Generic Name: Hytrol (ဟိုင်ထရိုးလ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Hytrol (ဟိုင်ထရိုးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

 HYTROL ဟိုင်ထရိုးလ်  သည် သွေးတိုးကျဆေး အမျိုးအစားဖြစ်သည်။

HYTROL ကိုသွေးတိုးကျဆေးအနေနှင့် သွေးပေါင်တက်ခြင်းကို ကာကွယ်ရန်၊ နှလုံးနှင့် သွေးလည်ပတ်မှုလုပ်ဆောင်ရည်ကျဆင်းခြင်း နှင့် ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ပျက်စီးခြင်းကို ကုသရန် အသုံးပြုကြသည်။

Hytrol (ဟိုင်ထရိုးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

  • HYTROL ကို အစာနှင့်ဖြစ်စေ၊ အစာမရှိဘဲဖြစ်စေသောက်နိုင်သည်။
  • ဆေးကို မ၀ါးပါနှင့်၊ မချေပါနှင့်
  • HYTROL ကို ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်ပါ။
  • တိကျသော ဆေးညွှန်းကို သိရန် ဆေးဘူးပေါ်တွင်ပါသော တံဆိပ်ကို ဖတ်ပါ။
  • သင့်ဆရာဝန်က သင့်ရောဂါအပေါ်မူတည်ပြီး ဆေးများကို အတိုးအလျှော့ပြုလုပ်နိုင်ပါသည်။
  • ဆေးကို မိမိသဘောနှင့် သတ်မှတ်ထားသော ကာလထက်ပိုသောက်ခြင်း၊ တိုးသောက်ခြင်း၊ လျှော့သောက်ခြင်း မပြုလုပ်ရပါ။

Hytrol (ဟိုင်ထရိုးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

HYTROL ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ HYTROL ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

HYTROLဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

HYTROL ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

 

HYTROL ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hytrol (ဟိုင်ထရိုးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

HYTROL ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်မသောက်သင့်ပါ။

ဆေးသောက်နေချိန်တွင် သွေးပေါင်ချိန်ကို စစ်ဆေးနေရမည်။ ထို့ပြင် သင့်အသည်းနှင့် ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို စစ်ဆေးနေရမည်။

Enalapril သည် ကျောက်ကပ်ကို ထိခိုက်နိုင်သည်။ ဆေးသောက်နေရင်း ဖောရောင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးနည်းခြင်း နှင့် အသက်ရှုကျပ်ခြင်းတို့ဖြစ်နိုင်ပါသည်။သင့်တွင် ကျောက်ကပ်ရောဂါရှိပါက Enalapril နှင့် Aliskiren ဆေးကို တွဲမသောက်သင့်ပါ။

ဆေးသည် သွေးပေါင်ကျစေသောကြောင့် ဆေးသောက်နေရင်း အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ပုံမှန်ထက် ချွေးထွက်နေခြင်းတို့ဖြစ်ပါက ဆရာဝန်အားပြောပြပါ။

ကိုယ်ဝန်ရှိနေလျှင် Enalapril ကိုမသောက်ပါနှင့်။ ဆေးသောက်နေရင်း ကိုယ်ဝန်ရှိမှန်းသိလာသော အခါ Enalapril ကို ဆက်မသောက်ပါနှင့်။ Enalapril သည်ဗိုက်ထဲမှ ကလေးကို သေစေနိုင်ခြင်း၊ ထိခိုက်နိုင်ခြင်းတို့ဖြစ်စေပါသည်။

သင့်တွင် ဆီးချိုရောဂါရှိပါက aliskiren (Amturnide, Tekturna, Tekamlo, Valturna) စသည့်ဆေးများနှင့် Enalapril ကို တွဲမသောက်ပါနှင့်။

Enalapril သည် သင့်နှလုံးကို ထိခိုက်စေပြီး သွေးတွင်းဓာတ်များကိုလည်း မူမမှန်ဖြစ်စေသည်။ ဆေးသောက်နေရင်း ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း၊ ရင်ထဲတွင် တလှပ်လှပ်ဖြစ်ခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ တောင့်တင်းခြင်း စသည်တို့ဖြစ်ပါက ဆရာဝန်အားပြောပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hytrol (ဟိုင်ထရိုးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်  D ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

Enalapril သည်နို့ရည်ထဲတွင် ပါသောကြောင့် နို့စို့ကလေးကို အန္တရာယ်ဖြစ်စေသည်။ ထို့ကြောင့် သင်သည် နို့တိုက်မိခင်ဖြစ်ပါက ဆေးသောက်ခြင်းကို ရပ်လိုက်ပါ။

(ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Hytrol (ဟိုင်ထရိုးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တွေ့ရများသော ဘေးထွက်ဆိုးကျိုးများမှာ-

  • မူးဝေခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ချောင်းဆိုးခြင်း
  • မူးမိုက်ခြင်း တို့ဖြစ်သည်။

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ပြသရမည်ဖြစ်သည်။

  • သင်သည် မူးလဲပြီး သတိလစ်တော့မလိုဖြစ်လျှင်
  • နှလုံးခုန်မြန်ခြင်း၊ ရင်ထဲတွင် တလှပ်လှပ်ဖြစ်ခြင်း
  • ပိုတက်ဆီယံဓာတ်များခြင်းကြောင့် နှလုံးခုန်နှေးခြင်း၊ သွေးခုန်နှုန်းနိမ့်ခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ ထုံကျင်ခြင်း
  • သွေးဖြူဥနည်းခြင်းကြောင့် ရုတ်တရက် အားနည်းပြီးနေမကောင်းဖြစ်ခြင်း၊ ချမ်းတုန်ဖျားခြင်း၊ ပါးစပ်ထဲတွင်အနာများပေါက်ခြင်း၊ အရေပြားတွင် အနာဖြစ်ခြင်း၊ တုပ်ကွေးလက္ခဏာများဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကျပ်ခြင်း
  • ကျောက်ကပ်ထိခိုက်ခြင်းကြောင့် ဆိးနည်းခြင်း၊ မသွားခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ခြေလက်များဖောရောင်လာခြင်း၊ အသက်ရှုကျပ်ခြင်းတို့ဖြစ်ပါသည်။

ထို့ပြင် ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း) စသည့် လက္ခဏာများခံစားရပါက အရေးပေးဆေးကုသမှု ခံယူရမည်ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Hytrol (ဟိုင်ထရိုးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

HYTROL ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးများသည် Hytrol နှင့် ဓာတ်ပြုနိုင်သည်။

  • Lithium
  • ဆီးဆေးများ
  • အဆစ်ရောင်ခြင်းအတွက်သုံးသော ရွှေထိုးဆေးများ
  • ကိုယ်တွင်းအင်္ဂါ အစားထိုးမှုများတွင် ဓာတ်ပြူခြင်းကို ကာကွယ်၇န် သုံးသောဆေးများ (everolimus, sirolimus, temsirolimus)
  • NSAID အကိုက်အခဲပျောက်ဆေးများ(aspirin, ibuprofen (Advil, Motrin), naproxen (Aleve), celecoxib, diclofenac, indomethacin, meloxicam)
  • ACE inhibitors (benazepril, captopril, fosinopril, lisinopril, moexipril, perindopril, quinapril, ramipril, or trandolapril)

အစားအသောက်တွေနဲ့ အရက်က Hytrol (ဟိုင်ထရိုးလ်) နဲ့ ဓာတ်ပြုနိုင်သလား

HYTROL က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Hytrol (ဟိုင်ထရိုးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

HYTROL ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။

အထူးသဖြင့် သင့်တွင်

  • ကျောက်ကပ်ရောဂါ (သို့မဟုတ် ကျောက်ကပ်ဆေးနေရလျှင်)
  • အသည်းရောဂါရှိလျှင်
  • သွေးခဲခြင်း၊ လေဖြတ်ခြင်း
  • သွေးထဲတွင် လျှပ်စစ်ဓာတ်များ မမျှတလျှင် (သွေးထဲတွင် ပိုတက်ဆီယံဓာတ်များနေခြင်း)
  • နှလုံးရောဂါရှိလျှင် (Enalapril မသောက်ခင်တည်းကဖြစ်သော နှလုံးရောဂါ)
  • ကိုယ်လက်များ ဖောရောင်ဖူးလျှင်

စသည့်အခြေအနေများရှိလျှင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Hytrol (ဟိုင်ထရိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • သွေးတိုးရောဂါ

သက်လတ်ပိုင်း

စသောက်ရမည့် ပမာဏ – တနေ့လျှင် ၅ မီလီဂရမ် (ညအိပ်ရာဝင်ချိန်တွင်သောက်ရန်)

ထို့နောက် သွေးပေါင်ထိန်းရန်၁၀-၂၀ မီလီဂရမ် တနေ့တကြိမ် (သွေးတိုးပြင်းသူများတွင် အများဆုံး တနေ့လျှင် ၄၀ မီလီဂရမ်ကို ၂ ကြိမ်ခွဲသောက်နိုင်သည်။)

လူကြီးများ

စသောက်ရမည့် ပမာဏ – တနေ့လျှင် ၅ မီလီဂရမ်

  • နှလုံးရောဂါ

သက်လတ်ပိုင်း

စသောက်ရမည့် ပမာဏ – တနေ့လျှင် ၂.၅ မီလီဂရမ်

ထို့နောက် ထိန်းရန်၂၀ မီလီဂရမ် တနေ့တကြိမ် သိုကမဟုတ် ၂ ကြိမ် (အများဆုံး တနေ့လျှင် ၄၀ မီလီဂရမ်ကို ၂ ကြိမ်ခွဲသောက်နိုင်သည်။)

လူကြီးများ

စသောက်ရမည့် ပမာဏ – တနေ့လျှင် ၂.၅ မီလီဂရမ်

  • ကျောက်ကပ်ရောဂါ

Creatininr Clearnace 30 mk/ min အောက်တွင် စသောက်ရမည့် ပမာဏ – တနေ့လျှင် ၂.၅ မီလီဂရမ်

  • ပြန်လည်တည်ဆောက်ခြင်း

Enalapril ကို 5%Dextrose 50ml, NaCl 0.9%, 5%Dextrose နှင့် NaCl 0.9%, Ringer lactate ထဲတွင် 5%Dextrose စသည်ဖြင့် ဖျော်ပြီး အကြောထဲသို့သွင်းရသည်။

  • သဟဇာတမဖြစ်ခြင်း

Enalapril သည် w/ amphotericin B ယ phenytoin Na.တို့နှင့် သဟဇာတမဖြစ်ပါ။

ကလေးတွေအတွက် Hytrol (ဟိုင်ထရိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • သွေးတိုးရောဂါ

ကိုယ်အလေးချိန် ၂၀ နှင့် ၅၀ ကီလိုကြား-၂.၅ မီလီဂရမ် တနေ့တကြိမ် (အများဆုံး တနေ့လျှင်  ၂၀ မီလီဂရမ်)

ကိုယ်အလေးချိန် ၅၀ ကီလိုနှင့် အထက် –၅ မီလီဂရမ် တနေ့တကြိမ် (အများဆုံး တနေ့လျှင်  ၄၀ မီလီဂရမ်)

Hytrol (ဟိုင်ထရိုးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Hytrol ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ၅ မီလီဂရမ်/ ၁၀ ယူနစ် HYTROL ဆေးပြား၊ ဆေးတောင့်
  • ၂.၅ မီလီဂရမ်/ ၁၀ ယူနစ် HYTROL ဆေးပြား၊ ဆေးတောင့်
  • ၁၀ မီလီဂရမ်/ ၁၀ ယူနစ် HYTROL ဆေးပြား၊ ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

HYTROL ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 19, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 19, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ