Generic Name: Hirmen (ဟားမန်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Hirmen (ဟားမန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Hirmen ဆိုတာ အောက်ပါ ပစ္စည်းတွေပါဝင်တဲ့ ဆေးထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ် ။

Sodium chondroitin sulfate……………………90mg
Fursultiamine……………………………….50mg
gama-Oryzanol…………………………………..5mg
Riboflavin tetrabutyrate………………………6mg
Inositol……………………………………30mg
Nicotinamide………………………………..50mg
Pyridoxine HCl ……………………………..25mg
Calcium pantothenate…………………………5mg
Cyanocobalamine…………………………….30mcg

Hirmen ကို…

– အကြောတက်ခြင်း ၊ ကြွက်သားများနာကျင်ခြင်း ၊ အဆစ်အမြစ်များနာကျင်ခြင်း ၊

– ခြေထောက်များ ၊ လက်များတွင် ထုံနေခြင်း ၊

– မျက်လုံးများညောင်းညာနေခြင်း ၊ beri beri ရောဂါဖြစ်ခြင်း ၊ ဝမ်ချုပ်ခြင်း ၊

– ကိုယ်ခန္ဓာ အားအင်ချိနဲ့ခြင်း ၊ ရောဂါဖြစ်နေစဉ် သို့ ဖြစ်ပြီးအချိန်တွင် ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်နေစဉ်တွင် ဗီတာမင် B ဖြည့်စွက်စာ အနေနဲ့အသုံးပြုကြပါတယ် ။

Hirmen (ဟားမန်း) ဘယ်လိုသောက်သုံးသင့်သလဲ

ပါးစပ်မှတစ်ဆင့်သောက်သုံးရာတွင်….

– ဆရာဝန်ညွှန်ကြားထားသော ဆေးပမာဏနှင့် ဆေးသောက်ရန် အစီအစဉ်အတိုင်းဆေးကိုသောက်သုံးရပါမယ် ။

– ဆေးမသောက်ခင် ဆေးညွှန်းကိုသေချာဖတ်ရပါမယ် ။

– ဆေးညွှန်ကို သေချာနားမလည်လျှင် ဆရာဝန်ကို မေးမြန်းရပါမယ် ။

Hirmen (ဟားမန်း) ဘယ်လိုသိမ်းဆည်းရမလဲ

Hirmen ဆေးကို အလင်းရောင်နှင့် စိုစွတ်မှုများကင်းဝေးသော အခန်းအပူချိန်မှာထားတာဟာ အကောင်းဆုံးပါ။ဆေးတွေကိုမပျက်ဆီးစေရန် ရေချိုးခန်း နှင့် ရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းမျိုးရှောင်ကျဉ်ရပါမည်။ဆေးအမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းမှုပုံစံတွေကွဲပြားနိုင်ပါတယ်။

သိမ်းဆည်းရာတွင်ဆေးတွင်ပါဝင်သောအညွှန်းကို သေချာဖတ်ရင်အရေးကြီးပါသည်။ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ ဆေးဝါးတွေကိုလည်း ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆီမရောက်စေရန် သိမ်းဆည်းထားရန်အရေးကြီးပါသည်။

ဆေးကို အိမ်သာတွေ ရေမြာင်းတွေထဲမှာ ညွှန်ကြားမထားပဲ သွန်ပစ်ခြင်းမျိုးကိုမလုပ်ရပါဘူး။ ဆေးကိုမလိုတော့တဲ့အခါ သို့ ဒိတ်ကုန်သွားတဲ့အခါသေသေချာချာစွန့်ပစ်ဖို့အရေးကြီးပါသည်။သင့်ရဲဆေးကိုဘယ်လိုသေသေချာချာစွန့်ပစ်သင့်သလဲဆိုတာ ဆရာဝန်ဆီမှာမေးမြန်းတိုင်ပ်သင့်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hirmen (ဟားမန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍သင့်တွင်…

– hirmen ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း။

– ဆေးဝါးများ ၊ဆိုးဆေးများ ၊အစားအစာများ ၊တိရိစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်း ။

– hirmen နှင့်ဓာတ်မတည့်သောဆေးများသုံးစွဲနေလျှင် သို့ ဓာတ်မတည့်သောကျန်းမာရေးအခြေအနေများရှိလျှင်…

ဆေးမသုံးစွဲမီဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hirmen (ဟားမန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် ၊နို့တိုက်စဉ်မှာဆေးသုံးစွဲခြင်းဟာ အန္တရာယ်ကင်းမကင်း သေသေချာချာ လေ့လာစမ်းသပ်မှုတွေမရှိသေးပါဘူး။

 

ဘေးထွက်ဆိုးကျိုးများ

Hirmen (ဟားမန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Hirmen လိမ်းဆေးဟာလည်ယ အခြားဆေးတွေလိုပဲဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။အများစုကတော့ ဖြစ်ခဲပြီးတော့ ထပ်ပြီးကုသမှုတွေခံယူစရာမလိုပါဘူး။ဒါပေမယ့်လည်း ဆေးသုံးစွဲပြီးတဲ့အခါ ပြသနာတစ်ခုခုဖြစ်ပေါ်ခဲ့လျှင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့အရေးကြီးပါတယ်။

အချို့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။

– အစာအိမ်ရောင်ခြင်း ၊ သွေးဓာတ်မတည့်မှုများရှိခြင်း ၊ ပေါက်နိုင်တဲ့အစာအိမ်အနာများဖြစ်ခြင်း ၊ glucose ဓာတ်မညီမျှခြင်း ၊သွေးထဲတွင် uric acid ဓာတ်များနေခြင်း ၊ အသဲအလုပ်လုပ်ပုံမညီမမျှဖြစ်လာခြင်း ၊ အာရုံကြောပြဿနာများ ရှိလာခြင်း တို့ပဲဖြစ်ပါတယ် ။

လူတိုင်းတော့ဒီဆိုးကျိုးတွေကို မခံစားရပါဘူး ။အထက်ဖော်ပြပါစာရင်းမှာမပါတဲ့ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ် ။ ဆိုးကျိုးတွေနဲ့ပတ်သတ်ပြီးသိချင်သေးရင်တော့ ဆရာဝန်နဲ့ဆက်လက်တိုင်ပင်ရပါမယ် ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Hirmen (ဟားမန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Hirmen ဟာသင်လက်ရှိသောက်နေတဲ့ဆေးတွေနဲ့ဓာတ်ပြုပြီး ဆေးရဲ့အလုပ်လ်ုပုံတွေပြောင်းလဲခြင်းသို့ ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေခြင်းတို့ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဆေးအချင်းချင်းမတည့်တာတွေကိုရှောင်ရှားနိုင်ဖို့ သင်အသုံးပြုနေတဲ့ဆေးတွေကိုစာရင်းပြုလုပ်ထားပြီးဆရာဝန်ကိုအသိပေးဖို့လိုအပ်ပါတယ်။

သင့်ရဲ့လုံခြုံစိတ်ချရမှုအတွက် ဆရာဝန်ခွင့်ပြုချက်မပါဘဲ ဆေးများစတင်သုံးစွဲခြင်း ၊ရပ်တန့်ခြင်း သို့ ဆေးပမာဏပြောင်းလဲခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။

အစားအသောက်တွေနဲ့ အရက်က Hirmen (ဟားမန်း) နဲ့ ဓာတ်ပြုနိုင်သလား

Hirmen ဟာ အစားအစာတွေ အရက်တွေနဲ့ဓာတ်ပြုပြီး အလုပ်လုပ်တဲ့ပုံစံပြောင်းလဲသွားခြင်း သို့ ဘေးထွက်ဆိုးကျိုးများပိုဆိုးစေခြင်းတို့ကို ဖြစ်စေပါတယ်။ဒါကြောင့်ဆေးမသုံးစွဲမီ ဓာတ်ပြုနိုင်တဲ့အစားအစာတွေအကြောင်းကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Hirmen (ဟားမန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Hirmen ဟာသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့သက်ရောက်ခြင်းတွေရှိနိုင်ပါတယ်။ ဒီလိုသက်ရောက်ခြင်းဟာ ဆေးရဲ့အလုပ်လ်ုပုံ သို့ ဆိုးကျိုးတွေကို ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်ကိုအသိပေးရန်လိုအပ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Hirmen (ဟားမန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Hirmen hydrochloride သုံးစွဲရန်ပမာဏကိုတော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။ သတ်မှတ်ထားတဲ့ပမာဏကတော့ တခါသောက်လျှင် ၁ လုံး တစ်နေ့ကို ၂ ကြိမ် ဖြစ်ပါတယ် ။

ကလေးတွေအတွက် Hirmen (ဟားမန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Hirmen hydrochloride သုံးစွဲရန်ပမာဏကိုတော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။ သတ်မှတ်ထားတဲ့ပမာဏကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

-အသက် ၈ နှစ်အထက်ကလေးများအတွက်ကတော့ တစ်ခါသောက်လျှင် ၁ လုံးတစ်နေ့ကို၂ ကြိမ်ဖြစ်ပါတယ် ။

– အသက် ၈ နှစ်အောက်ကလေးများအတွက်ကတော့ ဆေးပမာဏကိုဖော်ပြမထားပါဘူး ။ သင့်ရဲ့ကလေးအတွက်စိတ်မချရနိုင်ပါဘူး ။အသုံးမပြုခင် ဆေးဟာဘယ်လောက်စိတ်ချရတယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ် ။အသေးစိတ်သိရဖို့အတွက် ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့မေးမြန်းသင့်ပါတယ် ။

Hirmen (ဟားမန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Hirmen ဆေးကို အောက်ဖော်ပြပါ ဆေးပမာဏနဲ့ပုံစံအတိုင်းရနိုင်ပါတယ် ။

– ပျော့ပြောင်းသော ဆေးတောင့်ပုံစံနဲ့ရနိုင်ပါတယ် ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အနီးစပ်ဆုံးအရေးပေါ်ဝန်ဆောင်မှုကို ခေါ်ခြင်း သို့ အနီးစပ်ဆုံးအရေးပေါ်အခန်းကိုသွားရောက်ခြင်းများ ပြုလုပ်ရပါမယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အကယ်၍ဆေးသောက်သုံးရန်မေ့လျော့ခဲ့ပါက သတိရရခြင်းသောက်သုံးသင့်ပါတယ်။ သတိရတဲ့အချိန်ဟာ နောက်တကြိမ်ဆေးသောက်ရမယ့်အချိန်ဖြစ်နေရင်တောင်မှ ပုံမှန်အတိုင်းဆက်လက်သောက်သင့်ပါတယ်။ ၂ ဆသောက်သုံးခြင်းမျိုးတော့မပြုလုပ်ရပါဘူး။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 28, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ