Generic Name: Iodine (အိုင်အိုဒင်း) Brand Name(s): Generics only. No brands available.

အဓိပ္ပာယ်ဖွင့်ဆိုချက်

iodine ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Iodine ကို အောက်ပါအချက်များအတွက် အများဆုံး အသုံးပြုကြပါသည်။

  • အနာကို ပိုးသတ်ရန် : သာမန်/အပေါ်ယံ အရေပြား ထိခိုက်ရှနာခြင်းများ၊ စိုနေသော အနာများနှင့် ဒါဏ်ရာများကို ပိုးဝင်ခြင်းမှ ကာကွယ်ရန်နှင့် ကုသရန်အတွက် သုံးသလို အနာ/ဒါဏ်ရာ ပတ်ဝန်းကျင်တွင် ဘက်တီးရီးယားပေါက်ပွါးမှုကို လျှော့ချပေးပါသည်။
  • အနာကျက်စေရန် : အနာဖေးတက်ခြင်းကို နှေးစေပြီး အနာကိုနူးညံ့ပျော့ပျောင်းစေသည်။

သုံးစွဲမှုနှင့် သိမ်းဆည်းနည်း

Iodine ကို ဘယ်လိုသုံးသင့်ပါသလဲ။

Iodine ကို သုံးစွဲရန် သင့်ဆရာဝန်၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ပါသည်။၎င်းတို့မှာ
• Iodine သည် ခန္တာကိုယ် အပြင်ပိုင်းတွင် အသုံးပြုရန်သာ ဖြစ်ပါသည်။သောက်ရန် မဟုတ်ပါ။
• Iodine ကို မျက်စိထဲမဝင်ပါစေနှင့်။အကယ်၍ မျက်စိထဲ မတော်တဆဝင်သွားပါက ရေနှင့် မြန်မြန်ဆေးပစ်ပါ။
• Iodine ဆေးရည်ကို အနည်းငယ်နက်သော ထိခိုက်ရှနာဒါဏ်ရာများ၊တိရစ္ဆာန် ကိုက်သော အနာများ သို့မဟုတ် ပြင်းထန်သော မီးလောင်ဒါဏ်ရာများထဲသို့ မထည့်ရပါ။
• Iodine ဆေးရည်ထည့်ထားသော အနာများကို ပတ်တီးကျပ်ကျပ် မစည်းရပါ။

Iodine ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Iodine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ iodine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ iodine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Iodine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။
Iodine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

 

 

သတိပြုရမည့်အချက်များ

Iodine ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Iodine အရည်ကို အသုံးမပြုမီ အောက်ပါအချက်များရှိပါက ဆရာဝန်ကို ပြောပြပါ။
• Iodine သို့မဟုတ် Iodine အရည်တွင်ပါဝင်သော အရာများနှင့် ဓာတ်မတည့်ခြင်း ရှိလျှင်။ပါဝင်ပစ္စည်းများကို ဆေးအညွှန်းစာရွက်တွင် ဖတ်ရှုနိုင်သည်။
• ဆေး၊အစားအစာ၊ဆိုးဆေး၊တာရှည်ခံအောင် အသုံးပြုသည့် ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်း။
• ဆရာဝန်ထံမှ ညွှန်ကြားချက် အတိအကျမရှိဘဲ အသက် ၆နှစ်အောက် ကလေးများတွင် Iodine ကို မသုံးရပါ။
• အသက်ကြီးသူများ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ နှင့် ဓာတ်ပြုမှုများ

Iodine က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် အမြန်ပြသပါ။
• အနီစက်များ ထွက်ခြင်း၊ဖောရောင်ခြင်း၊ဖျားခြင်း၊အဆစ်အမြစ်များ နာခြင်း၊အရေပြား/နှာခေါင်း/ပါးစပ် စသည်တို့မှ သွေးယိုခြင်း၊သွေးဖြူဥ တမျိုးများခြင်း၊အင်ပြင်များထခြင်း၊အရေပြားတွင် အနီကွက်/ခရမ်းကွက်များ ပေါ်လာခြင်း သို့မဟုတ် သွေးကြောများ ရောင်ရမ်းခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဘယ်ဆေးဝါးတွေက iodine နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Iodine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက iodine နဲ့ ဓာတ်ပြုနိုင်ပါသလား။

Iodine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက iodine နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Iodine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• တိရစ္ဆာန်ကိုက်ခြင်း။
• နက်ပြီးကြီးသော အနာများ/ဒါဏ်ရာများ။
• ပြင်းထန်သော မီးလောင်ဒါဏ်ရာများ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ iodine ကို သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အနာပိုးသတ်ရန်ရည်ရွယ်ချက်ဖြင့်သုံးလျှင် ဆေးပုံစံကို လိုက်ပြီး သုံးပုံသုံးနည်း ကွဲပြားပါသည်။ဥပမာ
• တင်ချာ အိုင်အိုဒင်း ဆေးရည်—-> ၁၀ရက်ထက် ပိုမသုံးရပါ။
• Iodine ကပ်ခွါ —-> ၃လထက်ပိုပြီး ဆက်တိုက်မသုံးရပါ။
• Iodine ဂျဲလ် —-> တခါသုံးလျှင် အများဆုံးသုံးနိုင်သော ပမာဏမှာ ၅၀ ဂရမ် ဖြစ်ပါသည်။
တပတ်တာတွင် အများဆုံးသုံးနိုင်သော ပမာဏမှာ ၁၅၀ ဂရမ်ဖြစ်ပါသည်။ ၃လထက်ပိုပြီး ဆက်တိုက်မသုံးရပါ။

ကလေးငယ်တွေမှာ iodine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အနာပိုးသတ်ရန်ရည်ရွယ်ချက်ဖြင့်သုံးလျှင် ဆေးပုံစံကို လိုက်ပြီး သုံးပုံသုံးနည်း ကွဲပြားပါသည်။ဥပမာ
• တင်ချာ အိုင်အိုဒင်း ဆေးရည်—-> ၁၀ရက်ထက် ပိုမသုံးရပါ။

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစား ပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

 

iodine ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

iodine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ဆေးရည် : ၁၀%
• ဂျဲလ် နှင့် ကပ်ခွါ : ၀.၉ %

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Iodine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ