Generic Name: Glucose (ဂလူးကိုစ့်) Brand Name(s): Glucose (ဂလူးကိုစ့်).

အသုံးပြုပုံများ

Glucose (ဂလူးကိုစ့်) ကို ဘာအတွက်အသုံးပြုကြသလဲ

Glucoseကိုအများဆုံးအသုံးပြုကြသည်မှာခန္ဓာကိုယ်အတွက် အရည်လုံလောက်စွာမသောက်နိုင်သောအခါ (သို့) နောက်ထပ်အရည်များလိုအပ်သောအချိန်များတွင် လုံလောက်သောသကြားပမာဏပါဝင်သောအရည်များအား ခန္ဓာကိုယ်အတွက်ရရှိရန်ဖြစ်ပါတယ်။ ထိုးဆေးအဖြစ်လည်းအသုံးပြုပါတယ်။

Glucose ကိုသွေးပြန်ကြောထဲထိုးသွင်းတဲ့ အရည်အဖြစ်လည်းအသုံးပြုကြပါတယ်။

Glucose (ဂလူးကိုစ့်) ဘယ်လိုသောက်သုံးသင့်သလဲ

Glucosamine ကိုသင့်ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးသင့်ပါတယ်။ဆေးပမာဏကိုအတိအကျသိရှိရန်ဆေးပေါ်ရှိအညွှန်းကိုသေချာဖတ်ရှုသင့်ပါတယ်။

Glucose ကိုထိုးဆေးအဖြစ် ဆရာဝန် ရုံးခန်း၊ ဆေးရုံနဲ့ ဆေးခန်းများမှာအသုံးပြုကြပါတယ်။ အကယ်၍ သင်ဟာအိမ်မှာ Glucose ထိုးမယ်ဆိုရင် သင့်ဆရာဝန်သင်ကြားပေးထားတဲ့ ဆေးထိုးနည်းကိုသေချာစွာလိုက်နာသင့်ပါတယ်။

ဆေးနဲ့တကွ ဆေးထိုးအပ်တွေကိုကလေးငယ်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။ဆေးထိုးပြွန်နဲ့ ဆေးထိုးအပ်တွေကို ပြန်မသုံးပါနဲ့။ အသုံးပြုပြီးရင် သေချာစွာလွှင့်ပစ်ပါ။ သင့်ဆရာဝန်နှင့် ဆေးဝါး ကျွမ်းကျင်သူကိုဘယ်လိုသေချာစွာစွန့်ပစ်ရမလဲဆိုတာမေးမြန်းပါ။

အကယ်၍ Glucose မှာအမှုန်တွေ ပါဝင်နေရင်၊ အရောင်ပြောင်းနေရင်၊ ဆေးဗူးကကွဲနေရင် အသုံးမပြုပါနဲ့။ သွေးသွင်းထားတဲ့  သွေးကြောအတွင်းသွင်းတဲ့ပိုက်နဲ့ Glucose ကိုတစ်ချိန်တည်းမှာအသုံးမပြုပါနဲ့။ တစ်ကြိမ်သွင်းဖို့ ပျက်ကွက်ခဲ့ရင် သင့်ဆရာဝန်ကိုအကြောင်းကြားပါ။ မေးခွန်းများရှိခဲ့ရင် ကျန်းမာရေးစောင့်ရှောက်သူထံဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။

Glucose (ဂလူးကိုစ့်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Glucoseကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Glucoseကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Glucoseဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

GlucoseGlucoseကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Glucose (ဂလူးကိုစ့်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Glucose နဲ့ ဓါတ်မတည့်တာမျိုးရှိရင် ဆရာဝန်ကို ကြိုတင် အသိပေးပါ။

 

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

 

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Glucose (ဂလူးကိုစ့်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Glucose (ဂလူးကိုစ့်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  • ဆီးပိုသွားခြင်း၊ ဆေးထိုးထားသည့်နေရာတွင် နာခြင်း၊ နီခြင်း၊ ယောင်ရမ်းခြင်းး

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

အကယ်၍ အောက်ဖေါ်ပြပါ ပြင်းထန် လက္ခဏာများ ဖြစ်ပေါ်လာပါကအရေးပေါ်ဆေးကုသမှုရယူပါ။

  • ပြင်းထန်သောဓါတ်မတည့်မှုလက္ခဏာများ (အနီကွက်၊အဖုအပိန့်၊ယားယံခြင်း၊အသက်ရှူမဝခြင်း၊ရင်ဘတ်ထဲတွင်တင်းကျပ်ကျပ်ဖြစ်နေခြင်း၊ပါးစပ်၊မျက်နှာ၊နှုတ်ခမ်းနဲ့လျှာရောင်ရမ်းခြင်း)
  • စိတ်ရှုပ်ထွေးခြင်း၊ ကြွက်သားများဆတ်ခနဲဆွဲခြင်း၊ တက်ခြင်း၊ လက်၊ ခြေထောက်များရောင်ရမ်းခြင်း၊အားမရှိသလိုခံစားရခြင်း။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Glucose (ဂလူးကိုစ့်) နဲ့ ဓာတ်ပြုနိုင်သလဲ

Glucoseဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

 

Glucose ဟာသွေးသကြားဓါတ်ပမာဏကိုတက်စေပြီးတော့ ဆီးချိုဆေးတွေရဲ့ ထိရောက်မှုကိုကျဆင်းစေပါတယ်။

 

အစားအသောက်တွေနဲ့ အရက်က Glucose (ကလူးကိုစ့်) နဲ့ ဓာတ်ပြုနိုင်သလား

Glucoseက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Glucose (ဂလူးကိုစ့်) နဲ့ ဓာတ်ပြုနိုင်သလဲ

Glucoseဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

အချို့ဆေးတွေဟာအစာစားနေချိန် (သို့) အစာစားချိန်နဲ့ နီးကပ်စွာမသောက်သုံးသင့်ပါဘူး။ အရက် (သို့) ဆေးလိပ်တွေဟာလည်းအချို့ဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်သူနဲ့သင်သောက်သုံးသောဆေးများနဲ့ အစာ၊ အရက်၊ ဆေးလိပ်တို့ကိုဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အထူးသဖြင့် သတိမေ့နေသူဖြစ်ရင်၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာရောဂါများရှိရင်နဲ့ ခေါင်းတွင်း (သို့) ကျောရိုးမကြီးအတွင်းသွေးထွက်မှုဖြစ်ရင်၊ ဆီးချို (သို့) သွေးထဲတွင် သကြားဓါတ် အများအပြားရှိခဲ့ရင် ပိုပြီးတော့ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Glucose (ဂလူးကိုစ့်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးထဲတွင် သကြားဓါတ်နည်းခြင်း

15-20 g glucose သောက်ရန်၊ ၁၀ မိနစ်မှ မိနစ် ၂၀အတွင်း ဆေးအရှိန်ပြနိုင်ပါတယ်။ သွေးတွင်း glucose ပမာဏကိုမိနစ် ၆၀ တစ်ကြိမ်ပြန်လည် စစ်ဆေးပါ။

ခန္ဓာကိုယ်တွင် အရည်ခြောက်ခမ်းခြင်း

Glucose 5% အရည် အကြောဆေးသွင်းရန်။

ကာဘိုဟိုက်ဒရိတ် နည်းပါးခြင်း

Glucose >5% အရည်၊ အကြောဆေးသွင်းရန်။

ပြင်းထန် သွေးအတွင်းသကြားဓါတ်နည်းခြင်း။
Glucose 50% အရည်၊  အကြောဆေးသွင်းရန်။

ကလေးတွေအတွက် Glucose (ဂလူးကိုစ့်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးထဲတွင် သကြားဓါတ်နည်းခြင်း

သွေးပြန်ကြောအတွင်းမထိုးခင် ရေရောပါ။ ပိုမိုပြင်းသောအရည်အားအရေးပေါ်အခြေအနေများတွင် ပေးနိုင်သည်။ (12.5-25%)

အသက် ၆လအောက်

0.25-0.5 g/kg/dose (1-2ml/kg/dose of 25% solution) အကြောဆေး၊ 25 mg/dose ထက် မပိုရ

အသက် ၆လ အထက်နှင့် ကလေးငယ်များ

0.5-1 g/kg up to 25g (2-4ml/kg/dose of 25% solution) သွေးပြန်ကြောအတွင်း၊ 25 mg/dose ထက် မပိုရ

ဆယ်ကျော်သက် အရွယ်

အကြောဆေး – 10-25 g (ie, 20-50 mL 50% solution or 40-100 mL of 25%)

သောက်ဆေး  – 4-20g တစ်ခါတည်းသောက်ရန်၊ သွေးသကြားဓါတ် မိမိကိုယ်ကိုယ်စစ်ဆေးချက်အရဆက်လက်နည်းပါးနေပါက ၁၅မိနစ်ကြာလျှင် ပြန်လည် သောက်နိုင်သည်။

Glucose (ဂလူးကိုစ့်) ကိုဘယ်လိုရရှိနိုင်သလဲ

Glucoseကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဝါးစားနိုင်သောဆေးပြား – 1g, 4g, 5g; ဆေးပြား – 4g

ဂျယ် (သို့) ဂျယ်လီ-  15g

အကြောဆေး – 2.5 %, 5 %, 10 %, 20 %, 25 %, 30 %, 40 %, 50 %, 70 %

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Glucoseကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ