backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Griseofulvinဆိုတာမှိုကြောင့်ဖြစ်သောကူးစက်ရောဂါပိုးများကိုကုသရန် အသုံးပြုတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ Griseofulvinဟာပွေး၊ သဲဝဲ၊ လိင်အင်္ဂါ ယားယံမှုများနဲ့ ဦးရေပြား၊ ခြေသည်း၊ လက်သည်းမှာရှိတဲ့ ကူးစက်ရောဂါများကိုကုသဖို့အသုံးပြုပါတယ်။

Griseofulvinကိုဆေးပညာလမ်းညွှန်စာအုပ်များမှာဖေါ်ပြခြင်းမရှိတဲ့ အကြောင်းအရာများအတွက်လဲအသုံးပြုခြင်းရှိနိုင်ပါတယ်။

Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန် ညွှန်ကြားချက်အတိုင်းအတိအကျ လိုက်နာသင့်ပါတယ်။ ညွှန်ကြားချက်ထက် ပိုပြီး (သို့) လျော့ပြီးသုံးစွဲခြင်းမပြုသင့်ပါဘူး။

ဆေးပမာဏကိုမတိုင်းတာခင် သောက်ဆေး (အရည်)ကိုသေချာစွာလှုပ်ခါပါ။ ပမာဏတိုင်းတာတဲ့ ဆေးထိုးပြွန်နဲ့ ဆေးရည်ကိုတိုင်းတာပါ (သို့) အထူးပြုလုပ်ထားတဲ့ ဆေးပမာဏတိုင်းဇွန်း (သို့) ခွက်နဲ့ တိုင်းတာနိုင်ပါတယ်။ သင့်မှာပမာဏတိုင်းကိရိယာတွေ မရှိခဲ့ရင် သင့်ဆေးဝါးကျွမ်းကျင်သူကိုတောင်းဆိုနိုင်ပါတယ်။

ဆေးမြိုချရတာလွယ်ကူစေရန်အတွက် ဆေးပြားကိုအမှုန့်ကြိတ်ပြီးဆေးမှုန့်တွေကိုပန်းသီးဆော့စ်ပေါ်မှာ ဖြူးပေးပါ။ မဝါးပဲတန်းမြိုချပါ။ ဆေးအရောကိုနောက်တစ်ခါ ပြန်အသုံးမပြုပါနဲ့။

ဒီဆေးကိုဆရာဝန် ညွှန်ကြားချက်အတိုင်းအချိန်လုံလောက်အောင် သောက်သုံးပါ။ ဆေးစွမ်းပြရန်အတွက် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။ လက်သည်းခွံမှာ ဖြစ်တဲ့ ရောဂါများဟာအကုန်ပျောက်ကင်းဖို့အတွက် လပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

Griseofulvinဟာဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါနဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါ တို့ကိုပျောက်ကင်းအောင် မကုသပေးနိုင်ပါဘူး။

ဒီဆေးကိုရေရှည် သုံးစွဲမယ်ဆိုရင် သင့်ဆရာဝန်ထံမှာပုံမှန် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Griseofulvinကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Griseofulvinကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Griseofulvinဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Griseofulvinကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာGriseofulvinနဲ့ဓါတ်မတည့်ရင်၊ဒါမှမဟုတ်တခြားဆေးတွေ သောက်နေတယ်ဆိုရင်

  • သောက်နေသောဆေးအကုန် (ဆရာဝန် ညွှန်ကြားသည်ဖြစ်စေ၊ မညွှန်ကြားပဲသောက်သည်ဖြစ်စေ)၊ အဓိကအားဖြင့် သွေးကျဲဆေး၊ ကိုယ်ဝန်တားဆေး၊ Cyclosporine (Neoral, Sandimmune), Phenobarbital (Luminal)နှင့် ဗီတာမင်များ၊
  • သင့်တွင် အသည်းရောဂါ၊ porphyria၊ Lupus၊ အရက် အလွန်အကျွံသောက်သုံးမှုများ၊
  • ကိုယ်ဝန်ရှိနေခြင်း၊ ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားခြင်း၊ နို့တိုက်နေခြင်း (ဆေးသောက်နေစဉ်ကိုယ်ဝန်ရပါကလည်းဆရာဝန်ကိုပြောပြသင့်ပါတယ်)
  • နေရောင်ခြည် ထိတွေ့မှုများခြင်းအစရှိသည်များကိုဆရာဝန်ကိုပြောပြသင့်ပါတယ်။
  • နေရောင်ခြည် ဒဏ်မှ ကာကွယ်ရန် လုံခြုံသောအဝတ်အစားများ၊ နေကာမျက်မှန်များနဲ့ နေလောင်ခံခရင်မ်များအသုံးပြုသင့်ပါတယ်။ ဒီဆေးဟာသင့်အသားအရည်ကိုနေရောင်ခြည်ဒဏ်မှ ထိခိုက်လွယ်စေပါတယ်။

ယေဘူယျအသိပေးချက် – ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Xရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပြင်းထန်သောဓါတ်မတည့်မှုလက္ခဏာများ (အနီကွက်၊အဖုအပိန့်၊ယားယံခြင်း၊အသက်ရှူမဝခြင်း၊ရင်ဘတ်ထဲတွင်တင်းကျပ်ကျပ်ဖြစ်နေခြင်း၊ပါးစပ်၊မျက်နှာ၊နှုတ်ခမ်းနဲ့လျှာရောင်ရမ်းခြင်း)များ ဖြစ်ပေါ်လာပါကအရေးပေါ် ဆေးကုသမှုခံယူပါ။

ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ

  • တုန်ရီဖျားနာခြင်း၊ တုတ်ကွေးလက္ခဏာများ၊
  • ပါးစပ်အတွင်း (သို့) နှုတ်ခမ်းပေါ်တွင် အဖြူရောင် အကွက်များ (သို့) အနာများဖြစ်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း၊ နေ့စဉ်လုပ်နေကျ အလုပ်များကိုမလုပ်ဆောင်နိုင်ခြင်း၊
  • ပျို့ခြင်း၊ အစာအိမ်နာခြင်း၊ ယားယံခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ အရောင်ရင့်သောဆီးသွားခြင်း၊ ရွှံ့စေးရောင် ဝမ်းသွားခြင်း၊ မျက်လုံး (သို့) အရေပြားများအဝါရောင် သမ်းလာခြင်း၊
  • ပြင်းထန်သောအရေပြားပြောင်းလဲမှုများ – ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာ (သို့) လျှာ ရောင်ရမ်းခြင်း၊ မျက်စိနာခြင်း၊ အရေပြားနာခြင်း၊ ဖေါ်ပြပါ အရာများမဖြစ်မီအနီ (သို့) ခရမ်းရောင် အကွက်များအရေပြားပေါ်တွင် ပြန့်ပွားလာပြီးအရေကြည်ဖုဖြစ်ပြီးကွာကျခြင်း၊

မပြင်းထန်သောဘေးထွက်ဆိုးကျိုးများ

  • မျက်နှာသွေးရောင် ဖြန်းခြင်း (ပူ၊နီ၊ကျဉ်)
  • ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပင်ပန်းလွယ်ခြင်း
  • အိပ်မပျော်ခြင်း
  • ဇဝေဇဝါဖြစ်ခြင်း
  • ခြေလက် ထုံကျဉ်ကိုက်ခဲခြင်း
  • ရာသီပုံမမှန်မှုများဖြစ်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) နဲ့ ဓါတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Griseofulvinဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖေါ်ပြပါဆေးများနဲ့ တွဲဖက်သောက်သုံးခြင်းဟာဆေးရဲ့ ဘေးထွက်ဆိုးကျိုးများကိုပိုမိုများပြားစေပေမယ့် ထိုတွဲဖက်သောက်သုံးခြင်းဟာလည်းသင့်အတွက် အကောင်းဆုံးကုသမှုဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဆေးများတွဲဖက်သောက်သုံးမယ်ဆိုရင် သင့်ဆရာဝန်မှ ဆေးပမာဏပြောင်းလဲခြင်း၊ ဆေးသောက်ရန် အကြိမ်ပြောင်းလဲခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။

  • Desogestrel
  • Dienogest
  • Drospirenone
  • Estradiol Cypionate
  • Estradiol Valerate
  • Ethinyl Estradiol
  • EthynodiolDiacetate
  • Etonogestrel
  • Levonorgestrel
  • Medroxyprogesterone Acetate
  • Mestranol
  • Norelgestromin
  • Norethindrone
  • Norgestimate
  • Norgestrel
  • Phenobarbital
  • Warfarin

အစားအသောက်တွေနဲ့ အရက်က Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) နဲ့ ဓါတ်ပြုနိုင်သလား

Griseofulvinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဒီဆေးကိုEthanol (အရက်) နဲ့ တွဲဖက်သောက်သုံးခြင်းမပြုသင့်ပါဘူး။ ဒါပေမယ့် ရှောင်လွှဲမရတဲ့ အခြေအနေတွေ ရှိနိုင်တာကြောင့် တွဲဖက်သောက်သုံးမယ်ဆိုရင် သင့်ဆရာဝန်မှ ဆေးသောက်ကြိမ်နဲ့ ဆေးပမာဏကိုထိန်းညှိပေးပါလိမ့်မယ်။ ဒါမှမဟုတ် ဆေးလိပ်၊ အရက်၊ အစားအစာတွေနဲ့ ဘယ်လိုသောက်ရမယ်ဆိုတာကိုသေချာပြောပြပါလိမ့်မယ်။

ဘယ်ရောဂါအခြေအနေတွေက Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Griseofulvinဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အောက်ပါရောဂါများရှိရင် ဆရာဝန်ကိုသေချာစွာပြောပြသင့်ပါတယ်။

  • Actinomycosis (ဘက်တီးရီးယားကူးစက်ပိုး)
  • Blastomycosis(ကပ်ပါးပိုးကြောင့်ဖြစ်သောရောဂါတစ်မျိုး)
  • Candidiasis (မှက်ခရု)
  • Histoplasmosis (ခိုနဲ့လင်းနို့အညစ်အကြေးတွင်တွေ့ရသောမှိုကြောင့်ဖြစ်သည့် ရောဂါ)
  • Tineaversicolor(ညှင်း)—
  • Lupus erythematosus or lupus-like diseases (အရေပြားရောဂါ)
  • အခြားကူးစက်ရောဂါပိုးများ (ဥပမာ၊ဘက်တီးရီးယား)
  • အသည်းရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Microsizeဖော်မြူလာ: 1000 mg/day တစ်နေ့ နှစ်ကြိမ်မှ လေးကြိမ်ခွဲ၍ စားဆေးအဖြစ် သောက်သုံးနိုင်သည်။

Ultramicrosizeဖော်မြူလာ : 660 to 750 mg/day တစ်နေ့ နှစ်ကြိမ်မှလေးကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

ခြေသည်းမှို

Microsizeဖော်မြူလာ: 1000 mg/day တစ်နေ့ နှစ်ကြိမ်မှလေးကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

Ultramicrosizeဖော်မြူလာ: 660 to 750 mg/day တစ်နေ့ နှစ်ကြိမ်မှလေးကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

ခြေထောက်ပွေး (TineaPedis)

Microsizeဖော်မြူလာ: 1000 mg/day တစ်နေ့ နှစ်ကြိမ်မှလေးကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

Ultramicrosizeဖော်မြူလာ: 660 to 750 mg/day တစ်နေ့ နှစ်ကြိမ်မှလေးကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

မျက်နှာနဲ့လည်ပင်းရှိမုတ်ဆိတ်မွေးပေါက်သောနေရာတွင်ဖြစ်သောပွေး (TineaBarbae )

Microsizeဖော်မြူလာ: 500 mg/day တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခွဲ၍ စားဆေးအဖြစ်သောက်သုံးနိုင်သည်။

Ultramicrosizeဖော်မြူလာ: 330 to 375 mg/day တစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

ဦးရေပြားတွင်ဖြစ်သောဒက်/ပွေး (TineaCapitis)

Microsizeဖော်မြူလာ: 500 mg/day တစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

Ultramicrosizeဖော်မြူလာ: 330 to 375 mg/day တစ်နေ့တစ်ကြိမ် သို့မဟုတ် အကြိမ်ခွဲ၍ သောက်သုံးနိုင်သည်။

ခန္ဓါကိုယ်ခြေလက်တို့တွင်ဖြစ်သောပွေး (TineaCorporis)

Microsizeဖော်မြူလာ: 500 mg/day တစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

Ultramicrosizeဖော်မြူလာ: 330 to 375 mg/day တစ်နေ့တစ်ကြိမ်သို့မဟုတ်အကြိမ်ခွဲ၍သောက်သုံးနိုင်သည်။

ပေါင်ခြံ၊ စအိုနဲ့လိင်အင်္ဂါကြားအရေပြားတို့တွင်ဖြစ်သောပွေး(TineaCruris)

Microsizeဖော်မြူလာ: 500 mg/day တစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ခွဲ၍စားဆေးအဖြစ်သောက်သုံးနိုင်သည်။

Ultramicrosizeဖော်မြူလာ: 330 to 375 mg/day တစ်နေ့တစ်ကြိမ်သို့မဟုတ်အကြိမ်ခွဲ၍သောက်သုံးနိုင်သည်။

ကလေးတွေအတွက် Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Microsizeဖော်မြူလာ:

တစ်နှစ်နဲ့အထက်: 10 to 20 mg/kg/day တစ်နေ့တစ်ကြိမ်သို့မဟုတ်အကြိမ်ခွဲ၍သောက်သုံးနိုင်သည်။ 1000 mg/dayထပ်တော့မပိုရ။

Ultramicrosizeဖော်မြူလာ:

နှစ်နှစ် န ဲ့အောက်: ပမာဏသတ်မှတ်ထားခြင်းမရှိပါ။

နှစ်နှစ်အထက်: 5 to 15 mg/kg/day in တစ်နေ့တစ်ကြိမ်သို့မဟုတ်အကြိမ်ခွဲ၍သောက်သုံးနိုင်သည်။

750 mg/dayထက်မပိုရ။

Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်) ကိုဘယ်လိုရရှိနိုင်သလဲ

Griseofulvinကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

အရည် (သောက်ရန်) – 125 mg/5ml (118ml/120ml)

ဆေးပြား – 125 mg, 250 mg, 500 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Griseofulvinကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement