backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Fisherman's Friend

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Fisherman’s Friend ကို ဘာအတွက်အသုံးပြုကြသလဲ

Fisherman’s Friend ငုံဆေးပြားကို အောက်ပါတို့အား ယာယီသက်သာစေရန် အတွက် သုံးသည်။

  • လည်ချောင်းနှင့် လေပြွန် အနည်းငယ် ရောင်ရမ်းခြင်းကြောင့် ချောင်းဆိုးခြင်း။ အအေးမိခြင်း သို့မဟုတ် ယားယံစေသော အရာများ ရှူမိသောအခါ ဖြစ်ပွားသည်။
  • တစ်ခါတစ်ရံဖြစ်သော လည်ချောင်းနာခြင်း
  • Fisherman’s Friend ဘယ်လိုသောက်သုံးသင့်သလဲ

    သင့်ပါးစပ်ထဲတွင် တဖြည်းဖြည်း ပျော်ဝင်စေပါ။

    ချောင်းဆိုးခြင်းအတွက် တစ်နာရီတစ်ခါ လိုအပ်သလို သုံးနိုင်သည်။ လည်ချောင်းနာခြင်းအတွက် နှစ်နာရီ တစ်ခါ လိုအပ်သလို သုံးနိုင်သည်။ သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့် အတိုင်း သုံးပါ။

    Fisherman’s Friend ဘယ်လိုသိမ်းဆည်းရမလဲ

    Fisherman’s friend® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Fisherman’s friend® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Fisherman’s friend® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

    ညွှန်ကြားထားခြင်းမရှိဘဲ Fisherman’s friend® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Fisherman’s Friend အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    ဤဆေးကို မသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Fisherman’s friend® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့် ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • လည်ချောင်းနာခြင်း သတိပေးချက်။ ပြင်းထန်သော၊ ဆက်တိုက်ဖြစ်သော လည်ချောင်းနာခြင်း သို့မဟုတ် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းနှင့်အတူ ဖြစ်သော လည်ချောင်းနာခြင်းသည် ဆိုးရွားနိုင်သည်။ ဆရာဝန်ကို ချက်ချင်း မေးပါ။ ဆရာဝန် မညွှန်ကြားဘဲ ၂ ရက်ထက်ပိုပြီး အသုံးပါနှင့်။ အသက် ၂နှစ် အောက်ကလေးများကို မပေးပါနှင့်။

    သင့်တွင်အောက်ပါတို့ရှိပါက ဆရာဝန်အား မေးမြန်းပါ။

    • ချွဲသလိပ်များစွာဖြင့် ချောင်းဆိုးခြင်း
    • ဆက်တိုက် သို့မဟုတ် ရက်ရှည် ချောင်းဆိုးခြင်း။ ဆေးလိပ်သောက်ခြင်း၊ ပန်းနာရင်ကြပ် သို့မဟုတ် emphysema တွင်ဖြစ်ပွားသည်။

    ဤဆေးကို အသုံးပြုသောအခါ ညွှန်ကြားထားသည်ထက် ပိုမသုံးပါနှင့်။ အောက်ပါတို့ ဖြစ်ပါက အသုံးပြုခြင်းကို ရပ်ပြီး ဆရာဝန်အား မေးမြန်းပါ။

    • ချောင်းဆိုးခြင်းသည် ၇ရက်ထက် ပိုကြာသည်။ ပြန်ဖြစ်သည်။ အဖျားတက်ခြင်း၊ အဖုအပိမ့်များ ထွက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်အတူ ဖြစ်ပွားသည်။ ၎င်းတို့သည် ပြင်းထန်သော အခြေအနေတစ်ခု၏ လက္ခဏာများ ဖြစ်နိုင်သည်။
    • လည်ချောင်းနာခြင်းသည် ၂ရက်ထက် ပိုကြာသောအခါ သို့မဟုတ် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းတို့နှင့် တွဲပြီး ဖြစ်သောအခါ ပြင်းထန်ပါသည်။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fisherman’s Friend ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် Fisherman’s friend® သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ Fisherman’s friend® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Fisherman’s Friend ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    သင်သည် ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Fisherman’s Friend နဲ့ ဓါတ်ပြုနိုင်သလဲ

    Fisherman’s friend® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

    အစားအသောက်တွေနဲ့ အရက်က Fisherman’s Friend နဲ့ ဓါတ်ပြုနိုင်သလား

    Fisherman’s friend® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Fisherman’s Friend နဲ့ ဓါတ်ပြုနိုင်သလဲ

    Fisherman’s friend® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Fisherman’s Friend ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ငုံဆေးပြား တစ်ပြားကို ပါးစပ်ထဲတွင် ဖြည်းညှင်းစွာ ပျော်ဝင်စေပါ။ လိုအပ်သလို သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း ၂ နာရီတစ်ခါ ထပ်လုပ်နိုင်သည်။

    ကလေးတွေအတွက် Fisherman’s Friend ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အသက် ၅နှစ်နှင့် အထက် ကလေးများ။ ငုံဆေးပြား တစ်ပြားကို ပါးစပ်ထဲတွင် ဖြည်းညှင်းစွာ ပျော်ဝင်စေပါ။ လိုအပ်သလို သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း ၂ နာရီတစ်ခါ ထပ်လုပ်နိုင်သည်။

    အသက် ၅နှစ်အောက် ကလေးများ။ ဆရာဝန်အား မေးမြန်းပါ။

    Fisherman’s Friend ကိုဘယ်လိုရရှိနိုင်သလဲ

    Fisherman’s friend® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

    • Fisherman’s friend® ။ ၂ထုပ်။ တစ်ထုပ်စီတွင် ငုံဆေးပြား အခု ၂၀။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Fisherman’s friend® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement