backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Fugacar® (ဖူကာဂါ)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Fugacar® (ဖူကာဂါ) ကို ဘာအတွက်အသုံးပြုကြသလဲ

Fucagar ကို အများဆုံးအသုံးပြုကြသည်မှာ –

  • သံကောင်များ ကြီးထွားပွားများခြင်းအား ကာကွယ်ရန်
  • သံကောင်းများဖြစ်သော – သံလုံးကောင်၊ သံပြားကောင်၊ သံချိတ်ကောင်၊ တုပ်ကောင်များတွင် အသုံးပြုနိုင်ပါသည်။
  • တချိန်တည်းတွင် ထိုသံကောင်အမျိုးအစားများ တစ်မျိုးထက်ပိုရှိနေလျှင်

Fugacar® (ဖူကာဂါ) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်သုံးရမည့်ပုံစံဆိုလျှင်

  • Fucagar ဆရာဝန်ညွှန်ကြားသည့် ဆေးပမာဏ အချိန်အတိုင်း သောက်ပါ။
  • Fucagar အားမသုံးခင် ဆေးအညွှန်းကို ဖတ်ပါ။
  • အညွှန်းနှင့်ပါတ်သတ်ပြီး နားမလည်သည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • မိသားစုဝင်များနှင့် လူနာနှင့်နီးကပ်သူများကိုပါ ကုသရန် လိုအပ်နိုင်ပါသည်။ တုပ်ကောင်သည် ကူးစက်ခံထားရသူနှင့် နီးနီးကပ်ကပ်ထိတွေ့ နေထိုင်သူတိုင်းဆီသို့ လွယ်လွယ်ကူကူ ပျံ့နှံ့နိုင်ပါသည်။

Fugacar® (ဖူကာဂါ) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Fucagar ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Fucagar ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Fucagar ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

Fucagar အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Fucagar အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fugacar® (ဖူကာဂါ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိနေလျှင် Fucagar အား မသုံးခင် ဆရာဝန်ကို ပြောပါ။

  • ဓါတ်မတည့်ခြင်း – Fucagar ၊ ၎င်းတွင်းပါသော ပစ္စည်းများနှင့် မတည့်လျှင်၊ ထိုပစ္စည်းများကို အညွှွန်းစာတွင် ဖတ်ရှုနိုင်ပါသည်။.
  • တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်လျှင်
  • ကလေးငယ်များ
  • လူကြီးများ

Fucagar နှင့် ဓါတ်ပြုနိုင်သည့် တခြားသော ကျန်းမာရေးအခြေအနေများ ဥပမာ – ခရွန်းရောဂါ၊ အသည်းရောဂါ၊ အနာဖြစ်ပြီး အူမကြီးရောင်ခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fugacar® (ဖူကာဂါ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Fugacar® (ဖူကာဂါ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သို့ပင် Fucagar တွင်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ ရှိပါသည်။ အများစုမှာ ဖြစ်တာရှားပြီး နောက်ထပ်ကုသမှုခံရသည်အထိ မဖြစ်ပါ။ သို့သော် သင့်၌ဆေးသောက်ပြီးနောက် ပြဿနာများ ဖြစ်လာပါက ဆရာဝန်ကိုတင်ပြရန် အရေးကြီးပါသည်။

တစ်ချို့သော ဘေးထွက်ဆိုးကျိုးများမှာ –

  • ဗိုက်နာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ငိုက်မြည်းခြင်း
  • ဗိုက်အလွန်အောင့်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ အညိုအမည်းစွဲလွယ်ခြင်း၊ ပြင်းထန်သည့် ပိုးကူးစက်မှုလက္ခဏာများ (ဥပမာ – ဖျားခြင်း၊ ကြာရှည်စွာ လည်ချောင်းနာခြင်း)၊ ပုံမှန်မဟုတ်ပဲ အလွန်ပင်ပန်းနေခြင်း၊ တက်ခြင်း၊ အားနည်းခြင်း၊ အနက်ရောင် သို့ ပန်းရောင်ဆီးများ သွားခြင်း၊ အသားများ မျက်လုံးများ ဝါခြင်း
  • ပြင်းထန်သည့် ဓါတ်မတည့်မှုလက္ခဏာများဖြစ်သော အပိန့်ထခြင်း၊ ယားယံဖူးရောင်ခြင်း အထူးသဖြင့် ပါးစပ် နှုတ်ခမ်း လျှာ လည်ချောင်း၊ ပြင်းထန်စွာ မူးဝေခြင်း၊ အသက်ရှုရခက်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Fugacar® (ဖူကာဂါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Fucagar သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။ ဥပမာ phenytoin (Dilantin), ethotoin (Peganone), mephenytoin (Mesantoin), and carbamazepine (Tegretol) တို့သည် mebendazole ၏ အာနိသင်ကို လျော့ကျစေနိုင်သည်။ အထက်ပါဆေးများ သောက်နေသည်ဆိုပါက ဆရာဝန်အားပြောပါ။ ထိုမှသာ ကုထုံးကို ချိန်ညှိနိုင်မည်ဖြစ်သည်။

အစားအသောက်တွေနဲ့ အရက်က Fugacar® (ဖူကာဂါ) နဲ့ ဓါတ်ပြုနိုင်သလား

Fucagar က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fugacar® (ဖူကာဂါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Fucagar ပမာဏမှပါတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

တစ်ချို့ဖြစ်ရပ်များ၌ ရည်ညွှန်းပမာဏသည် အောက်ပါအတိုင်းဖြစ်၏။

  • Angiostrongylosis အတွက် လူကြီးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၅ ရက်
  • Ascariasis အတွက် လူကြီးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၃ ရက်။ အကယ်၍ သည်းခြေပြွန်တွင် ပိတ်နေပါက piperazine citrate 150 mg/kg ကို အရင်ပေးပါ။ ပြီးမှ ၁၂ ခြားတိုင်း 65 mg/kg တစ်ကြိမ် ၆ ခါ ကိုအစာပိုက်နှင့်သွင်းရန် ညွှန်ထားပါသည်။
  • Capillariasis အတွက် လူကြီးသောက် ပုံမှန်ပမာဏ 200 mg တစ်ရက်လျှင် ၂ ကြိမ် ၂၀ ရက်။ ထပ်ပြန်ဖြစ်သည်ဆိုပါက ကုသချိန်ပိုကြာနိုင်ပါသည်။
  • Trichostrongylosis အတွက် လူကြီးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၃ ရက်။
  • Filariasis အတွက် လူကြီးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၁ ကြိမ်။ ဆေးအား ၂ ပတ်ကြာသည်အထိ သောက်ရမည်ဖြစ်သည်။ မိသားစုဝင်များနှင့် လူနာနှင့်နီးကပ်သူများကိုပါ စစ်ဆေးသင့်ပါသည်။
  • သံချိတ်ကောင်အတွက် (Necator or Ancylostoma) လူကြီးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၃ ရက်။
  • သံပြားကောင် (Trichuris trichiura) အတွက် လူကြီးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၃ ရက်။
  • တုပ်ကောင် (Enterobius vermicularis) အတွက် လူကြီးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် တစ်ကြိမ်။ ၂ ပတ်အထိဆေးသောက်ရမည်ဖြစ်သည်။ မိသားစုဝင်များနှင့် လူနာနှင့်နီးကပ်သူများကိုပါ စစ်ဆေးသင့်ပါသည်။
  • Trichinosis အတွက် လူကြီးသောက် ပုံမှန်ပမာဏ 200 – 400 mg တစ်ရက်လျှင် ၃ ကြိမ် ၃ ရက်။ ထို့နောက် 400 – 500 mg တစ်ရက် ၃ ကြိမ် ၁၀ ရက် သောက်ရမည်ဖြစ်သည်။ လူနာတွင် လက္ခဏာများ ပေါ်နေပါက စတီးရွိုက်ကိုပါ တွဲပြီးသုံးရနိုင်သည်။
  • Visceral Larva Migrans (Toxicariasis) အတွက် လူကြီးသောက် ပုံမှန်ပမာဏ 100 – 200 mg တစ်ရက်လျှင် ၂ ကြိမ် ၅ ရက်။ အရောင်ကျဆေးများနှင့် တွဲဖက်ရန်အတွက် ချင့်ချိန်ရပါမည်။
  • Echinococcus Infection၊ Hepatic Cystic infection – Larval (tissue stage) အတွက် လူကြီးသောက် ပုံမှန်ပမာဏ 40 to 50 mg/kg နှုန်းနေ့စဉ် သုံးကြိမ်ခွဲသောက်ရမည်ဖြစ်သည်။ percutaneous aspiration-injection-reaspiration (PAIR) စုပ်ထုတ်ခြင်း နှင့်တွဲသုံးလျှင် မလုပ်ခင် ၁ ပတ်နှင့် လုပ်ပြီး ၄ ပတ်အထိ သုံးရမည်ဖြစ်သည်။
  • Hydatid Disease: Hepatic Cystic infection – Larval (tissue stage): အတွက် လူကြီးသောက် ပုံမှန်ပမာဏ 40 to 50 mg/kg နှုန်းနေ့စဉ် သုံးကြိမ်ခွဲသောက်ရမည်ဖြစ်သည်။ percutaneous aspiration-injection-reaspiration (PAIR) စုပ်ထုတ်ခြင်း နှင့်တွဲသုံးလျှင် မလုပ်ခင် ၁ ပတ်နှင့် လုပ်ပြီး ၄ ပတ်အထိ သုံးရမည်ဖြစ်သည်။
  • Dracunculiasis အတွက် လူကြီးသောက် ပုံမှန်ပမာဏ 400 – 800 mg ၆ ရက်။

ကလေးတွေအတွက် Fugacar® (ဖူကာဂါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Fucagar ပမာဏမှပါတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

တစ်ချို့ဖြစ်ရပ်များ၌ ရည်ညွှန်းပမာဏသည် အောက်ပါအတိုင်းဖြစ်၏။

  • Angiostrongylosis အတွက် အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၅ ရက်
  • Ascariasis အတွက် အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၃ ရက်။ အကယ်၍ သည်းခြေပြွန်တွင် ပိတ်နေပါက piperazine citrate 150 mg/kg ကို အရင်ပေးပါ။ ပြီးမှ ၁၂ ခြားတိုင်း 65 mg/kg တစ်ကြိမ် ၆ ခါ ကိုအစာပိုက်နှင့်သွင်းရန် ညွှန်ထားပါသည်။
  • Capillariasis အတွက် အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 200 mg တစ်ရက်လျှင် ၂ ကြိမ် ၂၀ ရက်။ ထပ်ပြန်ဖြစ်သည်ဆိုပါက ကုသချိန်ပိုကြာနိုင်ပါသည်။
  • Filariasis အတွက် အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၁ ကြိမ်။ ဆေးအား ၂ ပတ်ကြာသည်အထိ သောက်ရမည်ဖြစ်သည်။ မိသားစုဝင်များနှင့် လူနာနှင့်နီးကပ်သူများကိုပါ စစ်ဆေးသင့်ပါသည်။
  • သံချိတ်ကောင်အတွက် (Necator or Ancylostoma) အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၃ ရက်။
  • သံပြားကောင် (Trichuris trichiura) အတွက် အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် ၂ ကြိမ် ၃ ရက်။
  • တုပ်ကောင် (Enterobius vermicularis) အတွက် အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 100 mg တစ်ရက်လျှင် တစ်ကြိမ်။ ၂ ပတ်အထိဆေးသောက်ရမည်ဖြစ်သည်။ မိသားစုဝင်များနှင့် လူနာနှင့်နီးကပ်သူများကိုပါ စစ်ဆေးသင့်ပါသည်။
  • Trichinosis အတွက် အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 200 – 400 mg တစ်ရက်လျှင် ၃ ကြိမ် ၃ ရက်။ ထို့နောက် 400 – 500 mg တစ်ရက် ၃ ကြိမ် ၁၀ ရက် သောက်ရမည်ဖြစ်သည်။ လူနာတွင် လက္ခဏာများ ပေါ်နေပါက စတီးရွိုက်ကိုပါ တွဲပြီးသုံးရနိုင်သည်။
  • Visceral Larva Migrans (Toxicariasis) အတွက် အသက် ၂ နှစ်နှင့်အထက်ကလေးသောက် ပုံမှန်ပမာဏ 100 – 200 mg တစ်ရက်လျှင် ၂ ကြိမ် ၅ ရက်။ အရောင်ကျဆေးများနှင့် တွဲဖက်ရန်အတွက် ချင့်ချိန်ရပါမည်။
  • ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

    Fugacar® (ဖူကာဂါ) ကိုဘယ်လိုရရှိနိုင်သလဲ

    Fucagar ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    ဆေးပြား 500 mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    Mebendazole ဆေးလွန်ခြင်းလက္ခဏာများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းနှသ့် ဗိုက်နာခြင်းတို့ဖြစ်သည်။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Fucagar ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement