Fructines (ဖရက်တင်းစ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Fructines (ဖရက်တင်းစ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Fructines (ဖရက်တင်းစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Fructines® ကို ဝမ်းချုပ်ခြင်းကို ကုသဖို့ အသုံးပြုနိုင်သလို ခွဲစိတ်မှုအချို့မပြုလုပ်မီ သို့မဟုတ် စမ်းသပ်စစ်ဆေးခြင်းများမပြုလုပ်မီ ဝမ်းချူဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။Natrium picosulfate ဟာ အူမှာရှိတဲ့ ကြွက်သားတွေကို ပိုမိုလှုပ်ရှားစေတဲ့အတွက် အညစ်အကြေးတွေကို ခန္ဓါကိုယ်အပြင်ဖက်သို့ ပိုမိုလျင်မြန်စွာ စွန့်ပစ်စေနိုင်ပါတယ်။Fructines® ရဲ့ အာနိသင်ဟာ ၆နာရီကနေ ၁၂နာရီလောက်အထိ သက်ရောက်မှုရှိနိုင်ပါတယ်။

Fructines (ဖရက်တင်းစ်) ဘယ်လိုသောက်သုံးသင့်သလဲ

Fructines® ကို သောက်ဆေးအဖြစ် သုံးစွဲရမှာဖြစ်ပြီး ဆေးကို ဝါးစားတာ၊ချိုးပစ်တာမျိုးမလုပ်ဘဲ တလုံး လုံးကို သောက်ရမှာ ဖြစ်ပါတယ်။ ဆေးသောက်တဲ့အခါ ရေများများနဲ့ သောက်သင့်ပါတယ်။

Fructines (ဖရက်တင်းစ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Fructines® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Fructines® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Fructines® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Fructines® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Fructines® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fructines (ဖရက်တင်းစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Fructines® ကို မသုံးစွဲခင် အောက်ပါအချက်တွေရှိရင် သင့်ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
  • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
  • Fructines® သို့မဟုတ် အခြားဆေးများ နှင့် ဓါတ်မတည့်လျှင်။
  • အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင်။
  • ကလေးတွေမှာ ဝမ်းနှုတ်ဆေးကို အသုံးပြုမယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်ရှိမှသာ အသုံးပြုသင့်ပါတယ်။
  • ဗိုက်အရမ်းနာ/အရမ်းအောင့်ပြီး ပျို့အန်နေလျှင်။
  • သင့်အနေနဲ့ မကြာသေးမီက ဗိုက်ခွဲထားလျှင် သို့မဟုတ် အူရောင်ရမ်းသော ရောဂါရှိလျှင်။

သင့်ခန္ဓါကိုယ်မှာ ရေဓါတ်ခမ်းခြောက်နေလျှင် သို့မဟုတ် ဆီးဆေးများ သောက်နေရလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fructines (ဖရက်တင်းစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Fructines (ဖရက်တင်းစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဒီဆေးကို သုံးစွဲတဲ့အခါ ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးအချို့က အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

  • ဝမ်းလျှောခြင်း။
  • ဗိုက်အောင့်ခြင်း။
  • ဗိုက်ရစ်ရစ်ပြီးနာခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ကာလကြာရှည် ဝမ်းချုပ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Fructines (ဖရက်တင်းစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Fructines® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Fructines (ဖရက်တင်းစ်) နဲ့ ဓါတ်ပြုနိုင်သလား

Fructines® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Fructines (ဖရက်တင်းစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Fructines® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

အဆိုပါ ကျန်းမာရေးအခြေအနေတွေကတော့

  • အူပိတ်ခြင်း။
  • အူလမ်းကြောင်းလှုပ်ရှားမှု မရှိတော့ခြင်း။
  • ဗိုက်အောင့်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း။
  • အူရောင်ရောဂါရှိနေခြင်း (ဥပမာ ulcerative colitis —> အူမကြီးမှာ အနာတွေ ဖြစ်တဲ့ရောဂါတမျိုးဖြစ်ပြီး သွေးဝမ်းမကြာခဏသွားတဲ့ လက္ခဏာပြပါတယ်)။
  • ဗိုက်ခွဲရန် လိုအပ်သောရောဂါများရှိခြင်း (ဥပမာ အူအတက်ရောင်ခြင်း)။
  • ရေဓါတ်ခမ်းခြောက်ခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fructines (ဖရက်တင်းစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ ဆေးပြား ၂ပြားမှ ၄ပြားအထိ သောက်နိုင်ပါတယ်။ ဆေးတောင့်တွေကို သောက်တဲ့အခါ ရေနဲ့သောက်ချပါ။Sodium picosulfate ဟာ အာနိသင်ပြဖို့အတွက် ၆နာရီကနေ ၁၂နာရီလောက်အထိ ကြာမြင့်တဲ့အတွက် ညအိပ်ယာဝင်ချိန်မှာ ဆေးသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

ကလေးတွေအတွက် Fructines (ဖရက်တင်းစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Fructines (ဖရက်တင်းစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Fructines® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား၊ ဝါးစားနိုင်သော ဆေးပြား၊ Sodium Picosulfate ၅ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Fructines® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 13, 2017

ရင်းမြစ်များ