backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Fleet Enema (ဖလိ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Fleet Enema (ဖလိ) ကို ဘာအတွက်အသုံးပြုကြသလဲ

Fleet® ကို ဝမ်းမာခြင်း ( ဝမ်းချုပ်ခြင်း) အားကုသရန် အသုံးပြုသည်။ အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်ရှင်းစေရန် အသုံးပြုသည်။

Fleet Enema (ဖလိ) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုပါ။ သင့်ကိုပေးသော အချက်အလက်အားလုံးကို ဖတ်ပါ။ လမ်းညွှန်ချက်များကို သေချာလိုက်နာပါ။ enema ကို စအိုမှတစ်ဆင့် ထိုးပါ။ ဆရာဝန်ပြောသည့်အတိုင်း အသုံးပြုပါ သို့မဟုတ် အထုပ်တွင် ရေးထားသည်များကို ဖတ်ရှုပါ။

Fleet Enema (ဖလိ) ဘယ်လိုသိမ်းဆည်းရမလဲ

Fleet® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Fleet® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Fleet® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Fleet® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fleet Enema (ဖလိ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို မသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Fleet® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင် ဤဆေး သုံးထားသည်ကို သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ အားလုံးကို ပြောပါ။ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးပညာရှင်များနှင့် သွားဆရာဝန်တို့ ပါဝင်သည်။

    ဆရာဝန် မညွှန်ကြားပါက Fleet® ကို ၁ ပတ်ထက်ပိုပြီး မသုံးပါနှင့်။

    ဆရာဝန် မညွှန်ကြားပါက အခြား ဝမ်းပျော့ဆေးများ မသုံးပါနှင့်။

    ဤဆေး သုံးပြီးနောက် စအိုမှ သွေးထွက်ခြင်း သို့မဟုတ် ဝမ်းမသွားခြင်း ဖြစ်ပါက ဆရာဝန်အား ပြောပြပါ။

    သင်သည် အသက် ၆၅ နှစ်နှင့်အထက် ဖြစ်ပါက Fleet® ကို သတိထားပြီး အသုံးပြုပါ။ ဘေးထွက်ဆိုးကျိုးများ ပိုပြီးဖြစ်နိုင်သည်။

    ဤဆေးသည် မျိုချပါက အန္တရာယ်ဖြစ်နိုင်သည်။ ဤဆေးကို မျိုချမိပါက ဆရာဝန် သို့မဟုတ် အဆိပ် ထိန်းချုပ်မှု စင်တာကို ချက်ချင်းအကြောင်းကြားပါ။

    အမျိုးမျိုးသော Fleet® တံဆိပ်များကို ကလေးများအတွက် အသက်အရွယ်အမျိုးမျိုးတွင် သုံးသည်။ ဤဆေးကို ကလေးတွင် မသုံးမီ ဆရာဝန်နှင့်တိုင်ပင်ပါ။

    သင့်တွင် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကိုယ်ဝန်ယူရန် စီစဉ်ထားပါက ဆရာဝန်အား ပြောပြပါ။ ကိုယ်ဝန်ဆောင်စဉ် Fleet® သုံးခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များအကြောင်း ဆွေးနွေးရန် လိုအပ်သည်။

    သင်သည် ကလေးနို့တိုက်နေရပါက ဆရာဝန်အား ပြောပြပါ။ သင့်ကလေးသို့ ဖြစ်နိုင်သောအန္တရာယ် များကို ဆွေးနွေးရန် လိုသည်။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fleet Enema (ဖလိ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် Fleet® သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ Fleet® မသုံးမီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Fleet Enema (ဖလိ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    သင့်တွင် အောက်ပါ လက္ခဏာများ ရှိပါက ဆရာဝန်ကို ချက်ချင်း အကြောင်းကြားပါ သို့မဟုတ် ကျန်းမာရေး အကူအညီ ချက်ချင်းရယူပါ။ ထိုလက္ခဏာများသည် အလွန်ဆိုးသော ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်သည်။

    • ဓါတ်မတည့်သော လက္ခဏာများ။ ဥပမာ အဖုအပိမ့်များ၊ အင်ပျဉ်၊ ယားယံခြင်း၊ အရေပြား နီရဲခြင်း၊ ရောင်ခြင်း၊ အလွှာကွာခြင်း၊ ဖျားခြင်း၊ အသက်ရှူရာတွင် တရွီရွီ မြည်ခြင်း၊ ရင်ဘတ် သို့မဟုတ် လည်ချောင်း ကျပ်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ စကားပြောရခက်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အသံအောခြင်း၊ ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း
    • အလွန်ဆိုးသော မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်း
    • အလွန်ဆိုးသော ဗိုက်နာခြင်း
    • ထိုးအန်ခြင်း
    • ဝမ်းအလွန်ပျော့ခြင်း (ဝမ်းလျှောခြင်း)
    • စအိုမှ သွေးထွက်ခြင်း၊ စအိုအောင့်ခြင်း

    လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Fleet Enema (ဖလိ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Fleet® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

    အစားအသောက်တွေနဲ့ အရက်က Fleet Enema (ဖလိ) နဲ့ ဓါတ်ပြုနိုင်သလား

    Fleet® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေသည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဤဆေးကို မသုံးမီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Fleet Enema (ဖလိ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Fleet® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

    ဤဆေးနှင့် အပြန်အလှန်သက်ရောက်နိုင်သော ကျန်းမာရေး အခြေအနေများမှာ-

    • အူပိတ်ခြင်း
    • ဗိုက်နာခြင်း
    • အစာအိမ်မသက်သာခြင်း
    • စအိုမှ သွေးထွက်ခြင်း
    • ထိုးအန်ခြင်း သို့မဟုတ် ၂ ပတ်ကျော်ကြာ ရှိသော ဝမ်းသွားသည့်အကျင့် ပြောင်းလဲခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Fleet Enema (ဖလိ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    နေ့စဉ် စအိုမှ enema ၁ လုံး။ ၇ရက်အထိ အသုံးပြုနိုင်သည်။ ၁-၅ မိနစ်အတွင်း အကျိုးဖြစ်ပေါ်သည်။ ၇ရက်ကြာပြီးနောက် မသက်သာပါက ပြန်ပြီး စစ်ဆေးပါ။

    ကလေးတွေအတွက် Fleet Enema (ဖလိ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဆေး၏ ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

    Fleet Enema (ဖလိ) ကိုဘယ်လိုရရှိနိုင်သလဲ

    Fleet® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

    • အဆီ

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Fleet® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement