backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hcg (အိတ်ခ်ျစီဂျီ)


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Hcg (အိတ်ခ်ျစီဂျီ) ကို ဘာအတွက်အသုံးပြုကြသလဲ

မျိုးဥကြွေခြင်းကိုဖြစ်စေရန်နဲ့ အမျိုးသမီးများမြုံခြင်းကိုကုသရန်အတွက် သုံးပါတယ်။ အမျိုးသားများ သုတ်ကောင်အရေအတွက်များလာစေရန်အတွက် သုံးပါတယ်။

အမျိုးသားငယ်လေးတွေအတွက်လည်း ပစ်ကျူတရီဂလင်းပြဿနာကြောင့်ဖြစ်လာနိုင်တဲ့

သူတို့ရဲ့ဝှေးစေ့တွေ ကပ္ပါယ်အိတ်ထဲပုံမှန်အတိုင်း မကျဆင်းတဲ့အခါမှာ အသုံးပြုပါတယ်။

Hcg (အိတ်ခ်ျစီဂျီ) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျအသုံးပြုသင့်ပါတယ်။ ပမာဏအများကြီးသို့အချိန်အကြာကြီး အသုံးမပြုသင့်ပါဘူး။ သင့်ဆေးညွှန်းစာမှာပါတဲ့အတိုင်း လိုက်နာသင့်ပါတယ်။

ကြွက်သားအောက်ကို သို့ အရေပြားအောက်ကိုထိုးဆေးအနေနဲ့ ပေးပါတယ်။ သင့်ဆရာဝန်၊ သူနာပြု၊ သို့ အခြားကျန်းမာရေးကြီးကြပ်သူတွေက ထိုးပေးပါလိမ့်မယ်။ အိမ်မှာဘယ်လိုထိုးရမလဲဆိုတာကို သင်ပေးထားပါလိမ့်မယ်။ ဘယ်လိုထိုးရမယ်၊ အပ်တွေ၊ ဆေးထိုးပြွန်တွေကို ဘယ်လိုစွန့်ပစ်ရမလဲမသိရင် သေချာပြည့်ပြည့်၀၀နားမလည်ရင် ကိုယ့်ဘာသာကိုယ်မထိုးသင့်ပါဘူး။ တစ်ခါသုံးစွန့်ပစ်အပ်တွေကို တစ်ကြိမ်သာအသုံးပြုသင့်ပါတယ်။ အပ်ကာခွက်ထဲထည့်ပြီး အပ်ကိုစွန့်ပစ်သင့်ပါတယ်။ ( ထိုပစ္စည်းမျိုးကို ဆေးဝါးကျွမ်းကျင်သူထံမှာ မေးပြိး ဘယ်လိုစွန့်ရမလဲဆိုတာကို မေးသင့်ပါတယ်။)

အရောင်ပြောင်းနေရင် သို့ အရည်အတွင်းအခဲတွေရှိနေမယ်ဆိုရင် ဆေးကိုအသုံးမပြုသင့်ပါဘူး။

Hcg (အိတ်ခ်ျစီဂျီ) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hcg (အိတ်ခ်ျစီဂျီ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • HCG သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

HCGအသုံးပြုခြင်းကြောင့် အဆင့်ဆင့်ကိုယ်ဝန်ရခြင်း( နှစ်မွှာပူး၊ သုံးမွှာပူး၊ လေးမွှာပူးစသဖြင့်) ရနိုင်ချေများစေပါတယ။် ကိုယ်ဝန်အဆင့်ဆင့်ရခြင်းက အမေအတွက်ရော ကလေးတွေအတွက်ပါ အန္တရာယ်များပါတယ်။ သင်ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်အတွက်လိုအပ်တဲ့အထူးဂရုစိုက်မှုတွေနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အကုန်လိုက်နာသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hcg (အိတ်ခ်ျစီဂျီ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ
  • ဘေးထွက်ဆိုးကျိုးများ

    Hcg (အိတ်ခ်ျစီဂျီ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    • ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊)တွေတွေ့ခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီယူသင့်ပါတယ်။
    • သွေးခဲခြင်းလက္ခဏာများ – နာခြင်း၊ နွေးခြင်း၊ နီခြင်း၊ ထုံခြင်း၊ စပ်ဖျဉ်းဖျဉ်းခံစားရခြင်း(လက်မောင်းခြေထောက်နေရများတွင်၀ ၊ မရေမရာဖြစ်ခြင်း၊ အလွန်အမင်းမူးဝေခြင်း၊ အပြင်းအထန်ခေါင်းကိုက်ခြင်းစတာတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။

    အချို့ဆေးအသုံးပြုသူအမျိုးသမ်းတွေမှာ သားဥအိမ်အလွန်အမင်းလှုံ့ဆော်ခြင်းရောဂါစုလို့ခေါ်တဲ့ အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ပထမဆုံးကုသမှုခံယူနေစဉ်ကာလမှာ ဖြစ်ပါတယ်။ အသက်အန္တရာယ်ပေးနိုင်ပါတယ်။

    အောက်ပါ OHSSလက္ခဏာတွေတွေ့ခဲ့မယ်ဆိုရင် ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။

    • အလွန်အမင်းတင်ပဆုံရှိအရိုးုများနာခြင်း
    • လက်ခြေရောင်ခြင်း
    • ဗိုက်အောင့်ခြင်းနဲ့ဖောရောင်ခြင်း
    • အသက်ရှူမဝခြင်း
    • ကိုယ်အလေးချိန်တက်ခြင်း
    • ဝမ်းလျှောခြင်း
    • မအီမသာဖြစ်ခြင်း၊အန်ခြင်း
    • ပုံမှန်ထက်ဆီးန်ည်းခြင်း

    အမျိုးသားငယ်တွေမှာ လူပျိုဖော်ဝင်ခြင်းကို စောစေနိုင်ပါတယ်။ ဆေးအသုံးပြုသူကောင်လေးမှာ အသံသြခြင်း၊ ဆီးခုံအမွေးများပေါက်လာခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ချွေးထွက်ခြင်းကဲ့သို့သော

    လူပျိုဖော်ဝင်ခြင်းအစောပိုင်းလက္ခဏာတွေပြခဲ့မယ်ဆိုရင် ဆရာဝန်ခေါ်သင့်ပါတယ်။

    သိပ်မပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းကိုက်ခြင်း
  • ကနာမငြိမ်ဖြစ်ခြင်း
  • သိမ်မွေ့စွာရောင်ရမ်းခြင်း၊ ရေအလေးချိန်များလြာခ်ငး
  • စိတ်ကျခြင်း
  • ရင်သားထိကိုင်စဉ်နာခြင်း၊ ရောင်ခြင်း
  • နာခြင်း၊ ရောင်ခြင်း၊ သို့ ကသိကအေက်နေမထိထိုင်မသာဖြစ်ခြင်း
  • လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Hcg (အိတ်ခ်ျစီဂျီ) နဲ့ ဓါတ်ပြုနိုင်သလဲ

    သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

    အပြန်အလှန်သက်ရောက်နိုင်တဲ့ဆေးတွေကတော့

    • Antagon (ganirelix)
    • Follicle stimulating hormone / ganirelix
    • Follistim / Antagon (follicle stimulating hormone / ganirelix)
    • Ganirelix

    အစားအသောက်တွေနဲ့ အရက်က Hcg (အိတ်ခ်ျစီဂျီ) နဲ့ ဓါတ်ပြုနိုင်သလား

    အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်ရောဂါအခြေအနေတွေက Hcg (အိတ်ခ်ျစီဂျီ) နဲ့ ဓါတ်ပြုနိုင်သလဲ

    သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Hcg (အိတ်ခ်ျစီဂျီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    သားဥကြွေခြင်းကိုလှုံ့ဆော်ခြင်းအတွက်

    သားဥကြွေခြင်းကိုလှုံဆေြာ်ခင်း ( ဥမကြွေနိုင်ခြင်းက အဓိကမျိုးဥအိမ်အလုပ်မလုပ်နိုင်တော့ခြင်းကြောင့်မဟုတ်တဲ့ ဒုတိယဖြစ်တဲ့ကိစ္စမျိုးမှာ)

    • Chorionic gonadotropin: 5000 to 10,000 units အသားဆေး တစ်ရက်စာ menotropins.နောက်ဆုံးရက်နောက်ပိုင်းမှာအသုံးပြုပါတယ်။
    • Recombinant chorionic gonadotropin- 250 mcgအရေပြားအောက် တစ်နေ့စာ၊ သားဥလောင်းလှုံဆော်ပေးသည့်ပစ္စည်းနောက်ဆုံးဆေးအကြိမ်ပြီးနောက်

    အမျိုးသားများမျိုးမအောင်ခြင်းအတွက်

    Hypogonadotropic hypogonadism( ပစ်ကျူတရီချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ )

    • 500 to 1000 unitsအကြောဆေး တစ်ပတ်၃ကြိမ် ၃ပတ်၊ ထို့နောက် တူညီတဲ့ပမာဏကိုပဲ တစ်ပတ်၂ကြိမ် ၃ပတ်စာ

    4000 units အကြောဆေး တစ်ပတ်၃ကြိမ် ၆လမှ၉လအထိ ၊ ထို့နောက် 2000 units တစ်ပတ်၃ကြိမ် နောက်ထပ်၃လ

    ကလေးတွေအတွက် Hcg (အိတ်ခ်ျစီဂျီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လုူပျိုဖော်မဝင်ခင် ကပ်ပါယ်အိတ်အတွင်း ဝှေးစေ့တစ်လုံးသို့နှစ်လုံးလုံးမဆင်းခြင်းအတွက် ( အသက်၄နှစ်မှ ၉နှစ်အတွင်းအဖြစ်များပါတယ်၊ ခနဓါဗေဒဆိုင်ရာပိတ်ဆို့ခြင်းကြောင့်မဟုတ်ပါဘူး)

    • 4000 unitsအသားဆေး တစ်ပတ်သုံးကြိမ် ၃ပတ်
    • 5000 units အသားဆေး လေးကြိမ်ထိုးဆေး
    • 500 to 1000 units အသားဆေး ထိုးဆေး၁၅ကြိမ် ၆ပတ်ကျော်
    • 500 units တစ်ပတ်သုံးကြိမ် ၄ပတ်မှ၆ပတ်အထိ ၊ မအောင်မြင်ခဲ့ဘူးဆိုရင် 1000 unitsကို တစ်လကြာပြီးနောက် အစဉ်လိုက်ပြန်ထိုးပေးရပါမယ။်

    Hcg (အိတ်ခ်ျစီဂျီ) ကိုဘယ်လိုရရှိနိုင်သလဲ

    အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

    ထိုးဆေးအတွက် 5000 units; 10000 units; 20000 units; recombinant 250 mcg; recombinant 250 mcg/0.5 Ml

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement