Indinavir Sulfate (အင်ဒီနာဗာ ဆဲလ်ဖိတ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Indinavir Sulfate (အင်ဒီနာဗာ ဆဲလ်ဖိတ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Indinavir Sulfate (အင်ဒီနာဗာ ဆဲလ်ဖိတ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Indinavir Sulfate သည် HIV protease အင်ဇိုင်း ကို တား ပေးပြီး HIV ပိုးကြီးထွားမှုကို တားဆီးပေးသောဆေးဖြစ်ပါသည်။
Indinavir Sulfate ကို အဓိကအားဖြင့် အခြားဆေးများနှင့်တွဲပြီး HIV ပိုးရှိသူများတွင်ပေး ပါသည်။

 

Indinavir sulfate ကိုဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။
တိကျသော ဆေးပမာဏကိုသိရှိရန်အတွက် ဆေးအညွှန်းကို ကြည့်ပါ။
Indinavir Sulfate ကို အစာ မစားခင် ၁နာရီအလို (သို့) အစာစားပြီး ၂နာရီ အစာနှင့်ခြားပြီးသောက်ပါ။
ကယ်လိုရီ အဆီနှင့် အသားဓာတ်နဲသော အစာများနှင့်တော့ တွဲသောက်နိုင်ပါသည်။
Indinavir Sulfate ကိုရေဖြင့်သောက်ပါ။
အဆီမပါသောနို့ ဖျော်ရည် ကော်ဖီ လက်ဖက်ရည် တို့နှင့်လဲ သောက်နိုင်ပါသည်။
Indinavir Sulfate ကို သောက်နေလျှင် ရေများများသောက်ပါ။
တစ်နေ့ကို အနည်းဆုံး ရေ ၁.၅ လီတာ သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။
ဆေးအာနိသင် အကောင်းဆုံးဖြစ်ရန် ဆေးကိုပုံမှန် သောက်ပါ။
ဆေးသောက်ဖို့ မမေ့ရန် နေ့တိုင်း တစ်ချိန်ထဲ သောက်သင့်ပါသည်။
သက်သာလာသည်ဟုခံစားရလဲ ဆက်သောက်ပါ။
ဆေးသောက်ရန် မမေ့ပါနှင့်။
သိလိုသိများရှိပါက ဆေးဝါးကျွမ်းကျင် ပညာရှင်ကိုမေးမြန်းပါ။

Indinavir sulfate ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထား သင့်ပါသလဲ။

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

 indinavir sulfate ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံး သိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထား ပျက်ယွင်းမှုတွေမဖြစ်အောင်လို့ indinavir sulfate ကိုရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

 indinavir sulfate ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

indinavir sulfate ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

 

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Indinavir Sulfate (အင်ဒီနာဗာ ဆဲလ်ဖိတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Indinavir Sulfate ကို မသောက်ခင် သင့်တွင် အောက်ပါ အချက်များရှိလျှင် ဆရာဝန်ကိုပြောပါ။

  • Indinavir Sulfate တွင်ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း
  • pulmonary arterial hypertension (PAH) အတွက် sildenafil သောက်နေခြင်း
  • colchicine သောက်နေခြင်း နှင့် ကျောက်ကပ် အသည်းရောဂါများလဲရှိခြင်း
  • ကိုယ်ဝန်ဆောင်၊ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသ၊ူ နို့တိုက်မိခင်
  • ဆရာဝန်ညွှန်းထားသော သို့ မညွှန်းထားသော ဆေးများ တိုင်းရင်းဆေးများ၊ ဖြည့်စွက်အားဆေးများ သောက်နေခြင်း
  • ဆေးများ၊ အစားအစာများ နှင့် အခြားပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း

didanosine သောက်နေလျှင် Indinavir Sulfate နှင့်ဘယ်လိုတွဲသောက်သင့်လဲကို ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင် ပညာရှင်ကိုမေးပါ။
ကြက်သွန်ဖြူ များများစားခြင်းသည် Indinavir Sulfate ၏ အာနိသင်ကို လျော့နည်းစေပါသည်။ အစားအစာတွင် ကြက်သွန်ဖြူမထဲ့ခင် ဆရာဝန်နှင့်တိုင်ပင်ပါ။

အခြားသွားကုသမှုများ၊ အရေးပေါ်ကုသမှုများ၊ ခွဲစိတ်မှုများမပြုလုပ်ခင် သင် indinavir sulfate သောက်နေကြောင်း ဆရာဝန်ကိုပြောပြပါ။

indinavir sulfate သည် ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်းများကို ဖြစ်စေနိုင်ပြီး အရက် သို့ အခြားဆေးများ သောက်ထားပါက ပိုဆိုးနိုင် သောကြောင့် သတိထား၍ သုံးပါ။
သင်နှင့် ဆိုးကျိုးရှိမရှိ မသေချာသေးခင် ကားမောင်းခြင်းနှင့် အခြားအန္တရာယ် ဖြစ်စေနိုင်သည့် အလုပ်မျိုးကိုရှောင်ပါ။

Indinavir Sulfate သည် HIV ပိုးကို ပျောက်ကင်းစေနိုင်မည် မဟုတ်ပါ။
HIV ပိုးနှင့်ဆက်စပ်သော ဖျားနာမှုများ ရောဂါပိုး ဝင်ရောက်ခြင်းများ ခံစားရနိုင်ပါသည်။
ဆရာဝန်နှင့် ဆက်လက်ပြသပါ။
Indinavir Sulfate သည် သွေး နှင့် လိင်ဆက်ဆံမှုမှ တစ်ဆင့် အခြားသူများထံကူးစက်မှုကို မရပ်တန့်နိုင်ပါ။
သင့်မှာ HIV ပိုးရှိပါက လိင်ဆက်ဆံလျှင် အကာအကွယ် (ဥပမာ ကွန်ဒုံး) သုံးပါ။
ဆေးထိုးအပ၊် ဆေးသွင်းသည့် ပစ္စည်းများ၊ သွားတိုက်ဆေး၊ မုတ်ဆိတ်ရိတ်ဓား တို့ကို အခြားသူများနှင့် အတူမသုံးစွဲပါနှင့်။
သင့်တွင် ဆေးနည်းနေပြီဆိုပါက ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင် ပညာရှင် တို့ထံမှ အမြန်ဆုံးဆေးရယူပါ။
အချိန်အနည်းငယ်တောင်မှ ဆေးကိုမရပ်သင့်ပါ။
ဆေးကိုရပ်မိပါက ဗိုင်းရပ်စ်ပိုးသည် ဆေးယဉ်ပါးလာပြီး ကုသရန် ပိုခက်ခဲလာပါလိမ့်မည်။

Indinavir Sulfate သည် ခန္ဓာကိုယ်၏ ခုခံအားကို တက်စေသောကြောင့် အခြားပုန်းကွယ်နေသော ရောဂါပိုးများပေါ်လာနိုင်ပါသည်။
ထို့ကြောင့် သင် Indinavir Sulfate ကိုစသောက် ပြီးနောက်တွင် ရောဂါပိုးရှိသည့် လက္ခဏာများ (ဥပမာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အားနည်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမြန်ခြင်း) တို့ဖြစ်ပါက ဆရာဝန်နှင့် ပြပါ။
အချို့လူနာများတွင် ခန္ဓာကိုယ်ရှိ အဆီများပြောင်းလဲခြင်း (ဥပမာ ကျောအပေါ်ဘက်၊ လည်ပင်း၊ ရင်သား နှင့်ကိုယ်လုံးတို့တွင် အဆီများလာပြီး ခြေထောက်၊ လက်နှင့် မျက်နှာတို့တွင် အဆီများလျော့နည်းသွားခြင်း ) ဖြစ်နိုင်ပါသည်။
ထိုပြောင်းလဲခြင်း ၏ အကြောင်းရင်းနှင့် ရေရှည်ဆိုးကျိုးများကို မသိရသေးပါ။
သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

Indinavir Sulfate သည် သွေးတွင်းသကြားဓာတ်ကို များစေသည်။ သွေးတွင်းသကြားဓာတ်များခြင်းသည် စိတ်အာရုံရှုပ်ထွေးခြင်း၊ နုံးခြင်း၊ ရေငတ်ခြင်း တို့ဖြစ်စေနိုင်သည်။
မျက်နှာရဲခြင်း၊ အသက်ရှုမြန်ခြင်း၊ အသက်ရှုထုတ်လျှင် အသီးနံ့ကဲ့သို့ရခြင်းတို့ ဖြစ်နိုင်သည်။
ထိုသို့ဖြစ်ပါက ဆရာဝန်နှင့်ပြပါ။
ဆီးချိုရောဂါရှိသူများ : သွေးတွင်းသကြားဓာတ် ကို ခဏခဏ စစ်ပါ။
ဆီးချိုဆေး ပမာဏပြောင်းလျှင် ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။
Hemophilia သွေးရောဂါရှိသူများ : Indinavir Sulfate ကဲ့သို့သော protease inhibitor သောက်နေသော အချို့ hemophilia လူနာများတွင် သွေးထွက်နိုင်ခြေပိုများပါသည်။
သွေးထွက်သော အခါတိုင်းကို ဆရာဝန်ကိုပြောပြပါ။
Indinavir Sulfate သောက်နေစဉ်တွင် ဟော်မုန်းနည်း ဖြင့် သန္ဓေတားခြင်း (ဥပမာ သန္ဓေတားဆေးများ) မအောင်မြင်ခြင်း ဖြစ်တတ်ပါသည်။
ကိုယ်ဝန်ရခြင်းမှ ကာကွယ်ရန်အတွက် အခြားသန္ဓေတားနည်းထပ်သုံးပါ (ဥပမာ ကွန်ဒုံး)။ ထိုးနေစဉ် သင်၏ ကျန်းမာရေးအခြေအနေနှင့် ဆေး၏ဘေးထွက်ဆိုးကျိုးများ ရှိမရှိကို သိရန် အသည်း၏ လုပ်ငန်းဆောင်တာများ၊ ကိုလက်စရော၊ သွေးဆဲလ်များ ပမာဏနှင့် CD4 ပမာဏ တို့ကို စစ်ကြည့်နိုင်ပါသည်။

Indinavir Sulfate ကို ကလေးများတွင် ဂရုပြုသုံးစွဲပါ။
ဆေးအာနိသင် ပိုများနိုင်သောကြောင့်ဖြစ်သည်။ အထူးသဖြင့် ကျောက်ကပ် ကျောက်တည်ခြင်း

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာသောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

 

ဘေးထွက်ဆိုးကျိုးများ

Indinavir Sulfate (အင်ဒီနာဗာ ဆဲလ်ဖိတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများရှိပါသည်။ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အောက်ပါအဖြစ်များသော ဆိုးကျိုးများ ခံစားရပြီးပိုဆိုးလာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

  • ခံတွင်းပျက်ခြင်း
  • ဝမ်းသွားခြင်း
  • မူးဝေခြင်း
  • နုံးခြင်း
  • ခေါင်းကိုက်ခြင်း
  • အပျော့စားဗိုက်နာ ဗိုက်အောင့်ခြင်း
  • ပျို့ခြင်း
  • ပင်ပန်းခြင်း
  • အန်ခြင်း
  • အားနည်းခြင်း

အောက်ပါပြင်းထန်သော ဘေးထွက်ဆိုးကျိုးများခံစားရပါက ချက်ချင်းကုသမှုခံယူပါ။

  • ပြင်းထန်သောဓာတ်မတည့်မှုများ (အဖုအပိမ့်များ၊ အင်ပြင်များ ထွက်ခြင်း၊ ယားခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ရင်ဘတ်နှင့်လည်ပင်းတွင် တင်းကျပ်နေခြင်း၊ ပါးစပ၊် မျက်နှာ၊ နှုတ်ခမ်း၊ လျှာတို့ဖောင်းလာ ယောင်လာခြင်း)
  • ကျော၊ နံပါး၊ ဘေးဘက်များနာခြင်း
  • ဆီးထဲတွင်သွေးပါခြင်း၊ ဆီးနောက်ခြင်း
  • ဆီးပမာဏပြောင်းလဲခြင်း
  • အစာစားချင်စိတ် ပြောင်းလဲခြင်း
  • ရင်ဘတ၊် မေးရိုး၊ လက်မောင်းနာခြင်း
  • ချမ်းခြင်း
  • စိတ်အာရုံရှုပ်ထွေးခြင်း
  • ဆီးမဲခြင်း
  • စိတ်ကျခြင်း
  • မူးလဲခြင်း
  • ဖျားခြင်း
  • ရင်ပူခြင်း
  • ခြေစွယ်ငုတ်ခြင်း
  • အဆစ်နာခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပါးစပ်ထုံခြင်း
  • ကိုယ်တစ်ခြမ်းထုံခြင်း၊ အားနည်းခြင်း
  • ဆီးသွားစဉ်နာခြင်း
  • ဝမ်းအရောင်ဖျော့ခြင်း
  • အရေပြား နီခြင်း၊ ယောင်ခြင်း၊ အဖုများထခြင်း
  • အရေပြားကွာခြင်း
  • ပြင်းထန်သော ရက်ရှည် ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း
  • အသက်ရှုမြန်ခြင်း
  • စကားပြောခက်ခဲခြင်း
  • ပုံမှန်မဟုတ်သော ရုတ်တရက် ချွေးထွက်ခြင်း
  • ဗိုက်ဖောင်းလာခြင်း
  • ပုံမှန်မဟုတ်သော ဆံပင်ကျွတ်ခြင်း
  • ပုံမှန်မဟုတ်ပဲ ဖြူဖျော့လာခြင်း
  • ပုံမှန်မဟုတ်သော ပင်ပန်းခြင်း၊ အားနည်းခြင်း
  • ပုံမှန်မဟုတ်သော အရေပြား ခြောက်ခြင်း
  • အမြင်အာရုံပြောင်းလဲခြင်း
  • အသားဝါခြင်း၊ မျက်လုံးဝါခြင်း

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Indinavir Sulfate (အင်ဒီနာဗာ ဆဲလ်ဖိတ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Indinavir sulfate ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့ တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။

အောက်ပါဆေးများသည် သင်သောက်နေသောဆေးများနှင့် ဓာတ်ပြုမှုဖြစ်နိုင်ပါသည်။

  • Alfuzosin
  • Alprazolam
  • Amiodarone
  • Astemizole
  • Atazanavir
  • Cisapride
  • Dihydroergotamine
  • Ergonovine
  • Ergotamine
  • Lovastatin
  • Methylergonovine
  • Oral midazolam
  • Pimozide
  • Rifampin
  • Simvastatin
  • John’s wort
  • Triazolam

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Indinavir sulfate နဲ့ ဓာတ်ပြုနိုင်ပါသလား။

Indinavir sulfate က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

 

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Indinavir sulfateနဲ့သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Indinavir sufate ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများ နဲ့ သက်ရောက်ဓာတ်ပြုမှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေ အကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် သင့်တွင်

  • အသည်းရောဂါများ (ဥပမာ အသည်းခြောက်ခြင်း)
  • ကျောက်ကပ်ရောဂါများ
  • ဆီးချိုရောဂါ
  • သွေးတွင်းသကြားဓာတ်များခြင်း
  • သေွးတွင်း အဆီများခြင်း
  • ကျောက်ကပ်ကျောက်တည်ခြင်း
  • ဆီးရောဂါများ (ဥပမာ ဆီးထဲတွင်သွေးဖြူဥများပါခြင်း)
  • သွေးရောဂါများ (ဥပမာ hemophilia – သွေးမခဲနိုင်သောရောဂါ၊ hemolytic anaemia -သွေးနီဥများပျက်စီးပြီး သွေးအားနည်းသည့်ရောဂါ) တို့ရှိလျှင်

 

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Indinavir Sulfate (အင်ဒီနာဗာ ဆဲလ်ဖိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားသော ဆေးပမာဏ – 800mg ( 400mg ဆေးတောင့် ၂ တောင့် ) ၈ နာရီ ခြားတိုင်းသောက်ရန်

  • အခြားဆေးများနှင့် တွဲပေးခြင်း

Delavirdine

Delavirdine 400mg ၁နေ့ ၃ ကြိမ် ပေးနေချိန်တွင် indinavir sulfate ကို 600mg (၈ နာရီ ခြား) သို့ လျော့သောက်ပါ။

Didanosine

ဆေးနှစ်မျိုးကို ၁ နာရီ ခြားပြီး အစာနှင့်ခြားပြီးသောက်ပါ။

Itraconazole

Itraconazole 200mg ကို ၁နေ့ ၂ ကြိမ် ပေးနေချိန်တွင် indinavir sulfate ကို 600mg (၈ နာရီ ခြား) သို့ လျော့သောက်ပါ။

 Ketoconazole

Ketoconazole  နှင့် တွဲသောက်လျှင် indinavir sulfate ကို 600mg (၈ နာရီ ခြား) သို့ လျော့သောက်ပါ။

Rifabutin

Rifabutin နှင့် တွဲသောက်လျှင် Rifabutin ကို သတ်မှတ်ထားသော ပမာဏ ၏ တစ်ဝက် လျော့ပြီး indinavir sulfate ကို 1000 mg (၈ နာရီ ခြား) သို့ တိုး သောက်ပါ။

အသည်းခြောက်ခြင်းကြောင့် အလတ်စားမှ အပြင်းစား အသည်းပျက်စီးခြင်း

သတ်မှတ်ထားသော ဆေးပမာဏ – 600mg ကို ၈ နာရီ ခြားတိုင်းသောက်ရန်

 

ကလေးငယ်တွေမှာ  indinavir sulfate ကို သောက်သုံးရမယ့် အချိုးအစားက ဘယ်လောက်လဲ။

HIV-1 ပိုးဝင်ရောက်ခြင်း (Off-label)

၁ လအောက်/ ၁ နှစ်အောက် : သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ၁လအောက် ကလေးများတွင် ဘီလီရူဘင် ပမာဏ ကို များလာစေနိုင်သောကြောင့် မပေးသင့်ပါ။

၎နှစ် မှ ၁၅နှစ် (စမ်းသပ်ထား) : သတ်မှတ်ထားသော ဆေးပမာဏ – 500 mg/m² ကို ၈ နာရီခြား သောက်ရန်

indinavir sulfate  ကိုဘယ်လိုပုံစံမျိုးတွေနဲ့ရရှိနိုင်မလဲ။

indinavir sulfate ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံ၊ ပမာဏများနှင့်  ရရှိနိုင်ပါတယ်။

  • 100 mg ဆေးတောင့်
  • 200 mg ဆေးတောင့်
  • 400 mg ဆေးတောင့်

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့  လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Indinavir ကိုသောက်ဖို့ အချိန် ၂ နာရီကျော် လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) လွတ်သွားသော အကြိမ်ကို မသောက်ပါနှင့်တော့။ ပုံမှန် အကြိမ်များအတိုင်းသာ ဆက်သောက်ပါ။ သောက်ဖို့ အချိန်ထက် ၂ နာရီကျော် နောက်မကျသေးလျှင် သတိရ ရခြင်း သောက်ပါ။ ထို့နောက် ပုံမှန် အကြိမ်များအတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ်စာ တစ်ခါထဲ မသောက်ပါနှင့်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 29, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 29, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ