backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Grepiflox (ဂရပ်ပီဖလော့စ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Grepiflox (ဂရပ်ပီဖလော့စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Grepiflox ကို အများအားဖြင့ို အရေပြား၊ ဆိုင်းနပ်စ်များ၊ ကျောက်ကပ်၊ ဆီးအိမ်နှင့် ဆီးကျိတ်တို့တွင် ဘက်တီးရီးယားပိုးဝင်လျှင် သုံးပါသည်။

လေပြွန်ယောင်ခြင်းနှင့် နမိုးနီးယားဖြစ်စေသော ပိုးဝင်ခြင်းများကို ကုသရာတွင်လဲသုံးပါသည်။

အချို့လူနာများတွင် ထောင့်သန်း ရောဂါနှင့်

ပလိပ်ရောဂါတို့ကိုကာကွယ်ရန် အတွက်လဲ သုံးပါသည်။

Grepiflox ကိုအခြား နေရာမျာတွင်လဲ သုံးနိုင်ပါသည်။

ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်အား မေးမြန်းပါ။

Grepiflox (levofloxacin) ကိုဘယ်လို သောက်/ ထိုး သင့်ပါသလဲ။

Grepiflox ကို အများအားဖြင့် ဆရာဝန်၏ ရုံးခန်း ဆေးရုံ ဆေးခန်းတို့တွင် ထိုးဆေးအနေဖြင့်ပေးပါသည်။

သင်၏အိမ်တွင် မှီဝဲချင်ပါက ဆေးဝါးကျွမ်းကျင် ပညာရှင်က အသုံးပြုပုံကို သင်ကြားပေးလိမ့်မည်။

အသုံးပြုနည်းကို သေချာစွာသဘောပေါက်ပါစေ။

ဆေးထိုးသောအခါ သင်ကြားပေးထားသော အဆင့်များကို သေချာစွာလိုက်နာပါ။

သိလိုသည်များရှိပါက ဆေးဝါးကျွမ်းကျင် ပညာရှင်ကို မေးပါ။

ဆေးကို မှီဝဲနေစဉ်တွင် ရေများများသောက်ရန် လိုအပ်ပါသည်။ ဆရာဝန် ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ ဆေးအရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။

ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။ ပြန်အသုံးမပြုပါနှင့်။

မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Grepiflox သည် အချိန်မှန် မှီဝဲ လျှင် အာနိသင်အကောင်းဆုံးဖြစ်ပါသည်။

ရောဂါပိုးဝင်ရောက်ခြင်းကို အရှင်းပျောက်ကင်းလိုပါက ဆေးပတ်လည်အောင်သောက်/ထိုးပါ။

ရက်အနည်းငယ်အတွင်း သက်သာလာသည်ဟု ခံစားရလဲ ဆေးကို ဆက်သောက်/ထိုးသင့်ပါသည်။

grepiflox (levofloxacin) ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

အများအားဖြင့် Grepiflox ကို ဆေးဝါးကျွမ်းကျင် ပညာရှင်များက သိမ်းထားလေ့ရှိပါသည်။

သင့်အိမ်တွင် အသုံးပြုမည်ဆိုပါက ဆေးဝါးကျွမ်းကျင် ပညာရှင် ၏ ညွှန်ကြားချက်အတိုင်း သိမ်းဆည်းပါ။

လုံခြုံစိတ်ချရဖို့အတွက် Grepiflox ကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Grepiflox (ဂရပ်ပီဖလော့စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • Grepiflox ကိုမထိုးခင် အောက်ပါအချက်များရှိပါက ဆရာဝန်ကိုပြောပါ။ grepiflox တွင်ပါဝင်သော ပစ္စည်းများ အခြား quinolone အုပ်စု ပိုးသတ်ဆေးများ (ဥပမာ – ciprofloxacin) နှင့်ဓါတ်မတည့်ခြင်း
  • ကိုယ်ဝန်ဆောင် ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသူ နို့တိုက်မိခင်
  • ဆရာဝန်ညွှန်းထားသော သို့ မညွှန်းထားသော ဆေးများ တိုင်းရင်းဆေးများ ဖြည့်စွက်အားဆေးများ သောက်နေခြင်း
  • ဆေးများ အစားအစာများ နှင့် အခြားပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း

အောက်ပါတို့သည်လဲ သင်ဘေးကင်းစေရေးအတွက် သတိပြုသင့်သည့် အရေးကြီးသော အချက်များဖြစ်ပါသည်

  • Grepiflox သည် ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်းများကို ဖြစ်စေနိုင်ပြီး အရက် သို့ အခြားဆေးများ သောက်ထားပါက ပိုဆိုးနိုင်ပါသည်။

    Grepiflox ကိုသတိထား၍ သုံးပါ။

    သင်နှင့် ဆိုးကျိုးရှိမရှိ မသေချာသေးခင် ကားမောင်းခြင်းနှင့် အခြားအန္တရာယ် ဖြစ်စေနိုင်သည့် အလုပ်မျိုးကိုရှောင်ပါ။

  • အပျော့စားဝမ်းသွားခြင်း ဖြစ်တတ်ပါသည်။

ပြင်းထန်သောဝမ်းသွားခြင်း (pseudomembranous colitis) က ဖြစ်ခဲပါသည်။

သင်ဆေးထိုးနေတုန်း ဖြစ်နိုင်သလို ဆေးရပ်ပြီးလပေါင်းများစွာ ကြာမှလဲဖြစ်နိုင်ပါသည်။

ဗိုက်နာခြင်း၊ ကြွက်သားများနာခြင်း၊ ဝမ်းသွားခြင်း၊ ဝမ်းထဲတွင်သွေးပါခြင်းများဖြစ်ပါက ဆရာဝန်နှင့်ပြပါ။

ဆရာဝန်နှင့် မတိုင်ပင်ပဲ ဝမ်းသွားခြင်းကိုမကုပါနှင့်။

  • Grepiflox အသုံးပြုသူများတွင် လက်မောင်း၊ လက်ချောင်းများ

    ခြေထောက်နှင့် ခြေဖဝါးတို့တွင် နာ့ဗ်ကြော ပြဿနာများရှိနိုင်ပါသည်။

    ဆေးစထိုးချင်းမှာလ ဲဖြစ်နိုင်သလို အမြဲလဲဖြစ်သွားနိုင်ပါသည်။

    ထိုနာ့ဗ်ကြော ပြဿနာများ (ဥပမာ – အပူ အအေးများမကိုင်နိုင်ဖြစ်ခြင်း၊ ထိမှန်းသိမှု လျော့လာခြင်း၊ ပုံမှန်မဟုတ်ပဲပူခြင်း၊ လက်မောင်း လက်ချောင်းများ

    ခြေထောက်နှင့် ခြေဖဝါးတို့ ထုံကျဉ်ခြင်း နာခြင်း အားနည်းလာခြင်း) ရှိပါက ဆရာဝန်နှင့်ပြပါ။

  • Grepiflox သည် ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းများကိုသာ ကုနိုင်ပြီး ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းများ (ဥပမာ – အအေးမိခြင်း) ကိုမကု နိုင်ပါ။
  • Grepiflox က ိုဆေးပတ်လည်အောင ်ထိုးပါ။

    မဟုတ်ပါက ရောဂါပိုးဝင်ရောက်ခြင်းကို အရှင်းပျောက်ကင်းစေနိုင်မည် မဟုတ်ပဲ ရောဂါပိုးက ဆေးယဉ်ပါးလာပြီး နောင်တွင်ကုသဖို့ပို ခက်ပါလိမ့်မည်။

  • Grepiflox ကို အကြာကြီးသို့ မကြာခဏသုံးပါက အခြား ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်နိုင်ပါသည်။

    ထိုလက္ခဏာများရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

    ဆေးပြောင်းပေးရန် လိုအပ်နိုင်ပါသည်။

  • အရိုးအဆစ်များနာခြင်း၊ ယောင်ခြင်း၊ အားနည်းခြင်းတို့ ခံစားရပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

    ဆရာဝန်ညွှန်ကြားချက် မရမချင်း ထိုနေရာများကို အနားပေးပြီး လေ့ကျင့်ခန်းများကိုရှောင်ပါ။

  • Grepiflox ကနေလောင်ခြင်းကို ပိုဖြစ်စေပါသည်။

    ထို့ကြောင့် အသားညိုအောင် နေလောင်ခံခြင်းများ (sunlamps or tanning booths) ကိုရှောင်ပါ။

    နေပူထဲ ထွက်ချိန်များကိုလျော့ပါ။

    နေပူထဲထွက်လျှင် နေရောင်ကာ လိမ်းဆေးများလိမ်းပြီး နေရာင်ကာကွယ်သောအဝတ်များဝတ်ပါ။

  • ပိုးအရှင်ပါသော ကာကွယ်ဆေးများ (ဥပမာ – တိုက်ဖိုက်) မထိုးပါနှင့်။

    ကာကွယ်ဆေးထိုးမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

  • ဆီးချိုရောဂါရှိသူများ

    Grepiflox သည်သွေးတွင်း သကြားဓါတ်ကို သက်ရောက်မှုရှိနိုင် သောကြောင့် သွေးတွင်းသကြားဓါတ်ကို အမြဲစစ်ဆေးသင့်ပါသည်။

  • ဆီးချိုဆေးပမာဏကို ပြောင်းမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

  • Grepiflox သည် ဓါတ်ခွဲခန်းအဖြေများပေါ်တွင် သက်ရောက်မှုရှိနိုင်သောကြောင့် သင် Grepflox ထိုးနေကြောင်း ဆရာဝန်နှင့် ဓါတ်ခွဲခန်းကျွမ်းကျင်သူတို့အား ပြောပြထားပါ။
  • Grepiflox ထိုးနေစဉ် သင်၏ ကျန်းမာရေးအခြေအနေနှင့် ဆေး၏ ဘေးထွက်ဆိုးကျိုးများ ရှိမရှိကို သိရန် အသည်းနှင့် ကျောက်ကပ် လုပ်ငန်းဆောင်တာများနှင့် သွေးဆဲလ်များ ပမာဏတို့ကို စစ်ကြည့်နိုင်ပါသည်။
  • အသက်ကြီးသူများတွင် သက်ရောက်မှု ပိုများနိုင်ကြောင်း ဂရုပြုပါ။

    အထူးသဖြင့် အရွတ်များထိခိုက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အသည်းထိခိုက်ခြင်း

  • ကလေးများနှင့် အသက်၁၈နှစ်အောက်များတွင် ဆေးအာနိသင ်သက်ရောက်မ ှုပိုများနိုင်သောကြောင့် (အထူးသဖြင့် အဆစ်၊ အရွတ်များထိခိုက်ခြင်း) အထူးဂရုပြု၍ သုံးသင့်ပါသည်။
  • ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာသောက်ဖို့ စိတ်ချရရဲ့လား။

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမထိုးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စ ုအစားအသောက်နဲ့

    ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟ ုသတ်မှတ်ထားသည်။)

    အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
    • N=အခြေအနေကိုမသိရသေးပါ။

    နို့တိုက်ခြင်း : နို့ရည်တွင် ဆေးပါဝင်နိုင်သောကြောင့် နို့တိုက်မိခင်များတွင် မပေးသင့်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Grepiflox (ဂရပ်ပီဖလော့စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    အောက်ပါအဖြစ်များသောဘေးထွက်ဆိုးကျိုးများ ခံစားရပြီးပိုဆိုးလာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

    • ဝမ်းချုပ်ခြင်း
    • ဝမ်းသွားခြင်း
    • မူးဝေခြင်း
    • လေထိုးခြင်း
    • ခေါင်းကိုက်ခြင်း
    • ပျို့ခြင်း
    • အိပ်ရခက်ခဲခြင်း

    အောက်ပါပြင်းထန်သော ဘေးထွက်ဆိုးကျိုးများခံစားရပါက ချက်ချင်းကုသမှုခံယူပါ။

    • ပြင်းထန်သောဓါတ်မတည့်မှုများ (အဖုအပိမ့်များ၊ အင်ပြင်များ ထွက်ခြင်း၊ ယားခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ရင်ဘတ်နှင့်လည်ပင်းတွင် တင်းကျပ်နေခြင်း၊ ပါးစပ၊် မျက်နှာ၊ နှုတ်ခမ်း၊ လျှာတို့ဖောင်းလာ ယောင်လာခြင်း

      အသံပြောင်းလာခြင်း)

    • ဝမ်းသွားလျှင်သွေးပါခြင်း၊ ဝမ်းမဲမဲသွားခြင်း
    • ရင်ဘတ်အောင့်ခြင်း
    • ဆီးနည်းခြင်း၊ ဆီးသွားလျှင်နာခြင်း
    • မေ့လဲခြင်း
    • နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း
    • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာမပျောက်ခြင်း
    • ပုံမှန်မဟုတ်သော ချောင်းဆိုးခြင်း
    • အာရုံခြောက်ခြားခြင်း
    • အဆစ်နေရာများတွင် မလှုပ်နိုင်ခြင်း၊ ကိုယ်အလေးချိန်ကို မခံနိုင်ခြင်း
    • အလယ်အလတ်မှ၊ ပြင်းထန်စွာနေလောင်ခြင်း
    • စိတ်အခြေအနေများ ပြောင်းလဲခြင်း (စိတ်ပူပန်ခြင်း၊

    စိတ်ယောက်ယက်ခတ်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း၊ စိတ်ကျခြင်း

    ဂဏာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း)

    • ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း
    • အိပ်မက်ဆိုးများမက်ခြင်း
    • အဆစ်၊ အရွတ်နေရာများတွင် နာခြင်း၊ ပူခြင်း၊ နီခြင်း၊ အားနည်းခြင်း၊ ယောင်ခြင်း၊ သွေးခြေဥခြင်း
    • အရေပြားများ နီခြင်း၊ ယောင်ခြင်း၊ အရည်ကြည်ဖုများဖြစ်ခြင်း၊ ကွာခြင်း
    • တက်ခြင်း
    • ပြင်းထန်စွာ ကြာရှည်ဝမ်းသွားခြင်း
    • ပြင်းထန်စွာနှင့် ကြာရှည်စွာ ခေါင်းမူး၊ ခေါင်းကိုက် အားနည်း ပင်ပန်းခြင်း
    • ပြင်းထန်စွာနှင့် ကြာရှည်စွာ ဗိုက်နာခြင်း၊ ကြွက်သားများနာခြင်း
    • အသက်ရှုမြန်ခြင်း၊ အသက်ရှုရခက်ခဲခြင်း
    • သွေးတွင်းသကြားဓါတ် တက်ခြင်း၊ ကျခြင်း

      (ဥပမာ – မူးခြင်း၊ မေ့လဲခြင်း၊ အသက်ရှုမြန်ခြင်း၊ ခဏခဏ ရေဆာ၊ ဗိုက်ဆာ၊ ဆီးသွားခြင်း၊ ချွေးထွက်များခြင်း၊ အမြင်ဝါးခြင်း)

    • အသည်းထိခိုက်သည့် လက္ခဏာများ

      (ဥပမာ – ဆီးမဲမဲသွားခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ ဗိုက်နာခြင်း၊ ပုံမှန်မဟုတ်သော ပျို့ခြင်းအန်ခြင်း၊

      အသား မျက်လုံးများဝါခြင်း)

    • ခြေလက်များတုန်ခြင်း
    • ပုံမှန်မဟုတ်သော သွေးခြေဥခြင်း၊ သွေထွက်ခြင်း
    • မိန်းမကိုယ်မှ အရည်များဆင်းခြင်း၊ ယားခြင်း၊ အနံ့နံခြင်း
    • အမြင်ဝါးခြင်း
    • အသက်ရှုလျှင် အသံမြည်ခြင်း

    (ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Grepiflox (ဂရပ်ပီဖလော့စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Grepiflox ဟာ သင်အခ ုလောလောဆယ်သောက်သုံးနေတဲ့ တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။

    အောက်ပါဆေးများသည် သင်သောက်နေသောဆေးများနှင့် ဓါတ်ပြုမှုဖြစ်နိုင်ပါသည်။

    • နှလုံးခုန်မမှန်ခြင်းတွင် သုံးသည့် ဆေးများ

    (e.g., amiodarone, dofetilide, procainamide, quinidine, sotalol), arsenic, asenapine, bepridil, chloroquine, cisapride, citalopram, clozapine, crizotinib, dolasetron, droperidol, halofantrine, haloperidol, iloperidone, imidazoles (e.g., fluconazole, ketoconazole), macrolides (e.g., erythromycin), maprotiline, methadone, nilotinib, ondansetron, paliperidone, pentamidine, phenothiazines (e.g., chlorpromazine), pimozide, quetiapine, romidepsin, tacrolimus, telithromycin, tetrabenazine, toremifene, tricyclic antidepressants (e.g., nortriptyline), tyrosine kinase inhibitors (e.g., sunitinib), vandetanib, or ziprasidone

    နှလုံးခုန်မမှန်ခြင်း စသည့် နှလုံးရောဂါများ ပိုဆိုးလာနိုင်သောကြောင့်ဖြစ်သည်။

    • အင်ဆူလင်နှင့် အခြား ဆီးချိုရောဂါဆေးများ

    သွေးတွင်း သကြားဓါတ် ကို ပြောင်းလဲစေနိုင်သည်။

    • Corticosteroids (e.g., prednisone)

    အရွတ်များ ပိုမိုထိခိုက်စေနိုင်သည်။

  • သွေးကျဲဆေးများ (e.g., warfarin)
  • သွေးထွက်နိုင်ချေ ပိုများစေသည်။

    • Nonsteroidal anti-inflammatory drugs (NSAIDs) အယောင်ကျဆေးများ(e.g., ibuprofen)

    တက်ခြင်း စသည့် ဘေးထွက်ဆိုးကျိုး ပိုများနိုင်သောကြောင့်ဖြစ်သည်။

    အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက grepiflox (levofloxacin) နဲ့ ဓါတ်ပြုနိုင်ပါသလား။

    grepiflox (levofloxacin) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်လိုကျန်းမာရေးအခြေအနေတွေက grepiflox (levofloxacin)

    နဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

    grepiflox (levofloxacin) ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေက ိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတေ ွဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။

    အထူးသဖြင့်သင့်မှာ

    • ပြင်းထန်စွာ ကြာရှည်ဝမ်းသွားခြင်း
    • နေရောင်နှင့်မတည့်ခြင်း
    • ဆီးချိုရောဂါ
    • သွေးတွင်းသကြားဓါတ် များခြင်း
    • သွေးတွင်းသကြားဓါတ် နည်းခြင်း
    • သွေတွင်း ပိုတက်စီယမ် ဓါတ်နည်းခြင်း
    • ရင်ဘတ်အောင့်ခြင်း
    • နှလုံးအောင့်ခြင်း
    • နှလုံးရောဂါများ (ဥပမာ – နှလုံးကြီးခြင်း၊ နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း)
    • အစာအိမ်တွင်ရောဂါပိုး ဝင်ဖူးခြင်း
    • ဦးနှောက်အာရုံကြော ရောဂါများရှိခြင်း
    • Myasthenia Gravis (ကြွက်သားများအားနည်းသည့် ရောဂါ)
    • ဦးနှောက်တွင်ဖိအားများနေခြင်း
    • ဦးနှောက်သွေးကြော ရောဂါများ
    • တက်ဖူးခြင်း
    • အရိုး အဆစ် ရောဂါများရှိခြင်း
    • အဆစ်ရောင်ရောဂါ
    • အသည်းရောဂါများ
    • ကျောက်ကပ်ရောဂါများ
    • နာ့ဗ်ကြော ပြဿနာများ
    • နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ အစားထိုးထားခြင်း
    • အချို့နှလုံးခုန်မမှန်သည့် အခြေအနေများ

      (QT prolongation, long QT syndrome) ရှိလျှင်

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Grepiflox (ဂရပ်ပီဖလော့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူထုထဲတွင်ဖြစ်ပွားသော နမိုးနီးယား အဆုတ်ယောင်ရောဂါ

    သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက်မှ ၁၄ ရက် (သို့) 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၅ရက်

    ဆေးရုံများတွင်ဖြစ်ပွားသော နမိုးနီးယား အဆုတ်ယောင်ရောဂါ သတ်မှတ်ထားသော ဆေးပမာဏ – 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက်မှ ၁၄ ရက်

    ဘက်တီးရီးယားကြောင့် နှခေါင်းဘေးရှိ အိပ်ကလေးများယောင်ခြင်း

    သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၁၀ ရက်မှ ၁၄ ရက် (သို့) 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၅ရက်

    ဘက်တီးရီးယားကြောင့် နာတာရှည် ရင်ကြပ်ရောဂါပိုဆိုးလာခြင်း

    သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက်နှင့်အထက်

    ထောင့်သန်းရောဂါ – ရောဂါပိုးနှင့် ထိတွေ့ပြီးချိန် ကုသမှု

    သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး ၁နေ့ ၁ခါ၊ ရက် ၆၀

    ရောဂါပိုးနှင့် ထိတွေ့ပြီးလျှင် တတ်နိုင်သမျှ မြန်မြန်သောက်ပါ။

    အရေပြားနှင့် ချုပ်ရိုးများပိုးဝင်ခြင်း

    မပြင်းထန် : သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက်မှ ၁၀ ရက်

    ပြင်းထန် : သတ်မှတ်ထားသော ဆေးပမာဏ – 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက် မှ ၁၄ ရက်

    ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော နာတာရှည် ဆီးကျိတ်ယောင်ရောဂါ

    သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၂၈ရက်

    ပြင်းထန်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ကျောက်ကပ်ယောင်ခြင်း

    သတ်မှတ်ထားသော ဆေးပမာဏ – 250mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၁၀ရက် (သို့) 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၅ရက်

    မပြင်းထန်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်း

    သတ်မှတ်ထားသော ဆေးပမာဏ – 250mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၃ရက်

    ပလိပ်ဂ် ရောဂါ

    လူကြီးများနှင့် ၆ လ အထက် ကလေးများတွင် Yersinia pestis ကြောင့်ဖြစ်သော ပလိပ်ဂ်ရောဂါများ (pneumonic and septicemic plague) အပါအဝင် ပလိပ်ဂ် ရောဂါများ ကုသရန်နှင့် ကာကွယ်ရန်သုံးပါသည်။

    သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၁၀ရက် မှ ၁၄ရက်

    ဝက်ခြံကြီးများ

    သတ်မှတ်ထားသော ဆေးပမာဏ – 100mg သောက်ဆေး ၁နေ့ ၄ခါ (၈နာရီခြား)၊ ၄ပတ်

    ဝှေးစေ့ အညှာယောင်ခြင်း

    သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး ၁နေ့ ၁ခါ၊ ၁၀ရက်

    ကလေးငယ်တွေမှာ grepiflox (levofloxacin) ကိုသောက်သုံးရမယ့်အချိုးအစားကဘယ်လောက်လဲ။

    ထောင့်သန်းရောဂါ – ရောဂါပိုးနှင့် ထိတွေ့ပြီးချိန် ကုသမှု

    ၆လ/ ၆လအထက် နှင့် 50kg အောက် : သတ်မှတ်ထားသော ဆေးပမာဏ – 8mg/kg ဖြင့် သောက်ဆေး ၁နေ့ ၂ခါ (၁၂ နာရီခြား)၊ ရက် ၆၀

    ရောဂါပိုးနှင့် ထိတွေ့ပြီးလျှင် တတ်နိုင်သမျှ မြန်မြန်သောက်ပါ။

    ၁ ခါ သောက် 250mg ထက်မပိုရ။

    ၆လ/ ၆လအထက် နှင့် 50kg အထက် : သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး ၁နေ့ ၁ခါ၊ ရက် ၆၀

    ရောဂါပိုးနှင့် ထိတွေ့ပြီးလျှင် တတ်နိုင်သမျှ မြန်မြန်သောက်ပါ။

    ပလိပ်ဂ် ရောဂါ

    လူကြီးများနှင့် ၆ လ အထက် ကလေးများတွင် Yersinia pestis ကြောင့်ဖြစ်သော ပလိပ်ဂ်ရောဂါများ (pneumonic and septicemic plague) အပါအဝင် ပလိပ်ဂ် ရောဂါများ ကုသရန်နှင့် ကာကွယ်ရန်သုံးပါသည်။

    ၆လ/ ၆လအထက် နှင့် 50kg အောက် : သတ်မှတ်ထားသော ဆေးပမာဏ – 8mg/kg ဖြင့် သောက်ဆေး/အကြောဆေး ၁နေ့ ၂ခါ (၁၂ နာရီခြား)၊ ၁၀ရက် မှ ၁၄ရက်

    ၁ ခါ သောက် 250mg ထက်မပိုရ။

    50kg အထက် : သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၁၀ရက် မှ ၁၄ရက်

    ဘက်တီးရီးယားကြောင့် နှာခေါင်း နှင့် နှာခေါင်းဘေးရှိ အိပ်ကလေးများယောင်ခြင်း

    သတ်မှတ်ထားသော ဆေးပမာဏ – 10 – 20mg/kg ဖြင့် သောက်ဆေး ၁နေ့ ၁ခါ (သို့) ၂ခါ (၁၂ နာရီခြား)

    လူထုထဲတွင်ဖြစ်ပွားသော နမိုးနီးယား အဆုတ်ယောင်ရောဂါ (Off-label)

    S နမိုးနီးယား

    • ၆လ မှ ၅နှစ် : သတ်မှတ်ထားသော ဆေးပမာဏ – 16-20mg/kg ဖြင့် သောက်ဆေး ၁နေ့ ၁ခါ၊ ၁၀ရက်
    • ၅နှစ် မှ ၁၆နှစ် : သတ်မှတ်ထားသော ဆေးပမာဏ – 8-10mg/kg ဖြင့် သောက်ဆေး ၁နေ့ ၁ခါ၊ ၁၀ရက်

    ၁ ရက် 750mg ထက်မပိုရ။

    M နမိုးနီးယား၊ C မျက်ခမ်းစပ်ရောဂါ၊ C နမိုးနီးယား

    • အရိုးများရင့်ကျက်သော ဆယ်ကျော်သက်အရွယ် : သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး ၁နေ့ ၁ခါ၊ ၁၀ရက်

    ၁ ရက် 750mg ထက်မပိုရ။

    grepiflox (levofloxacin) ကိုဘယ်လိုပုံစံမျိုးတွေနဲ့ရရှိနိုင်မလဲ။

    grepiflox (levofloxacin)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံ၊ ပမာဏများနှင့် ရရှိနိုင်ပါတယ်။

    • Levofloxacin အကြောသွင်းဆေးရည် 500mg/100ml

    အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်/ထိုးဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Grepiflox ကိုသောက်/ထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရ ရခြင်း သောက်/ထိုးပါ။ အကယ်၍ နောက်တစ်ကြိမ် သောက်/ထိုးရမည့်အချိန်နှင့် ကပ်နေပြီဆိုပါက လွတ်သွားသော အကြိမ်ကို မသောက်/မထိုးပါနှင့်တော့။ ပုံမှန် အကြိမ်များအတိုင်းသာ ဆက်သောက်/ထိုးပါ။ နှစ်ကြိမ်စာ တစ်ခါထဲ မသောက်/မထိုးပါနှင့်။ တစ်နေ့ တစ်ခါထပ်ပို မသောက်/မထိုး ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement