Fluoride (ဖလိုရွိုက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Fluoride (ဖလိုရွိုက်) Brand Name(s): Fluoride (ဖလိုရွိုက်).

အသုံးပြုပုံများ

Fluoride (ဖလိုရွိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Fluoride သည် သွား ကြွေသားများကို သန်မာစေသော အရာ ဖြစ်သည်။ ၎င်းသည် သွားပိုးပေါက်များ ဖြစ်ခြင်းကို ကာကွယ်ပေးသည်။

Fluoride ပါဝင်မှု နည်းသော သောက်ရေ သောက်သူများတွင် သွားပျက်စီးခြင်းကို ကာကွယ်ပေးသော ဆေး ဖြစ်ပါသည်။ Fluoride ကို ဦးခေါင်းနှင့် လည်ပင်းတွင် ဓာတ်ရောင်ခြည် ထိသော လူများတွင် သွားပျက်စီးခြင်းအား ကာကွယ်ရန်လည်း အသုံးပြုသည်။ ဓာတ်ရောင်ခြည်သည် ပါးစပ်ကို ခြောက်သွေ့စေပြီး သွားပျက်စီးမှု ပိုဖြစ်စေသည်။

Fluoride ကို ဆေးလမ်းညွှန်တွင် စာရင်းပြုမထားသော အခြားရည်ရွယ်ချက်များအတွက်လည်း အသုံးပြုနိုင်သည်။

Fluoride (ဖလိုရွိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို တံဆိပ်တွင် ညွှန်ကြားထားသည့်အတိုင်း သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း အတိအကျ သုံးပါ။ ညွှန်ကြားထားသည်ထက် ပိုများစွာ သို့မဟုတ် ပိုပြီးကြာရှည်စွာ မသုံးပါနှင့်။

ဤဆေးကို ရေတစ်ဖန်ခွက် အပြည့်ဖြင့်သောက်ပါ။

Fluoride ကို နို့ သို့မဟုတ် အခြား နို့ထွက်ပစ္စည်းများနှင့် မသောက်ပါနှင့်။ ကယ်စီယမ်သည် ခန္ဓာကိုယ်မှ fluoride စုပ်ယူခြင်းကို ပိုပြီးခက်ခဲစေသည်။

Fluoride ငုံဆေးကို ပါးစပ်ထဲတွင် လုံးဝပျော်ဝင်သွားသည် အထိ စုပ်ပါ။ ငုံဆေးကို ဝါးမစားပါနှင့်။ တစ်ခုလုံး မျိုမချပါနှင့်။ Fluoride ၏ ဝါးစားနိုင်သော ပုံစံကို ဝါးစားနိုင်သည်။ မျိုချနိုင်သည်။ ပါးစပ်ထဲတွင် စုပ်နိုင်သည်။ ရေ သို့မဟုတ် သစ်သီးဖျော်ရည်ဖြင့် သောက်နိုင်သည်။ နို့စို့ ကလေးအတွက် ရေတွင်ဖျော်နိုင်သည်။

Fluoride အစက်များကို ရေမရောဘဲ ပါးစပ်မှ သောက်နိုင်သည်။ သို့မဟုတ် အရည်၊ အစာဖြင့် ရောနိုင်သည်။

Fluoride ကို အရည် သို့မဟုတ် အစာဖြင့် ရောပါက ထို ဖျော်ရည်ကို ချက်ချင်းသောက်ပါ။ နောက်မှသောက်ရန် သိမ်းမထားပါနှင့်။

အကျိုးကျေးဇူး အများဆုံးရရန် Fluoride ကို ပုံမှန်သောက်ရန် အရေးကြီးသည်။

Fluoride (ဖလိုရွိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

Fluoride ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Fluoride ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Fluoride တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Fluoride ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fluoride (ဖလိုရွိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Fluoride သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fluoride (ဖလိုရွိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Fluoride သုံးလျှင်ရနိုင်သော အန္တရာယ် များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Fluoride မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Fluoride သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် N ရှိသည်။

FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Fluoride (ဖလိုရွိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  သင့်တွင် အောက်ပါ ဓာတ်မတည့်သော လက္ခဏာများ ရှိပါက အရေးပေါ် ကျန်းမာရေးအကူအညီ ရယူပါ။ အင်ပြင်များ၊ အသက်ရှူရ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။

သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်ကို ချက်ချင်း ခေါ်ပါ။

  • သွားအရောင်ပြောင်းခြင်း
  • သွား ကြွေသားများ အားနည်းခြင်း
  • သွားပုံစံ ပြောင်းလဲခြင်း

သိပ်မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ

  • အစာအိမ်အောင့်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အားနည်းခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Fluoride (ဖလိုရွိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

  Fluoride သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Fluoride (ဖလိုရွိုက်) နဲ့ ဓာတ်ပြုနိုင်သလား

  Fluoride သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Fluoride (ဖလိုရွိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

  Fluoride သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fluoride (ဖလိုရွိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရိုးပျော့ခြင်း (osteoporosis) ကို ကုသရန်အတွက်။ fluoride အခဲ တစ်နေ့လျှင် ၁၅-၂၀ မီလီဂရမ်

ကလေးတွေအတွက် Fluoride (ဖလိုရွိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွား ဆွေးမြေ့ခြင်း ( သွားပိုးစားခြင်း) ကို ကာကွယ်ရန်။ အမေရိကန် ပြည်ထောင်စုတွင် fluoride က မြို့သုံးရေ ထဲသို့ 0.7 မှ 1.2 parts per million (ppm) ပြင်းအားဖြင့် ထည့်သည်။

သောက်ရေထဲတွင် fluoride ပမာဏ 0.3 ppm ( ဥပမာ တွင်းရေ) ထက် နည်းသော နေရာများတွင် သွားပိုးစားခြင်းကို ကာကွယ်ရန်။ ၆ လမှ ၃ နှစ်အထိ ကလေးများသည် fluoride ဖြည့်စွက်စာကို တစ်နေ့လျှင် ၀.၂၅ မီလီဂရမ် စားသင့်သည်။ ၃ နှစ်မှ ၆ နှစ် ကလေးများတွင် တစ်နေ့လျှင် ၀.၅ မီလီဂရမ်။ ၆ နှစ်မှ ၁၆ နှစ် ကလေးများတွင် တစ်နေ့လျှင် ၁ မီလီဂရမ်။

Fluoride ပမာဏသည် 0.3 မှ 0.6 ppm ရှိသော နေရာများတွင် နေသော ကလေးများအတွက်။ ၃နှစ်မှ ၆ နှစ် ကလေးများသည် တစ်နေ့လျှင် ၀.၂၅ မီလီဂရမ်၊ ၆ နှစ်မှ ၁၆ နှစ် ကလေးများသည် တစ်နေ့လျှင် ၀.၅ မီလီဂရမ် စားသင့်သည်။

သောက်ရေထဲတွင် fluoride ပမာဏ 0.6 ppm ကျော်သော နေရာများတွင် ဖြည့်စွက်စာ မလိုပါ။

Fluoride (ဖလိုရွိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

  Fluoride ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • Sodium fluoride ဝါးစားနိုင်သော ဆေးပြား ၁ မီလီဂရမ်
  • Sodium fluoride ဝါးစားနိုင်သော ဆေးပြား ၀.၅ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Fluoride သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 17, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။