Flovent (ဖလိုဗန့်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Flovent (ဖလိုဗန့်) Brand Name(s): Flovent (ဖလိုဗန့်).

အသုံးပြုပုံများ

Flovent (ဖလိုဗန့်) ကို ဘာအတွက်အသုံးပြုကြသလဲ

  Flovent® သည် စတီးရွိုက်တစ်မျိုး ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်တွင် ရောင်ရမ်းမှု ဖြစ်စေသော အရာများ ထုတ်လွတ် ခြင်းကို ကာကွယ်ပေးသည်။

Flovent® ကို ပန်းနာရင်ကြပ် ဆိုးရွားခြင်းအား ကာကွယ်ရန် သုံးသည်။ ၎င်းသည် ဖြစ်နေပြီးသော ပန်းနာရင်ကြပ် ဆိုးရွားခြင်းကို ကုသမပေးပါ။ တစ်ခါတစ်ရံ Flovent® HFA နှင့် Flovent® Diskus ကို စတီးရွိုက် သောက်ဆေးနှင့်အတူ အသုံးပြုသည်။

Flovent (ဖလိုဗန့်) ဘယ်လိုသောက်သုံးသင့်သလဲ

Flovent® ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျ သောက်ပါ။ ဆေးစာတွင်ပါသော လမ်းညွှန်ချက်အားလုံးကို လိုက်နာပါ။ ဤဆေးကို ညွှန်ကြားထားသည်ထက် ပို၍ကြာရှည်စွာ သို့မဟုတ် ပိုများစွာ သို့မဟုတ် ပိုနည်းစွာ မသုံးပါနှင့်။

Flovent® သည် အသက်ကယ်သော ဆေးမဟုတ်ပါ။ ၎င်းသည် ပန်းနာရပ်ကြပ် ဆိုးရွားခြင်းကို ကုသနိုင်အောင် မမြန်ဆန်ပါ။ ပန်းနာရပ်ကြပ် ဆိုးရွားခြင်းအတွက် ဆေးစွမ်းမြန်မြန် ရသော ရှူဆေးကိုသာ အသုံးပြုပါ။

ဤဆေးကို ဘေးကင်းစွာနှင့် ထိရောက်စွာ သုံးနိုင်ရန် လမ်းညွှန်ချက် ပါရှိသည်။ ထို လမ်းညွှန်ချက်များကို ဂရုတစိုက် လိုက်နာပါ။ သင့်တွင် မေးစရာ တစ်ခုခုရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးမြန်းပါ။ ဤဆေးသုံးသော ကလေးများသည် ရှူဆေးကိရိယာကို မှန်ကန်စွာသုံးနိုင်ဖို့ အကူအညီလိုနိုင်သည်။

သင်သည် ခွဲစိတ်မှုရှိပါက၊ ဖျားနာပါက၊ စိတ်ဖိစီးမှု ရှိပါက သို့မဟုတ် မကြာသေးမီက ပန်းနာရပ်ကြပ် ဆိုးရွားမှု ဖြစ်ထားပါက သင်၏ ဆေးပမာဏကို ပြောင်းလဲနိုင်သည်။ ဆရာဝန်၏ အကြံပြုချက်မပါဘဲ သင်၏ ဆေးပမာဏ သို့မဟုတ် အချိန်ဇယားကို မပြောင်းလဲပါနှင့်။

Flovent® သည် fluticasone ၏ အရည်ပုံစံ ဖြစ်သည်။ ရှူဆေးကိရိယာဖြင့် သုံးရသည်။ ထိုကိရိယာသည် အရည် ဖျန်းပေးသည်။ အရည်ကို ပါးစပ်မှ ရှူသွင်းပြီး အဆုတ်ထဲသို့ ရောက်စေသည်။ သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်သည် သင့်အား ရှူဆေးကိရိယာကို ဘယ်လိုသုံးရမလဲ ပြသပေးနိုင်သည်။

Flovent®Diskus သို့မဟုတ် ArnuityEllipta သည် fluticasone ၏ အမှုန့်ပုံစံ ဖြစ်သည်။ အထူး ရှူဆေးကိရိယာဖြင့် သုံးရသည်။ ထိုကိရိယာတွင် တိုင်းတာထားသော fluticasone ဆေးပမာဏပါဝင်သော အထုပ်များ ထည့်ထားသည်။ ရှူဆေးကိရိယာကို တစ်ခါသုံးတိုင်း ကိရိယာကို ဖွင့်ပြီး fluticasone အထုပ်ကို ထည့်သည်။ ဤကိရိယာကို spacer နှင့် တွဲမသုံးပါနှင့်။ ဆေးနှင့်အတူပါသော ညွှန်ကြားချက်များကို လိုက်နာပါ။

လူကြီးအကူအညီမပါဘဲ ကလေးငယ်ကို Flovent® မသုံးခိုင်းပါနှင့်။

ပါးစပ်ထဲတွင် မှိုကူးစက်ခြင်းမဖြစ်အောင် Flovent® ဆေး သုံးပြီးနောက် ရေဖြင့် ဆေးကြောပါ။ မျိုမချပါနှင့်။ သင်၏ သွားကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ဤဆေးသည် သွေးအပေါက်များ၊ သွားအရောင်ကျွတ်ခြင်းကို ဖြစ်စေသည်။

သင်သည် စတီးရွိုက် သောက်ဆေးမှ Fluticasone ကို ပြောင်းသုံးပါက စတီးရွိုက်ဆေးကို ရုတ်တရက် မရပ်သင့်ပါ။ ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ သင်၏ စတီးရွိုက်ဆေး ပမာဏကို တဖြည်းဖြည်းချင်း လျော့ချပါ။ သင်သည် စိတ်ဖိစီးပါက သို့မဟုတ် ပန်းနာရင်ကြပ် ဆိုးရွားပါက သို့မဟုတ် အခြား ကျန်းမာရေးအရေးပေါ် ဖြစ်ပါက စတီးရွိုက်သောက်ဆေး ကိုပြန်သောက်ရန် လိုသည်။ သင်သည် စတီးရွိုက်သောက်ဆေးကို အရေးပေါ်လိုအပ်နိုင်ကြောင်း ဖော်ပြထားသော ကဒ်ပြားကို ဆောင်ထားပါ။

သင်၏ ပန်းနာရင်ကြပ် ဆေးများသည် အရင်လို အလုပ်မလုပ်တော့ဘူးဟု ထင်ပါက ကျန်းမာရေး စောင့်ရှောက်မှု ရယူပါ။ ဆေး ပိုပြီးလိုအပ်ခြင်းသည် ပြင်းထန်သော ပန်းနာရင်ကြပ် ဆိုးရွားမှု၏ ရှေ့ပြေး လက္ခဏာ တစ်ခု ဖြစ်နိုင်သည်။

Flovent® သုံးနေစဉ် ဆရာဝန်သည် သင်၏ တိုးတက်မှုကို စောင့်ကြည့်ရန်လိုသည်။ သင်၏ အမြင်ကိုလည်း ပုံမှန် စစ်ဆေးရန် လိုအပ်သည်။

သင်၏လက္ခဏာများသည် ကုသမှု ၂ ပတ်အတွင်း မသက်သာပါက သို့မဟုတ် Flovent® သုံးနေစဉ် ပိုဆိုးလာပါက ဆရာဝန်အားခေါ်ပါ။ သင်သည် အိမ်တွင် peak flow meter သုံးပါက သင်၏ နံပါတ်များ ပုံမှန်အောက် ကျသွားသောအခါ ဆရာဝန်အား ခေါ်ပါ။

သင်သည် Flovent® သုံးခြင်းကို ရုတ်တရက် မရပ်သင့်ပါ။ ရုတ်တရက် ရပ်ခြင်းသည် သင့်လက္ခဏာများကို ပိုဆိုးစေသည်။

Flovent (ဖလိုဗန့်) ဘယ်လိုသိမ်းဆည်းရမလဲ

Flovent® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Flovent® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Flovent® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Flovent® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Flovent (ဖလိုဗန့်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Flovent® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

သင်သည် နို့ ပရိုတိန်းများနှင့် ဓာတ်မတည့်ပါက ရှူဆေး အမှုန့်ကို မသုံးပါနှင့်။

စတင်ပြီးသော ပန်းနာရင်ကြပ် ဆိုးရွားခြင်းကို ကုသရန် Flovent® ကိုမသုံးပါနှင့်။

Flovent® သည် သင့်အတွက် ဘေးကင်းသလား သေချာစေရန် သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ရောဂါပိုးကူးစက်မှု ( ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှို)
  • ကပ်ပါးကောင် ကူးစက်မှု ( ဥပမာ giardia, ငှက်ဖျား, leishmaniasis, ချိတ်သန်ကောင်, pinworm, toxoplasmosis, နှင့် အခြားများစွာ)
  • တီဘီရောဂါ
  • မျက်လုံးတွင် ရေယုန်ကူးစက်ခြင်း
  • Glaucoma သို့မဟုတ် မျက်စိတိမ်ရောဂါ
  • အသည်းရောဂါ
  • အရိုး သတ္ထု သိပ်သည်းဆ နည်းခြင်း
  • ကိုယ်ခံအားစနစ် အားနည်းခြင်း

အထူးသဖြင့် သင်ဆေးလိပ် သောက်ပါက၊ လေ့ကျင့်ခန်း မလုပ်ပါက၊ အစားအသောက်တွင် ဗီတာမင် ဒီ၊ ကယ်စီယမ် လုံလောက်စွာ မရပါက၊ osteoporosis မိသားစု ရာဇဝင်ရှိပါက စတီးရွိုက်ကို ကြာရှည်အသုံးပြုခြင်းသည် အရိုးပျက်စီးခြင်း (osteoporosis) ကို ဖြစ်စေသည်။ osteoporosis အန္တရာယ် အကြောင်း ဆရာဝန်နှင့် ဆွေးနွေးပါ။

Flovent® ကို ဆရာဝန် အကြံပြုချက် မပါဘဲ အသက် ၄ နှစ်အောက် ကလေးများတွင် မသုံးပါနှင့်။ Fluticasone သည် ကလေးများ၏ ကြီးထွားမှုကို ထိခိုက်စေနိုင်သည်။ သင့်ကလေး သည် Flovent® သုံးနေစဉ် ပုံမှန်လောက် မကြီးထွားဘူးဟု သင်ထင်ပါက ဆရာဝန်အား ပြောပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Flovent (ဖလိုဗန့်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Flovent® သုံးလျှင်ရနိုင်သော အန္တရာယ် များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Flovent® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Fibercon® သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။

FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Flovent (ဖလိုဗန့်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  Flovent® နှင့် ဓာတ်မတည့်သော လက္ခဏာများ ရှိပါက အရေးပေါ် ကျန်းမာရေးအကူအညီ ရယူပါ။ အင်ပျဉ်များ၊ အသက်ရှူ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းခြင်းတို့ ဖြစ်သည်။

သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ချက်ချင်း ခေါ်ပါ။

  • အားနည်းခြင်း၊ မောပန်းသလို ခံစားရခြင်း၊ မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်း၊ သတိလစ်တော့မည်ဟု ခံစားရခြင်း
  • ဤဆေး သုံးပြီးနောက် အသက်ရှူစဉ် တဝီဝီမြည်ခြင်း၊ ဆို့နင်ခြင်း သို့မဟုတ် အခြား အသက်ရှူခြင်း ပြဿနာများ
  • အမြင် ဝေဝါးခြင်း၊ ပုံမှန်မြင်ကွင်း၏ ပြင်ပ၌ အားနည်းသော အမြင်အား၊ မျက်လုံး နာခြင်း သို့မဟုတ် အလင်းပတ်လည်တွင် ရောင်ခြည်များ မြင်ရခြင်း
  • ပန်းနာရင်ကြပ် လက္ခဏာများ ပိုဆိုးလာခြင်း
  • အသည်း ပြဿနာများ– မအီမသာဖြစ်ခြင်း၊ အစာအိမ် အပေါ်ပိုင်းနာခြင်း၊ ယားယံခြင်း၊ မောပန်းသလို ခံစားရခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ဆီးမည်းခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ jaundice ( အရေပြား သို့မဟုတ် မျက်လုံး ဝါခြင်း)။

  အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ-

  • အအေးမိ လက္ခဏာများ ဥပမာ နှာပိတ်ခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ထိပ်ခတ်နာ။
  • ငွေ့ငွေ့ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူစဉ် တဝီဝီ မြည်ခြင်း၊ ရင်ကြပ်ခြင်း
  • အသံအက်ကွဲခြင်း
  • သင်၏ ပါးစပ် သို့မဟုတ် နှုတ်ခမ်းတွင် အဖြူအကွက် များ သို့မဟုတ် အနာများ
  • ခေါင်းကိုက်ခြင်း
  • မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ အစာအိမ် အောင့်ခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Flovent (ဖလိုဗန့်) နဲ့ ဓာတ်ပြုနိုင်သလဲ

  Flovent® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓာတ်ပြုနိုင်သော ဆေးများမှာ-

  • Nefazodone
  • ပဋိဇီဝဆေး –clarithromycin, erythromycin, telithromycin
  • မှိုပျောက်ဆေး –itraconazole, ketoconazole, voriconazole
  • HIV/AIDS ဆေး –atazanavir, delavirdine, fosamprenavir, indinavir, lopinavir, nelfinavir, ritonavir, saquinavir
  • စတီးရွိုက် ဆေးများ –dexamethasone, prednisone, သို့မဟုတ် အခြား

အစားအသောက်တွေနဲ့ အရက်က Flovent (ဖလိုဗန့်) နဲ့ ဓာတ်ပြုနိုင်သလား

  Flovent® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Flovent (ဖလိုဗန့်) နဲ့ ဓာတ်ပြုနိုင်သလဲ

  Flovent® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Flovent (ဖလိုဗန့်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးနှင့် ဆယ်ကျော်သက် လူနာများ ( အသက် ၁၂ နှစ်နှင့် အထက်)

လေပြွန်ကျယ်စေသော ဆေး တစ်မျိုးသာ။ 88 mcg တစ်နေ့ နှစ်ကြိမ်။ အကြံပြုထောက်ခံသော အများဆုံး ပမာဏမှာ 440 mcg တစ်နေ့ နှစ်ကြိမ်။

Corticosteroids ရှူဆေး။ 88-220 mcg တစ်နေ့ နှစ်ကြိမ်။ အကြံပြုထောက်ခံသော အများဆုံး ပမာဏမှာ 440 mcg တစ်နေ့ နှစ်ကြိမ်။

Corticosteroids သောက်ဆေး။ 440 mcg တစ်နေ့ နှစ်ကြိမ်။ အကြံပြုထောက်ခံသော အများဆုံး ပမာဏမှာ 880 mcg တစ်နေ့ နှစ်ကြိမ်။

ကလေးတွေအတွက် Flovent (ဖလိုဗန့်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေး လူနာများ ( အသက် ၄-၁၁ နှစ်)

88 mcg တစ်နေ့ နှစ်ကြိမ်။ အကြံပြုထောက်ခံသော အများဆုံး ပမာဏမှာ 88 mcg တစ်နေ့ နှစ်ကြိမ်။

Flovent (ဖလိုဗန့်) ကိုဘယ်လိုရရှိနိုင်သလဲ

  Flovent® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • HFA, aerosol, metered: fluticasone propionate 44ug

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Flovent® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 17, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။