Generic Name: Glucagon (ဂလူကာဂွန်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Glucagon (ဂလူကာဂွန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Glucagon (ပန်ကရိယမှထုတ်လုပ်သောဟော်မုန်းတစ်မျိုး)ဟာသွေးထဲရှိသကြားဓါတ် Level ကို မြှင့်တင်ပေးသောဟော်မုန်းဖြစ်ပါတယ်။ ထိုဆေးဟာအစာခြေဖျက်ရာမှာအကူအညီပေးတဲ့ အစာအိမ်နဲ့ အူနံရံ ကြွက်သားများရဲ့ လှုပ်ရှားမှုကို နှေးကွေးစေပါတယ်။ Glucagon ကိုသွေးထဲမှာသကြားဓါတ်နည်းခြင်းကိုကုသဖို့အတွက် အသုံးပြုပါတယ်။ ထို့အတူအစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါများကိုစစ်ဆေးရန်အတွက် X-ray ဓါတ်မှန် ရိုက်တဲ့ အချိန်မှာလည်းအသုံးပြုပါတယ်။

Glucagon ကိုဆေးပညာလမ်းညွှန်စာအုပ်များမှာဖေါ်ပြခြင်းမရှိတဲ့ အကြောင်းအရာများအတွက်လဲအသုံးပြုခြင်းရှိနိုင်ပါတယ်။

Glucagon (ဂလူကာဂွန်) ဘယ်လိုသောက်သုံးသင့်သလဲ

Glucagon ကိုအရေပြား၊ အသားဆေး ၊အကြောဆေးဖြင့် အသုံးပြုနိုင်ပါတယ်။ ပြင်းထန်တဲ့ သွေးအတွင်းသကြားဓါတ်နည်းမှုကိုကုသရန် အရေးပေါ် Glucagon ထိုးနည်းကိုဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ Glucagon ထိုးပြီးတိုင်းသင့်ဆရာဝန်ကိုအကြောင်းကြားသင့်ပါတယ်။

Glucagon ဆေးဟာသင့်အတွက်ရော၊ ကျန်းမာရေးစောင့်ရှောက်သူအတွက်ပါ လုံခြုံစိတ်ချရပြီးထိရောက်တဲ့ ညွှန်ကြားချက်များနဲ့ လာတာဖြစ်ပါတယ်။ ထိုညွှန်ကြားချက်များနဲ့ အကျွမ်းဝင်အောင် ပြုလုပ်ပြီးအရေးပေါ် Glucagon ထိုးရန် လိုအပ်လာတဲ့အခါ ၎င်းတို့အတိုင်းလိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူနဲ့ မေးခွန်းများရှိလာပါကမေးမြန်းတိုင်ပင်သင့်ပါတယ်။

သွေးထဲမှာသကြားဓါတ်နည်းခြင်းကိုအမြန်ဆုံးကုသသင့်ပါတယ်။ ကုသရန် အချိန်ကြာမြင့်ခြင်းဟာတက်ခြင်း၊ ကိုမာဝင်ခြင်းနဲ့ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ပါတယ်။

Glucagon ထိုးပြီးတဲ့ အခါမှာသကြားဓါတ်ပါတဲ့ အစားအစာ (အသီးဖျော်ရည်၊ Glucose gel၊ raisins၊ ဆော်ဒါရည်) တစ်မျိုးမျိုးကိုသောက်သုံးသင့်ပါတယ်။ ထို့နောက် ချီးစ်၊ ဘီစကစ်၊ အသားညှပ်ပေါင်မုန့် အစရှိတဲ့ အစားအစာတို့ကိုစားသုံးသင့်ပါတယ်။

မိမိကိုယ်တိုင် မပြုလုပ်ခင် Glucagonဆေးထိုးနည်းကိုဘယ်လိုပြုလုပ်ရတယ်ဆိုတာကိုသေချာစွာသိရှိသင့်ပါတယ်။ အသက် ၆နှစ်ထက် ငယ်တဲ့ ကလေးငယ်တွေအတွက်၊ ဒါမှမဟုတ် ၅၅ ပေါင် အောက်ရှိတဲ့ လူကြီးတွေအတွက်ဆိုရင် ပုံမှန် လူကြီးတွေကိုပေးတဲ့ ပမာဏရဲ့ တစ်ဝက်သာအသုံးပြုသင့်ပါတယ်။

Glucagon ဆိုတာတကယ်တော့ အမှုန့်ပုံစံနဲ့ လာတာဖြစ်ပြီးသူ့ကိုအသုံးမပြုခင်မှာအရည်တစ်မျိုး (diluent) နဲ့ ရောပေးရမှာ ဖြစ်ပါတယ်။ ဆေးထိုးရန် အဆင်သင့်ဖြစ်ပါမှ ဆေးထိုးအပ်ထဲမှာဆေးကို ပြင်ဆင်သင့်ပါတယ်။  ဆေးဟာအရောင်ပြောင်းခြင်း (သို့) အထဲမှာအမှုန်တွေ တွေ့ပြီဆိုရင် အသုံးမပြုသင့်တော့ပါဘူး။ နောက် တစ်ခေါက် အသစ် ထပ်မံ ပြုလုပ်သင့်ပါတယ်။ ထိုနောက်တစ်ခေါက် ပြုလုပ်ပြီးလို့ အမှုန်တွေ တွေ့နေသေးတယ်ဆိုရင်တော့ သင့်ဆရာဝန်ကိုအကြောင်းကြားသင့်ပါတယ်။

တကယ်လို့သင်ဟာဆေးထိုးပေးသူဖြစ်မယ်ဆိုရင် glucagon ထိုးပြီးရင် အရေးပေါ်အကြံဥာဏ်ကိုရယူသင့်ပါတယ်။ လူနာဟာ ၁၅ မိနစ်အတွင်းသတိမရလာဘူးဆိုရင်တော့ နောက် တစ်ခေါက် အသစ်ပြုလုပ်ပြီးထပ်မံဆေးထိုးဖို့ လိုကောင်းလိုပါလိမ့်မယ်။

သွေးထဲမှာသကြားဓါတ်နည်းခြင်းရဲ့ လက္ခဏာတွေကိုသိရှိသင့်ပါတယ်။၎င်းတို့ကတော့ ခေါင်းကိုက်ခြင်း၊ ဗိုက်ဆာခြင်း၊ အားမရှိသလိုခံစားရခြင်း၊ ချွေးပြန်ခြင်း၊ လက်တုန်ခြင်း၊ စိတ်တိုလာခြင်းနဲ့ အာရုံမစိုက်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

သင့်ထံမှာသွေးထဲသကြားဓါတ်နည်းခြင်းရဲ့ လက္ခဏာတွေ ပေါ်လာခဲ့ရင် စားသုံးဖို့ သကြားဓါတ်ပါတဲ့ အစားအစာတွေကိုသင်နဲ့အတူဆောင်ထားသင့်ပါတယ်။ တကယ်လို့ သင့်ရဲ့ သကြားဓါတ်အရမ်းနည်းလို့ မစားနိုင် မသောက်နိုင်ဖြစ်နေခဲ့ရင်တော့ Glucagon ကိုထိုးသင့်ပါတယ်။ သင့်မိသားစု (သို့) သူငယ်ချင်းတွေကိုအရေးပေါ်အခြေအနေတွေမှာဘယ်လိုကူညီရမယ်ဆိုတာကိုလဲပြောပြထားသင့်ပါတယ်။

စိတ်ဖိစီးမှုများချိန် ၊ဖျားနာချိန်၊ ခရီးသွားချိန်၊ လေ့ကျင့်ခန်းပုံမှန်ထပ်ပိုလုပ်ချိန်၊ အရက်သောက်ချိန်နဲ့ အစာမစားမိချိန်တွေမှာသွေးသကြားဓါတ်ကိုစစ်ဆေးသင့်ပါတယ်။ ထိုအရာတွေဟာသကြားဓါတ်နည်းခြင်းကို ဖြစ်ပေါ်စေပြီးတော့ သင့်ရဲ့ ဆီးချိုဆေးတွေကိုလည်းအပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

သင့်ဆီးချိုဆေးတွေကိုဘယ်လိုထိန်းညှိရမလဲဆိုတာကိုသင့်ဆရာဝန်ကိုမေးမြန်းသင့်ပါတယ်။ ဆရာဝန်ရဲ့ အကြံပြုချက်မပါပဲဆေးပမာဏကိုပြောင်းလဲခြင်းမပြုသင့်ပါဘူး။

သွေးထဲသကြားဓါတ် အလွန်အမင်းနည်းခြင်းကကာကွယ်နိုင်အောင် သင့်ရဲ့ အစားအစာ၊ ဆေးဝါးနဲ့ လေ့ကျင့်ခန်းပြုလုပ်မှုတွေကိုဂရုတစိုက် ထိန်းညှိသင့်ပါတယ်။

Glucagon (ဂလူကာဂွန်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Glucagon ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Glucagon ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Glucagon ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

 

Glucagon ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

 

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Glucagon ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Glucagon (ဂလူကာဂွန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Glucagon ကိုမသောက်သုံးခင်မှာ

  • သင့်မှာ glucagon၊ အခြားဆေးများ၊ အမဲသား၊ ဝက်သားဖြင့် ပြုလုပ်သောအစားအစာများနှင့် မတည့်ခြင်း၊
  • ဆရာဝန် ညွှန်ကြားချက်ဖြင့်ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေသောက်သုံးနေသောဆေးများရှိခြင်း၊
  • Adrenal gland နှင့်ဆိုင်သော ပြဿနာများ၊ သွေးကြောဆိုင်ရာရောဂါများ၊ အာဟာရချို့တဲ့ခြင်း၊ ပန်ကရိယတွင် အကျိတ်များ၊ Insulinoma(ပန်ကရိယအကျိတ်ရောဂါ)နှင့် pheochromocytoma(adrenal medulla အကျိတ်ရောဂါ)တို့ ရှိခြင်း၊
  • ကိုယ်ဝန်ရှိခြင်း၊ ကိုယ်ဝန်ဆောင်ရန် စိတ်ကူးရှိခြင်း၊ နို့တိုက်နေခြင်းများရှိပါကသင့်ရဲ့ ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်သူကို ကြိုတင် အသိပေးထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Glucagon (ဂလူကာဂွန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်Bရှိသည်ဟုသတ်မှတ်ထားသည်။

 

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

 

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Glucagon (ဂလူကာဂွန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖေါ်ပြပါ အချက်များမှ တစ်ခုခုတွေ့ရှိပြီဆိုရင် အရေးပေါ် ဆေးကုသမှုခံယူသင့်ပါတယ်။

  • အဖုအပိန့်များ
  • အသက်ရှူရန် ခက်ခဲခြင်း
  • နှေးသော (သို့) မြန်သော နှလုံးခုန်သံများ
  • မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းများယောင်ရမ်းခြင်း၊

ပြင်းထန်ခြင်းမရှိသောလက္ခဏာများမှာပျို့ခြင်းနှင့် အန်ခြင်းတို့ ဖြစ်ပါတယ်။

 

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Glucagon (ဂလူကာဂွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Glucagon ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Glucagon ကိုအောက်ဖေါ်ပြပါဆေးတွေနဲ့ တွဲဖက်သောက်သုံးခြင်းကြောင့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပိုများစေနိုင်ပါတယ်။ သို့သော်လည်းဆေးများတွဲဖက်သောက်သုံးခြင်းဟာသင့်အတွက် အကောင်းဆုံးကုသမှုလည်း ဖြစ်နေနိုင်ပါတယ်။ အဲဒါကြောင့် ဆေးတွေကိုတွဲဖက်သောက်သုံးမယ်ဆိုရင် သင့်ဆရာဝန်ဟာဆေးတစ်ခု (သို့) နှစ်ခုလုံးရဲ့ ဆေးပမာဏများ၊ ဆေးသောက်သုံးတဲ့ အကြိမ်ရေများကိုပြောင်းလဲပေးနိုင်ပါတယ်။

  • Acenocoumarol, Anisindione, Dicumarol, Phenindione, Phenprocoumon, Warfarin.

အစားအသောက်တွေနဲ့ အရက်က Glucagon (ဂလူကာဂွန်) နဲ့ ဓာတ်ပြုနိုင်သလား

ယေဘူယျအသိပေးချက် – Glucagon က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Glucagon (ဂလူကာဂွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Glucagon ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

  • ဆီးချိုရောဂါ- Glucagon ကိုဆီးချို ကောင်းစွာထိန်းချုပ်ထားတဲ့ လူနာတွေမှာစမ်းသပ်စစ်ဆေးမှု၊ X-ray အတွက် အသုံးပြုတဲ့အခါမှာသွေးသကြားဓါတ် ပမာဏတက်နိုင်ပါတယ်။ ဒါမှ မဟုတ်ရင် Glucagon ဟာဆီးချို ထိန်းချုပ်တဲ့နေရာမှာအလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ သူကသွေးသကြားဓါတ်နည်းခြင်းကိုကုသတဲ့ဆေး ဖြစ်နေလို့ပါ။
  • Insulinoma (ပန်ကရိယအကျိတ်)ရောဂါ – သွေးထဲရှိသကြားပမာဏကျစေနိုင်ပါတယ်။
  • Pheochromocytomaရောဂါ– သည်ရောဂါသည်များတွင် Glucagon ဟာသွေးပေါင်တက်စေနိုင်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Glucagon (ဂလူကာဂွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးထဲသကြားဓါတ်နည်းခြင်းအတွက်

၂၀ ကီလိုအောက် – ၀.၅ mg (0.5 unit) အရေပြားအောက်၊ အသားဆေး၊ အကြောဆေး။

၂၀ ကီလိုအထက် – ၁ mg (1 unit) အရေပြားအောက်၊ အသားဆေး၊အကြောဆေး။

ရောဂါအမည်တပ်ရန် ကုသစစ်ဆေးခြင်းအတွက်

အစာအိမ်၊ အူသိမ် – ၀.၂၅ – ၂ mg (အကြောဆေး) (သို့) ၁-၂ mg အသားဆေး၊

အူမကြိး              – ၂ mg (အကြောဆေး)

ကလေးတွေအတွက် Glucagon (ဂလူကာဂွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

 

မွေးကင်းစ – ၀.၀၂ – ၀.၂ mg/kg အရေပြားအောက်၊ အသားဆေး၊အကြောဆေး (အများဆုံးပမာဏ – ၁ mg)

မှတ်ချက်။   ။ ထုတ်လုပ်မှု အမှတ်တံဆိပ်ပေါ်မူတည်၍ ကွဲပြားခြားနားမှုများရှိနိုင်ပါတယ်။

မွေးကင်းစ – ၁ mg ၂၄ နာရီ (ဆက်တိုက် အကြောဆေးသွင်းခြင်း)

ကလေးငယ်များ

၂၀ ကီလိုအောက် – ၀.၅ mg (0.5 unit) ။

၂၀ ကီလိုအထက် – ၁ mg (1 unit) အရေပြားအောက်၊ အသားဆေး၊ အကြောဆေး။

Glucagon (ဂလူကာဂွန်) ကိုဘယ်လိုရရှိနိုင်သလဲ

Glucagon ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ထိုးဆေး – 1mg

ပြန်လည်ဖွဲ့စည်းထားသောအရည် (hydrochloride) – 1 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Glucagon ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

PasteTextHere Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ