Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) Brand Name(s): Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း).

အသုံးပြုပုံများ

Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Hydroxychloroquine ကို ခြင်ကိုက်ခြင်းမှဖြစ်သော ငှက်ဖျားရောဂါအား ကာကွယ်ကုသရန်အတွက် အများဆုံးအသုံးပြုကြပါသည်။ ၎င်းသည် တစ်ချို့သော ငှက်ဖျားပိုအမျိုးအစားအတွက် အာနိသင်မပြတတ်ပါ။ (ကလိုရိုကွင်းဆေးယဉ်သောအမျိုး) အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာက ကမ္ဘာအနှံ့မှ ငှက်ဖျားများကို ကုသနည်း ကာကွယ်နည်းဂိုက်များကို အမြဲထုတ်ပြန်ပေးနေပါသည်။ ငှက်ဖျားရှိသည့်နေရာရာများကို ခရီးသွားရမည်ဆိုပါက နောက်ဆုံးပေါ်သတင်းအချက်များသိရန် ဆရာဝန်နှင့်ဆွေးနွေးပါ။

ဤဆေးကို တခြားဆေးများနှင့်တွဲပြီး တစ်ချို့သော ကိုယ်ခံအားမှပြန်တိုက်သည့်ရောဂါများ (လူးပတ်စ်၊ သွေးလေးဖက်နာ) တွင် ဆိုင်ရာဆေးများ သုံးမဖြစ်သည့်အခါမျိုးတွင် သုံးလေ့ရှိပါသည်။ ၎င်းသည် disease-modifying antirheumatic drugs (DMARDs) ဆေးများအုပ်စုတွင် ပါဝင်၏။ လူးပတ်စ်ရောဂါတွင် အရေပြား၌ဖြစ်သော ပြဿနာများနှင့် အဆစ်ရောင်ရာတွင်ဖြစ်သော နာကျင်ရောင်ရမ်းမှုပို လျော့ပေးနိုင်ပါသည်။ သို့သော် ဆေး၏အလုပ်လုပ်သည့်ပုံကိုတော့ တိတိကျကျ မသိရသေးပါ။

Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ဘယ်လိုသောက်သုံးသင့်သလဲ

အစာအိမ်မနာစေရန် Hydroxychloroquine ကို အမြဲတမ်း အစာသို့မဟုတ်နို့နှင့် တွဲသောက်ရမည်။ ဆေးပမာဏနှင့် ကုသချိန်မှာ သင့်ကျန်းမာရေး အခြေအနေနှင့် ဆေးအားတုန့်ပြန်မှုအပေါ်တွင် မူတည်ပါသည်။ ကလေးများ၌ ဆေးပမာဏမှာ ကိုယ်အလေးချိန်ပေါ်မူတည်၏။ ငှက်ဖျားကာကွယ်ရန် အတွက် တစ်ပတ်လျှင်တစ်ကြိမ်၊ တူညီသောနေ့တွင်သာသောက်ရမည်။ သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်း သောက်နိုင်ပါသည်။ မှတ်မိစေရန် ပြက္ခဒိန်လုပ်ကြည့်ပါ။ ဤဆေးကို ငှက်ဖျားပေါရာသို့မသွားမှီ ၂ ပတ်ကြိုတင်၍ စသောက်ရသည်။ ထိုဒေသသို့ရောက်လျှင် တစ်ပတ်တစ်ကြိမ်သောက်ရပြီး ထိုဒေသမှထွက်လာပြီး ၄-၈ ကြာသည်အထိ ဆက်သောက်နေရပါမည်။ သို့မဟုတ် ဆရာဝန် ညွှန်သည့်အတိုင်း သောက်နိုင်ပါသည်။ ငှက်ဖျားအားကုသရန်အတွက် ဆရာဝန်ညွှန်ကြားသမျှကို လိုက်နာရမည်။

လူးပတ်စ်နှင့်သွေးလေးဖက်နာအတွက် ဆေးကို တစ်ရက်လျှင် ၁-၂ ကြိမ်နေ့စဉ် သောက်ရပါမည် သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်း သောက်နိုင်ပါသည်။ ဆရာဝန်က ဆေးပမာဏကို ဖြည်းဖြည်းချင်းတိုးပေးပါလိမ့်မည်။ ဆေးသောက်ရက် နည်းနည်းရသည်နှင့် လက္ခဏာများ စသက်သာလျှင် ဆရာဝန်က သင်နှင့်သင့်တော်မည့် ဘေးထွက်ဆိုးကျိုးအနည်းဆုံးပမာဏကိုသိနိုင်ရန် တဖြည်းဖြည်းလျော့ချပေးပါလိမ့်မည်။

ဝမ်းပိတ်ဆေးများ သို့မဟုတ် အန်တစစ်များ (ဥပမာ magnesium/aluminum hydroxide) များသောက်နေရပါက Hydroxychloroquine ကို အနည်းဆုံး ၄ နာရီခြားပြီးမှသာသောက်ပါ။ ထိုဆေးများက Hydroxychloroquine ကို သွားပေါင်းနိုင်ပြီး ခန္ဓာကိုယ်မှစုပ်နိုင်မှုကို ကျဆင်းစေပါသည်။

အကျိုးအာနိသင်အပြည့်ရစေနိုင်ရန်အတွက် ဆေးကို မှန်မှန်သောက်ပါ။ နေ့စဉ်သောက်ရသူဆိုပါက တူညီသည့်အချိန်များတွင်သာသောက်ပါ။ ဆေးကို ညွှန်းထားသည့်အတိုင်း အတိအကျသုံးစွဲပါ။ ဆရာဝန်ကိုမပြောပဲ ဆေးရပ်ခြင်းများ မလုပ်ရပါ။ အထူးသဖြင့် ငှက်ဖျားအတွက်သောက်နေရလျှင်။ ဆေးကိုရက်အပြည့်သောက်ရန် အလွန်အရေးကြီး၏။ စောစီးစွာ ဆေးရပ်လိုက်ခြင်းက ရောဂါဖြစ်စေခြင်း သို့မဟုတ် ရောဂါပြန်ဖြစ်ခြင်းများ ဖြစ်စေနိုင်ပါသည်။ အခြေအနေများသက်သာမသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကိုပြောပါ။ လူးပတ်စ် သို့မဟုတ် အဆစ်ရောင်ခြင်းကြောင့်သောက်နေရလျှင် ရက်သတ္တပတ်ပေါင်းများစွာ လပေါင်းများစွာ ကြာပြီးမှ တိုးတက်မှုကိုတွေ့ရပါလိမ့်မည်။ Hydroxychloroquine သည် ဖြစ်ရပ်အားလုံးအတွက် ငှက်ဖျားကိုကာကွယ်ပေးနိုင်မည်မဟုတ်ပါ။ ဖျားခြင်း သို့မဟုတ် တခြားလက္ခဏာများ ဖြစ်လာပါက ဆေးကုသမှု ချက်ချင်းခံယူပါ။ တခြားဆေးတစ်မျိုး ပြောင်းလဲရန် လိုနိုင်ပါသည်။ ခြင်ကိုက်မခံပါနှင့်။

Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Hydroxychloroquine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Hydroxychloroquine ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Hydroxychloroquine ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Hydroxychloroquine အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Hydroxychloroquine ကိုမသောက်ခင် ဤဆေးနှင့်ရော တခြားaminoquinolines များ(ဥပမာ chloroquine) နှင့်ရော ဓာတ်မတည့်မှု ရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓာတ်မတည့်နိုင်သည့် inactive ဓာတ်ပစ္စည်းများ ပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

သင့်၌တစ်ချို့သောကျန်းမာရေးအခြေအနေများ ရှိနေလျှင် ဤဆေးကို မသုံးသင့်ပါ။ ဤဆေးကိုမသုံးစွဲခင် သင့်၌ တချို့သော မျက်လုံးပြဿနာများ (တခြားသောaminoquinolines များ ဥပမာchloroquine ကြောင့်ဖြစ်သော မျက်ကြည်လွှာနှင့် အမြင်အာရုံပြဿနာများ၊ အသက်ကြီး၍မျက်လုံးပျက်စီးခြင်းများ) ရှိပါက သမားတော်နှင့်သေချာတိုင်ပင်ပါ။

ဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇ၀င်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား ပြောပြပေးပါ။ အထူးသဖြင့် အရက်စွဲခြင်း၊ တစ်ချို့သွေးရောဂါများ (porphyria), တစ်ချို့သော မျိုးဗီဇရောဂါများ (G-6-PD deficiency), ဆီးချို၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ တချို့သော အရေပြားရောဂါများ (e.g., atopic dermatitis, psoriasis) ရှိနေလျှင်။

ဤဆေးသည် ခေါင်းမူးစေတတ်၏။ အရက် သို့မဟုတ် ဆေးခြောက်တို့က ပိုဆိုးစေတတ်သည်။ ဆေးမှ မိမိအပေါ်အကျိုးသက်ရောက်မှုကို ကောင်းကောင်းမသိရသေးမချင်း ကား၊ စက်မောင်းခြင်းများ မပြုလုပ်ပါနှင့်။ အရက်ပါသည့် အချိုရည်များကိုရှောင်ပါ။ ဆေးခြောက်သုံးနေပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ ဤဆေးသောက်နေချိန် အရက်သောက်ပါက အသည်းပြဿနာများ ဖြစ်လာနိုင်ပါသည်။

ဆေးသည် နေရောင်ကို အထိမခံဖြစ်စေတတ်သည်။ နေရောင်နှင့်ထိတွေ့ရသည့်အချိန်များနည်းအောင် လုပ်ပါ။ အပြင်သွားလျှင် အကာကွယ်ရစေမည့် အ၀တ်အစားများကိုဝတ်ပါ။ နေလောင်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ အသားနီခြင်းများဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းပြောပါ။

ကလေးများတွင် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေ ပိုများသောကြောင့် ဆေးကိုသတိနှင့်သုံးရမည်။ ကလေးများ၌ ဆေးကိုရေရှည်မသုံးသင့်ကြောင်း ညွှန်းဆိုထားသည်။ ကလေးကဆေးကို မတော်တဆ သောက်မိလျှင် ပမာဏနည်းနည်းဆိုသော်မှ အန္တရာယ်ဖြစ်နိုင်ပါသည် (သေနိုင်ပါသည်)။ ဆေးကို ကလေးများလက်လှမ်းမမှီရာတွင် သေချာသိမ်းပါ။

ကိုယ်ဝန်ဆောင်စဉ် အမှန်တကယ်လိုအပ်မှသာ ဤဆေးကိုအသုံးပြုရမည်။ ဤဆေးကို သွေးလေးဖက်နာရှိသော ကိုယ်ဝန်ဆောင်များတွင် မသုံးသင့်ကြောင်း ညွှန်းဆိုထားပါသည်။အကျိုးနှင့်အပြစ်များကို ဆရာဝန်နှင့်ဆွေးနွေးကြည့်ပါ။

ဆေးသည် နို့ရည်ထဲသို့ ဖြတ်နိုင်ပါသည်။ နို့မတိုက်ခင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် N ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊ အစာအိမ်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ၀မ်းလျှောခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ထိုလက္ခဏာများ ပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကို ချက်ချင်းအသိပေးပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်း သိထားပါ။ လူအများစုတွင်တော့ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ မဖြစ်တတ်ပါ။

ဖြစ်လေ့မရှိသော ပြင်းထန်ဘေးထွက်ဆိုးကျိုးများ – ခြေ၊ လက်၊ နောက်ကျောနာခြင်း၊ နှလုံးခုန်နှုန်း နှေးခြင်း မြန်ခြင်း မညီညွှတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း အရောင်ပြောင်းခြင်း၊ စိတ်အခြေအနေပြောင်းလဲခြင်း (ဥပမာ စိုးရိမ်စိတ်ဖြစ်ခြင်း၊ စိတ်ကျခြင်း၊ သတ်သေချင်စိတ်ပေါက်ခြင်း၊ ထင်ယောင်ထင်မှားမြင်ခြင်း)၊ နားထဲမှတစီစီမြည်ခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း၊ အရေပြားအခြေအနေများ ပိုဆိုးလာခြင်း (ဥပမာ စိုရီယားစစ်)၊ ဗိုက်အလွန်နာခြင်း၊ ပြင်းပြင်းထန်ထန် ပျို့အန်ခြင်း၊ အလွယ်တကူ သွေးထွက်ခြင်း၊ အညိုအမည်းစွဲခြင်း၊ ပိုးဝင်သည့် လက္ခဏာများ (ဥပမာ ဖျားခြင်း၊ တောက်လျှောက် လည်ချောင်းနာခြင်း)၊ အသက်ရှူမ၀ခြင်း၊ ခြေလက်တို့တွင် ဖောရောင်ခြင်း၊ ရုတ်တရတ် ကိုယ်အလေးချိန်တက်လာခြင်း၊ အလွန်မောပန်းနေခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ မျက်လုံး အရေပြားဝါခြင်းများရှိလာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဆေးကြောင့် သွေးတွင်းသကြားဓာတ်ကို ကျစေသည်မှာ ရှားဋ္ဌ။ သွေးတွင်းသကြားဓာတ်ကျသည့်လက္ခဏာများ ဥပမာ ရုတ်တရတ် ချွေးစေးထွက်ခြင်း၊ တုန်ယင်နေခြင်း၊ နှလုံးခုန်မြန်နေခြင်း၊ ဗိုက်ဆာခြင်း၊ မျက်လုံးဝါးခြင်း၊ ခေါင်းမူးခြင်း သို့မဟုတ် ခြေလက်များ စူးနေသလို ခံစားရခြင်းတို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။ သင့်၌ဆီးချိုရှိလျှင် သွေးတွင်းသကြားဓာတ်ကို မှန်မှန်စစ်ပါ။ ဆရာဝန်မှ ဆီးချိုဆေးများကို ချိန်ညှိပေးရန် လိုကောင်းလိုနိုင်ပါသည်။

ဤဆေးကြောင့် ရှားပါးသည့် ပြင်းထန်ဘေးထွက်ဆိုးကျိုးများဖြစ်တတ်သည်မှာ ရှားပါသည်။ ဥ့မာ မျက်လုံးနှင့် ကြွက်သားပျက်စီးခြင်း၊ အထူးသဖြင့် အချိန်အကြာကြီးသောက်ရလျှင် ပိုဖြစ်တတ်၏။ ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ အလင်းဒဏ်မခံနိုင်ခြင်း၊ အမြင်အာရုံရောဂါများ (အလင်းတန်းများ ဟေလိုများ မျက်လုံးထဲတွင်ဖြတ်ကနဲမြင်နေရခြင်း၊ မြင်ကွင်းတွင် အမည်းကွက်များထသွားခြင်း)၊ ကြွက်သားများ အားနည်းခြင်း၊ ခြေလက်တို့တွင် ထုံကျင်စူးနာနေခြင်း။ ရင်ဘတ်အောင့်ခြင်း၊ မူးလဲခြင်း၊ တက်ခြင်းတို့လို လက္ခဏာများဖြစ်လာပါက ဆေးကုသမှုချက်ချင်ခံယူရမည်။

ဤဆေးကြောင့် ပြင်းထန်သည့်ဓာတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓာတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓာတ်ပြုနိုင်သော ဆေးကုန်များမှာ ampicillin, cimetidine, digoxin, penicillamine နှင့် အသည်းကိုထိစေသည့်ဆေးများ (ဥပမာ ပါရာစီတမော အများကြီးသောက်ခြင်း၊ isoniazid) ဖြစ်ပါသည်။

ပါရာစီတမော (Acetaminophen) ပါမပါသိရန်အတွက် သင်သုံးမည့်ဆေးများအားလုံး၏အညွှန်းစာကို သေချာဖတ်ပါ။ ထိုဆေးကုန်များနှင့်ပါတ်သတ်၍ စိတ်ချစွာသုံးရမည့်အကြောင်းသိလိုပါက ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

Hydroxychloroquine သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) နဲ့ ဓာတ်ပြုနိုင်သလား

Hydroxychloroquine က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Hydroxychloroquine သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားကာကွယ်ရန်အတွက်ပမာဏ

Suppression: 400 mg (310 mg base) ကို အပတ်စဉ် တူညီသောနေ့တွင်သာသောက်ပါ။

Comments:

– Supressive ကုထုံးကို ခရီးမသွားခင် ၂ ပတ်ကြိုတင်စသင့်သည်။ သို့သော် ကနဦးပမာဏ 800 mg (620 mg base) ကို နှစ်ကြိမ်ခွဲပြီး သောက်တာမျိုးလည်း ရွေးနိုင်ပါသည်။ (၆ နာရီခြား)

– Supressive ကုထုံးကို ငှက်ဖျားပေါသည့်နေရာမှ ထွက်ပြီး ၈ ပတ်ကြာသည်အထိ သောက်ရမည်။

– ဆေးတစ်ခါသောက်လျှင် အစာ သို့မဟုတ် နွားနို့နှင့်တွဲသောက်ရမည်။

Use: ငှက်ဖျားကာကွယ်ခြင်း

ငှက်ဖျားကုသရန်အတွက် ပုံမှန်ပမာဏ

ရုတ်တရတ်ထဖြစ်လျှင် – 800 mg (620 mg base) ကို စတိုက်ပြီးနောက် ၆-၈ နာရီခြားလျှင် 400 mg (310 mg base) တိုက်ပြီး ထိုနောက်ပိုင်တွင်း တစ်ရက်လျှင် 400 mg (310 mg base) တစ်ရက်တစ်ကြိမ် နှစ်ရက်ဆက်တိုက်ရပါမည်။ တခြားရွေးစရာတစ်ခုပြောပါဆိုလျှင် 800 mg (620 mg base) တစ်ကြိမ်တည်းနှင့်လည်း အာနိသင်ပြတတ်ပါသည်။

ကိုယ်အလေးချိန်တွင်တည်ပြီး ဆေးအချိန်အဆလုပ်ခြင်း – 25 mg/kg နှုန်းနှင့် ဆေးပမာဏကို ၃ ရက်အတွင်း အောက်ပါအတိုင်းပေးရမည်။

ပထမရက် – 10 mg base/kg (620 mg base ထက် မပိုရ)။

ဒုတိယသောက်ချိန် – : 5 mg base/kg (310 mg base ထက်မပိုရ) ကို ပထမအကြိမ်ပြီးနောက် ၆ နာရီအကြာတွင်သောက်ရမည်။

တတိယအကြိမ် – : 5 mg base/kg (310 mg base ထက်မပိုရ) ကို ဒုတိယအကြိမ်ပြီးနောက် ၁၈ နာရီတွင်သောက်ရမည်။

စတုတ္ထအကြိမ် – 5 mg base/kg (310 mg base ထက်မပိုရ) ကို တတိယအကြိမ်ပြီးနောက် ၂၄ နာရီတွင် သောက်ရမည်။

Comments:

– ဆေးသောက်တိုင်း အစာ သို့မဟုတ် နွားနို့တစ်ခွက်နှင့်တွဲသောက်ပါ။

– 8-aminoquinoline drug နှင့်ကုသခြင်းမှာ vivax နှင့် malariae ငှက်ဖျားတို့အား အရှင်းပျောက်ရန် လိုအပ်ပါသည်။

Uses: Plasmodium vivax, P malariae, P ovale, နှင့် သံသယဖြစ်စရာ P falciparum ပိုးများကြောင့်ဖြစ်သည့် ရုတ်တရတ်ငှက်ဖျားထခြင်းအား ကုသရန်အတွက်။

လူးပတ်စ်အတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ – 400 mg (310 mg base) ကို တစ်ရက်လျှင် ၁-၂ ကြိမ်သောက်ရန်။ လူနာပေါ်မူတည်ကာ ဒီပမာဏအတိုင်း အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ဆက်သောက်ရနိုင်ပါသည်။

ထိန်းညှိပမာဏ – 200 to 400 mg (155 to 310 mg base) နေ့စဉ်သောက်ရန်။

Comments:

– ဆေးသောက်တိုင်း အစာ သို့မဟုတ် နွားနို့တစ်ခွက်နှင့်တွဲသောက်ပါ။

– ထိန်းညှိပမာဏထက်ပိုသောက်ပါက မျက်ကြည်လွှာထိခိုက်ကြောင်း တင်ပြမှုများရှိပါသည်။

Uses: ဘေးထွက်ဆိုးကျိုးနည်းသော ဆေးများကို တုန့်ပြန်မှုမရှိသော လူးပတ်စ်ရောဂါရှင်များအတွက် ကုသရန်။

သွေးလေးဖက်နာအတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ –  400 to 600 mg (310 to 465 mg base) ကို တစ်ရက်လျှင် တစ်ကြိမ် အကောင်းဆုံး တုန့်ပြန်သည်အထိသောက်ရန် (များသောအားဖြင့် ၄-၁၂ ပတ်)

ထိန်းညှိပမာဏ – 200 to 400 mg (155 to 310 mg base) တစ်ရက်လျှင်တစ်ကြိမ်

ပမာဏချိန်ညှိခြင်း – ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပါက ဆေးပမာဏကို ခဏတာလျော့ချရန် လိုနိုင်ပါသည်။ ၅-၁၀ ရက်ကြာပြီးနောက် ဆေးကို အကောင်းဆုံးလယ်ဗယ်ထိရောက်အောင် တဖြည်းဖြည်းချင်း တိုးပေးပါ။

ထိန်းညှိပမာဏ – 200 to 400 mg (155 to 310 mg base) တစ်ရက်တစ်ကြိမ်သောက်ရန်။

Comments:

– ဆေးသောက်တိုင်း အစာ သို့မဟုတ် နွားနို့တစ်ခွက်နှင့်တွဲသောက်ပါ။

– ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပါက ဆေးပမာဏကို ခဏတာလျော့ချရန် လိုနိုင်ပါသည်။ ၅-၁၀ ရက်ကြာပြီးနောက် ဆေးကို အကောင်းဆုံးလယ်ဗယ်ထိရောက်အောင် တဖြည်းဖြည်းချင်း တိုးပေးပါ။

– ဆေးမှာ ထပ်ပေါင်းအာနိသင်ရှိသောကြောင့် အကောင်းဆုံးအာနိသင်ကိုရရန် အပတ်ပေါင်းများစွာ ကြာနိုင်ပြီး အပျော့စားဘေးထွက်ဆိုးကျိုးများလည်း ဖြစ်နိုင်ပါသည်။

– အကောင်းဆုံးကုသမှုရရှိရန်အတွက် လပေါင်းများစွာ လိုအပ်နိုင်ပါသည်။

– လူနာက (ဥပမာ အဆစ်ရောင်ခြင်း ကျသွားခြင်း၊ လှုပ်ရှားရပိုကောင်းလာခြင်း) ၆ လအတွင်း မသက်သာလာပါက ဆေးကိုရပ်သင့်ပါသည်။

– ကလေးသွေးလေးဖက်နာများအတွက် ကုသမှုများတွင် ဤဆေးကို စိတ်ချစွာသုံးနိုင်မည့်အကြောင်း မထုတ်ပြန်ထားပါ။

– ထိန်းညှိပမာဏထက်ပိုသောက်ပါက မျက်ကြည်လွှာထိခိုက်ကြောင်း တင်ပြမှုများရှိပါသည်။

– ဆေးရပ်ပြီးနောက် ရောဂါပြန်ထလာလျှင် ဆေးကိုပြန်သောက်နိုင်သည်။ သို့မဟုတ် မျက်လုံးကြောင့် တားမြစ်ချက်မရှိလျှင် ကြိုကြားစနစ်ကို သုံးနိုင်ပါသည်။

– ဤဆေးကို Corticosteroids and salicylates တို့နှင့်တွဲသုံးနိုင်သည်။ ရက်အတော်ကြာသုံးပြီးပါက ဆေးပမာဏကို တဖြည်းဖြည်းလျော့ချပြီး ရပ်ပစ်ရပါမည်။ စတီးရွိုက်ဆေးများကို တဖြည်းဖြည်းချင်းလျော့ချပေးသည့်အခါ ၄-၅ ရက်လျှင် တစ်ကြိမ်လျော့ချနိုင်သည်။ Cortisone ကို တစ်ခါလျော့လျှင် ၅-၁၅ mg ထပ် မများရပါ။ hydrocortisone ဆိုလျှင် 5-10 mg, prednisolone and prednisone ဆိုလျှင် 1-2.5 mg, methylprednisolone and triamcinolone ဆိုလျှင် 1 – 2 mg; dexamethasone ဆိုလျှင် 0.25 – 0.5 mg ထပ် မများပဲ လျော့ချရပါမည်။

Uses: ဘေးထွက်ဆိုးကျိုးနည်းသော ဆေးများကို မတုန့်ပြန်သည့် နာတာရှည်သွေးလေးဖက်နာ ရောဂါရှင်များအား ကုသရန်အတွက်။

အသည်းအတွက်ပမာဏချိန်ညှိခြင်း

အသည်းရောဂါသည်များ၊ အရက်သမားများ သို့မဟုတ် အသည်းထိသည့်ဆေးသောက်နေရသူများတွင် သတိနှင့်ပေးရမည်။

Other Comments

Administration advice:

– အစာ သို့မဟုတ် နွားနို့နှင့်တွဲသောက်ပါ။

General:

-ဤဆေးသည် chloroquine ဆေးယဉ်နေသော P falciparum အတွက် အာနိသင်ပြမည်မဟုတ်ပါ။

-အကျိုးရှိသောအာနိသင်ကိုရရန် အပတ်ပေါင်းများစွာ ကြာနိုင်ပါသည်။ ဆေးသောက်ပြီးနောက် အစောပိုင်းတွင် အပျော့စားဘေးထွက်ဆိုးကျိုးများ ဖြစ်လာတတ်ပါသည်။

ကလေးတွေအတွက် Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

နို့စို့နှင့်ကလေးငယ်များ

Suppression: 5 mg/kg (calculated as base) နှုန်းနှင့် အပတ်စဉ် တူညီသောရက်တွင်တိုက်ရန်။ ကိုယ်အလေးချိန်ဘယ်လောက်နေနေ 400 mg ထက် မကျော်ရပါ။

Comments:

– Supressive ကုထုံးကို ခရီးမသွားခင် ၂ ပတ်ကြိုတင်စသင့်သည်။ သို့သော် ကနဦးပမာဏ 10 mg/kg (calculated as base)ကို နှစ်ကြိမ်ခွဲပြီး သောက်တာမျိုးလည်း ရွေးနိုင်ပါသည်။ (၆ နာရီခြား)

– Supressive ကုထုံးကို ငှက်ဖျားပေါသည့်နေရာမှ ထွက်ပြီး ၈ ပတ်ကြာသည်အထိ သောက်ရမည်။

– ဆေးတစ်ခါသောက်လျှင် အစာ သို့မဟုတ် နွားနို့နှင့်တွဲသောက်ရမည်။

Use: ငှက်ဖျားကာကွယ်ခြင်း

ငှက်ဖျားကုသရန်အတွက် ပုံမှန်ပမာဏ

နို့စို့အရွယ်နှင့်ကလေးငယ်များ

ရုတ်တရတ်ထဖြစ်လျှင် – 25 mg/kg နှုန်းနှင့် ဆေးပမာဏကို ၃ ရက်အတွင်း အောက်ပါအတိုင်းပေးရမည်။

ပထမရက် – 10 mg base/kg (620 mg base ထက် မပိုရ)။

ဒုတိယသောက်ချိန် – : 5 mg base/kg (310 mg base ထက်မပိုရ) ကို ပထမအကြိမ်ပြီးနောက် ၆ နာရီအကြာတွင်သောက်ရမည်။

တတိယအကြိမ် – : 5 mg base/kg (310 mg base ထက်မပိုရ) ကို ဒုတိယအကြိမ်ပြီးနောက် ၁၈ နာရီတွင်သောက်ရမည်။

စတုတ္ထအကြိမ် – 5 mg base/kg (310 mg base ထက်မပိုရ) ကို တတိယအကြိမ်ပြီးနောက် ၂၄ နာရီတွင် သောက်ရမည်။

Comments:

– ဆေးသောက်တိုင်း အစာ သို့မဟုတ် နွားနို့တစ်ခွက်နှင့်တွဲသောက်ပါ။

– 8-aminoquinoline drug နှင့်ကုသခြင်းမှာ vivax နှင့် malariae ငှက်ဖျားတို့အား အရှင်းပျောက်ရန် လိုအပ်ပါသည်။

Uses: Plasmodium vivax, P malariae, P ovale, နှင့် သံသယဖြစ်စရာ P falciparum ပိုးများကြောင့်ဖြစ်သည့် ရုတ်တရတ်ငှက်ဖျားထခြင်းအား ကုသရန်အတွက်။

Hydroxychloroquine (ဟိုက်ဒရိုစီကလိုရိုကွင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Hydroxychloroquine ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား
  • ဆေးအမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Hydroxychloroquine ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကိုကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇှနျ 21, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 21, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။