Generic Name: Histodil (ဟစ်စတိုဒလ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Histodil (ဟစ်စတိုဒလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Histodil သည် အစာအိမ်၊ အူသိမ်လမ်းကြောင်းရှိအနာများကို ကုသရန်နှင့် အစာအိမ်ချဉ်ဖောက်ခြင်းဝေဒနာကို သက်သာစေသော ဆေးဖြစ်ပါသည်။

ထိုဆေးကို အက်ဆစ်ဓာတ်များခြင်းကြောင့် အစာရေမြုပြွန်ရောင်ရမ်းခြင်း နှင့် အစာအိမ် အက်ဆစ်ဓာတ်များစေသော ရောဂါစု (Zollinger-Ellison syndrome) အတွက်လည်း အသုံးပြုပါသည်။

ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။

Histodil (ဟစ်စတိုဒလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Histodil ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။

သို့မဟုတ် ဆေးဘူးပေါ်တွင် ညွှန်ကြားထားသည့် အတိုင်းသောက်သင့်ပါသည်။

အစာရှိရှိ မရှိရှိ သောက်နိုင်ပါသည်။

အက်ဆစ်ဓာတ်ကို လျော့နည်းစေသော အစာအိမ်ဆေးများနှင့် အနည်းဆုံး ၁ နာရီခြားသောက်ပါ။

ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ (cephalosporin (e.g., cephalexin), itraconazole, or ketoconazole)စသည့်ဆေးများကို သောက်နေရပါက Histodil မသောက်မီ ၂ နာရီအလိုတွင် သောက်ပါ။

သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Histodil (ဟစ်စတိုဒလ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Histodil ကို ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် မှာသိမ်းပါ။တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Histodil ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Histodil ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

 

Histodil ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။ 

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Histodil ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။

ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Histodil (ဟစ်စတိုဒလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

  • Histodil ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • ကင်ဆာဆေးများ (nitrosoureas)သောက်နေလျှင်
  • cisapride, dofetilide, nitrosoureas (e.g., carmustine)

စသည့်ဆေးများ သောက်နေလျှင်

ထို့ပြင် သင်သိထားသင့်သော အရေးကြီးသည့်အချက်အချို့လည်း ရှိပါသေးသည်။

  • Histodil သည်မူးဝေစေသည့်အတွက် အရက်နှင့် အခြားသောဆေးများနှင့် တွဲသောက်လျှင် မူးဝေခြင်းကို ပိုဆိုးစေပါသည်။

ထို့ကြောင့် ဆေးသောက်နေစဉ် ကားမောင်းခြင်း၊ အလုပ်ခွင်တွင် စက်များကို မောင်းနှင်ခြင်း၊ အန္တရာယ်ရှိသော အလုပ်များခြင်းကို သတိနှင့် လုပ်ဆောင်သင့်ပါသည်။

  • ထိုဆေးသောက်နေစဉ်တွင် လူနာ အနေဖြင့်လည်း စိတ်ဖိစီးမှုများ လျော့နည်းအောင်နေခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အစားအသောက် အနေအထိုင်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် လုပ်ဆောင်ခြင်းတို့ကို လိုက်လုပ်ရန်လည်း လိုအပ်ပါသည်။
  • ဆေးသောက်ပြီး ရက်အနည်းငယ်အတွင် ရောဂါဝေဒနာများ မသက်သာခြင်း၊ ပိုဆိုးလာခြင်းများဖြစ်လျှင် ဆရာဝန်ထံသွားပြပါ။
  • သင့်ရောဂါကို သင့်ကိုယ်သင် ဆေးမြီးတိုများဖြင့် ကုသခြင်းမျိုးရှောင်ကျဉ်ပါ။
  • ၀မ်းမဲမဲသွားခြင်း၊ ကတ္တရာစေးရောင်ဝမ်းသွားခြင်း၊ ကော်ဖီအနှစ်ရောင်အန်ခြင်းများဖြစ်လာပါက ဆရာဝန်ထံသွားပြပါ။
  • Histodilသောက်နေစဉ်တွင် အရက်မသောက်ပါနှင့်။
  • သင်သည် Zaleplon ဆေးသောက်နေသူဖြစ်ပါလျှင် သင့်အခြေအနေကို ဂရုတစိုက် စောင့်ကြည့်ရမည်ဖြစ်ပါသည်။
  • အသက် ၁၆ နှစ်အောက် ကလေးများတွင် Histodil ၏ စိတ်ချရမှုရှိမရှိ တိကျစွာ မရှိသေးသည့်အတွက် သတိနှင့် အသုံးပြုရမည်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Histodil (ဟစ်စတိုဒလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်  B          ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Histodil (ဟစ်စတိုဒလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါတို့သည် ဖြစ်လေ့ရှိသော မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။ယင်းတို့ မခံမရပ်နိုင်အောင်ဖြစ်လာပါက ဆရာဝန်ထံသွားပြပါ။

  • ခေါင်းကိုက်ခြင်း
  • မူးဝေခြင်း
  • ထိုင်းမှိုင်းခြင်း
  • ၀မ်းလျှောခြင်း တို့ဖြစ်ပါသည်။

အောက်ပါ ပြင်းထန်သောဆိုးကျိုးများကို ခံစားရလျှင် နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားပြရပါမည်။

  • ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • စိုးရိမ်ကြောင့်ကြခြင်း
  • ပူပန်ခြင်း
  • ရင်သားများ ကြီးထွားလာခြင်း
  • ရင်သားတွင် အကြိတ်များဖြစ်ခြင်း
  • စိတ်အာရုံ ရှုပ်ထွေးခြင်း
  • စိတ်ဓာတ်ကျခြင်း
  • ဂယောင်ဂတမ်းဖြစ်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း
  • ခြေထောက်နှင့် ခြေဆစ်များနာခြင်း၊ရောင်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ဆေးထိုးထားသောနေရာတွင် နီရဲခြင်း၊ နာကျင်ခြင်း၊ ရောင်လာခြင်း
  • အရေပြားများ နီရဲလာခြင်း
  • အိမ်ထောင်ရေးသုခ မပြည့်စုံခြင်း
  • နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း တို့ဖြစ်ပါသည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Histodil (ဟစ်စတိုဒလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Histodil ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ပါဆေးများသည် Hsitodil ၏ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေကာ အသက်အန္တရာယ် ထိခိုက်သည်အထိဖြစ်တတ်ခြင်းကြောင့် Histodil နှင့်တွဲမသောက်သင့်သောဆေးများဖြစ်ပါသည်။

  • နှလုံးသွေးလည်ပတ်မှုကောင်းစေသော ဆေးများ
  • နှလုံးခုန်မှန်ဆေးများ
  • သွေးကျဲဆေး
  • ကင်ဆာဆေး
  • အမျိုးသား အားတိုးဆေး
  • သွေးတိုးရောဂါတွင် သောက်သောဆေးများ
  • အနာသက်သာဆေး
  • အတက်ပျောက်ဆေး
  • ပိုးသတ်ဆေးများ
  • စိတ်ရောဂါကုဆေးများ

အစားအသောက်တွေနဲ့ အရက်က Histodil (ဟစ်စတိုဒလ်) နဲ့ ဓာတ်ပြုနိုင်သလား

Histodil က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Histodil (ဟစ်စတိုဒလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Histodil ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို (အထူးသဖြင့် သင့်မှာ ကျောက်ကပ်နှင့် အသည်းရောဂါများ ရှိလျှင်)သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Histodil (ဟစ်စတိုဒလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကင်ဆာမဟုတ်သော အစာအိမ်အနာ

  • သတ်မှတ်ထားသော ပမာဏမှာ 800 mg တစ်ညတကြိမ်
  • သတ်မှတ်ထားသော ပမာဏမှာ 400 mg တနေ့ ၂ကြိမ်
  • သတ်မှတ်ထားသော ပမာဏမှာ 300 mg တနေ့ ၃ကြိမ် ဖြစ်ပါသည်။

အူသိမ်ဦးပိုင်းအနာများ

  • သတ်မှတ်ထားသော ပမာဏမှာ 800 mg တစ်ညတကြိမ်
  • သတ်မှတ်ထားသော ပမာဏမှာ 400 mg တနေ့ ၂ကြိမ်
  • သတ်မှတ်ထားသော ပမာဏမှာ 300 mg တနေ့ ၃ကြိမ် ဖြစ်ပါသည်။

အစာအိမ်အနာဖြစ်ပြီး အစာအိမ်ချဉ်ဖောက်ခြင်း

  • သတ်မှတ်ထားသော ပမာဏမှာ 800 mg တစ်ညတကြိမ်
  • သတ်မှတ်ထားသော ပမာဏမှာ 400 mg တနေ့ ၂ကြိမ်ဖြစ်ပါသည်။

ရင်ပူခြင်း (ဆေးဆိုင်များတွင် ၀ယ်ယူနိုင်သော ပမာဏ)

  • ဝေဒနာကို သက်သာစေရန် သတ်မှတ်ထားသော ပမာဏမှာ 200 mg တနေ့ ၂ကြိမ်ဖြစ်ပါသည်။
  • ဝေဒနာများ ပြန်မဖြစ်စေရန် သတ်မှတ်ထားသော ပမာဏ200 mg ကို အစာ၊ အချိုရည်များ မစားမီ မိနစ် ၃၀ အလိုတွင် ရေအေးဖြင့် သောက်ပါ။

အစာအိမ်မှ အစာခြေရည်များ လွန်ကဲစွာ ထုတ်နေသော ရောဂါများ

  • သတ်မှတ်ထားသော ပမာဏမှာ 300 mg အစာနှင့် သို့မဟုတ် ညဘက်တွင် သောက်ရပါမည်။

ကျောက်ကပ်မကောင်းသူများတွင်

  • ဆီးအဆိပ်30ml/min.ထက်နည်းသောသူများတွငသတ်မှတ်ထားသော ပမာဏမှာ 300 mg အကြောထိုးဆေး တနေ့ ၂ကြိမ်ဖြစ်ပါသည်။

အစာအိမ်သွေးယိုခြင်းကို ကာကွယ်ရန်

  • သတ်မှတ်ထားသော ပမာဏမှာ 25 mg/hour အကြောထိုးဆေးသွင်းရမည်ဖြစ်ပါသည်။

ကလေးတွေအတွက် Histodil (ဟစ်စတိုဒလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၁၆နှစ်အောက်ကလေးများတွင် ဆေး၏ကောင်းကျိုးသည် ဆိုကျိုးများထက် ပိုအားသာမှ သုံးသင့်ပါသည်။

  • သတ်မှတ်ထားသော ပမာဏမှာ တနေ့ လျှင်20-40 mg/kg/day အကြောထိုးဆေး ကို ၆နာရီခြားစီခွဲထိုးရမည်ဖြစ်ပါသည်။

၂၈ ရက်အောက် မွေးကင်းစ ကလေးများတွင်

  • သတ်မှတ်ထားသော ပမာဏမှာ တနေ့ လျှင် 5-20 mg/kg/day အကြောထိုးဆေး ကို ၈-၁၂ နာရီခြားစီခွဲထိုးရမည်ဖြစ်ပါသည်။

၁နှစ်အောက် ကလေးများတွင်

  • သတ်မှတ်ထားသော ပမာဏမှာ တနေ့ လျှင် 10-20 mg/kg/day အကြောထိုးဆေး ကို ၆-၁၂ နာရီခြားစီခွဲထိုးရမည်ဖြစ်ပါသည်။

Histodil (ဟစ်စတိုဒလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Histodil ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Histodil ထိုဆေး၂ မီလီဆေးဗူး (100mg/ml)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pipecuronium bromideကို ထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 18, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 18, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ