Generic Name: Fml Neo (အက်ဖ်အမ်အဲလ် နီရို) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Fml Neo (အက်ဖ်အမ်အဲလ် နီရို) ကို ဘာအတွက်အသုံးပြုကြသလဲ

FML Neo ဟာ မျက်စဉ်းဆေးဖြစ်ပြီး မျက်စိနာခြင်းကို ကုသရန်အတွက် အများဆုံးအသုံးပြုလေ့ရှိကြပါတယ် (neomycin ဟာ မျက်စိနာခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ချေမှုန်းပေးနိုင်ပါတယ်)။

ဒါ့အပြင် neomycin က နှိမ်နင်းနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ anterior segment inflammatory disorders လို့ခေါ်တဲ့ မျက်စိပိုးဝင်ခြင်းတမျိုးကိုလည်း FML Neo က ကုသပေးနိုင်ပါတယ်။

Fml Neo (အက်ဖ်အမ်အဲလ် နီရို) ဘယ်လိုသုံးသင့်သလဲ

မျက်စဉ်းဆေးကို အသုံးမပြုမီ လက်ကိုစင်ကြယ်အောင် ဆေးရပါမယ်။မျက်စဉ်းဆေးကို အသုံးမပြုမီ ဆေးပုလင်းကို ကောင်းစွာ လှုပ်ပေးရပါမယ်။မျက်စဉ်းဆေးကို သင့်ဆရာဝန်ညွှန်ကြားထားတဲ့ ကာလအတိုင်း အတိအကျ သုံးစွဲရပါမယ်။

ဒါပေမယ့် ကော်တီကိုစတီးရွိုက်ပါဝင်တဲ့ မျက်စဉ်းဆေးတွေကို တပတ်ထက်ပိုကြာအောင် အသုံးပြုမယ်ဆိုရင် သင့်ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးနေဖို့ လိုအပ်ပါတယ်။

မျက်စဉ်းမခတ်မီ သင့်မျက်ကပ်မှန်တွေကို အရင်ချွတ်ထားဖို့လိုမှာဖြစ်ပြီး မျက်စဉ်းခတ်ပြီး ၁၅ မိနစ်အတွင်းမှာ မျက်ကပ်မှန်ကို ပြန်မတပ်ရပါဘူး။မျက်စဉ်းဗူးရဲ့ ဆေးထွက်ရှိလာမယ့် ထိပ်ဖျားကို သင့်မျက်စိအပါအဝင် ဘယ်အရာနဲ့မှ မထိရပါဘူး။ဒီလိုထိလိုက်မယ်ဆိုရင် မျက်စဉ်းဆေးထဲ ပိုးဝင်သွားနိုင်ပြီး သင့်ရောဂါကို ပိုဆိုးစေမှာပဲ ဖြစ်ပါတယ်။

Fml Neo (အက်ဖ်အမ်အဲလ် နီရို) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

FML Neo ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ FML Neo ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

FML Neo ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

FML Neo ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

FML Neo ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fml Neo (အက်ဖ်အမ်အဲလ် နီရို) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

FML Neo ကို မသုံးစွဲခင် အောက်ပါအချက်တွေရှိရင် သင့်ဆရာဝန်ကို အသိပေးပါ။

  • FML Neo ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်း။
  • သင့်မျက်စိမှာ မှိုစွဲခြင်း၊ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကို ခံစားနေရခြင်း။
  • (အကြောင်းရင်းအတိအကျမသိရသေးတဲ့) မျက်စိနီရဲခြင်း။
  • အသက် ၂ နှစ်အောက်ကလေး ဖြစ်နေခြင်း။
  • မျက်စိရေယုန်ပေါက်ဖူးခြင်း။

စတီးရွိုက်မျက်စဉ်းအသုံးပြုခြင်းဟာ မျက်လုံးတွင်း ဖိအားကို များလာစေတာကြောင့် FML Neo မျက်စဉ်းကို ကာလကြာရှည် အသုံးပြုမယ်ဆိုရင် သင့်မျက်လုံးတွင်းဖိအားနဲ့ မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူးရဲ့အခြေအနေကို မှန်မှန်စစ်ဆေးသင့်ပါတယ်။ဓာတ်မတည့်ခြင်းလက္ခဏာတွေကို ခံစားရရင် ဆေးသုံးစွဲတာကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ အမြန်ပြသရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fml Neo (အက်ဖ်အမ်အဲလ် နီရို) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Fml Neo (အက်ဖ်အမ်အဲလ် နီရို) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ် (အမြဲတမ်းဖြစ်မယ်လို့တော့ မဆိုလိုပါ)။အချို့ ဘေးထွက်ဆိုးကျိုးတွေက ဖြစ်ခဲပြီး ဖြစ်ရင်လည်း ဆိုးရွားပြင်းထန်ပါတယ်။

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာရင် ဆရာဝန်ကို အသိပေးတိုင်ပင်ပါ (အထူးသဖြင့် အချိန်တော်တော်ကြာတဲ့အထိ ပျောက်မသွားရင်ပေါ့)။

  • မျက်စိထဲတွင် (ပုရွက်ဆိတ်များ ပြေးနေသလို) ရွစိရွစိ ဖြစ်နေခြင်း။
  • ပူလောင်ခြင်း။
  • မျက်စိနီရဲနာကျင်ခြင်း။
  • ယာယီ အမြင်အာရုံဝေဝါးခြင်း။
  • နားထိခိုက်ခြင်း။
  • အလင်းစူးစူးကို မခံနိုင်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Fml Neo (အက်ဖ်အမ်အဲလ် နီရို) နဲ့ ဓာတ်ပြုနိုင်သလဲ

FML Neo ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Fml Neo (အက်ဖ်အမ်အဲလ် နီရို) နဲ့ ဓာတ်ပြုနိုင်သလား

FML Neo က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Fml Neo (အက်ဖ်အမ်အဲလ် နီရို) နဲ့ ဓာတ်ပြုနိုင်သလဲ

FML Neo ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fml Neo (အက်ဖ်အမ်အဲလ် နီရို) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားသောပမာဏ : မျက်စဉ်းတခါခတ်ရင် တစက်မှ နှစ်စက်နှုန်းနဲ့ တနေ့ကို ၂ကြိမ်မှ ၄ကြိမ်အထိ လိုအပ်သလို ခတ်ပေးနိုင်ပါတယ်။စတင်အသုံးပြုတဲ့ ၂၄ – ၄၈ နာရီအတွင်းမှာ တနာရီခြားတခါဆိုသလို မျက်စဉ်းကို တစက်စီ တိုးသွားနိုင်ပါတယ်။အချိန်မတိုင်မီ (ဆေးပတ်မလည်မီ) ဆေးသုံးစွဲမှုကို မရပ်လိုက်မိဖို့ သတိထားရပါမယ်။

ကလေးတွေအတွက် Fml Neo (အက်ဖ်အမ်အဲလ် နီရို) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Fml Neo (အက်ဖ်အမ်အဲလ် နီရို) ကိုဘယ်လိုရရှိနိုင်သလဲ

FML Neo ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

FML Neo မျက်စဉ်းဆေး ၅စီစီ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

FML Neo ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 18, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 18, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ