backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) ကို ဘာအတွက်အသုံးပြုကြသလဲ

Homatropine အစက်ချဆေး သည် Acetylcholine ကိုပိတ်သောဆေးဖြစ်ပါသည်။ ထိုသို့ပိတ်ပေးခြင်းဖြင့် မျက်လုံးရှိ အာရုံကြောမျှင်များကို ပြေလျော့သွားစေပြီး သူငယ်အိမ်ကို ကျယ်သွားစေပါသည်။

Homatropine အစက်ချဆေး ကို အများအားဖြင့် မျက်စိ သူငယ်အိမ်ကိုစစ်ဆေးရာတွင် သို့မဟုတ် မျက်လုံးရောင်ခြင်း ပြသနာများကို ကုသရာတွင် သူငယ်အိမ်ကျယ်စေရန် အသုံးပြုပါသည်။

ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။

Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို ဆေးဘူးပေါ်တွင် ညွှန်ကြားထားသည့် အတိုင်း သို့မဟုတ် ဆရာဝန်ညွှန်ကြားချက် အတိုင်း အသုံးပြုသင့်ပါသည်။

မျက်စဉ်းဆေးကို အသုံးမပြုမီ လက်နှစ်ဖက်ကို သေချာစွာဆေးပါ။ ခေါင်းကို အနောက်ဖက်သို့ လှန်ထားပါ။ သင့်လက်ညှိုးဖြင့် အောက်မျက်ခမ်းကို ဆွဲချပါ။ ထို့နောက် အောက်ဖက် မျက်အိတ်အတွင်းသို့ ဆေးကို အစက်ချပါ။

ထို့နောက် အပြင်ဘက်မှနေပြီး သင့်လက်ချောင်းဖြင့် မျက်လုံးကို အပြင်ဘက်မှ ဖိပြီးမျက်ခွံအတွင်းပိုင်းသို့ ၁- ၂မိနစ်ခန့်တွန်းထားပါ။ မျက်တောင်မခတ်ပါနှင့်။ သင့်မျက်လုံဘေးတွင် ပေနေသောဆေးရည်များကို တစ်သျူးဖြင့် သုတ်လိုက်ပါ။ မျက်လုံးကို မထိမိစေရန် သတိပြုပါ။ သင့်လက်များကိုလည်း မထိမိစေရန် သတိပြုပါ။

သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) ဘယ်လိုသိမ်းဆည်းရမလဲ

Homatropine အစက်ချဆေး ကို အခန်းအပူချိန် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Homatropine အစက်ချဆေး ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Homatropine အစက်ချဆေး ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Homatropine အစက်ချဆေး ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Homatropine အစက်ချဆေး ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Homatropine အစက်ချဆေး ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • သင့်တွင် မျက်လုံးရေတိမ်ဖြစ်ခြင်း၊ ဖြစ်နိုင်ချေရှိသော အခြေအနေများ ရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်

Homatropine အစက်ချဆေးကို မြိုချမိလျှင် အန္တရာယ်ရှိနိုင်ပါသည်။ ထို့ကြောင့် ထိုဆေး ပါးစပ်ထဲသို့ဝင်သွားခြင်းများရှိပါက အဆိပ်ဖြေဆေးဌာန သို့မဟုတ် အရေးပေါ်ဌာနသို့ ချက်ချင်းအကြောင်းကြားပါ။

Homatropine အစက်ချဆေးသည် မျက်လုံးများကို ဝါးစေနိုင်သောကြောင့် သတိနှင့် အသုံးပြုရပါမည်။ ထိုဆေး၏အာနိသင်တုန့်ပြန်မှုကို မသိပါဘဲနှင့် ကားမောင်းခြင်း၊ အရေးကြီးသော တာဝန်များထမ်းဆောင်ခြင်းတို့ကို မပြုလုပ်ရပါ။

Homatropine အစက်ချဆေးသည် မျက်လုံးကို နေရောင်နှင့် ထိလျှင် မခံနိုင်ဖြစ်စေသောကြောင့် နေကာမျက်မှန်ကို ဝတ်ဆင်သင့်ပါသည်။

Homatropine အစက်ချဆေးကို သုံးနေစဉ် မျက်လုံးကို စစ်ဆေးမှုများပြုလုပ်ခြင်း၊ ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ ထို့ကြောင့် ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြပြီး ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်သင့်ပါသည်။

Homatropine အစက်ချဆေးသည် အသက်ကြီးသူများ၊ နှင့်ကလေးများတွင် စိတ်ချရမှုရှိမရှိ သေချာစွာ မသိရသေးသည့်အတွက် သတိနှင့် အသုံးပြုသင့်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး ယင်းတို့ မခံမရပ်နိုင်အောင် ဖြစ်လာပါက ဆရာဝန်နှင့် ပြသရမည်ဖြစ်ပါသည်။

  • မျက်စိ အမြင်မှုန်ဝါးလာခြင်း
  • မျက်စိ တွင် ပူခြင်း၊ စပ်ခြင်း၊ ယားခြင်း
  • အစက်ချဆေးနှင့် ထိသောနေရာများတွင် နီရဲလာခြင်း တို့ဖြစ်ပါသည်။

အောက်ပါ ပြင်းထန်သောဆိုးကျိုးများ ကို ခံစားရလျှင် နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားပြရပါမည်။

  • အနီဖုများထွက်ခြင်း
  • အင်ပြင်ထခြင်း
  • ယားယံလာခြင်း
  • အသက်ရှုကျပ်လာခြင်း
  • ရင်ကျပ်ခြင်း
  • နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း
  • ဆီးသွားရခက်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • မျက်လုံးများ နာခြင်း
  • ဖျားခြင်း
  • အရေပြား နီရဲခြင်း၊ ခြောက်သွေ့ခြင်း
  • နှလုံးခုန်နှုန်း မြန်ခြင်း၊ နှေးခြင်း
  • ကောင်းမွန်စွာ မတ်တပ်မရပ်နိုင်ခြင်း တို့ဖြစ်ပါသည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) နဲ့ ဓါတ်ပြုနိုင်သလဲ

Homatropine အစက်ချဆေး ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အထူးသဖြင့် ဟစ်စတာမင်း ဆန့်ကျင်ဆေးများ(diphenhydramine)၊ ပါကင်ဆန် အကြောဆိုင်းရောဂါသောက်ဆေးများ (benztropine)နှင့် စိတ်ကျရောဂါ သောက်ဆေးများ( amitriptyline)သည် Homatropine အစက်ချဆေး ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) နဲ့ ဓါတ်ပြုနိုင်သလား

Homatropine အစက်ချဆေး က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) နဲ့ ဓါတ်ပြုနိုင်သလဲ

Homatropine အစက်ချဆေး ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အာရုံကြောများထိခိုက်ခြင်းကြောင့် ထုံကျဉ်ခြင်း
  • ဆီးအိမ်တွင် ပိတ်ဆို့ခြင်း
  • ဆီးကြိတ် ပြသနာများ
  • ဆီးသွားရခက်ခြင်း
  • မျက်ကြည်လွှာ ပြသနာများ
  • ဒေါင်းရောဂါစု စသည့်ကျန်းမာရေးပြသနာများရှိလျှင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • မျက်စိ သူငယ်အိမ်ကျယ်ခြင်းနှင့် သူငယ်အိမ်စောင်းခြင်း

ဖြစ်သော မျက်စိကို 2% သို့မဟုတ် 5% မျက်စဉ်းဆေးကို ၁စက် ၂စက် ခတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ်ခြားလျှင် လိုအပ်ပါက ထပ်ခတ်ပါ။

  • မျက်စိအပြင်လွှာ ရောင်ရမ်းခြင်း

ဖစ်သော မျက်စိကို 2% သို့မဟုတ် 5% မျက်စဉ်းဆေးကို ၁စက် ၂စက် ခတ်ပေးပါ။ ၃ နာရီ ၄ နာရီခြားလျှင် လိုအပ်ပါက ထပ်ခတ်ပါ။

ကလေးတွေအတွက် Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • မျက်စိ သူငယ်အိမ်ကျယ်ခြင်းနှင့် သူငယ်အိမ်စောင်းခြင်း

ဖြစ်သော မျက်စိကို 2% သို့မဟုတ် 5% မျက်စဉ်းဆေးကို ၁စက် ၂စက် ခတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ်ခြားလျှင် လိုအပ်ပါက ထပ်ခတ်ပါ။

  • မျက်စိအပြင်လွှာ ရောင်ရမ်းခြင်း

ဖစ်သော မျက်စိကို 2% သို့မဟုတ် 5% မျက်စဉ်းဆေးကို ၁စက် ၂စက် ခတ်ပေးပါ။ ၃ နာရီ ၄ နာရီခြားလျှင် လိုအပ်ပါက ထပ်ခတ်ပါ။

Homatropine Drops (ဟိုမထရိုပင်း အစက်ချဆေး ) ကိုဘယ်လိုရရှိနိုင်သလဲ

Homatropine အစက်ချဆေး ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Homatropine အစက်ချဆေး 2% မျက်စဉ်းဆေးရည်
  • Homatropine အစက်ချဆေး 5% မျက်စဉ်းဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Homatropine အစက်ချဆေး ကိုသုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသုံးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement