backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hydralazine (ဟိုင်ဒရယ်လ်လာဇင်း)


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

သွေးပေါင်တက်ခြင်းကိုကုသရာမှာ အခြားဆေးတွေနဲ့တွဲပြီး သို့ သူ့ချည်းသက်သက်အသုံးပြုနိုင်ပါတယ်။ သွေးပေါင်ကိုချပေးခြင်းက လေဖြတ်ခြင်း၊ နှလုံးရောဂါဖောက်ခြင်း၊ ကျောက်ကပ်ပြဿနာတွေကို မဖြစ်အာင်ကုူညီပေးပါတယ်။ သွေးကြောကျယ်ဆေးလို့ခေါ်ပါတယ်။ ခန္ဓါကိုယ်အနှံ့သွေးစီးဆင်းမှုကောင်းမွန်လွယ်ကူစေရန် သွေးကြောတွေကိုပြေလျော့စေပါတယ်။ နှလုံးမညှစ်နိုင်ခြင်းကြွက်သားအားနည်းခြင်းအတွက် အခြားဆေးတွေနဲ့ တွဲသုံးနိုင်ပါတယ်။

Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

သင့်ဆရာဝန်ရုံးခန်းဆေးရုံဆေးခန်းတွေမှာ ထိုးဆေးအနေနဲ့ပေးနိုင်ပါတယ်။ အိမ်မှာ Hydralazineထိုးဆေးအသုံးပြုတော့မယ်ဆိုရင် သင့်ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူက သင့်ကိုအသုံးပြုနည်းကို သင်ပေးပါလိမ့်မယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတာကို သေချာနားလည်သင့်ပါတယ်။ ဆေးကိုအသုံးပြုတဲ့အခါမှာ သင်သင်ထားခဲ့တဲ့နည်းလမ်းတွေကို လိုက်နာပါ။ မေးခွန်းတွေရှိမယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူကို မေးနိုင်ပါတယ်။

အနည်တွေပါနေမယ်ဆိုရင်၊ အရောင်နောက်နေမယ်ဆိုရင်၊ ပုလင်းကွဲနေမယ်ပျက်စီးနေမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။ အသုံးပြုပြီးတဲ့အခါမှာ ဘယ်လိုစွန့်ပစ်ရမလဲဆိုတာကို ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူထံမှာမေးနိုင်ပါတယ်။ စွန့်ပစ်ဖို့အတွက် စည်းကမ်းတွေအကုန်လုံးကို လိုက်နာသင့်ပါတယ်။

Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • hydralazine သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
  • သွေးနဲ့ဆိုင်တဲ့ပြဿနာများ (porphyria)၊ သွေးကြောဆိုင်ရာပြဿနာများ၊ နှလုံးပြဿနာများ၊ သွေးအတွင်း vitamin B6ပမာဏနည်းခြင်း၊ ကျောက်ကပ်ဆိုင်ရာပြဿနာများ၊ ကိုယ်ပိုင်ခုခံအားရှိသော အရေပြာရောင်သည့်ရောဂါတစ်မျိုး
  • လေဖြတ်ဖူးခြင်း
  • နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးလေးဘက်နာရောဂါ၊ အသည်းကျောက်ကပ်ရောဂါ၊ နှလုံးရောဂါဖောက်ခြင်း စတာတွေဖြစ်နေမယ်ဆိုရင်
  • ခွဲစိတ်ကုသမှုများ ( သွားဆိုင်ရာခွဲစိတ်ကုသမှုတွေ လုပ်နေမယ်ဆိုရင် hydralazineဆေးအသုံးပြုနေကြောင်း သင့်ဆရာဝန် သို့ သွားဆရာဝန်ကို ပြောပြသင့်ပါတယ်။ )

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။

ဝမ်းလျှောခြင်း

ခေါင်းကိုက်ခြင်း

အစားစားလိုစိတ်မရှိခြင်း

မအီမသာဖြစ်ခြင်း

အန်ခြင်း

အောက်ပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို တွေ့ရမယ်ဆိုရင် ချက်ချင်းဂရုပြုသင့်ပါတယ်။

ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊

ရင်ဘတ်အောင့်ခြင်း

ဆီးသွားနည်းခြင်း၊ ဆီးသွားရခက်ခြင်း

စိတ်ကျခြင်း

ဖျော့တော့ခြင်း

နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း

ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်း

အဆစ်နာခြင်း

စိတ်ပိုင်းဆိုင်ရာခံစားချက်အပြောင်းအလဲများ

လက်မောင်းခြေထောက်များထုံကျဉ်ခြင်း

အရေပြားထုံကျဉ်ခြင်း စပ်ဖျဉ်းဖျဉ်းခံစားရခြင်း

နာတာရှည်အားနည်းခြင်း

ပြင်းထန်တဲ့နာတာရှည်ခေါင်းကိုက်ခြင်း သို့ အိပ်ချင်မူးတူးဖြစ်ခြင်း

ပုံမှန်မဟုတ်ဘဲအရေပြားပေါက်ပြဲခြင်း သွေးထွက်ခြင်း

အမြင်အာရုံပြောင်းလဲမှုများ

အသားဝါခြင်းမျက်လုံးဝါခြင်း

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

သင့်သွေးကြောကိုသက်ရောက်မှုရှိတဲ့ဆေးများ ၊ သွေးတိုးကျဆေးများ ((e.g., diazoxide)၊ အခြားသွေးကြောကျယ်ဆေးများ (e.g., isosorbide, nitroglycerin) ( ဒီဆေးတွေဟာ hydralazineဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သွေးကြောပေါ်မှာသက်ရောက်မှုရှိတဲ့ဆေးတွေနဲ့ပတ်သက်လို့ သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့ဆေးဝါးကျွမ်းကျင်သူတွေကို မေးနိုင်ပါတယ်။

Monoamine oxidase (MAO) inhibitors (e.g., phenelzine) hydralazineထိုးခြင်းကြောင့် ဒီဆေးတွေရဲ့ဘေးထွက်ဆိုး ကျိုးတွေ ပိုဆိုးသွားနိုင်တာကြောင့်ဖြစ်ပါတယ်။

Beta-blockers (e.g., propranolol)

hydralazineထိုးခြင်းကြောင့် ဒီဆေးတွေရဲ့ဘေးထွက်ဆိုး ကျိုးတွေ ပိုဆိုးသွားနိုင်တာကြောင့်ဖြစ်ပါတယ်။

Epinephrine ( hydralazineထိုးခြင်းကြောင့် ဒီဆေးရဲ့အကျိုးသက်ရောက်မှုတွေနည်းသွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။)

အစားအသောက်တွေနဲ့ အရက်က Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြိးသူများ သွေးတိုးရောဂါအတွက်

အစောပိုင်းမှာ -10 mg သောက်ဆေး တစ်နေ့လေးကြိမ် ပထမ၂ရက်ကနေ လေးရက်အတွက်

ပထမတစ်ပတ်အတွင်းပမာဏညီမျှစေရန်အတွက် 25 mg သောက်ဆေး တစ်နေ့လေးကြိမ်ထိ တိုးပေးနိုင်ပါတယ်။

နှစ်ပတ်မြောက်နဲ့နောက်ထပ်အပတ်တွေအတွက် 50 mg သောက်ဆေး တစ်နေ့လေးကြိမ်ထိ တိုးပေးနိုင်ပါတယ်။

ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- ုးအကျိူးသက်ရောက်မှုပေးနိုင်တဲ့ အနည်းဆုံးပမာဏထိ ထိန်းညှိပေးသင့်ပါတယ်။

အရွယ်ရောက်သူများ အရေးပေါ်သွေးတိုးရောဂါအတွက်

ပုံမှန်အသုံးပြုသင့်သည့်ပမာဏ – 20 to 40 mg အကြောဆေး၊ အသားဆေး၊ လိုအပ်သလိုထပ်ခါထပ်ခါအသုံးပြုနိုင်ပါတယ်။ အချို့သောလူနာများ ( အထူးသဖြင့်ကျောက်ကပ်ပျက်စီးနေသည့်လူနာများ) ပမာဏအနည်းငယ်သာလိုပါတယ်။ )

အရွယ်ရောက်ပြီးသူများ နှလုံးမညှစ်နိုင်၊ နှလုံးသွေးအိုင်ခြင်းရောဂါအတွက်

အစောပိုင်းအသုံးပြုသင့်သည့်ပမာဏ – 10 mg သောက်ဆေး တစ်နေ့ ၄ကြိမ်

ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ

800 mg တစ်နေ့သုံးကြိမ် နေ့စဉ်အသုံးပြုခြင်းက နှလုံးအထွက်ဝန်ကိုလျှော့ချပေးခြင်းဖြင့် နှလုံးသွေးအိုင်ခြင်းကိုကုသရာမှာ အကျိုးသက်ရောက်မှုရှိပါတယ်။

ကလေးတွေအတွက် Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေနဲ့စမ်းသပ်သုံးစွဲမှုတွေပြုလုပ်ပေမဲ့လည်း စိတ်ချယုံကြည်ရမှုနဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး သေချာမပြောနိုင်သေးပါဘူး။ ပုံမှန်အသုံးပြုလေ့ရှိတဲ့ပမာဏ အူလမ်းကြောင်းပြင်ပမှပေးတဲ့ဆေးများ အကြောဆေး သို့ အသားဆေးအနေဖြင့် 1.7-3.5 mg/kg of body weight နေ့စဉ် ၊ လေးကြိမ်မှ ခြောက်ကြိမ်ထိ ခွဲပေးနိုင်ပါတယ်။

Hydralazine (ဟိုင်ဒရယ်လ်လာဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

အရည်ပုံစံ၊ ထိုးဆေးပုံစံ၊ 1.7-3.5 mg/kg of body weight

ဆေးပြား၊ သောက်ဆေး၊ 10 mg, 25 mg, 50 mg, 100 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement