Hydrochlorothiazide ကိုသွေးတိုးကျဆေးအဖြစ် အသုံးပြုကြပါတယ်။ သွေးတိုးကျစေခြင်းဖြင့် လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်းနဲ့ ကျောက်ကပ်ရောဂါများကိုကာကွယ်ပေးနိုင်ပါတယ်။ Hydrochlorothiazide ကိုဆီးပိုမိုသွားစေလို့ ဆီးရွှင်ဆေးအဖြစ် အသိများပါတယ်။ သူဟာသင့်ခန္ဓါကိုယ်မှ ပိုလျှံနေသောရေနှင့်ဆားများကိုထွက်သွားအောင် ကူညီပေးပါတယ်။
အလားတူစွာHydrochlorothiazide ဟာ ခန္ဓါကိုယ်မှ အရည်ပိုများကိုလျော့ကျစေပြီးနှလုံးရောဂါ၊အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါတို့ကြောင့်ဖြစ်တဲ့ဖောရောင်ခြင်းကိုသက်သာစေပါတယ်။ အဲဒါကြောင့် ကိုယ်တွင်းအင်္ဂါရောဂါများကြောင့် အဆုတ်ရေဖုံး၍ အသက်ရှူကျပ်ခြင်းနဲ့ ခြေထောက် ဖောရောင်ခြင်းများတွေ အတွက် အသုံးဝင်ပါတယ်။
Hydrochlorothiazide ကိုသောက်ဆေးအဖြစ် ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးသင့်ပါတယ်။ များသောအားဖြင့် တစ်နေ့တစ်ကြိမ် မနက်ပိုင်းမှာအစာဖြင့်သော်လည်းကောင်းအစာမပါပဲသော်လည်းကောင်းသောက်သုံးသင့်ပါတယ်။ အိပ်နေစဉ်ဆီးခဏခဏသွားခြင်းကိုရှောင်ကျဉ်ရန် Hydrochlorothiazide ကိုမအိပ်ခင် လေးနာရီလောက်အတွင်းသောက်သုံးမှု မပြုသင့်ပါဘူး။
ဆေးပမာဏကတော့ သင့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးကိုတုံ့ပြန်မှုအပေါ် မူတည်ပါတယ်။
အကောင်းဆုံးအကျိုးကျေးဇူးရရှိအောင် ဆေးပုံမှန်သောက်သုံးသင့်ပါတယ်။ သတိမမေ့ရအောင် နေ့တိုင်းအချိန်မှန် သောက်သုံးသင့်ပါတယ်။ နေကောင်းရင်တောင် ဆေးကိုပုံမှန်သောက်သုံးရန်လိုပါတယ်။ သွေးတိုးရှိတဲ့ လူအများစုဟာလည်းနေမကောင်းဘူးလို့ မခံစားကြရပါဘူး။
Cholestyramineနဲ့ colestipolဆေးတွေဟာ ခန္ဓါကိုယ်ရဲ့ Hydrochlorothazideစုပ်ယူမှုကိုလျော့ကျစေပါတယ်။ ဒါ့ကြောင့် ဒိဆေးတွေနဲ့ အတူသောက်မယ်ဆိုရင် သူတို့ကိုHydrochlorothazideမသောက်ခင် အနည်းဆုံးလေးနာရီကြိုပြီးတော့ သောက်သုံးသင့်ပါတယ်။
သင့်ရောဂါ အခြေအနေမသက်သာလာရင် (သို့) ပိုဆိုးလာရင် သင့်ဆရာဝန်ကိုမေးမြန်းသင့်ပါတယ်။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Hydrochlorothiazide ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Hydrochlorothiazide ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Hydrochlorothiazide ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Hydrochlorothiazide ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
Hydrochlorothiazide၊ sulphonamide၊ penicillin၊ ဒါမှမဟုတ် တခြားဆေးတွေနဲ့ ဓါတ်မတည့်တာရှိရင် သင့်ဆရာဝန်နဲ့ ဆေးဝါးကျွမ်းကျင်သူကိုအသိပေးပါ။
ညွှန်ကြားချက်ဖြင့်ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေသောက်သုံးနေသောဆေးဝါးများ၊ ဗီတာမင်များ၊ အာဟာရ ဖြည့်စွက်စာများ၊ ဆေးဘက်ဝင်အပင်မှ ပြုလုပ်သောပစ္စည်းများသုံးစွဲနေတာရှိမယ်ဆိုရင်လည်းဆရာဝန်နဲ့ ဆေးဝါးကျွမ်းကျင်သူကိုအသိပေးသင့်ပါတယ်။ အောက်ဖေါ်ပြပါဆေးများသောက်သုံးနေမယ်ဆိုရင်လည်းပြောပြဖို့ မမေ့သင့်ပါဘူး။
Cholestyramine (သို့) colestipol(အဆီကျဆေး)သောက်သုံးနေမယ်ဆိုရင် သူတို့ကို Hydrochlorothiazide မသောက်ခင်တစ်နာရီ (သို့) Hydrochlorothiazide သောက်ပြီးလေးနာရီလောက်မှ သောက်သုံးသင့်ပါတယ်။
သင့်မှာကျောက်ကပ်ရောဂါရှိရင်လည်းဆရာဝန်ကိုပြောပြပါ။ ဆရာဝန်ကဆေးသောက်ခြင်းကိုတားမြစ်ကောင်းတားမြစ်ပါလိမ့်မယ်။
ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်၊ ဂေါက်၊ အရေပြားလေးဖက်နာရောဂါ၊ သွေးအတွင်းအဆီများခြင်းနဲ့ အသည်းရောဂါများရှိတယ်ဆိုရင်လဲဆရာဝန်ကိုပြောပြသင့်ပါတယ်။
ကိုယ်ဝန်ရှိနေရင်၊ ကိုယ်ဝန်ယူရန် အစီအစဉ်ရှိရင်၊ နို့တိုက်မိခင်ဆိုရင် ဆရာဝန်ကိုပြောပြပါ။ ဆေးသောက်ရင်းကိုယ်ဝန်ရသွားတယ်ဆိုရင်လဲသင့်ဆရာဝန်ကိုအကြောင်းကြားသင့်ပါတယ်။
မလိုအပ်ပဲ ကြာရှည်စွာနေရောင်ခြည်နှင့် ထိတွေ့ခြင်းကိုရှောင်ရှားသင့်ပြီးထူထဲသောအဝတ်အစား၊ နေကာမျက်မှန်၊ နေလောင်ခံခရင်မ်တို့ကိုအသုံးပြုသင့်ပါတယ်။ Hydrochlorothiazideဟာသင့်အသားအရေကိုနေကြောင့် ပျက်စီးမှု ဖြစ်စေပါတယ်။
Hydrochlorothiazideကြောင့် ခေါင်းမူးခြင်း၊ နဲ့ လဲလျောင်းနေရာမှ ရုတ်တရက် ထလိုက်ရင် မေ့လဲခြင်းများ ဖြစ်စေနိုင်တာကိုသိထားသင့်ပါတယ်။ ဒါတွေဟာဆေးကိုစစသောက်ခြင်းမှာပိုအဖြစ်များပါတယ်။ ဒီပြဿနာတွေကိုရှောင်ကျဉ်ဖို့ အိပ်ရာမှ ဖြည်းညင်းစွာထခြင်း၊ မတ်တပ်မရပ်ခင် သင့် ခြေထောက်ကို ကြမ်းပြင်ပေါ်တွင် ခဏအနားပေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ အရက်ဟာထိုအခြေအနေတွေကိုပိုဆိုးစေပါတယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
မပြင်းထန်တဲ့ လက္ခဏာတွေကတော့ ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အမြင်ဝေဝါးခြင်းတို့ဖြစ်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Hydrochlorothiazide ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အထူးသဖြင့်
Hydrochlorothiazide ကအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Hydrochlorothiazide ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။
အထူးသဖြင့်
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
သောက်သုံးရန်အညွှန်း
ယေဘူယျအသိပေးချက် – ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာအကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေအမြဲဆွေးနွေးတိုင်ပင်ပါ။
ဖောရောင်ခြင်းအတွက်
25 mg to 100 mg တစ်နေ့တစ်ကြိမ် (သို့) နှစ်ကြိမ် သောက်ရန်
သွေးတိုးရောဂါအတွက်
စစသောက်ချင်း – 25 mgနေ့စဉ်
နောက်ပိုင်း – 50mg နေ့စဉ်သောက်ရန် (တစ်ကြိမ် (သို့) နှစ်ကြိမ်ခွဲသောက်ရန်)
ကျောက်ကပ်တွင် ကယ်လ်စီယမ် ပုံနေသောရောဂါ(Nephrocalcinosis)အတွက်
စစသောက်ချင်း – 25 mgတစ်နေ့တစ်ကြိမ်သောက်ရန်
နောက်ပိုင်း – 50mg အထိ (နေ့စဉ်)
အရိုးပွခြင်းအတွက်
စစသောက်ချင်း – 25 mg တစ်နေ့တစ်ကြိမ်သောက်ရန်
နောက်ပိုင်း – 50mg အထိ (နေ့စဉ်)
Diabetes Insipidusအတွက်
စစသောက်ချင်း – 50 mg တစ်နေ့တစ်ကြိမ်သောက်ရန်
နောက်ပိုင်း – 100mg အထိ (နေ့စဉ်)
ဖောရောင်ခြင်းအတွက်
၆လ အောက် – 3 mg/kg/dayအထိ (1.5 mg/poundအထိ) နှစ်ကြိမ်ခွဲသောက်ရန်
၂နှစ်အောက် -1 to 2 mg/kg/day (0.5 to 1 mg/pound)တစ်ကြိမ် (သို့) နှစ်ကြိမ်ခွဲသောက်ရန်
အများဆုံးပမာဏ – 37.5 mg per day
၂နှစ်မှ ၁၂ နှစ် – 1 to 2 mg/kg/day (0.5 to 1 mg/pound)တစ်ကြိမ် (သို့) နှစ်ကြိမ်ခွဲသောက်ရန်
အများဆုံးပမာဏ – 100 mg per day
သွေးတိုးကျဆေးအဖြစ်
၆လ အောက် – 3 mg/kg/dayအထိ (1.5 mg/poundအထိ) နှစ်ကြိမ်ခွဲသောက်ရန်
၂နှစ်အောက် -1 to 2 mg/kg/day (0.5 to 1 mg/pound)တစ်ကြိမ် (သို့) နှစ်ကြိမ်ခွဲသောက်ရန်
အများဆုံးပမာဏ – 37.5 mg per day
၂နှစ်မှ ၁၂ နှစ် – 1 to 2 mg/kg/day (0.5 to 1 mg/pound)တစ်ကြိမ် (သို့) နှစ်ကြိမ်ခွဲသောက်ရန်
အများဆုံးပမာဏ – 100 mg per day
Hydrochlorothiazide ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးတောင့် – 12.5 mg
သောက်ဆေးပြား – 12.5mg, 25 mg, 50 mg
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
Hydrochlorothiazide ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
PasteTextHere Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။