Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ကို ဘာအတွက်အသုံးပြုကြသလဲ

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကိုအများအားဖြင့် သွေးကင်ဆာရောဂါ၊ အရေပြားကင်ဆာ၊

AIDS ရောဂါသည်များတွင်ဖြစ်သော အရေပြားသွေးကြောများမှဖြစ်သော ကင်ဆာ စသည့်ကင်ဆာရောဂါများကို ကုသရာတွင် အသုံးပြုပါသည်။

ထို့ပြင် အသည်းရောင်အသားဝါ B,C နှင့် ကြွက်နို့ကူးစက်ရောဂါ စသည့် ဗိုင်းရပ်စ်ရောဂါများကို ကုသရန်အတွက်လည်း အသုံးပြုပါသည်။

ထိုဆေးသည် ခန္ဓာကိုယ်ထဲမှ သဘာဝအတိုင်းထုတ်ပေးသော  အင်တာဖရွန် ပရိုတင်းများနှင့် အသွင်တူညီပြီး ကင်ဆာရောဂါများနှင့် ဗိုင်းရပ်စ်ကူးစက်ရောဂါများကို ကုသရန်အတွက် အသုံးပြုပါသည်။

Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ဘယ်လိုသောက်သုံးသင့်သလဲ

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကို အများအားဖြင့် ဆေးရုံ ဆေးခန်းများတွင် ထိုးဆေးအနေနှင့်

ဆရာဝန်များ သို့မဟုတ် ကျွမ်းကျင်ပညာရှင်များက  ထိုးပေးသော ဆေးဖြစ်ပါသည်။ဆေးထိုးရာတွင် တနေရာနှင့် တနေရာမတူညီအောင်ထိုးခြင်းဖြင့် အနာဖြစ်ခြင်းမှ ကာကွယ်မည်ဖြစ်သည်။ ဆေးသည် ရောဂါဖြစ်နေသော နေရာသို့တိုက်ရိုက်ထိုးနိုင်ပြီး သွေးပြန်ကြောထဲသို့လည်း ထိုးသွင်းနိုင်ပါသည်။

ဆေးရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။

ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။

ထို့ပြင် ထိုးဆေးကို မှီဝဲနေစဉ်တွင် ရေများများသောက်ရန် လိုအပ်ပါသည်။ ညဘက်အိပ်ခါနီးတွင် ဆေးထိုးခြင်းဖြင့် ဘေးထွက်ဆိုကျိုးများ ခံစားရခြင်းကို ပိုသက်သာစေပါသည်။

မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)

ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး

သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

 

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ၂ဘီ)ကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။

ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။

ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)

သည် မူးဝေထိုင်းမှိုင်းခြင်းကိုဖြစ်စေသောကြောင့် ယင်းကို အရက်သို့မဟုတ်အခြားသော ဆေးဝါးများနှင့် တွဲမသုံးသင့်ပါ။ ထိုဆေးကို သတိနှင့် အသုံးပြုရမည်ဖြစ်ပါသည်။ ဆေးအသုံးပြုနေလျှင် ကားမောင်းခြင်း၊ လုပ်ငန်းခွင်တာဝန်များထမ်းဆောင်ခြင်းတို့ကို ဖြစ်နိုင်လျှင် ရှောင်ကျဉ်ပါ။

  • အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)ထိုးနေစဉ် ကာကွယ်ဆေးများထိုးမည်ဆိုပါက ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။ သိလိုသည်များကို ဆွေးနွေးမေးမြန်းပါ။
  • အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)

သည် သွေးမွှားဥ အရေအတွက် ကို လျော့ကျစေသည့်အတွက် သင့်ကို အနာတရဖြစ်လွယ်စေခြင်း၊ သွေးခြေဥစေခြင်းများဖြစ်စေပါသည်။ထို့ကြောင့် ဆေးထိုးနေရင်း သွေးခြေဥခြင်း၊သွေးထွက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ၀မ်းမဲမဲသွားခြင်းများရှိပါက သင့်ဆရာဝန်အားပြောပါ။

  • အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)

သည် ခန္ဓာကိုယ်တွင် အနာကျက်နှုန်းကို နှေးစေသည့်အတွက် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာမရအောင် နေထိုင်ပါ။

  • သင်သည် ခွဲစိတ်မှုများပြုလုပ်ခြင်း၊ သွားနှင့် ခံတွင်းခွဲစိတ်ကုသမှုများခံယူခြင်းများပြုလုပ်မည်ဆိုပါက ဆေးထိုးနေကြောင်း ဆရာဝန်အား ပြောပါ။
  • သင်သည် ဆရာဝန်မညွှန်ကြားဘဲ မိမိဘာသာသောက်နေသောဆေးများ၊ ညွှန်ကြားချက်နှင့် သောက်နေသော ဆေးများ၊ တိုင်းရင်းဆေးများ၊ ဖြည့်စွက်အားဆေးများသောက်နေပါက ဆရာဝန်အား ပြောပါ။
  • အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)

သည်ကလေးများတွင် စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး Interferon and ribavirin ဆေးများသည် ကလေးများ၏ ဖွံ့ဖြိုးကြီးထွားမှုနှင့် အရပ်ရှည်ထွက်ခြင်းတို့ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ထိုဆေးထိုးနေစဉ်တွင် ကလေးများ၏ကြီးထွားမှုနှုန်းကို ဂရုပြုစောင့်ကြည့်ရမည်ဖြစ်ပါသည်။

ကလေးများတွင်သာမက လူကြီးများတွင် လည်း မူးဝေခြင်း၊ စိတ်အာရုံပြောင်းလဲခြင်းနှင့် နှလုံးကို ထိခိုက်ခြင်းများဖြစ်နိုင်သည့်အတွက် အထူးဂရုပြုရမည်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်  C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • ဆေးထိုးသောနေရာတွင် နာခြင်း၊ နီခြင်း၊ ရောင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းခြင်း
  • ၀မ်းလျှောခြင်း
  • အစာမကြေဖြစ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ခါးနာခြင်း
  • မူးဝေခြင်း
  • အာခေါင်ခြာက်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • တုပ်ကွေးလက္ခဏာများဖြစ်ခြင်း (ချမ်းတုန်ဖျားခြင်း၊ကိုယ်လက်နာကျင် ကိုက်ခဲခြင်း)
  • သွားနှင့် ခံတွင်းပြသနာများဖြစ်ခြင်း
  • ဆေးကို အသုံးပြုနေစဉ် ဆံပင်ကျွတ်ခြင်း

တို့ဖြစ်ပြီး ထိုသို့ ကြာရှည်စွာ ခံစားနေရပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

အောက်ပါတို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

  • အခြားသူများနှင့် ယှဉ်လျှင် ပူလွန်း၊ အေးလွန်းနေခြင်း
  • နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း
  • ရေဆာခြင်း၊ ဆီးမကြာခဏသွားခြင်း
  • ရာသီမမှန်ခြင်း (ရာသီစက်ဝန်း အချိန်မမှန်ခြင်း၊ ရာသီမပေါ်ခြင်း၊ နောက်ကျခြင်း)
  • ခြေ လက်များထုံကျဉ်ခြင်း
  • မျက်နှာ၊ ခြေ လက်များ ဖောရောင်ခြင်း
  • အိပ်မပျော်ခြင်း
  • လမ်းမလျှောက်နိုင်ခြင်း
  • မျက်လုံးဝါးခြင်း၊ အချို့သော် အမြင်အစိတ်ပိုင်းများကို မမြင်တော့ခြင်း
  • ဆီးသွားလျှင် သွေးပါခြင်း၊ ဆီးမဲမဲသွားခြင်း
  • ချမ်းတုန်ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း
  • သွေးထွက်လွယ်ခြင်၊ သွေးခြေဥခြင်း
  • ပုံမှန်ထက်ပိုပြီး မောပန်းခြင်း၊ အားနည်းခြင်း
  • အရေပြားနှင့် မျက်လုံးများဝါခြင်း တို့ဖြစ်ပါသည်။

ထို့ပြင် ရင်ဘတ်အောင့်ခြင်း၊ တက်ခြင်း၊ ကိုယ်တခြမ်းအားနည်းခြင်း၊ စကားမပြောနိုင်ခြင်းများဖြစ်ပါကလည်း ဆရာဝန်နှင့် ချက်ချင်းပြသရန်လိုအပ်ပါသည်။

ထိုဆေးသည် စိတ်အာရုံများ ပြောင်းလဲခြင်း နှင့် ပိုဆိုးလာခြင်းများကို ဖြစ်စေနိုင်သည့်အတွက် စိတ်အာရုံများရှုပ်ထွေးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို နာကျင်အောင်လုပ်ခြင်းနှင့် သေကြောင်းကြံစည်ခြင်း၊ မူမမှန်သော ၊ ကြမ်းတမ်းသော အပြုအမူများဖြစ်လာလျှင် ဆရ ၀န်အားချက်ချင်း အကြောင်းကြားရမည်ဖြစ်ပါသည်။ ထိုသို့ဖြစ်လာပါက ဆေးသောက်နေစဉ်တွင် စိတ်ကျန်းမာရေး ကုသမှုများခံယူရမည်ဖြစ်ပါသည်။

ဆေးနှင့် ပြင်းထန်စွာဓာတ်မတည့်မှုများဖြစ်ခြင်းသည် ရှားပါးသော်လည်း အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း တို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) နဲ့ ဓာတ်ပြုနိုင်သလဲ

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့

ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အထူးသဖြင့် အောက်ပါဆေးများသည် အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) နှင့် ဓာတ်ပြုခြင်းဖြစ်စေနိုင်သော ဆေးများဖြစ်ပါသည်။

  • Barbiturates (e.g., phenobarbital)
  • Colchicine
  • Hydroxyurea
  • Telbivudine
  • Theophyllines (e.g., aminophylline, theophylline)
  • ကိုယ်ခံအားအပေါ်သက်ရောက်စေသောဆေးများ (ဥပမာ- ကင်ဆာရောဂါဆေးများ၊ aldesleukin, cyclosporine)

အစားအသောက်တွေနဲ့ အရက်က Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) နဲ့ ဓာတ်ပြုနိုင်သလား

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) နဲ့ ဓာတ်ပြုနိုင်သလဲ

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)

ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် သင့်မှာ

  • ကိုယ်အင်္ဂါ အစားထိုးထားသော ခွဲစိတ်မှုများ ခံယူထားခြင်း
  • သွေးအားနည်းခြင်း (သွေးဖြူဥများ ၊သွေးနီဥများ အားနည်းခြင်း)
  • သွေးထွက်ခဲခြင်း၊ သွေးခဲခြင်းများမူမမှန်ခြင်း (အဆုတ်တွင် သွေးခဲပိတ်ဆို့သောရောဂါ)
  • နမိုးနီယား အဆုတ်ရောင်ရောဂါ၊ အဆုတ်သွေးကြောများတွင် ဖိအားများခြင်း(အဆုတ်သွေးကြောများတွင် ဖိအားများခြင်း ဖြင့် အဆုတ်သို့ထောက်ပံ့ပေးသော သွေးများလုံလောက်မှု မရှိတော့ခြင်းကြောင့် မောပန်းခြင်း၊ အသက်ရှုမြန်ခြင်း၊ မူးဝေခြင်းများဖြစ်လာနိုင်ပါသည်။)
  • နာတာရှည် အဆုတ်နှင့်လေပြွန်များရောင်ရမ်းခြင်းရောဂါ
  • မျက်လုံးနှင့် ဆိုင်သော ပြသနာများ
  • သွေးဥများ မူမမှန်ဖြစ်ခြင်း (သွေးအားနည်းခြင်း၊ သွေးဖြူဥများ၊သွေးမွှားဥများ အားနည်းခြင်း)
  • ကင်ဆာရောဂါများဖြစ်ခြင်း
  • ဆီးချိုရောဂါ
  • နှလုံးရောဂါ(နှလုံးသွေးကြောကျဉ်းသောကြောင့် နှလုံးအောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း)
  • သွေးတိုးခြင်း
  • HIV ပိုးရှိခြင်း
  • ကိုယ်ခံအားနှင့် သက်ဆိုင်သောရောဂါများဖြစ်ခြင်း (အရေပြားရောဂါ၊ အဆစ်ရောင်ရောဂါ)
  • အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများဖြစ်ခြင်း (ဥပမာ- အူရောင်ခြင်း)
  • ကျောက်ကပ်ရောဂါများဖြစ်ခြင်း
  • အသည်းရောဂါ (ကိုယ်ခံအားစနစ်မူမမှန်မှုကြောင့် အသည်းရောင်ခြင်း၊ အသည်းပျက်စီးဆုတ်ယုတ်ခြင်း)
  • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများ ထိခိုက်ခြင်း (ဥပမာ- စိုးရိမ်စိတ်များခြင်း၊ စိတ်ဓာတ်ကျခြင်း)
  • သွေးထဲတွင် မကောင်းသော အဆီဓာတ်များ များလာခြင်း
  • မုန့်ချိုအိတ်ရောင်ခြင်း
  • အတက်ရောဂါများဖြစ်ခြင်း
  • သိုင်းရွိုက်ဟော်မုန်းနှင့် ဆိုင်သောရောဂါများဖြစ်ခြင်း
  • မူးယစ်ဆေးဝါးများ၊ အရက်သေစာများသောက်သုံးခြင်း တို့ရှိလျှင် သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသည်းရောင် အသားဝါ C ရောဂါ

ဆေးကို တပတ်လျှင် ၃ ကြိမ် အရေပြားအောက်ဖြစ်စေ၊ အသားထဲဖြစ်စေ ထိုးပါ။

အသည်းရောင် အသားဝါ B ရောဂါ

ဆေးကို တပတ်လျှင် ၃ ကြိမ် အရေပြားအောက်ဖြစ်စေ၊ အသားထဲဖြစ်စေ ထိုးပါ။ ၁၆ ပတ်ဆက်တိုက် ထိုးရမည်ဖြစ်ပါသည်။

သွေးကင်ဆာရောဂါ

ဆေးကို တပတ်လျှင် ၃ ကြိမ် အရေပြားအောက်ဖြစ်စေ၊ အသားထဲဖြစ်စေ ထိုးပါ။ ၆ လဆက်တိုက် ထိုးရမည်ဖြစ်ပါသည်။

အရေပြားရှိ မီလနိုဆိုက် ကင်ဆာရောဂါ

အကြောဆေးကို ၅ ရက်ဆက်တိုက် ၄ ပတ်ထိုးရမည်ဖြစ်ပြီး အရေပြားအောက် ထိုးဆေးကို ၄၈ ပတ်ကြာအောင် ထိုးရမည်ဖြစ်ပါသည်။

အရည်အိတ်များမှဖြစ်သော မီလနိုဆိုက် ကင်ဆာရောဂါ

ထိုးဆေးကို အရေပြားအောက်တွင် တပတ်လျှင် ၃ ကြိမ် ၁၈ လဆက်တိုက် ထိုးရမည်ဖြစ်ပါသည်။

လိင်အင်္ဂါတွင်ဖြစ်သော ကြွက်နို့ရောဂါ

အကြောထိုးဆေးကို တပတ်လျှင် ၃ ကြိမ် တရက်ခြားစီ ၃ ပတ်ထိုးရမည်ဖြစ်ပြီး ၁၆ ပတ်ကြာအောင် ထိုးရမည်ဖြစ်ပါသည်။

အရေပြား သွေးကြောများမှဖြစ်သော ကင်ဆာရောဂါ

ဆေးကို တပတ်လျှင် ၃ ကြိမ် အရေပြားအောက်ဖြစ်စေ၊ အသားထဲဖြစ်စေ ထိုးပါ။ ၁၆ ပတ်ဆက်တိုက် ထိုးရမည်ဖြစ်ပါသည်။

ကလေးတွေအတွက် Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကိုသင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။

ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Intron A (အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)) ကိုဘယ်လိုရရှိနိုင်သလဲ

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်  ရရှိနိုင်ပါတယ်။

  • Ifex ထိုးဆေးအရည် 3.8 ml ဗူး (6 million International Units/ml)
  • Ifex ထိုးဆေးအရည် 3.2 ml ဗူး (10 million International Units/ml)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)        ကိုထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးပြီး ထိုးတာမျိုးမလုပ်ပါနဲ့။သင့်ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ပြီး ဆေးအညွှန်းကို မေးမြန်းပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 26, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
ဒူးရင်းသီးနဲ့ သင့်ကျန်းမာရေး
ဒူးရင်းသီးနဲ့ သင့်ကျန်းမာရေး