Generic Name: Isobar (အိုင်ဆိုဘား) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Isobar (အိုင်ဆိုဘား) ကို ဘာအတွက်အသုံးပြုကြသလဲ

     Isobar® ကို သွေးတိုးခြင်းကို ကုသရန် သုံးပြီး လေဖြတ် ခြင်း၊ ရုတ်တရက် နှလုံးသွေးကြော ကျဉ်းခြင်း နှင့် ကျောက် ကပ်ရောဂါများကို ကာကွယ်ပေးပါသည်။ ဤဆေးကို triamterene နှင့် hydrochlorothiazide တို့ဖြင့် တွဲဖက် သုံးစွဲသည်။ ၎င်းသည် ဆီးပိုသွားစေ၍ ခန္ဓာကိုယ်မှ ပိုနေသော ဆားနှင့် ရေကို စွန့်ထုတ်ပေးသည်။

Isobar® သည် နှလုံးရောဂါ၊ အသည်းရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ ကြောင့်ဖြစ်သော ခန္ဓာကိုယ်တွင် အရည် များပိုလျှံခြင်းကို လျော့ချပေးသည်။ အသက်ရှူ မြန်ခြင်း၊ ခြေကျင်းဝတ် သို့မဟုတ် ခြေထောက် ဖောရောင်ခြင်းစသော လက္ခဏာများကို လျော့နည်းစေသည်။

Isobar (အိုင်ဆိုဘား) ဘယ်လိုသောက်သုံးသင့်သလဲ

  • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပါးစပ်မှသောက်ပါ။ များသောအားဖြင့် မနက်တွင် တစ်နေ့ တစ်ကြိမ် သောက်ပါ။ အစာဖြင့် တွဲ၍ သို့မဟုတ် အစာမပါဘဲ သောက်နိုင်သည်။ ဆီးထသွားရခြင်း မဖြစ်စေရန် မအိပ်ခင် ၄ နာရီအတွင်း ဤဆေး ကို မသောက် ပါနှင့်။
  • သင်သည် ကိုလက်စထရောကို ချပေးသော ဆေးများ ( ဥပမာ- cholestyramine သို့မဟုတ် colestipol ) သောက်နေရပါက ထိုဆေးများမသောက်မီ အနည်း ဆုံး ၄ နာရီ တွင် Isobar® ကိုသောက်ပါ။ သို့မဟုတ် ထိုဆေးများ သောက်ပြီး အနည်းဆုံး ၄-၆ နာရီကြာမှ Isobar® ကိုသောက်ပါ။
  • ဆေး၏ အကျိုးကျေးဇူး အများဆုံးရရန် ဆေးကို ပုံမှန် သောက်ပါ။ မှတ်မိစေရန် ဆေးကို နေ့စဉ် တစ်ချိန် တည်းမှာ သောက်ပါ။ သင် သက်သာသွားသော်လည်း ဤဆေးကို ဆက်သောက်ရန် အရေးကြီးသည်။ သွေးတိုးသော လူအများစုသည် မဖျားနာပါ။

Isobar (အိုင်ဆိုဘား) ဘယ်လိုသိမ်းဆည်းရမလဲ

Isobar® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Isobar® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Isobar® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Isobar® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

 

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Isobar (အိုင်ဆိုဘား) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  ဤဆေး မသောက်မီ အောက်ပါတို့ ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် triamterene သို့မဟုတ် hydrochlorothiazide နှင့် ဓာတ်မတည့်ပါက
  • သင့်တွင် အခြား ဓာတ်မတည့်မှုများ ရှိပါက
  • သင်သည် ဆီးချိုသွေးချို၊ ဒူလာရောဂါ၊ သွေးတွင်း ပိုတက်ဆီယမ် ပမာဏများခြင်း၊ ကျောက်ကပ်ရောဂါ ( ကျောက်တည်ခြင်း)၊ အသည်းရောဂါ၊ Lupus စသည် တို့ ဖြစ်ဖူးပါက

ဆရာဝန်က သင့်ခန္ဓာကိုယ်သည် အချို့သကြားများကို လက်မခံ နိုင်ပါဟု ပြောထားပါက ဤဆေးမသောက်မီ ဆရာ ဝန်အား ဆက်သွယ်သင့်သည်။

အောက်ပါ အခြေအနေများတွင် Isobar® မသုံးသင့်ပါ။

  • ကျောက်ကပ် မကောင်းခြင်း
  • ပိုတက်စီယမ် များခြင်း
  • အသည်းကြောင့် ဦးနှောက် ထိခိုက်ခြင်း
  • Sulfonamide နှင့် ဓာတ်မတည့်ခြင်း
  • Triamterene နှင့် ဓာတ်မတည့်ခြင်း
  • အခြား ပိုတက်စီယမ် ချွေတာသော ဆီးဆေးများ သို့မဟုတ် ပိုတက်စီယမ် ဆားများနှင့် တွဲသုံးခြင်း

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Isobar (အိုင်ဆိုဘား) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် ဤဆေး သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ ဤဆေး မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Isobar (အိုင်ဆိုဘား) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးများအားလုံး နည်းတူ Isobar® သည် အောက်ပါ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။

  • အစာမကြေခြင်း
  • အသည်းကြောင့် ဦးနှောက်ထိခိုက်ခြင်း
  • အရေပြားတွင် ဓာတ်မတည့်သော တုံ့ပြန်မှုများ
  • Disseminated lupus erythematosus ပိုဆိုးလာ ခြင်း
  • အရေပြား သွင်ပြင် ပြောင်းလဲခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း၊ အရိုးများ မလှုပ်နိုင်ခြင်း
  • ကျောက်ကပ်တွင် ကျောက်တည်ခြင်း
  • ဆီးအရောင် ပြာလဲ့လဲ့ဖြစ်ခြင်း
  • Acute nephritis ( အလွန်ရှားသည်)
  • သရက်ရွက်ရောင်ခြင်း ( အလွန်ရှားသည်)

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Isobar (အိုင်ဆိုဘား) နဲ့ ဓာတ်ပြုနိုင်သလဲ

    Isobar® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။

ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ထိုထုတ်ကုန်များမှာ-

  • Dofetilide
  • Lithium
  • ပိုတက်စီယမ် ပမာဏကို မြင့်စေနိုင်သော အခြား ဆေးများ ( ဥပမာ- spironolactone, amiloride, cyclosporine)
  • ချောင်းဆိုး အအေးမိပျောက်ဆေး၊ အစာခြေဆေး၊ ibuprofen, naproxen စသော စတီးရွိုက် မပါသော အရောင်ကျဆေးများ

အစားအသောက်တွေနဲ့ အရက်က Isobar (အိုင်ဆိုဘား) နဲ့ ဓာတ်ပြုနိုင်သလား

Isobar® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Isobar (အိုင်ဆိုဘား) နဲ့ ဓာတ်ပြုနိုင်သလဲ

Isobar® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Isobar (အိုင်ဆိုဘား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ဆေးပမာဏသည် သင့်ကျန်းမာရေး အခြေအနေနှင့် ကုသမှုအား တုံ့ပြန်ချက် အပေါ် မူတည်သည်။
  • ဆေးပမာဏသည် တစ်နေ့လျှင် ဆေး တစ်ခြမ်းမှ တစ်လုံး ဖြစ်သည်။
  • ဆရာဝန် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပါ။

ကလေးတွေအတွက် Isobar (အိုင်ဆိုဘား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Isobar (အိုင်ဆိုဘား) ကိုဘယ်လိုရရှိနိုင်သလဲ

Isobar® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

  • ဆေးတစ်ပြားတွင် Methyclothiazide ၅ မီလီဂရမ်။ Triamterene ၁၅၀ မီလီဂရမ် ပါဝင်သည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Isobar® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 19, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 19, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ