Florajen (ဖလိုရာဂျန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Florajen (ဖလိုရာဂျန်) Brand Name(s): Florajen (ဖလိုရာဂျန်).

အသုံးပြုပုံများ

Florajen (ဖလိုရာဂျန်) ကို ဘာအတွက်အသုံးပြုကြသလဲ

  Florajen® ကို သဘာဝကုထုံးတွင် အသုံးပြုပါသည်။ ( ကလေးများ သို့မဟုတ် အရွယ်ရောက်ပြီးသူများတွင် ) ပဋိဇီဝဆေးများ၊ ခရီးသွားခြင်း၊ ဓာတုကုထုံး သို့မဟုတ် ဆေးရုံတက်ခြင်းကြောင့် ဖြစ်သော ဝမ်းလျှောခြင်းကို ကာကွယ်ရန် အသုံးပြုသည်။

Florajen® သည် irritable bowel syndrome, မိန်းမကိုယ်တွင် ဘတ်တီးရီးယား ကူးစက်ခြင်း၊ ကလေးငယ်များတွင် ဝမ်းရစ်နာခြင်း၊ ကလေးများတွင် အဆုတ် ရောဂါပိုးကူးစက်ခြင်း၊ နို့နှင့် ဓာတ်မတည့်သော ကလေးများတွင် ဖြစ်သော အရေပြား ပြဿနာများနှင့် အခြား အခြေအနေများ ကိုကုသရာတွင် အစွမ်းထက်သည်။

Florajen® ကို lactose နှင့်မတည့်ခြင်း၊ Crohn’s disease, အူတွင် ဘတ်တီးရီးယားများ အလွန်ပေါက်ဖွားခြင်း သို့မဟုတ် ပဋိဇီဝဆေးများကြောင့် မိန်းမကိုယ်တွင် မှိုကူးစက်ခြင်းကို ကုသရန် အသုံးပြုသည်။ သို့သော် သုတေသနများအရ lactobacillus acidophilus သည် ထိုအခြေအနေများကို ကုသရန် မထိရောက်ပါဟု တွေ့ရသည်။

Florajen® ကို လမ်းညွှန်စာအုပ်တွင် ရေးမထားသော အခြားရည်ရွယ်ချက်များအတွက်လည်း အသုံးပြုသည်။

Florajen (ဖလိုရာဂျန်) ဘယ်လိုသောက်သုံးသင့်သလဲ

  သင်သည် lactobacillus acidophilus ကို အသုံးပြုရန် ရွေးချယ်ပါက ဆေးဘူးတွင် ညွှန်ကြားထားသည့်အတိုင်း သို့မဟုတ် ဆရာဝန်၊ ဆေးဝါးပညာရှင် သို့မဟုတ် အခြား ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ညွှန်ကြားသည့်အတိုင်း အသုံးပြုပါ။ ဆေးတံဆိပ်တွင် ရေးသားထားသည်ထက် ပိုပြီး အသုံးမပြုပါနှင့်။

Lactobacillus acidophilus ကို ဆေးတောင့်၊ ဆေးပြားနှင့် မိန်းမကိုယ်ထဲ ထိုးသွင်းသော ဆေး အဖြစ် ရရှိနိုင်သည်။ အမှုန့် နှင့်အရည် ပုံစံများလည်း ရရှိနိုင်သည်။ အချို့နို့ထွက်ပစ္စည်းများ အထူးသဖြင့် ဒိန်ချဉ်တွင်လည်း lactobacillus acidophilus ပါဝင်သည်။

သင်သည် ဝါးစားနိုင်သော ဆေးပြားကို မမျိုချမီ ဝါးစားရမည်။ ဆေးပညာ အကြံပြုချက်မရှိဘဲ lactobacillus acidophilus ပုံစံအမျိုးမျိုးကို တစ်ချိန်တည်းတွင် မသုံးပါနှင့်။ မတူညီသော ဆေးပုံစံများကို အတူတကွသုံးခြင်းသည် ဆေးလွန်ခြင်း အန္တရာယ်ကို များစေသည်။

lactobacillus acidophilus ဖြင့် ကုသနေသော ကျန်းမာရေး အခြေအနေသည် သက်သာမလာပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်အားခေါ်ပါ။

Florajen (ဖလိုရာဂျန်) ဘယ်လိုသိမ်းဆည်းရမလဲ

Lactobacillus acidophilus ကို ဆေးဘူးတွင် ညွှန်ကြားထားသည့်အတိုင်း အလုံပိတ်ထားသော ထည့်စရာဖြင့် သိမ်းဆည်းပါ။ Florajen® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေးဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Florajen® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Florajen (ဖလိုရာဂျန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Florajen® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Florajen (ဖလိုရာဂျန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် Florajen® သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ Florajen® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Florajen (ဖလိုရာဂျန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  သင့်တွင် ဓာတ်မတည့်သော လက္ခဏာများ ရှိပါက အရေးပေါ် ကျန်းမာရေး အကူအညီရယူပါ။ အင်ပျဉ်များ၊ အသက်ရှူ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းခြင်းတို့ ဖြစ်သည်။

ဘေးထွက်ဆိုးကျိုးအားလုံးကို မသိရှိသော်လည်း Lactobacillus acidophilus သည် အချိန်တို အတွင်းအသုံးပြုပါက ဘေးကင်းပါသည်။

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ-

  • ဖူးရောင်ခြင်း
  • လေလည်ခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Florajen (ဖလိုရာဂျန်) နဲ့ ဓာတ်ပြုနိုင်သလဲ

  Florajen® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Florajen (ဖလိုရာဂျန်) နဲ့ ဓာတ်ပြုနိုင်သလား

  Florajen® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Florajen (ဖလိုရာဂျန်) နဲ့ ဓာတ်ပြုနိုင်သလဲ

  Florajen® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Florajen (ဖလိုရာဂျန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကလေးတွေအတွက် Florajen (ဖလိုရာဂျန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Florajen (ဖလိုရာဂျန်) ကိုဘယ်လိုရရှိနိုင်သလဲ

  Florajen® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Florajen® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 17, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။