backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Iohexol (အိုင်ရိုဟတ်စ်ဇိုး)


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Iohexol (အိုင်ရိုဟတ်စ်ဇိုး) ကို ဘာအတွက်အသုံးပြုကြသလဲ

Iohexolကို CT Scan လိုမျိုးပုံရိပ်ဖော်စစ်ဆေးခြင်းမတိုင်မီအသုံးပြုကြပါတယ်။ Iohexolမှာအိုင်အိုဒင်းနဲ့ ပုံရိပ်ကိုကွဲပြားစေတဲ့ ဆိုးဆေးတမျိုး ပါဝင်ပါတယ်။ ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေထဲကိုဆေးတွေရောက်သွားပြီးပုံရိပ်များကိုပိုမိုထင်ရှားစေတာ ဖြစ်ပါတယ်။ ပုံများပိုထင်ရှားလာရင် ရောဂါရှာဖွေရာမှာပိုမိုလွယ်ကူစေပါတယ်။

Iohexol (အိုင်ရိုဟတ်စ်ဇိုး) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပေးရပါတယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်းမတိုင်မီ သောက်ပေးရပါတယ်။ ဆေးပမာဏဟာပြုလုပ်မယ့် စစ်ဆေးခြင်းအမျိုးအစား၊ အသက်အရွယ်၊ ကိုယ်အလေးချိန်စတာတွေအပေါ် မူတည်ပါတယ်။

ဆရာဝန်အနေနဲ့ တခြားညွှန်ကြားတာမရှိရင် ပုံရိပ်ဖော်စစ်ဆေးခြင်းမတိုင်မီနဲ့ ပြုလုပ်ပြီးချိန်မှာအရည်များများသောက်ပါ။

ဒီဆေးကိုကုသမှုကျွမ်းကျင်သူတွေကနေသွေးပြန်ကြော၊ အဆစ်၊ ကျောရိုးစတာတွေထဲထိုးပေးနိုင်ပြီးဆီးအိမ်၊ အူမကြီးစတာတွေထဲလည်းရောက်ရှိစေနိုင်ပါတယ်။ ဒီနည်းလမ်းတွေသုံးရင်တော့ ကွဲပြားတဲ့ သတိပြုစရာအချက်တွေ၊ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ပိုပြီးအသေးစိတ်သိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Iohexol (အိုင်ရိုဟတ်စ်ဇိုး) ဘယ်လိုသိမ်းဆည်းရမလဲ

အိမ်မှာသိမ်းဆည်းဖို့ လိုအပ်မယ်ဆိုရင် ဘယ်လိုသိမ်းဆည်းရမယ်ဆိုတာ ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူစသူများနဲ့ တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Iohexol (အိုင်ရိုဟတ်စ်ဇိုး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Iohexolမသုံးစွဲခင်မှာသူနဲ့ဓါတ်မတည့်တာရှိရင်၊ တခြားဆိုးဆေးအမျိုးအစား၊ အိုင်အိုဒင်းစတာတွေနဲ့ ဓါတ်မတည့်ခြင်းရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကိုဖွင့်ပြောပါ။ ဒီပစ္စည်းမှာဓါတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

ဆေးမသုံးခင်မှာမိမိရဲ့ ကျန်းမာရေးရာဇဝင်ကို (အထူးသဖြင့် ပန်းနာရင်ကျပ်၊ ဓါတ်မတည့်ရာကနေဖျားနာခြင်း၊ ဆီးမသွားနိုင်ခြင်းစတာတွေရှိရင်) ဆရာဝန် (သို့) သူနာပြုကိုဖွင့်ပြောပါ။

ခွဲစိတ်မှု ခံယူရမယ်ဆိုရင် သောက်နေရတဲ့ ဆေးအမျိုးအစားအားလုံး (ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာ၀ ဆေးဘက်ဝင်ပစ္စည်းများ အပါအဝင်) ဆရာဝန်ကို ပြောပြပါ။

ကလေးများနဲ့ သက်ကြီးပိုင်းများဟာဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုး (အထူးသဖြင့် ဝမ်းပျက်ခြင်း)ကိုပိုမိုခံစားရပါတယ်။

ကိုယ်ဝန်ရှိနေချိန်မှာ တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ကောင်းကျိုးဆိုးကျိုးများကိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ သောက်ဆေးအနေနဲ့ဆိုရင် ဒီဆေးဟာမိခင်နို့ထဲကိုမဖြတ်သန်းနိုင်ပါဘူး။ ဆေးသုံးနေချိန် မိခင်နို့တိုက်ရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Iohexol (အိုင်ရိုဟတ်စ်ဇိုး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Iohexolကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Iohexolဆေးဟာအမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် Bရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Iohexol (အိုင်ရိုဟတ်စ်ဇိုး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေပွခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်နိုင်ပါတယ်။ အဲဒီလက္ခဏာတွေ ပျောက်မသွားရင်၊ ပိုဆိုးသွားရင် ဆရာဝန်ပြပါ။

ဆရာဝန်အနေနဲ့ ဒီဆေးကိုပေးရခြင်းဟာဆိုးကျိုးထက် ကောင်းကျိုးကပိုများတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။

ဒီဆေးကိုသောက်သုံးသူအများစုမှာတော့

ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေ မကြုံရပါဘူး။

ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိရင်(အထူးသဖြင့် ဆီးပမာဏပြောင်းခြင်း အပါအဝင် ကျောက်ကပ်ပြသနာများ) ဆရာဝန်ချက်ချင်းပြပါ။

ဒီဆေးကြောင့် ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းတွေဖြစ်တာရှားပါတယ်။ ဒါပေမယ့် အရေပြားအကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ လျှာ လည်ချောင်း)၊ ဆိုးရွားစွာ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းစတဲ့ လက္ခဏာတွေကြုံရရင် ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Iohexol (အိုင်ရိုဟတ်စ်ဇိုး) နဲ့ ဓါတ်ပြုနိုင်သလဲ

Metformin နဲ့ ဓါတ်ပြုနိုင်ခြေရှိပါတယ်။

Iohexolဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Iohexol (အိုင်ရိုဟတ်စ်ဇိုး) နဲ့ ဓါတ်ပြုနိုင်သလား

Iohexolဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Iohexol (အိုင်ရိုဟတ်စ်ဇိုး) နဲ့ ဓါတ်ပြုနိုင်သလဲ

Iohexolဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Iohexol (အိုင်ရိုဟတ်စ်ဇိုး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပြုလုပ်မယ့်စစ်ဆေးခြင်းအမျိုးအစားနဲ့ ဆေးကိုဘယ်လမ်းကြောင်းကနေပေးမယ်ဆိုတာပေါ် မူတည်ပါတယ်။

ကလေးတွေအတွက် Iohexol (အိုင်ရိုဟတ်စ်ဇိုး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေမှာသုံးစွဲရမယ့် ပမာဏကိုမသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Iohexol (အိုင်ရိုဟတ်စ်ဇိုး) ကိုဘယ်လိုရရှိနိုင်သလဲ

Iohexolကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • သောက်ဆေးရည်
  • ထိုးဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Iohexolဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement