Generic Name: Idarac® (အိုင်ဒရက်ခ်) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Idarac (floctafenine) ကို မည်သည့်အကြောင်းအရာ များအတွက် အသုံးပြုကြပါသလဲ။

Idarac (floctafenine) ကို ယာယီ အနာသက်သာစေရန် အသုံးပြုသော စတီးရွိုက်မပါသော အရောင်ကျ အကိုက်အခဲပျောက်ဆေး အဖြစ် အများဆုံးအသုံးပြုကြသည်။

 

Idarac (floctafenine) ကို ဘယ်လိုသောက်သုံးသင့်ပါ သလဲ။

  • ဆရာဝန်ညွှန်ကြားသည့်အချိုးအစားနှင့် အချိန်အတိုင်းသောက်ရပါမည်။
  • အသုံးမပြုခင်တွင် အညွှန်းကို သေချာစွာဖတ်ပါ။
  • သင်မရှင်းတာ ရှိသော်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွှေးနိုင်ပါသည်။

 

သိမ်းဆည်းနည်း

Idarac (floctafenine) ကိုဘယ်လိုသိုလှောင်သိမ်းဆည်း ထားသင့်ပါသလဲ။

Idarac (floctafenine) ဆေးကို တိုက်ရိုက်နေရောင်ခြည် မ ထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံး သိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှု တွေမဖြစ်အောင်လို့ ဆေး ကို ရေချိုးခန်းထဲမှာသိမ်းဆည်း တာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီ ကွဲပြားမှုပေါ်မူ တည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန် ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Idarac (floctafenine) ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

သင့်တွင်အောက်ပါအခြေအနေများရှိလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ပါ။

  • Idarac (floctafenine) တွင်ပါဝင်သောပစ္စည်း များနှင့်ဓာတ်မတည့်သောသူ
  • အခြားဆေးဝါး၊ အစားအစာ၊ ဆိုးဆေး နှင့် တိရစ္ဆာန် အမွေးအမျှင် များနှင့် ဓာတ်မတည့်သောသူ
  • တချို့သောကျန်းမာရေး အခြေအနေ နှင့် လက်ရှိ သောက်သုံးနေသောဆေးဝါးများသည် Idarac ဆေးသောက်ပါက ပိုမိုဆိုးရွားနိုင်သောကြောင့် ရှိလျှင် ပြောပြရန်

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ကိုယ်ဝန်ဆောင်ချိန်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေ ချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန် အတွက် လုံလောက်သော အချက်အလက်များမရှိပါ။ ကိုယ်ဝန်ဆောင်စဉ် ပထမ ၃ လ နှင့် နောက်ဆုံး ၃ လ တွင် ရင်သွေးလေးနှင့် မီးဖွှားတာ ကိုထိခိုက်နိုင်သောကြောင့် အမှန်တကယ် လိုအပ်မှသာလျှင်အသုံးပြုသင့်ပါသည်။

 

နို့တိုက်ချိန်

ဆေးသည် နို့ရည်ထဲတွင်ပါဝင်နိုင်သောကြောင့် နို့တိုက်ချိန်တွင် မသောက်သုံးသင့်ပါဘူး။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင် ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ

Idarac (floctafenine) က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

Idarac (floctafenine) ကိုသောက်ပါက ဆိုးကျိုးများ ရှိနိုင်သော်လည်း အများစုမှာ ဖြစ်ခဲကာ ကုသမှုမလိုအပ်တာများပါသည်။ သို့သော်လည်း သင့်တွင်ပြဿနာ တစ်စုံတစ်ရာ ရှိလာလျှင် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါသည်။ ဖြစ်နိုင်သော ဆိုးကျိုးအချို့ကိုအောက်တွင်ဖော်ပြထားပါသည်။

  • အစာအိမ်နှင့် အူလမ်းကြောင်း ကိုထိခိုက်နိုင်ခြင်း
  • အာရုံကြော သို့ သက်ရောက်မှုရှိခြင်း
  • ဆေးမတည့်ခြင်း
  • သွေးရောဂါဖြစ်ခြင်း
  • ကျောက်ကပ်ထိခိုက်နိုင်ခြင်း
  • ဆီးတွင်သွေးပါခြင်း
  • ဖောရောင်ခြင်း
  • မုန့်ချိုအိတ်ရောင်ရမ်းခြင်း
  • Toxic epidermal necrolysis (အသက်အန္တရာယ် ရှိနိုင်သော အရေပြား ဆဲလ်သေ၊ကွာကျ၊ပိုးဝင် ရောဂါ)
  • အဆုတ်လေအိတ် ရောင်ရမ်းခြင်း
  • အလင်းဒဏ်မခံနိုင်ခြင်း
  • Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓာတ်မတည့်ရောဂါ)
  • Pulmonary eosinophilia (ဆင်ခြေထောက်ပိုး ကြောင့်ဖြစ်သော ချောင်းဆိုး၊ ရင်ကျပ်ထ၊ ဘေလုံးကြီး ပြဿနာ)

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Idarac (floctafenine) နဲ့ ဓာတ်ပြု မှုတွေဖြစ်နိုင်သလဲ

Idarac (floctafenine) ဟာ သင်အခုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန် ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးများသည် ယခုဆေးနှင့် ဓာတ်ပြုခြင်းများ ဖြစ်နိုင်ပါသည်။

  • သွေးကျဲဆေး
  • ဆီးချိုကျဆေးများ
  • Sulfonamides
  • Phenytoin
  • Lithium
  • ကင်ဆာဓာတုဆေး ။ methotrexate
  • သွေးတိုးကုသမှု တွင်ပါသော
  • acetylsalicylic acid

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Idarac (floctafenine) နဲ့ ဓာတ်ပြုနိုင်ပါသလား။

Idarac (floctafenine) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုး သက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှု တွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာ တွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

 

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Idarac (floctafenine) နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Idarac (floctafenine) ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအ ခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေ အကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်း ကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

အောက်ပါကျန်းမာရေးအခြေအနေများရှိသည် ထိုဆေးနှင့်ဓာတ်ပြုမှုများဖြစ်နိုင်ပါသည်။

  • ကျောက်ကပ်ရောဂါ
  • ဆီးချိုရောဂါ ကောင်းကောင်းမထိန်းနိုင်သောသူ
  • အစာလမ်းကြောင်းနှင့် အူလမ်းကြောင်းတွင် ရောဂါရှိသောသူ
  • နှလုံးရောဂါ
  • သွေးတိုးရောဂါ
  • လေဖြတ်ခြင်း
  • ခြေလက်ဖောရောင်ခြင်း
  • ရေဓာတ်အလွန်အကျွှံဆုံးရှူံးခြင်း
  • သွေးရောဂါ ( သွေးအားနည်းရောဂါ၊ သွေးမတိတ် ရောဂါ )
  • ပန်းနာရင်ကျပ်ရောဂါ
  • နှာခေါင်းတွင်း အသားပို၊ အလုံး ရှိသောသူ
  • မိမိ ခန္ဓာကိုယ်က ဆဲလ်များကို ပြန်တိုက်ခိုက်သော ကိုယ်ခံအားရောဂါ (ဥပမာ- အရေပြား လေးဖက်နာ)

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။
အရွယ်ရောက်ပြီးသူတွေမှာ Idarac (floctafenine) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သောက်ရန်ဆေးအချိုးအစားကိုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

သတ်မှတ်ထားသော ဆေးအချိုးအစားမှာ နေ့စဉ် တစ်ရက်ကို ၁.၂ ဂရမ် အထိ အကြိမ် ရေ ခွဲ၍ သောက်သုံးနိုင်ပါသည်။ အသက် ကြီးသူများတွင် ဆေးအချိုးအစားကို လျှော့သင့်ပါသည်။

 

ကလေးငယ်တွေမှာ Idarac (floctafenine) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ကလေးလူနာများမှာ ဘယ်လောက် အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှု ရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

 

Idarac (floctafenine) ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Idarac (floctafenine) ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ၂၀၀ မီလီဂရမ် ဆေးတောင့် ပုံစံနှင့်ရနိုင် ပါသည်။

 

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ် ရမလဲ။

ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ