Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ကို ဘာအတွက်အသုံးပြုကြသလဲ

အင်တာဖရွန် ဘီတာ ၁ အေ သည် ခန္ဓါကိုယ်ထဲမှ သဘာဝအတိုင်းထုတ်ပေးသော အင်တာဖရွန် ပရိုတင်းများနှင့် အသွင်တူညီပြီး အများအားဖြင့် ပင်မအာရုံကြောအလွှာပျက်စီးသည့်ရောဂါကို ပြန်ဖြစ်ခြင်းများ လျှော့ချရန်၊ ရောဂါကြောင့် အာရုံကြောထိခိုက်မှုများ ပိုမဆိုးလာစေရန်နှင့် ရောဂါကြောင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများ ပိုမဆိုးလာစေရန် ကုသရာတွင် အသုံးပြုပါသည်။

Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ဘယ်လိုသောက်သုံးသင့်သလဲ

အင်တာဖရွန် ဘီတာ ၁ အေ ကို အများအားဖြင့် ဆေးရုံ ဆေးခန်းများတွင် ထိုးဆေးအနေနှင့် ဆရာဝန်များ သို့မဟုတ် ကျွမ်းကျင်ပညာရှင်များက ထိုးပေးသော ဆေးဖြစ်ပါသည်။ ဆေးထိုးရာတွင် တနေရာနှင့် တနေရာမတူညီအောင်ထိုးခြင်းဖြင့် အနာဖြစ်ခြင်းမှ ကာကွယ်မည်ဖြစ်သည်။ ဆေးသည် ရောဂါဖြစ်နေသော နေရာသို့တိုက်ရိုက်ထိုးနိုင်ပြီး သွေးပြန်ကြောထဲသို့လည်း ထိုးသွင်းနိုင်ပါသည်။

ဆေးရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။

ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။

ထို့ပြင် ထိုးဆေးကို မှီဝဲနေစဉ်တွင် ရေများများသောက်ရန် လိုအပ်ပါသည်။ ညဘက်အိပ်ခါနီးတွင် ဆေးထိုးခြင်းဖြင့် ဘေးထွက်ဆိုကျိုးများ ခံစားရခြင်းကို ပိုသက်သာစေပါသည်။

မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

အင်တာဖရွန် ဘီတာ ၁ အေ ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံး

သိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။

ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ အင်တာဖရွန် ဘီတာ ၁ အေ ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ အင်တာဖရွန် ဘီတာ ၁ အေ ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

အင်တာဖရွန် ဘီတာ ၁ အေ ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

အင်တာဖရွန် ဘီတာ ၁ အေ ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • အင်တာဖရွန် ဘီတာ ၁ အေ သည် စိတ်ဓါတ်ကျခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် လူနာသည် ဆေးမသောက်မီကပင် အဆိုပါ လက္ခဏာများရှိပါက ဆရာဝန်အားကြိုပြောပါ။
  • အင်တာဖရွန် ဘီတာ ၁ အေ သည် အသည်းကို ထိုခိုက်စေနိုင်သောကြောင့် ဆေးထိုးနေစဉ်အတွင်း အရက်သောက်ပါက အသည်းကို ဆိုးရွားစွာထိခိုက်စေမည်ဖြစ်ပါသည်။
  • အင်တာဖရွန် ဘီတာ ၁ အေ သည် သွေးမွှားဥ အရေအတွက် ကို လျော့ကျစေသည့်အတွက် သင့်ကို အနာတရဖြစ်လွယ်စေခြင်း၊ သွေးခြေဥစေခြင်းများဖြစ်စေပါသည်။ ထို့ကြောင့် ဆေးထိုးထားသောနေရာတွင် သွေးခြေများဥနေခြင်း၊ ဆေးထိုးနေရင်း သွေးခြေဥခြင်း၊သွေးထွက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဝမ်းမဲမဲသွားခြင်းများရှိပါက သင့်ဆရာဝန်အားပြောပါ။
  • အင်တာဖရွန် ဘီတာ ၁ အေ သည် သင့်ကိုယ်ခန္ဓါတွင် ရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်းများကို လျော့နည်းစေသည်။ ထို့ကြောင့် ထိုဆေးသောက်ထားလျှင် အအေးမိနေသူများ၊ ရောဂါဖြစ်နေသူများနှင့် ဝေးဝေးရှောင်ပါ။ သင့်တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အနီစက်များထွက်ခြင်း၊ ချမ်းတုန်ခြင်းများရှိပါက သင့်ဆရာဝန်အားပြောပြပါ။
  • အင်တာဖရွန် ဘီတာ ၁ အေ တွင် လူ့သွေးထဲရှိ Albumin ပရိုတင်းတမျိုးပါဝင်သည်။ အာရုံကြော ဗိုင်းရပ်စ်ပိုးဝင်ရောဂါဖြစ်သည့် Creutzfeldt-Jakob ရောဂါမျိုးဖြစ်နိုင်သော်လည်း အင်မတန်ဖြစ်ခဲပါသည်။

ယခုချိန်ထိ ထိုဆေးထိုးသော လူနာများတွင် အဆိုပါရောဂါဖြစ်သည်ကို မတွေ့ရသေးပါ။

  • အင်တာဖရွန် ဘီတာ ၁ အေ ဆေးထိုးနေချိန်တွင် သွေးဥများစစ်ဆေးခြင်း၊ အသည်း၊ သိုင်းရွိုက်ဟော်မုန်းတို့၏ လုပ်ဆောင်ရည်ကို စစ်ဆေးခြင်းတို့ပြုလုပ်ခြင်းဖြင့် ဆေးကြောင့် ရရှိနိုင်သော ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်နိုင်ပါသည်။ ထို့ကြောင့် ဓါတ်ခွဲခန်းတွင် ဆေးစစ်မှုများ မှန်မှန် ခံယူသင့်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများရှိသော်လည်း လူအားလုံးသည် ထိုဆိုးကျိုးများကို ခံစားရချင်မှ ခံစားရမည်ဖြစ်သည်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • စိတ်အာရုံထိုင်းမှိုင်းခြင်း
  • အာခေါင်းခြောက်ခြင်း
  • တုပ်ကွေးလက္ခဏာများဖြစ်ခြင်း (ချမ်းတုန်ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ကိုယ်လက်နာကျင်ကိုက်ခဲခြင်း)
  • ကြွက်သားများနာခြင်း၊ ခါးနာခြင်း
  • အစာအိမ်နာခြင်းတို့ဖြစ်ပါသည်။

အောက်ပါတို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓါတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • ဟန်ချက် မထိန်းနိုင်ခြင်း
  • အမြင်အာရုံများ ပြောင်းလဲခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • သွေးထွက်လွယ်ခြင်၊ သွေးခြေဥခြင်း
  • မူးမိုက်ခြင်း
  • နှလုံးခုန်မမှန်ခြင်း၊ မြန်ခြင်း
  • စိတ်အာရုံများ ပြောင်းလဲခြင်း (စိုးရိမ်သောကများခြင်း၊ စိတ်ဓါတ်ကျခြင်း)
  • နှုတ်ခမ်းများနှင့် ပါးစပ်တွင် အနာများဖြစ်ခြင်း
  • အရေပြားတွင် နီခြင်း၊ ရောင်ခြင်း၊ အဖတ်များကွာကျခြင်း
  • တက်ခြင်း
  • မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း
  • ကူးစက်ရောဂါ လက္ခဏာများ ခံစားရခြင်း (ချမ်းတုန်ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ဆီးသွားလျှင် နာခြင်း၊ ဆီးမကြာခဏသွားခြင်း၊ အရေပြားတွင် နီခြင်း၊ ရောင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း)တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) နဲ့ ဓါတ်ပြုနိုင်သလဲ

အင်တာဖရွန် ဘီတာ ၁ အေ ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အထူးသဖြင့် အသည်းကို ထိခိုက်စေသော acetaminophen, methotrexate, ketoconazole, isoniazid စသည့်ဆေးများ နှင့် HIV ပိုးရှိလူနာများသောက်ရသော အချို့ဆေးများ သည် အသည်းထိခိုက်ပျက်စီးမှုကို ပိုများစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) နဲ့ ဓါတ်ပြုနိုင်သလား

အင်တာဖရွန် ဘီတာ ၁ အေ က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) နဲ့ ဓါတ်ပြုနိုင်သလဲ

အင်တာဖရွန် ဘီတာ ၁ အေ ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့် သင့်မှာ

အသည်းရောဂါ၊ အသည်းအင်ဇိုင်းများ တက်နေခြင်း

သွေးရောဂါ (ဥပမာ- သွေးအားနည်းခြင်း)

သိုင်းရွိုက်ဟော်မုန်းရောဂါ

  • ရိုးတွင်း ချဉ်ဆီအားနည်းသည့် ရောဂါ
  • သွေးနှင့် ပတ်သက်သောရောဂါများ
  • နှလုံးရောဂါ
  • အတက်ရောဂါ
  • အရက်စွဲရောဂါ၊ အရက်များ အလွန်အကျွံသောက်ခြင်း
  • စိတ်ရောဂါများ (ဥပမာ- စိတ်ကျရောဂါ)
  • မိမိကိုယ်ကို သေကြောင်းကြံစည်သည့် အပြုအမူများရှိပါက ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြသင့်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပင်မအာရုံကြောအလွှာပျက်စီးသည့်ရောဂါ (အရွယ်ရောက်သူများ)

ပင်မအာရုံကြောအလွှာပျက်စီးသည့်ရောဂါကို ပြန်ဖြစ်ခြင်းများ လျှော့ချရန်၊ ရောဂါကြောင့် အာရုံကြောထိခိုက်မှုများ ပိုမဆိုးလာစေရန်နှင့် ရောဂါကြောင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများ ပိုမဆိုးလာစေရန် ကုသရာတွင် အသုံးပြုပါသည်။

Avonex

  • အသားထိုးဆေး 30 mcg အပတ်စဉ်
  • ဆေးထိုးအပ်ထဲတွင် AVOSTARTGRIP အရည်နှင့်ဆေးကို ဖျော်ပြီး ပထမအပတ်တွင်5 mcg ထိုးပါ။ တုပ်ကွေးဝေဒနာများအတွက် နောက် ၃ပတ်အထိ 7.5 mcg/week နှုန်းဖြင့် သတ်မှတ်ပမာဏ 30 mcg/week ရောက်သည်အထိ ထိုးနိုင်ပါသည်။
  • ဆေးထိုးရာတွင် လက်မောင်း၊ ပေါင် စသဖြင့် နေရာမတူအောင် လှဲ့ထိုးပါ။

Rebif 44 mcg သတ်မှတ်အတိုင်းအတာထိထိုးခြင်း

  • ၁-၂ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 8.8 mcg တပတ်လျှင် သုံးကြိမ် (တကြိမ်နှင့် တကြိမ်သည် အနည်းဆုံး ၄၈ နာရီခြားရမည်။)
  • ၃-၄ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 22 mcg တပတ်လျှင် သုံးကြိမ်
  • ၅ ပတ်နှင့် အထက်တွင် အရေပြားအောက်ထိုးဆေး 44 mcg တပတ်လျှင် သုံးကြိမ်
  • ဆေးကို ဗိုက်နေရာ (ခါးနေရာတဝိုက်မှ လွဲ၍)၊ ပေါင်၊ လက်မောင်း၊ တင်ပါးများတွင် ထိုးနိုင်သည်။

Rebif 22 mcg သတ်မှတ်အတိုင်းအတာထိထိုးခြင်း

  • ၁-၂ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 4.4 mcg တပတ်လျှင် သုံးကြိမ် (တကြိမ်နှင့် တကြိမ်သည် အနည်းဆုံး ၄၈ နာရီခြားရမည်။)
  • ၃-၄ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 11 mcg တပတ်လျှင် သုံးကြိမ်
  • ၅ ပတ်နှင့် အထက်တွင် အရေပြားအောက်ထိုးဆေး 22 mcg တပတ်လျှင် သုံးကြိမ်
  • ဆေးကို ဗိုက်နေရာ (ခါးနေရာတဝိုက်မှ လွဲ၍)၊ ပေါင်၊ လက်မောင်း၊ တင်ပါးများတွင် ထိုးနိုင်သည်။

အသည်းမကောင်းသောသူများအတွက် (အရွယ်ရောက်သူများ)

Rebif

အသည်းကို ဆေးစစ်လိုက်သော် အသည်းအင်ဇိုင်းများ တက်နေခြင်း၊ သွေးကင်ဆာများရှိခြင်း စသော လူနာများတွင် ဆေးပမာဏကို ၂၀ % မှ ၅၀% အထိလျှော့ပြီးပေးရသည်။

ပင်မအာရုံကြောအလွှာပျက်စီးသည့်ရောဂါ (သက်ကြီးရွယ်အိုများ)

Avonex

  • အသားထိုးဆေး 30 mcg အပတ်စဉ်
  • ဆေးထိုးအပ်ထဲတွင် AVOSTARTGRIP အရည်နှင့်ဆေးကို ဖျော်ပြီး ပထမအပတ်တွင်5 mcg ထိုးပါ။ တုပ်ကွေးဝေဒနာများအတွက် နောက် ၃ပတ်အထိ 7.5 mcg/week နှုန်းဖြင့် သတ်မှတ်ပမာဏ 30 mcg/week ရောက်သည်အထိ ထိုးနိုင်ပါသည်။
  • ဆေးထိုးရာတွင် လက်မောင်း၊ ပေါင် စသဖြင့် နေရာမတူအောင် လှဲ့ထိုးပါ။
  • ဆေးပေးနေစဉ် သွေးနီဥမျာ၊ သွေးဖြူဥများ၊ သွေးမွှားဥများ နှင့် အသည်းလုပ်ငန်းမျာ း ကို ဓါတ်ခွဲစစ်ဆေးကာ စောင့်ကြည့်ရမည်ဖြစ်သည်။

Rebif 44 mcg သတ်မှတ်အတိုင်းအတာထိထိုးခြင်း

  • ၁-၂ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 8.8 mcg တပတ်လျှင် သုံးကြိမ် (တကြိမ်နှင့် တကြိမ်သည် အနည်းဆုံး ၄၈ နာရီခြားရမည်။)
  • ၃-၄ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 22 mcg တပတ်လျှင် သုံးကြိမ်
  • ၅ ပတ်နှင့် အထက်တွင် အရေပြားအောက်ထိုးဆေး 44 mcg တပတ်လျှင် သုံးကြိမ်
  • ဆေးကို ဗိုက်နေရာ (ခါးနေရာတဝိုက်မှ လွဲ၍)၊ ပေါင်၊ လက်မောင်း၊ တင်ပါးများတွင် ထိုးနိုင်သည်။
  • ဆေးပေးနေစဉ် သွေးနီဥမျာ၊ သွေးဖြူဥများ၊ သွေးမွှားဥများ နှင့် အသည်းလုပ်ငန်းမျာ း ကို ဓါတ်ခွဲစစ်ဆေးကာ စောင့်ကြည့်ရမည်ဖြစ်သည်။

Rebif 22 mcg သတ်မှတ်အတိုင်းအတာထိထိုးခြင်း

  • ၁-၂ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 4.4 mcg တပတ်လျှင် သုံးကြိမ် (တကြိမ်နှင့် တကြိမ်သည် အနည်းဆုံး ၄၈ နာရီခြားရမည်။)
  • ၃-၄ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 11 mcg တပတ်လျှင် သုံးကြိမ်
  • ၅ ပတ်နှင့် အထက်တွင် အရေပြားအောက်ထိုးဆေး 22 mcg တပတ်လျှင် သုံးကြိမ်
  • ဆေးကို ဗိုက်နေရာ (ခါးနေရာတဝိုက်မှ လွဲ၍)၊ ပေါင်၊ လက်မောင်း၊ တင်ပါးများတွင် ထိုးနိုင်သည်။
  • ဆေးပေးနေစဉ် သွေးနီဥမျာ၊ သွေးဖြူဥများ၊ သွေးမွှားဥများ နှင့် အသည်းလုပ်ငန်းမျာ း ကို ဓါတ်ခွဲစစ်ဆေးကာ စောင့်ကြည့်ရမည်ဖြစ်သည်။

ကလေးတွေအတွက် Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယခုဆေးသည် ကလေးများအတွက် စိတ်ချရခြင်း၊ အကျိုးထိရောက်မှုများရှိခြင်း ကိုဖော်ပြထားခြင်း မရှိပါ။

Avonex

  • အသားထိုးဆေး 30 mcg အပတ်စဉ်
  • ဆေးထိုးအပ်ထဲတွင် AVOSTARTGRIP အရည်နှင့်ဆေးကို ဖျော်ပြီး ပထမအပတ်တွင်5 mcg ထိုးပါ။ တုပ်ကွေးဝေဒနာများအတွက် နောက် ၃ပတ်အထိ 7.5 mcg/week နှုန်းဖြင့် သတ်မှတ်ပမာဏ 30 mcg/week ရောက်သည်အထိ ထိုးနိုင်ပါသည်။
  • ဆေးထိုးရာတွင် လက်မောင်း၊ ပေါင် စသဖြင့် နေရာမတူအောင် လှဲ့ထိုးပါ။

Rebif 44 mcg သတ်မှတ်အတိုင်းအတာထိထိုးခြင်း

  • ၁-၂ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 8.8 mcg တပတ်လျှင် သုံးကြိမ် (တကြိမ်နှင့် တကြိမ်သည် အနည်းဆုံး ၄၈ နာရီခြားရမည်။)
  • ၃-၄ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 22 mcg တပတ်လျှင် သုံးကြိမ်
  • ၅ ပတ်နှင့် အထက်တွင် အရေပြားအောက်ထိုးဆေး 44 mcg တပတ်လျှင် သုံးကြိမ်
  • ဆေးကို ဗိုက်နေရာ (ခါးနေရာတဝိုက်မှ လွဲ၍)၊ ပေါင်၊ လက်မောင်း၊ တင်ပါးများတွင် ထိုးနိုင်သည်။

Rebif 22 mcg သတ်မှတ်အတိုင်းအတာထိထိုးခြင်း

  • ၁-၂ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 4.4 mcg တပတ်လျှင် သုံးကြိမ် (တကြိမ်နှင့် တကြိမ်သည် အနည်းဆုံး ၄၈ နာရီခြားရမည်။)
  • ၃-၄ ပတ်မြောက် တွင် အရေပြားအောက်ထိုးဆေး 11 mcg တပတ်လျှင် သုံးကြိမ်
  • ၅ ပတ်နှင့် အထက်တွင် အရေပြားအောက်ထိုးဆေး 22 mcg တပတ်လျှင် သုံးကြိမ်
  • ဆေးကို ဗိုက်နေရာ (ခါးနေရာတဝိုက်မှ လွဲ၍)၊ ပေါင်၊ လက်မောင်း၊ တင်ပါးများတွင် ထိုးနိုင်သည်။

Interferon Beta (အင်တာဖရွန် ဘီတာ ၁ အေ) ကိုဘယ်လိုရရှိနိုင်သလဲ

အင်တာဖရွန် ဘီတာ ၁ အေ ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် ရရှိနိုင်ပါတယ်။

  • အသားထိုးဆေး 30mcg/0.5ml
  • အရေပြားအောက်ထိုးဆေး 8mcg/0.2ml
  • အရေပြားအောက်ထိုးဆေး 22mcg/0.5ml
  • အရေပြားအောက်ထိုးဆေး 44mcg/0.5ml
  • အရေပြားအောက်ထိုးဆေး (အလိုအလျှောက်ထိုးနိုင်သော ဆေးထိုးကိရိယာဖြင့်)8mcg/syringe, 22mcg/syringe,44mcg/syringe

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အင်တာဖရွန် ဘီတာ ၁ အေ က ိုထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ ထိုနေ့တွင် နောက်တစ်ကြိမ်ထိုးရမယ့်ဆေးကို မထိုးပါနှင့်တော့။ ဆေးကို ၂ ရက်ဆက်တိုက်ထိုးခြင်း မပြုလုပ်ပါနှင့် ။ ကျန်ရှိသည့် အပတ်များတွင် ပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ အကယ်၍ ဆေးကို ပမာဏပိုထိုးမိခြင်း၊ ၂ ရက်ဆက်တိုက်ထိုးခြင်း များပြုလုပ်မိပါက သင့်ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ရန် လိုအပ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 26, 2018