Generic Name: Glycerin (ဂလိုင်စရင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Glycerin (ဂလိုင်စရင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

glycerin ကသဘာဝအတိုင်း ဖြစ်ပေါ်တဲ့ ဓာတုပစ္စည်း ဖြစ်ပါတယ်။ ဆေးဝါးအဖြစ်လည်း အသုံးပြုပါတယ်။တချို့ အသုံးပြုမှုနှင့်သောက်သုံးသောပုံစံများကို အမေရိကန်အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှု (FDA) ကအတည်ပြုထားပါတယ်။ glycerin ကဝမ်းလျှောခြင်းနှင့်အန်စဉ်အတွင်း ခန္ဓာကိုယ်က ပျောက်ဆုံးသွားတဲ့ ရေကို အစားထိုးရန်ကူညီပေးပါတယ်။လေ့ကျင့်ခန်းစွမ်းဆောင်ရည်ကိုတိုးတက်အောင်,နှင့် ကိုယ် အလေးချိန်နှင့် ကျဆင်းမှုများအတွက် သောက်သုံးပါတယ်။ရေတိမ်ဖြစ်တဲ့ လူတွေအတွက် မျက်စိအတွင်းပိုင်းဖိအားကိုလျှော့ချဖို့ သုံးပါတယ်။အားကစားသမားများ လည်းရေဓာတ် ခန်းခြောက်မှု ဖြစ်လာခြင်းကနေကာကွယ်ဖို့ glycerin ကိုအသုံးပြုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေက တစ်ခါတစ်ရံတွင်လေဖြတ်ခြင်း, နှောက်အမြှေးရောင်ခြင်း,  encephalitis, Reye  syndrome ရောဂါ, pseudotumor cerebri, ဗဟိုဦးနှောက်အာရုံကြောစနစ် (CNS) ထိခိုက်မှု , နှင့် CNS ကင်ဆာအပါအဝင်အမျိုးမျိုးသောအခြေအနေများအတွက်ဦးနှောက်အတွင်းမှဖိအားကိုလျှော့ချဖို့ (IV )သွေးကြောသွင်း glycerin သွင်းကြလေ့ရျိပါတယ်။neurosurgical probl တွေအတွက် ဦးနှောက်အလေးချိန် ကိုလျှော့ချဖို့, နှင့် မတ်တပ်ရပ်စဉ် ဦးနောက်တွင်း သွေးစီးမှူနည်းပါးပြီး သတိလစ်ခြင်းများကို ကုသသည်။ အချို့လူများက moisturizer အဖြစ် glycerin ကို အသုံးပြုပါသည်။ မျက်စိဆရာဝန်များကတခါတရံ မျက်စိစစ်ဆေးမှုမလုပ်ခင် မျက်ကြည်လွှာထဲမှာအရည်ကိုလျှော့ချဖို့မျက်စိထဲကို  glycerin ပါဝင်သောမျက်စဉ်းဆေးခတ်ပါတယ်။

Glycerin (ဂလိုင်စရင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Topical တချို့ထုတ်ကုန်များကို အသုံးမပြုခင် ကောင်းစွာ လှုပ်ပေးဖို့ လိုအပ်ပါတယ်။ အသုံးမပြုခင်ပုလင်းကိုလှုပ်ဖို့ လိုမလို တံဆိပ်စစ်ဆေးပါ။ တံဆိပ်ပေါ်တွင်သို့မဟုတ်သင့်ဆရာဝန်ကညွှန်ကြားသည့်အတိုင်း ရောဂါဖြစ်တဲ့ အရေပြားနေရာတွေကို လိမ်းပါ။ဘယ်နှကြိမ် လိမ်းရမယ်ဆိုတာက ထုတ်ကုန်နှင့်သင့်အသားအရေအခြေအနေပေါ်မူတည်ပါလိမ့်မယ်။ သွေ့ခြောက်သောလက်ကို ကုသဖို့ တစ်နေ့တာလုံး လက်ကိုဆေးကြောအခါတိုင်းသုံးစွဲဖို့ လိုအပ်ပါတယ်။

အနှီးလောင်တာအတွက်  glycerin သုံးတယ်ဆိုရင်, အသုံးမပြုမီ ထိုအနှီးဝတ်တဲ့နေရာကို ကောင်းစွာသန့်စင်ပြီး ခြောက်မှ လိမ်းပါ။

ဓါတ်ရောင်ခြည်ကုသမှု ကြောင့် အသားအရေလောင်ဒဏ်ရာလိုမျိုးအတွက် glycerin အသုံးပြုနေသည်ဆိုပါက, သင့်အမှတ်တံဆိပ်က ဓါတ်ရောင်ခြည်ကုထုံးနှင့် တည့်မတည့် ကြိုတင်စစ်ဆေးပါ။

Suppositories:  glycerin ကိုစအိုတွင်းထည့်နည်း အသုံးမပြုမီနှင့် သုံးပြီးပြီးနောက်သင်၏လက်ကို ဆေးကြောပါ။

အဆိုပါ suppository နည်း သုံးစွဲဖို့ အလွန်ပျော့ နေတယ်ဆိုရင် 15 မိနစ်ခန့် ရေခဲသေတ္တာထဲမှာထည့်တာ ဒါမှမဟုတ် ရေအေးနဲ့လောင်းတာ လုပ်နိုင်ပါတယ်။ ထို့နောက်  wrapper ကိုဖယ်ရှားပြီး ရေအေးစွတ်ပါ။သင့်ဘက်မှာ သင်ထိုင်ပြီး suppositoryရဲ့ ချွန်တဲ့ဘက်ကို ထည့်ပါ။အထဲထိဝင်ရန် သင့်လက်ချောင်းကိုအသုံးပြုပါ။

တကယ်လို့ သင် suppository ဆေး dose တစ်ချိန်လွှတ်သွားရင် တတ်နိုင်သမျှအမြန်ဆုံးသုံးစွဲပါ။သို့သော် သင်နောက်ဆေးတစ်ချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွှတ်သွားတဲ့ ဆေးကိုကျော်ပစ်ပြီး မူလအတိုင်း သုံးပါ။ဆရာဝန် ညွှန်ကြားတာမရှိရင် တစ်နေ့တည်း နှစ်ခါ သုံးတာမျိုး မလုပ်ပါနှင့်

Glycerin (ဂလိုင်စရင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Glycerin  ကို အကောင်းဆုံးထိန်သိမ်းနည်းကတော့ တိုက်ရိုက်အလင်းနှင့်အစိုဓာတ်ထိတွေ့မှု မရှိပဲ အခန်းအပူချိန်မှာသိမ်းဆည်းထားခြင်းဖြစ်သည်။ ဆေးထိခိုက်ပျက်စီးမှုမှကာကွယ်ရန်, သင့်ရေချိုးခန်းသို့မဟုတ်ရေခဲသေတ္တာထဲမှာ Glycerin  ကို သိုလှောင်ထားတာမျိုး မလုပ်သင့်ပါ။ကွဲပြားခြားနားသောသိုလှောင်မှုလိုအပ်ချက်ရှိတဲ့ အခြား  Glycerin အမှတ်တံဆိပ်ရှိကောင်းရှိနိုင်ပါတယ်။ဒါ့ကြောင့်အထုပ်မှာပါတဲ့ အညွှန်းကိုကြည့်ဖို့နဲ့ သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား မေးရန်အရေးကြီးပါသည်။ ဘေးကင်းလုံခြုံမှုရှိစေရန် သင့်ကလေးများနှင့်အိမ်မွေးတိရစ္ဆာန်များနှင့်ဝေးရာမှာထားရှိပါ။

လုပ်ဖို့မညွှန်ကြားထားလျှင် Glycerin  ကိုအိမ်သာ သို့မဟုတ် ပိုက်ထဲ စွန့်ပစ်တာမျိုး မလုပ်သင့်ပါ။ဒိတ်ကုန်ဆုံးခြင်း သို့မဟုတ်မလိုအပ်သည့်အခါဒီထုတ်ကုန်ကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Glycerin (ဂလိုင်စရင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဒီဆေးကိုမသုံးမီ အောက်ပါ ရောဂါတွေရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

– သင့်မှာ glycerin နှင့် ဓာတ်မတည့်မှုဖြစ်ရင်

– သင့်အစာခြေစနစ်အတွင်း ပိတ်ဆို့မှုရှိရင်

– သင့်မှာ ဝမ်းဗိုက်နာကျင်မှု ဖြစ်ရင် ပြောပြသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Glycerin (ဂလိုင်စရင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်နှင့် နို့တိုက်ကျွေးနေစဉ်အတွင်း ဒီဆေးအသုံးပြု ခြင်းရဲ့ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး လုံလောက်သောအချက်အလက်မရှိပါ။ Glycerin  ကို အသုံးမပြုမီအကျိုးကျေးဇူးများနှင့်အန္တရာယ်များကိုချိန်တွယ်နိုင်ရန်သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

။FDA အရ ဆေးရဲ့ ကိုယ်ဝန်ဆောက်အန္တရာယ်ဖြစ်နိုင်မှုပမာဏမှာ  C  အဆင့်ဖြစ်ပါတယ်။

FDA ရဲ့ ကိုယ်ဝန်ဆောင်များ ဘေးဖြစ်နိုင်ခြေ အမျိုးအစားခွဲခြားခြင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

A = အန္တရယ်မရှိပါ

B = အချို့လေ့လာချက်တွေအရ အန္တရယ်မရှိပါ

C = အန္တရယ် အနည်းငယ် ရှိနိုင်ပါတယ်

D = အန္တရယ်ရှိနိုင်ပါတယ်

X = လုံဝမသုံးသင့်ပါ

N = ရှင်းရှင်းလင်းလင်းမသိပါ။

ဘေးထွက်ဆိုးကျိုးများ

Glycerin (ဂလိုင်စရင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါ ဘေးထွက်ဆိုးကျိုးတို့ပါဝင်ပါတယ်။:

သောက်ဆေး : ခေါင်းကိုက်ခြင်း, ပျို့, အန်ခြင်း , ဝမ်းလျှောခြင်း , ရေငတ်ခြင်း, မူးဝေခြင်း, စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုများ, ပြင်းထန်သောရေဓါတ်ခန်းခြောက်မှု

သွေးကြောသွင်းဆေး (Intravenous): Haemolysis, haemoglobinuria နှင့်ကျောက်ကပ်ပျက်စီးမှု ။ယားယံခြင်းများ ဥပမာ, စအိုလမ်းကြောင်း ယားယံခြင်း နှင့်စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

သေစေနိုင်သော လက္ခဏာများ : နှလုံးခုန် ပုံမမှန်ခြင်း, သွေးလည်ပတ်မှု များခြင်း , အဆုတ်ဖောရောင်ခြင်း နှင့် CHF ။

လူတိုင်း ဤဘေးထွက်ဆိုးကျိုးကို တွေ့ကြုံရတာမဟုတ်ပါ။အထက်စာရင်းမှာမပါတဲ့ အချို့ဘေးထွက်ဆိုးကျိုးတွေရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ ဒီဆိုးကျိုးတွေနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Glycerin (ဂလိုင်စရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Glycerin  က သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်ရင် သင့်ဆေးအလုပ်လုပ်ပုံပြောင်းလဲတာ  ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အရာတွေ ရှောင်ရှားရန်, သင် သုံးစွဲနေတဲ့ ဆေးစာရင်း (ဆရာဝန်ညွှန်ကြားတဲ့ဆေး, မညွှန်ကြားထားတဲ့ဆေး တွေနှင့်ဆေးဖက်ဝင်အပင်ထုတ်ကုန်အပါအဝင်) ကို သင့်ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်သူတို့အားပြောပြထားသင့်ပါတယ်။သင့်ရဲ့ဘေးကင်းလုံခြုံရေးအတွက် သင့်ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ မည့်သည့်ဆေးကိုမျှ စသောက်ခြင်း, ရပ်ခြင်း , နဲ့ပြောင်းလဲခြင်းတွေ မလုပ်သင့်ပါ။အောက်ပါဆေးတွေဖြစ်ပါတယ်။

arsenic trioxide, Licorice ။

အစားအသောက်တွေနဲ့ အရက်က Glycerin (ဂလိုင်စရင်း) နဲ့ ဓာတ်ပြုနိုင်သလား

Glycerin  က အစားအစာသို့မဟုတ်အရက်နှင့်အပြန်အလှန် ဓာတ်ပြုခြင်း ဖြင့် လုပ်ဆောင်ပုံပြောင်းလဲရုံမက ဘေးထွက်ဆိုးကျိုးများရဲ့ အန္တရာယ်ကို တိုးမြှင့်စေနိုင်ပါတယ်။ဒီဆေးမသုံးမီသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် အစားအစာသို့မဟုတ်အရက် အကျိုးဆက်တွေ ကိုဆွေးနွေးပေးပါ။

ဘယ်ရောဂါအခြေအနေတွေက Glycerin (ဂလိုင်စရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Glycerin  က သင်၏ကျန်းမာရေးအခြေအနေနဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ဒါဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေပိုမိုဆိုးဝါးလာစေတာ ဒါမှမဟုတ် ဆေးအလုပ်လုပ်ပုံပြောင်းလဲစေနိုင်ပါတယ်။သင့်ကျန်းမာရေး ပြသနာများ ဥပမာ

– type 2 ဆီးချိုရောဂါ-glycerin  အသုံးပြုမှု က ရေဓါတ်ခန်းခြောက် မှုဖြစ်စေတဲ့ အခွင့်အရေးကိုတိုးမြှင့်စေနိုင်ပါတယ်။

-စိတ်ပိုင်းဆိုင်ရာ ပြသနာများ

– နှလုံးရောဂါ,

– ကျောက်ကပ်ရောဂါ-glycerine က ဒီအခြေအနေများကို ပိုမိုဆိုးရွားစေပါလိမ့်မယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Glycerin (ဂလိုင်စရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရေတိမ်မှာ လူကြီးအတွက်တွဲဖက်ဆေးပေးနိုင်ပါတယ်။: အစပိုင်းမှာ  1-1.8 g/kg  50% solution ကိုသောက်ဆေး အဖြစ်ပေးနိုင်ပါတယ်။ မျက်စိခွဲစိတ်မှု မလုပ်မီနှင့် လုပ်ပြီးအတွက် မျက်စိအတွင်းပိုင်း  ဖိအားက လတ်တလော လျော့ချဖို့အတွက် သုံးပါတယ်။

ဝမ်းချုပ်ခြင်း – အရွယ်ရောက်ပြီးသူအတွက် 2250 mg ကို suppository အဖြစ် ပေးနိုင်ပါတယ်။

ကလေးတွေအတွက် Glycerin (ဂလိုင်စရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝမ်းချုပ်ခြင်း – ကလေးအတွက်  1375 မီလီဂရမ်ကို  suppository အဖြစ် ပေးနိုင်ပါတယ်။

Glycerin (ဂလိုင်စရင်း) ကိုဘယ်လိုရရှိနိုင်သလဲ

glycerin ကို အောက်ပါသောက်သုံးသောပုံစံများနှင့်အားသာချက်များအတွက်ရရှိနိုင်ပါတယ်။

မျက်စဉ်းဆေး : Solution : 1%

Supporitories( စအိုတွင်း ထည့်ဆေး)  : အရည်: 5.6g / 5.5 mL (7.5 mL)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်ဒါမှမဟုတ်အလွန်အကျွံသုံးစွဲမှု၌သင့်ဒေသခံအရေးပေါ်ဝန်ဆောင်မှုဌာန ကိုဆက်ခြင်း သို့မဟုတ်သင့်ရဲ့အနီးဆုံးအရေးပေါ်ခန်းကို သွားခြင်း လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ သင်ဆေး dose တစ်ချိန်လွှတ်သွားရင် တတ်နိုင်သမျှအမြန်ဆုံးသုံးစွဲပါ။သို့သော် သင်နောက်ဆေးတစ်ချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွှတ်သွားတဲ့ ဆေးကိုကျော်ပစ်ပြီး မူလအတိုင်းသောက်ပါ။နှစ်ခါသောက်သုံးတာမျိုးမလုပ်ပါနှင့် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ