Generic Name: Guanethidine (ဂူအန်နတ်သီဒင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Guanethidine (ဂူအန်နတ်သီဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Guanethidine  ကို အောက်ပါအခြေအနေတွေအတွက် အများဆုံး အသုံးပြုပါတယ်။

  • အတန်အသင့်သွေးတိုးခြင်း၊ပြင်းထန်စွာ သွေးတိုးခြင်း။
  • ကျောက်ကပ်ရောင်ရောဂါကြောင့် သွေးတိုးခြင်း။
  • ကျောက်ကပ်ထဲတွင် သကြားဓာတ်တမျိုးကို ချေဖျက်ခြင်း၊ ကျောက်ကပ်သွေးလွှတ်ကြောကျဉ်းခြင်း။
  • နာတာရှည်ရေတိမ်ရောဂါ၊သိုင်းရွိုက်ဂလင်းကြောင့် ဖြစ်သော မျက်စိပြဿနာများ၊မျက်စိအကြောလိုက်ခြင်း စသော မျက်စိရောဂါများ။

သွေးတိုးရောဂါအတွက် အသုံးပြုမယ်ဆိုရင် တခြားဆေးတွေနဲ့ ကုသလို့မရတဲ့ လူနာအနည်းစုမှာပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

Guanethidine (ဂူအန်နတ်သီဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးအဖြစ် သုံးစွဲမယ်ဆိုရင်

  • Guanethidine ကို ဆရာဝန်ညွှန်ကြားထားတဲ့ ပမာဏနဲ့ အကြိမ်ရေအတိုင်း အတိအကျလိုက်နာသောက်သုံးရပါမယ်။
  • Guanethidine ကို မသောက်ခင် ဆေးညွှန်းကို သေချာစွာ ဖတ်ပါ။
  • မရှင်းလင်းတာတွေရှိရင် ဆရာဝန်ကို မေးမြန်းပါ။

ထိုးဆေးအဖြစ် သုံးစွဲမယ်ဆိုရင်

  • သင့်ဆရာဝန် တွက်ချက်ထားတဲ့ ဆေးပမာဏအတိုင်း ထိုးရပါမယ်။
  • ဆေးကို မသုံးစွဲခင် ဆေးညွှန်းကို သေချာစွာ ဖတ်ပါ။
  • မရှင်းလင်းတာတွေရှိရင် ဆရာဝန်ကို မေးမြန်းပါ။

Guanethidine (ဂူအန်နတ်သီဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Guanethidine  ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ guanethidine  ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ guanethidine  ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Guanethidine  ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Guanethidine  ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Guanethidine (ဂူအန်နတ်သီဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Guanethidine  ကို မသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိနေရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။

  • အခြားသော ဆေးများ၊အစားအစာများ၊ဆိုးဆေးများ၊တာရှည်ခံအောင် အသုံးပြုတဲ့ ဆေးဝါးများ သို့မဟုတ် တိရ စ္ဆာန်များနဲ့ ဓာတ်မတည့်ခြင်း။
  • ကလေးသူငယ်များ။
  • သက်ကြီးရွယ်အိုများ။

အခြားသော ကျန်းမာရေးအခြေအနေများကြောင့် သုံးစွဲနေရတဲ့ ဆေးတွေနဲ့ Guanethidine  တို့အကြား ဆေးဝါးဓာတ်ပြုမှုတွေ ရှိနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Guanethidine (ဂူအန်နတ်သီဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကလေးငယ် အူပိတ်ခြင်းဖြစ်စေနိုင်တဲ့အတွက် ကိုယ်ဝန်ပထမ သုံးလပတ်နဲ့ မီးမဖွားခင် နှစ်ပတ်အလိုမှာ ဒီဆေးကို မသုံးစွဲရပါဘူး။ပုံမှန်သတ်မှတ်ထားတဲ့ ပမာဏအတိုင်း သုံးစွဲတဲ့အခါ မိခင်နို့ရည်မှာပါဝင်လာတဲ့ guanethidine ပမာဏဟာ အင်မတန်နည်းတာမို့ နို့စို့ကလေးငယ်အပေါ် အကျိုးသက်ရောက်မှု မရှိသလောက်ပါပဲ။

ဘေးထွက်ဆိုးကျိုးများ

Guanethidine (ဂူအန်နတ်သီဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အခြားသော ဆေးဝါးများနည်းတူ guanethidine ဟာလည်း ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒါပေမယ့် အဆိုပါ ဘေးထွက်ဆိုးကျိုး အများစုဟာ ဖြစ်ခဲပြီး ထူးထူးခြားခြားကုသမှုတွေ ပြုလုပ်ပေးဖို့ မလိုပါဘူး။ဒါပေမယ့် ဆေးသောက်ပြီးတဲ့အချိန်မှာ ပြဿနာတစုံတရာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ဆရာဝန်ကို အသိပေးဖို့ အရေးကြီးပါတယ်။ဘေးထွက်ဆိုးကျိုးအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

  • လှဲနေရာက ရုတ်တရက်ထလိုက်ရင် မိုက်ခနဲဖြစ်သွားခြင်း။
  • ဖောရောင်ခြင်း၊ကိုယ်အလေးချိန်တက်ခြင်း။
  • နှလုံးဖောခြင်း။
  • အူလမ်းကြောင်းလှုပ်ရှားမှုများခြင်း၊ပြင်းထန်စွာ ဝမ်းလျှောခြင်း။
  • သုတ်မလွှတ်နိုင်ခြင်း။ညဖက်ဆီးသွားများခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။
  • အစားအသောက်ပျက်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊အာခြောက်ခြင်း။
  • အရေပြားရောင်ရမ်းခြင်း။
  • သွေးတွင်း ယူရီးယားဓာတ် မြင့်တက်ခြင်း။
  • နှလုံးခုန်နှေးခြင်း။
  • စိတ်ကျဝေဒနာခံစားရခြင်း။
  • ကြွက်သားနာခြင်း၊ကြွက်သားများလှုပ်နေခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Guanethidine (ဂူအန်နတ်သီဒင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Guanethidine  ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ဥပမာ

  • Clorpromazin®, phenothiazines derivatives၊ စိတ်ကျရောဂါတွင် အသုံးပြုသော ဆေးများ၊ ပဋိသန္ဓေတား သောက်ဆေးများ။
  • သွေးကျဆေးများ။
  • နှလုံးခုန်နှုန်းကို တည်ငြိမ်စေသော ဆေးများ။
  • Monoamine oxidase inhibitor ဆေးများ စတာတွေပဲ ဖြစ်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Guanethidine (ဂူအန်နတ်သီဒင်း) နဲ့ ဓာတ်ပြုနိုင်သလား

Guanethidine  က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Guanethidine (ဂူအန်နတ်သီဒင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Guanethidine  ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Guanethidine (ဂူအန်နတ်သီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

guanethidine  ကို သုံးစွဲရမယ့် ဆေးပမာဏနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ကို သေချာစွာ မေးမြန်းပါ။အသုံးပြုလေ့ရှိတဲ့ ဆေးပမာဏတွေကို အောက်မှာ ဖော်ပြထားပါတယ်။

  • ပြင်ပလူနာများအတွက် : တနေ့ကို ၁၀မီလီဂရမ် ပမာဏနဲ့ စတင်ပြီး ခန္ဓာကိုယ်ရဲ့ ဆေးကိုတုံ့ပြန်မှုအခြေအနေပေါ်မူတည်ကာ တနေ့ကို ၁၂.၅ မီလီဂရမ် ပမာဏအထိ တိုးမြှင့်နိုင်ပါတယ်။ပျမ်းမျှပမာဏကတော့ တနေ့ကို ၂၀ – ၅၀ မီလီဂရမ် ဖြစ်ပါတယ်။
  • ဆေးရုံတက်နေတဲ့ အတွင်းလူနာတွေအတွက် : ၂၅ – ၅၀ မီလီဂရမ်နဲ့ စတင်ပြီး တရက်ကို ဒါမှမဟုတ် တရက်ခြားကို ၂၅ – ၅၀ မီလီဂရမ် ပမာဏလောက် ချိန်ဆပြီး ပေးနိုင်ပါတယ်။လိုအပ်ရင် တနေ့ကို ၄၀၀ မီလီဂရမ်လောက်အထိ တိုးမြှင့်ပေးနိုင်ပါတယ်။
  • အသက်ကြီးသူတွေမှာ ၅မီလီဂရမ်ပမာဏကို တနေ့လျှင်တကြိမ်သုံးစွဲနိုင်ပါတယ်။
  • မျက်စိဝေဒနာတွေအတွက် : နာတာရှည်ရေတိမ်ရောဂါ သို့မဟုတ် ဟော်မုန်းပြဿနာတွေကြောင့် ဖြစ်တဲ့မျက်စိရောဂါတွေကို ကုသဖို့ 5% မျက်စဉ်းဆေးကို တခါထည့်ရင် တစက် သို့မဟုတ် နှစ်စက်နှုန်းနဲ့ တနေ့ကို နှစ်ကြိမ်ကနေ လေးကြိမ်ထိ ခတ်နိုင်ပါတယ်။

ကလေးတွေအတွက် Guanethidine (ဂူအန်နတ်သီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

guanethidine  ကို သုံးစွဲရမယ့် ဆေးပမာဏနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ကို သေချာစွာ မေးမြန်းပါ။အသုံးပြုလေ့ရှိတဲ့ ဆေးပမာဏတွေကို အောက်မှာ ဖော်ပြထားပါတယ်။

တနေ့ကို 0.2 mg/kg ပမာဏနဲ့ စတင်ပြီး တပတ်နှစ်ပတ်လောက်ခြားကာ တနေ့ကို 3mg/kg ပမာဏလောက်အထိ လိုအပ်သလို တိုးမြှင့်နိုင်ပါတယ်။

Guanethidine (ဂူအန်နတ်သီဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

guanethidine  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြား : ၅၊၁၀၊၂၅၊၅၀ မီလီဂရမ်။
  • မျက်စဉ်းဆေး : 5%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Guanethidine  ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 24, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 24, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ