Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Gentian Violet  မှိုသတ်ဆေးရည်ကို ကိုများသောအားဖြင့် ပွေးကွက်များ၊ အားကစားသမားများတွင် ဖြစ်သော နှင်းခူကဲ့သို့သော အရေပြားမှိုစွဲရောဂါများကို ကုသရန်အတွက် အသုံးပြုပါသည်။ ယင်းတွင် ဘက်တီးရီးယားပိုးများကို သေစေနိုင်သော အာနိသင်အနည်းငယ်သာရှိသော်လည်း ဓားရှရာ ခြစ်ရာများတွင် အသုံးပြုနေကြသည်ကို တွေ့ရပါသည်။

ထို့ပြင် ပါးစပ်ထဲတွင်ဖြစ်သော မှိုရောဂါများကို ကုသရန်အတွက်လည်း အသုံးပြုကြပါသည်။

Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ဘယ်လိုသောက်သုံးသင့်သလဲ

Gentian Violet ကိုမလိမ်းမီတွင် လိမ်းမည့်နေရာကို သန့်စင်အောင်ဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။ ဆေးလိမ်းမည့်နေရာသည် ခြောက်သွေ့နေဖို့ အရေးကြီးပါသည်။ သင့်လက်တွင် ဆေးရည်များစွန်းထင်းမှု မရှိစေရန် ဆေးရည်ကို ၀ါဂွမ်းစဖြင့် တို့ပြီး လိုအပ်သောနေရာတွင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သို့မဟုတ် တနေ့လျှင် ၁ ကြိမ် ၂ ကြိမ်ခန့် လိမ်းနိုင်ပါသည်။

ဆေးလိမ်းရာတွင်ရောဂါဖြစ်သော နေရာကိုသာလျှင် လိမ်းပါ။ သင့်လက်တွင် ရောဂါဖြစ်နေသော နေရာများမရှိပါက ဆေးလိမ်းပြီးလျှင် လက်ကိုဆေးပါ။ ဆေးကို မျက်လုံးနှင့် မထိမိပါစေနှင့်။ မျက်လုံးနှင့် အနီးတ၀ိုက်ကိုထိမိခြင်း၊ မျက်လုံးထဲဝင်သွားခြင်းများဖြစ်ပါက အနည်းဆုံး ၁၅ မိနစ်ခန့် သန့်စင်အောင် ဆေးကြောပါ။ မျက်လုံးများနီရဲလာခြင်း၊ စပ်လာခြင်းများဖြစ်ပါက ဆရာဝန်နှင့် သွားပြပါ။

ဆေးလိမ်းထားသော နေရာကို ရေစိုခံ ပတ်တီးများ၊ ပလတ်စတစ်များဖြင့် ကာထားခြင်းမျိုးမပြုလုပ်ပါနှင့်။

Gentian Violet ဆေးရည်သည် ခန္ဓာကိုယ် အပြင်ဘက်တွင် အသုံးပြုရန်သာဖြစ်ပါသည်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲနှင့် ဆေးကို ပါးစပ်၊ နှာခေါင်းနှင့် နားများထဲသို့ထည့်ခြင်းများ မပြုရပါ။ ဆေးအရောင်သည် အရေပြားနှင့် အ၀တ်များကို စွန်းထင်းစေနိုင်သောကြောင့် အထူးသတိပြုပါ။ ဆေးကို အနာဖြစ်နေသော နေရာများတွင် မလိမ်းပါနှင့်။ အနာဖြစ်သော နေရာများတွင် လိမ်းခြင်းဖြင့် အရေပြားတွင် ဖျက်မရအောင် အရောင်များစွန်းထင်းသွားစေပါသည်။

ပါးစပ်ထဲသို့အာလုတ်ကျင်းရန် ဆရာဝန်ကညွှန်ကြားထားပါကလည်း သင့်ကလေးကို ဆေးများမမြိုချမိစေရန် အထူးဂရုစိုက်ရပါမည်။ မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးအာနိသင်ကို ထိရောက်မှုရစေရန် ဆေးကို အချိန်မှန်မှန်သုံးသင့်ပါသည်။ ဆေးကို မမေ့ရန် သတ်မှတ်ထားသော အချိန်တွင် မှန်မှန် အသုံးပြုပေးပါ။ ရောဂါ သက်သာသွားပါကလည်း ဆရာဝန်ညွှန်ကြားထားသည့် အချိန်အထိ အသုံးပြုသင့်ပါသည်။ ဆေးပတ်မလည်ဘဲ မိမိသဘောနှင့် မိမိဆေးရပ်လိုက်ပါက ရောဂါအမြစ်မပြတ်ဘဲ ပြန်ကြွလာနိုင်ပါသည်။

သင့်ရောဂါအခြေအနေသည် ဆေးသုံးပြီး ၃ရက်ကြာသည့်တိုင် တိုးတက်မှုမမရှိပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်ထံသွားပြပါ။ သင့်တွင် ရောဂါဖြစ်စေနိုင်သော အခြားသော ကျန်းမာရေးအခြေအနေများကို သိရှိစေရန် ဆေးစစ်မှုများခံယူသင့်ပါသည်။

Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Gentian Violet ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Gentian Violet ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Gentian Violet ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Gentian Violet ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Gentian Violet ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

  • Gentian Violet တွင်ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်လျှင်
  • Gentian Violet သို့မဟုတ် အလားတူဆေးများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • ဓာတ်မတည့်ခြင်း၏ ရောဂါလက္ခဏာများ ခံစားရလျှင်

(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)

  • ကိုယ်ဝန်ရှိခြင်း၊ နို့တိုက်နေခြင်း၊ ကလေးယူရန်စီစဉ်နေခြင်း များရှိလျှင်
  • ဆရာဝန်ညွှန်ကြားထားသော၊မညွှန်ကြားဘဲသောက်သုံးနေသောဆေးများ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများနှင့် ဖြည့်စွက်အားဆေးများမှီဝဲနေခြင်းများရှိလျှင်
  • Porphyriaသွေးရောဂါ ရှိလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသော ဘေးထွက်ဆိုးကျိုးအချို့မှာ

အသားရေနီရဲခြင်း

ရောင်လာခြင်း

ဆေးလိမ်းသောနေရာတွင် ယားယံခြင်း စသည်တို့ဖြစ်ပါသည်။

အကယ်၍ ဆေးလိမ်းပြီချိန်တွင် အရေပြားတွင် ပိုးဝင်သော လက္ခဏာများဖြစ်သည့် နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ အနာဖြစ်ခြင်းများဖြစ်ခြင်းတို့ ဖြစ်လာပါက ဆေးကို ချက်ချင်းရပ်လိုက်ပါ။

 (ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) နဲ့ ဓာတ်ပြုနိုင်သလဲ

Gentian Violet ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) နဲ့ ဓာတ်ပြုနိုင်သလား

Gentian Violet က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) နဲ့ ဓာတ်ပြုနိုင်သလဲ

Gentian Violet ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် သင့်အရေပြားတွင် အနာများဖြစ်နေလျှင် Gentian Violet ဆေးလိမ်းလိုက်သော နေရာတွင် အရေပြားတွင် ဖျောက်ဖျက်မရသော စွန်းထင်းမှုများဖြစ်နိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူတစ်ဦးနှင့် တစ်ဦးအပေါ်မူတည်ပြီး ဆေးပမာဏ ကွာခြားမှုရှိနိုင်ပါသည်။ ဆေးဘူးတွင်ပါသော ညွှန်ကြားချက်များ သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။ အောက်ဖော်ပြပါ ဆေးအညွှန်းသည် ပျမ်းမျှအားဖြင့်သာဖော်ပြထားခြင်းဖြစ်သောကြောင့် သင့်ဆရာဝန်ညွှန်ကြားချက်ကို အဓိကအားဖြင့် လိုက်နာသင့်ပါသည်။

ထို့ပြင် ဆေးပြင်းအားအပေါ်မူတည်ပြီး သုံးစွဲရမည့် ဆေးပမာဏလည်း ကွာခြားသွားမည်ဖြစ်သည်။ သင့်ဖြစ်နေသော ရောဂါအခြေအနေအပေါ်တွင် မူတည်ပြီး ဆေးလိမ်းရမည့်အကြိမ်အရေအတွက် နှင့် လိမ်းရမည့်ပမာဏတို့ကွာခြားသွားနိုင်ပါသည်။

မှိုရောဂါများအတွက် ပျမ်းမျှအားဖြင့် တနေ့လျှင် ၃ကြိမ် ၃ရက်လိမ်းနိုင်ပါသည်။

ကလေးတွေအတွက် Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မှိုရောဂါများအတွက် ပျမ်းမျှအားဖြင့် တနေ့လျှင် ၃ကြိမ် ၃ရက်လိမ်းနိုင်ပါသည်။

Gentian Violet Topical Solution (ဂျန်းရှင်း ဗိုင်အိုလက်) ကိုဘယ်လိုရရှိနိုင်သလဲ

Gentian Violet ကို 1 % ပါဝင်သောဆေးရည် အနေနှင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Gentian Violet ကိုလိမ်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆံုးလိမ်းပါ။ သို့သော်လည်းနောက်တစ်ကြိမိုလိမ်းရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲ လိမ်းလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 25, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 25, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ