Generic Name: Hyperium (ဟိုင်ပါရီရန်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Hyperium (ဟိုင်ပါရီရန်) ကို ဘာအတွက်အသုံးပြုကြသလဲ

     Hyperium® ကို သွေးတိုးရောဂါ ကုသမှုတွင် အသုံးများ ပါသည်။

Hyperium (ဟိုင်ပါရီရန်) ဘယ်လိုသောက်သုံးသင့်သလဲ

  ဤဆေးကို အစာမစားမီ သောက်သင့်သည်။

Hyperium (ဟိုင်ပါရီရန်) ဘယ်လိုသိမ်းဆည်းရမလဲ

     Hyperium® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Hyperium® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Hyperium® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Hyperium® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hyperium (ဟိုင်ပါရီရန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

      ဤဆေးကို မသုံးမီ အောက်ပါတို့ကို သိသင့်သည်။

  • ကုထုံးကို ရုတ်တရက် မဖြတ်သင့်ပါ။ ဆေးပမာဏ ကို ဖြည်းဖြည်းချင်း လျော့ချသင့်သည်။
  • Hyperium® သုံးခြင်းသည် ကားမောင်းခြင်း သို့မဟုတ် စက်ပစ္စည်း အသုံးပြုနိုင်ခြင်းကို ထိခိုက် စေသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hyperium (ဟိုင်ပါရီရန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ်

တိရစ္ဆာန်များအပေါ် လေ့လာမှုတွင် ရင်သွေးထိခိုက်မှု မတွေ့ရသော်လည်း Hyperium® ကို ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ရှောင်ကြဉ်သင့်သည်။

နို့တိုက်စဉ်

Hyperium® ကို မိခင်နို့တွင် စွန့်ထုတ်သည်။ ထို့ကြောင့် နို့တိုက်စဉ်တွင် အသုံးပြုခြင်းကို မထောက်ခံပါ။

 

 

 

     

ဘေးထွက်ဆိုးကျိုးများ

Hyperium (ဟိုင်ပါရီရန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဤဆေးအသုံးပြုနေစဉ် ဖြစ်ပွားနိုင်သော ဘေးထွက် ဆိုးကျိုးများမှာ-

  • အားနည်းခြင်း
  • ရင်တုန်ခြင်း
  • အိပ်မပျော်ခြင်း
  • မူးဝေခြင်း
  • လေ့ကျင့်ခန်းလုပ်လျှင် မောပန်းခြင်း
  • ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း
  • ပါးစပ် ခြောက်ခြင်း
  • ဝမ်းလျှောခြင်း
  • အရေပြား အဖုအပိမ့်များထွက်ခြင်း
  • ခြေဖျားလက်ဖျားအေးခြင်း
  • ကိုယ်နေကိုယ်ထားပေါ်မူတည်၍ သွေးပေါင်ကျခြင်း
  • လိင်ပိုင်းဆိုင်ရာ ရောဂါများ
  • စိုးရိမ်ပူပန်ခြင်း
  • စိတ်ဓာတ်ကျခြင်း
  • ယားယံခြင်း
  • ဖောရောင်ခြင်း
  • ကြွက်တက်ခြင်း
  • မအီမသာဖြစ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • စိတ်ကယောက်ကယက်ဖြစ်ခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Hyperium (ဟိုင်ပါရီရန်) နဲ့ ဓာတ်ပြုနိုင်သလဲ

       Hyperium® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။

ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

      ဤဆေးနှင့် ဓာတ်ပြုနိုင်သော ထုတ်ကုန်များမှာ-

  • MAOIs
  • Tricyclic antidepressants

အစားအသောက်တွေနဲ့ အရက်က Hyperium (ဟိုင်ပါရီရန်) နဲ့ ဓာတ်ပြုနိုင်သလား

Hyperium® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ  အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုမှု ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Hyperium (ဟိုင်ပါရီရန်) နဲ့ ဓာတ်ပြုနိုင်သလဲ

       Hyperium® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန် သက်ရောက်မှု ရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။

သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

ထိုကျန်းမာရေး အခြေအနေများမှာ-

  • နှလုံးနှင့် သွေးကြောရောဂါ ဖြစ်ဖူးခြင်း ( လေဖြတ် ခြင်း၊ နှလုံးကြွက်သားများ ပုပ်ခြင်း)
  • ကျောက်ကပ်ပျက်စီးခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Hyperium (ဟိုင်ပါရီရန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ထောက်ခံထားသော ပမာဏမှာ တစ်နေ့လျှင် တစ်လုံး ဖြစ်သည်။ မနက်ပိုင်း တစ်ကြိမ်သာသောက်ပါ။

ကုသမှု ၁လပြီးနောက် ရလဒ်များ မလုံလောက်ပါက ဆေးပမာဏကို တစ်နေ့လျှင် နှစ်လုံးထိ တိုးနိုင်သည်။ ခွဲ ၍ သောက်ပါ။ ( မနက် ၁လုံး၊ ညနေ ၁လုံး) အစာမစားမီ သောက်ပါ။

ကုသမှုကို အကန့်အသတ် မရှိဘဲ ဆက်လက်သုံးနိုင် သည်။

ကလေးတွေအတွက် Hyperium (ဟိုင်ပါရီရန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဆေး၏ ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Hyperium (ဟိုင်ပါရီရန်) ကိုဘယ်လိုရရှိနိုင်သလဲ

Hyperium® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါသည်။

  • ဆေးပြား။ Rilmenidine Phosphate ၁ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Hyperium® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 21, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 21, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ