backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Flagentyl (ဖလက်ဂျင်တိုင်လ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Flagentyl (ဖလက်ဂျင်တိုင်လ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Flagentyl ကို အူလမ်ကြောင်းနှင့် အူလမ်းကြောင်းအပြင်(အသည်း)ရှိ သန်ကောင်များနှင့် သန်ကောင်များ(Giardia lamblia (giardiasis or lambliasis), trichomoniasis )ကြောင့် ဖြစ်သောအူလမ်းကြောင်းနှင့် မိန်းမကိုယ်ရှိ ရောဂါများကို ကုသရန်သုံးနိုင်ပါတယ်။

Flagentyl (ဖလက်ဂျင်တိုင်လ်) ဘယ်လိုသောက်သုံးသင့်သလဲ

Secnidazole ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်ပါ။ သံသယရှိပါက ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။ တကယ်လို့ အညွှန်းစာရွက်မှာပါတဲ့အချက်တွေကို နားမလည်လျှင် ဆရာဝန်ကို မေးမြန်းဆွေးနွေးပါ။

Flagentyl (ဖလက်ဂျင်တိုင်လ်) ဘယ်လိုသိမ်းဆည်းရမလဲ

Flagentyl ကို နေရောင်နှင့်အစိုဓါတ် တိုက်ရိုက်ထိတွေ့စေမယ့် နေရာကရှောင်ပြီး အခန်းအပူချိန်မှာ ထိန်းထားတာက အကောင်းဆုံးပါ။ ဆေးပျက်ဆီးတာကို ကာကွယ်ဖို့ ဆေးကို ရေချိုးခန်းနှင့် ရေခဲသေတ္တာအခဲအကန့်ထဲ သိမ်းတာကို ရှောင်ရပါမယ်။

သိမ်းရမယ့်နေရာတွေမတူတဲ့ Flagentyl ဆေးအမျိုးပေါင်းများစွ ာရှိနေနိုင်ပါတယ်။ သိမ်းတဲ့နေရာကိုသိဖို့ ဆေးအခွံပေါ်က အညွှန်းကိုဖတ်ခြင်း၊ ဆေးဝါးကျွမ်းကျင်သူကို မေးခြင်း ပြုလုပ်ပါ။ ဘေးကင်းစေဖို့ ဆေးကို ကလေးများ၊ အိမ်မွေးတိများနှင့် ဝေးရာတွင်ထားပါ။

ဆေးကိုသုံးပြီးလျှင် ညွှန်ကြားချက်မရှိဘဲ အိမ်သာထဲစွန့်ပစ်ခြင်း၊ ရေမြောင်းထဲပစ်ခြင်းများကို မလုပ်သင့်ပါဘူး။ ဆေးသက်တမ်းကုန်လျှင်ဖြစ်ဖြစ်၊ အသုံးမလိုတော့လျှင်ဖြစ်ဖြစ် သေချာစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ လုံခြုံစွာ စွန့်ပစ်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Flagentyl (ဖလက်ဂျင်တိုင်လ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Flagentyl® ဆေးကိုမသုံးမီ ဒီအခြေနေတွေရှိပါက ဆရာဝန်ကို ပြောထားသင့်ပါတယ်။

  • သကြားနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • အက်စ်ပရင်နှင့် ဓါတ်မတည့်ဖူးလျှင်
  • ဓါတ်မတည့်သည့် လက္ခဏာများ ( ရင်ကြပ်ခြင်း၊ နှာရည်ယိုခြင်း၊ အသားယားယံခြင်း ) နှင့် အက်စ်ပရင်နှင့် ဓါတ်မတည့်ခြင်း
  • Secnidazole ဆေးနှင့် ဓါတ်မတည့်ခြင်း၊ သို့မဟုတ် သင်သောက်နေသော တခြားဆေးများနှင့် ဓါတ်မတည့်ခြင်း
  • ပြင်းထန်သော အသည်းရောဂါရှိလျှင်
  • သွေးရောဂါများရှိလျှင်
  • အာရုံကြောရောဂါများရှိလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Flagentyl (ဖလက်ဂျင်တိုင်လ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်

Scenidazole ကို ကိုယ်ဝန်ဆောင်ချိန် မပေးရပါဘူး။ ကိုယ်ဝန်စရှိချိန် ၃လအတွင်းကို ပိုသတိထားရပါမယ်။

နို့တိုက်ချိန်

Scenidazole က မိခင်သွေးထဲရှိဆေးပမာဏအတိုင်း နို့ရည်ထဲရောက်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေမှာ မပေးသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Flagentyl (ဖလက်ဂျင်တိုင်လ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Flagentyl ဆေးပြားကို သောက်လျှင် ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို အောက်မှာဖော်ပြထားပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်သလို မခံစားရတာလည်း ဖြစ်စေနိုင်ပါတယ်။

  • အောက်ကလီဆန်ခြင်း
  • ပါးစပ်ခါးခြင်း
  • အာခေါင်ယောင်ခြင်း
  • အစာအိမ်ယောင်ခြင်း
  • ဗိုက်နာခြင်း
  • ဝမ်းဗိုက် မအီမသာဖြစ်ခြင်း

ဒီဘေးထွက်ဆိုးကျိုးတွေကို လူတိုင်းမခံစားရပါဘူး။ ဒီထဲမှာ မပါတဲ့ အချက်တွေလည်း ရှိနေနိုင်သေးတယ်။ သင်ဟာ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Flagentyl (ဖလက်ဂျင်တိုင်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Flagentyl® ဆေးက သင်သုံးနေတဲ့ ဆေးနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆေးဓါတ်ပြုမှုကို ရှောင်ဖို့အတွက် သင်သုံးနေတဲ့ ဆေးများ (ဆရာဝန်ညွှန်ကြားသောဆေး၊ ကိုယ့်ဘာသာသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေး) အားလုံးကို စာရင်းလုပ်ထားပြီး ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြသသင့်ပါတယ်။

သင့်ရဲ့ဘေးကင်းမှုအတွက် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်ခြင်း၊ ရပ်ပစ်လိုက်ခြင်း နှင့် ဆေးပမာဏပြောင်းခြင်းကို မလုပ်ပါနဲ့။

ဓါတ်ပြုနိုင်သောဆေးများမှာ

  • အစာအိမ်ဆေးများ
  • Sucralfate
  • Anticoagulants (warfarin, acenocoumarol)
  • Phenobarbital
  • Lithium
  • Disulfiram (medicine used in alcohol detoxification)
  • Cimetidine

အစားအသောက်တွေနဲ့ အရက်က Flagentyl (ဖလက်ဂျင်တိုင်လ်) နဲ့ ဓါတ်ပြုနိုင်သလား

Secnidazole ဆေးက စားတဲ့အစားအသောက်နှင့် ဓါတ်မပြုပါဘူး။ ဆေးကို အစားစားပြီး သို့မဟုတ် အစားမစားခင် သောက်နိုင်ပါတယ်။

Secnidazoleဆေးကို အရက်များနှင့် အီသနောပါတဲ့ ဆေးများနဲ့ တွဲသောက်ပါက disulfiram effect လို့ခေါ်တဲ့ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ သွေးပေါင်အလွန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မျက်နှာနီခြင်းနှင့် အန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် အရက်ကို ဆေးသောက်ပြီး ၄ရက်ကြာတဲ့အထိ ရှောင်ထားသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Flagentyl (ဖလက်ဂျင်တိုင်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Flagentyl® ဆေးက သင့်ကျန်းမာရေး အခြေအနေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို ဆေးအာနိသင်ကိုလည်း ကျစေနိုင်ပါတယ်။ သင်လက်ရှိခံစားနေရတဲ့ ကျန်းမာရေးပြဿနာ ကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပြဖို့ကလည်း အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Flagentyl (ဖလက်ဂျင်တိုင်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အလွန်ပြင်းထန်တဲ့ မမြင်နိုင်တဲ့ သန်ကောင်ရောဂါ(amoebiasis) အတွက်-

လူကြီး – ၁.၅ဂရမ်၊ တနေ့တစ်ကြိမ် သို့မဟုတ် ခွဲသောက်နိုင်ပြီး ၅ရက်သောက်ရပါမယ်။

Trichomoniasis

၂ဂရမ်ကို တစ်ကြိမ်သောက်ရပါမယ်။

Amoebiasis

၂ဂရမ်ကို တစ်ကြိမ်သောက်ရပါမယ်။

Giardiasis

၂ဂရမ်ကို တစ်ကြိမ်သောက်ရပါမယ်။

ကလေးတွေအတွက် Flagentyl (ဖလက်ဂျင်တိုင်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အလွန်ပြင်းထန်တဲ့ မမြင်နိုင်တဲ့ သန်ကောင်ရောဂါ(amoebiasis) အတွက်-

ကလေး -နေ့စဉ် 30 mg/kg ၊၅ရက်သောက်ရပါမယ်။

Trichomoniasis

ကလေး-30 mg/kg ကို တစ်ကြိမ်။

Amoebiasis

ကလေး-30 mg/kg ကို တစ်ကြိမ်။

Giardiasis

ကလေး-30 mg/kg ကို တစ်ကြိမ်။

Flagentyl (ဖလက်ဂျင်တိုင်လ်) ကိုဘယ်လိုရရှိနိုင်သလဲ

Flagentyl® ကို အောက်ပါပုံစံနှင့် ပြင်းအားအတိုင်းရနိုင်ပါတယ်။

  • Flagentyl® ဆေးပြား ၅၀၀မီလီဂရမ်
  • Flagentyl® ဆေးပြား ၁၀၀မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးအများကြီးသုံးမိခြင်းနှင့် အရေးပေါ်အခြေအနေအတွက် အရေးပေါ်ကားခေါ်ခြင်းနှင့် နီးစပ်ရာအရေးပေါ်ဌာနသို့ သွားခြင်းကို လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့သင်ဟာ ဆေးသောက်ဖို့မေ့သွားလျှင် သတိရရခြင်း သောက်ပါ။ ဒါပေမယ့် နောက်တကြိမ်သောက်ရမယ့်အချိန်နဲ့ အရမ်းကပ်နေပါက မေ့သွားတဲ့ဆေးကို မသောက်တော့ဘဲ ပုံမှန်အချိန်မှာ သောက်ရမယ့် ဆေးကိုသာသောက်ပါ။ ဆေး၂ကြိမ်ဆက်တိုက် မသောက်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement