာကျင်မှုပါရှိခြင်း, အရေကြည်ထွက်ခြင်း , ဖောင်းကြွခြင်း

လူတိုင်း ဤဘေးထွက်ဆိုးကျိုးကို တွေ့ကြုံရတာမဟုတ်ပါ။ အထက်စာရင်းမှာမပါတဲ့ အချို့ဘေးထွက်ဆိုးကျိုးတွေရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ ဒီဆိုးကျိုးတွေနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Janumet နဲ့ ဓါတ်ပြုနိုင်သလဲ

Janumet က သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်ရင် သင့်ဆေးအလုပ်လုပ်ပုံပြောင်းလဲတာ ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အရာတွေ ရှောင်ရှားရန်, သင် သုံးစွဲနေတဲ့ ဆေးစာရင်း (ဆရာဝန်ညွှန်ကြားတဲ့ဆေး, မညွှန်ကြားထားတဲ့ဆေး တွေနှင့်ဆေးဖက်ဝင်အပင်ထုတ်ကုန်အပါအဝင်) ကို သင့်ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်သူတို့အားပြောပြထားသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းလုံခြုံရေးအတွက် သင့်ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ မည့်သည့်ဆေးကိုမျှ စသောက်ခြင်း, ရပ်ခြင်း , နဲ့ပြောင်းလဲခြင်းတွေ မလုပ်သင့်ပါ။

ဤဆေးဝါးများက Sitagliptin နှင့် Metformin တို့ကို အကျိုးသက်ရောက်စေနိုင်ပါတယ်။

Acetazolamide (Diamox);

Cimetidine (Tagamet), ranitidine (Zantac);

Morphine (MS Contin, Kadian, Oramorph);

Ranitidine (Zantac);

Topiramate (Topamax);

Trimethoprim (Proloprim, Primsol, Bactrim, Cotrim, Septra) or vancomycin (Vancocin, Lyphocin);

Glipizide (Glucotrol, Metaglip), glimepiride (Amaryl, Avandaryl, Duetact), glyburide (DiaBeta, Micronase, Glucovance);

နှလုူံနှင့် သွေးတိုးကျဆေးများ ဥပမာ amiloride (Midamor), digoxin (Lanoxin), furosemide (Lasix), nifedipine (Nifedical, Procardia), procainamide (Procan, Pronestyl, Procanbid), quinidine (Quin-G), triamterene (Dyrenium).

သင့်မှာ သွေးတွင်းသကြားဓါတ်လွန်ကဲမှုရောဂါများ ရှိပါက အောက်ပါဆေးများနဲ့Janumet တွဲသောက်ခြင်းက သင့်ရောဂါအပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။

Isoniazid;

ဆီးဆေးများ

steroids (prednisone နှင့်အခြားဆေးများ);

နှလုံးသို့မဟုတ်သွေးဖိအားဆေး (Cartia, Cardizem, Covera, Isoptin, Verelan နှင့်အခြားဆေးများ);

Niacin (Advicor, Niaspan, Niacor, Simcor, နှေး-Niacin နှင့်အခြားဆေးများ);

Phenothiazines (Compazine နှင့်အခြားဆေးများ);

သိုင်းရွိုက်ဆေးဝါးများ (Synthroid နှင့်အခြားဆေးများ);

ပဋိသန္ဓေတားဆေးနှင့်အခြားဟော်မုန်းဆေးများ

seizure ဆေးဝါးများ (Dilantin နှင့်အခြားဆေးများ);

ဝိတ်ချဆေးပြားသို့မဟုတ်ပန်းနာရင်ကျပ်ရောဂါဆေးများ, အအေးမိသို့မဟုတ်ဓါတ်မတည့်မှုကုသရန်ဆေးဝါးများ။

အစားအသောက်တွေနဲ့ အရက်က Janumet နဲ့ ဓါတ်ပြုနိုင်သလား

Janumet က အစားအစာသို့မဟုတ်အရက်နှင့်အပြန်အလှန် ဓါတ်ပြုခြင်း ဖြင့် လုပ်ဆောင်ပုံပြောင်းလဲရုံမက ဘေးထွက်ဆိုးကျိုးများရဲ့ အန္တရာယ်ကို တိုးမြှင့်စေနိုင်ပါတယ်။ ဒီဆေးမသုံးမီသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် အစားအစာသို့မဟုတ်အရက် အကျိုးဆက်တွေ ကိုဆွေးနွေးပေးပါ။

ဘယ်ရောဂါအခြေအနေတွေက Janumet နဲ့ ဓါတ်ပြုနိုင်သလဲ

Janumet က သင်၏ကျန်းမာရေးအခြေအနေနဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေပိုမိုဆိုးဝါးလာစေတာ ဒါမှမဟုတ် ဆေးအလုပ်လုပ်ပုံပြောင်းလဲစေနိုင်ပါတယ်။ သင့်ကျန်းမာရေး ကိုဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားအသိပေးရန်အရေးကြီးပါသည်။

– သင့်ပန်ကရိယရောင်ဖူးခြင်း

– ကျောက်ကပ်ပြဿနာများရှိဖူးခြင်း

– အသည်းပြဿနာများရှိဖူးခြင်း

– နှလုံး ပိတ်ဆို့မှုအပါအဝင် နှလုံးပြဿနာများ, ရှိဖူးခြင်း စတာတွေ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Janumet ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူနာရဲ့လက်ရှိ regimen အပေါ်အခြေခံပြီးJanumet®စတင်ထိုးတဲ့ ပမာဏကမတူပါဘူး။ ဆေးသက်ရောက်မှုရှိတဲ့ ပမာဏနဲ့ လူနာခံနိုင်ရည်ရှိဖို့ ချိန်ညှိထားတဲ့ပမာဏဟာ နေ့စဉ်အများဆုံးထိုးနိုင်တဲ့ ပမာဏဖြစ်တဲ့ 100 mg sitagliptin နဲ့ 2000 mg metformin ကို မကျော်စေရပါဘူး။

Metoformin လက်ရျိသုံးစွဲနေတဲ့ လူနာအတွက် စသုံးမည့်ဆေးအကြံပြုချက်

50 မီလီဂရမ် sitagliptin နဲ့ 500 မီလီဂရမ် Metformin Hydrochloride နှစ်ကြိမ်နေ့စဉ်သုံးပြီး Metoformin ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းဘေးထွက်ဆိုးကျိုးတွေကိုလျှော့ချဖို့ လုပ်သင့်ပါတယ်။

Metoformin အသုံးပြုပြီးသားလူနာအတွက် စသုံးမည့်ဆေးအကြံပြုချက်

Sitagliptin နေ့စဉ်နှစကြိမ် 50 မီလီဂရမ်(100 မီလီဂရမ်နေ့စဉ်) နှင့် Metformin လက်ရှိသုံးစွဲနေတဲ့ပမာဏ

Metformin 850 မီလီဂရမ် သုံးစွဲနေဆဲ လူနာတွေအတွက်, Janumet®သုံးစွဲမှုမှာ နေ့စဉ် ၂ကြိမ်50 မီလီဂရမ် sitagliptin / 1000 မီလီဂရမ် Metformin Hydrochloride ဖြစ်ပါတယ်။

ကလေးတွေအတွက် Janumet ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၁၈နှစ်အောက် လူနာအတွက် မရှိပါ။ ဒါဟာသင့်ရဲ့ကလေးအတွက်အန္တရာယ်မကင်းပါ။ အပြည့်အဝအသုံးမပြုခင် ဆေးဝါးများ၏ဘေးကင်းလုံခြုံမှုကိုနားလည်သဘောပေါက်ရန်အမြဲအရေးကြီးပါသည်။ ပိုမိုသိရှိလိုပါက သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပါ။

Janumet ကိုဘယ်လိုရရှိနိုင်သလဲ

Janumet®အောက်ပါအတိုင်းရရှိနိုင်ပါတယ်:

Janumet® film-coated tablets 50mg sitagliptin/500mg metformin.

Janumet® film-coated tablets 50mg sitagliptin/1000mg metformin

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်ဒါမှမဟုတ်အလွန်အကျွံသုံးစွဲမှု၌သင့်ဒေသခံအရေးပေါ်ဝန်ဆောင်မှုဌာန ကိုဆက်ခြင်း သို့မဟုတ်သင့်ရဲ့အနီးဆုံးအရေးပေါ်ခန်းကို သွားခြင်း လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ သင်ဆေး dose တစ်ချိန်လွှတ်သွားရင် တတ်နိုင်သမျှအမြန်ဆုံးသုံးစွဲပါ။ သို့သော် သင်နောက်ဆေးတစ်ချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွှတ်သွားတဲ့ ဆေးကိုကျော်ပစ်ပြီး မူလအတိုင်းသောက်ပါ။ နှစ်ခါသောက်သုံးတာမျိုးမလုပ်ပါနှင့် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement