Fibercon (ဖိုင်ဘာကွန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Fibercon (ဖိုင်ဘာကွန်) Brand Name(s): Fibercon (ဖိုင်ဘာကွန်).

အသုံးပြုပုံများ

Fibercon (ဖိုင်ဘာကွန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Fibercon သို့မဟုတ် Polycarbophil သည် သင်၏ ဝမ်းတွင် ရေပမာဏ များစေသော ဝမ်းပျော့ဆေးတစ်မျိုး ဖြစ်သည်။ ဝမ်းကို ပိုပြီးပျော့စေပြီး ဝမ်းသွားရလွယ်စေသည်။ Fibercon® ကို ဝမ်းချုပ်ခြင်းအား ကုသရန်နှင့် ဝမ်းပုံမှန် သွားစေရန် အတွက်သုံးသည်။

Fibercon (ဖိုင်ဘာကွန်) ဘယ်လိုသောက်သုံးသင့်သလဲ

Polcarbophil ကို တစ်နေ့လျှင် ၁ ကြိမ်မှ ၄ ကြိမ်အထိ သုံးနိုင်သည်။ တံဆိပ်တွင် ညွှန်ကြားထားသည့်အတိုင်း တိကျစွာ အသုံးပြုပါ။ သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးပါ။ ညွှန်ကြားထားသည်ထက် ပို၍ ကြာရှည်စွာ သို့မဟုတ် ပိုများစွာ သို့မဟုတ် ပိုနည်းစွာ မသုံးပါနှင့်။ ဝမ်းပျော့ဆေးကို အလွန်သုံးမိပါက အူရှိ အာရုံကြောများ၊ ကြွက်သားများ သို့မဟုတ် တစ်ရှူးများ ပျက်စီးနိုင်သည်။ ဤဆေးကို ရေ သို့မဟုတ် အခြားအရည် တစ်ဖန်ခွက် အပြည့် ( ၈ အောင်စ) ဖြင့်သောက်ပါ။ ထို့နောက် ရေတစ်ဖန်ခွက် ထပ်သောက်ပါ။

ဝါးစားနိုင်သော polycarbophil ဆေးပြားကို မမြိုချမီ ဝါးစားရမည်။ ဝါးစားပြီး မျိုချပြီးပါက ရေတစ်ဖန်ခွက် အပြည့် သောက်ပါ။

Polycarbophil ကို အရည် လုံလောက်စွာ မပါဘဲ သောက်ပါက ဆေးပြားသည် လည်ချောင်းတွင် ဆို့ပြီး မွန်းကြပ်စေသည်။ အထူးသဖြင့် အသက်ကြီးသူများတွင် ဖြစ်သည်။

ဤဆေးသောက်ပြီးနောက် ရင်ဘတ်အောင့်ခြင်း၊ အော့အန်ခြင်း၊ မျိုချရခက်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခြင်းတို့ ဖြစ်ပါက အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ရယူပါ။

သင်သည် polycarbophil သောက်နေစဉ်တွင် နေ့စဉ် အရည် များများသောက်ပါ။

သင်သည် ၁၂ နာရီမှ ၃ ရက်အတွင်း ဝမ်းသွားသင့်သည်။

ကုသမှု ၃ ရက်ကြာပြီးနောက် ရောဂါလက္ခဏာများ မသက်သာပါက ဆရာဝန်အား အကြောင်းကြားပါ။

Fibercon (ဖိုင်ဘာကွန်) ဘယ်လိုသိမ်းဆည်းရမလဲ

Fibercon® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Fibercon® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Fibercon® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Fibercon® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fibercon (ဖိုင်ဘာကွန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Fibercon® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင်သည် polycarbophil သို့မဟုတ် သတ္ထုဆီ၊ sodium laurel sulfate or povidone ( Betadine ) နှင့် ဓာတ်မတည့်ပါက။

သင့်တွင် အခြား ကျန်းမာရေး အခြေအနေများ အထူးသဖြင့် အောက်ပါတို့ ရှိပါက ဤဆေးသုံးခြင်းသည် သင့်အတွက် ဘေးကင်းသလားသိရန် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ကို မေးမြန်းပါ။

  • Irritable bowel syndrome
  • မျိုချရ ခက်ခဲခြင်း
  • မအီမသာဖြစ်ခြင်း သို့မဟုတ် အော့အန်ခြင်းနှင့်အတူ အစာအိမ်အောင့်ခြင်း
  • အူတွင် ပိတ်ဆို့ခြင်း
  • စအိုမှ သွေးထွက်ဖူးခြင်း
  • ၂ ပတ် သို့မဟုတ် ပိုပြီးကြာစွာ ရှိသော ဝမ်းသွားမှု အကျင့် ရုတ်တရက် ပြောင်းလဲခြင်း
  • ၁ ပတ်ထက် ပိုပြီးကြာအောင် ဝမ်းပိတ်ဖူးပါက

ဤဆေးတွင် phenylalanine ပါဝင်နိုင်သည်။ သင့်တွင် phenylketonuria (PKU) ရှိပါက polycarbophil မသောက်မီ ဆရာဝန်နှင့် ဆွေးနွေးပါ။

ဆရာဝန် အကြံပြုချက်မရှိဘဲ ဤဆေးကို ကလေးငယ် တစ်ယောက်ကို မပေးပါနှင့်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fibercon (ဖိုင်ဘာကွန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Fibercon® သုံးလျှင်ရနိုင်သော အန္တရာယ် များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Fibercon® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Fibercon® သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် N ရှိသည်။

FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Fibercon (ဖိုင်ဘာကွန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင့်တွင် အောက်ပါ ဓာတ်မတည့်သော လက္ခဏာများ ရှိပါက အရေးပေါ် ကျန်းမာရေးအကူအညီ ရယူပါ။ အင်ပြင်များ၊ အသက်ရှူရ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။

သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်ကို ချက်ချင်း ခေါ်ပါ။

  • ပြင်းထန်စွာ အစာအိမ်အောင့်ခြင်း၊ စအိုမှ သွေးထွက်ခြင်း
  • Polycarbophil သုံးပြီးနောက် သုံးရက်အတွင်း ဝမ်းမသွားခြင်း

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ-

  • မပြင်းထန်သော အစာအိမ်အောင့်ခြင်း
  • လေပွခြင်း
  • အီးပေါက်ခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Fibercon (ဖိုင်ဘာကွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Fibercon® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Fibercon (ဖိုင်ဘာကွန်) နဲ့ ဓာတ်ပြုနိုင်သလား

Fibercon® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Fibercon (ဖိုင်ဘာကွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Fibercon® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fibercon (ဖိုင်ဘာကွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဤဆေး၏ တစ်ခါသောက် ပမာဏကို ရေ သို့မဟုတ် အခြား အရည် အနည်းဆုံး ၈ အောင်စ ( ဖန်ခွက်အပြည့်) ဖြင့် သောက်ပါ။ ဤဆေးကို ရေလုံလောက်စွာ မပါဘဲ သောက်ပါက အသက်ရှူ ကျပ်နိုင်သည်။

Fibercon® သည် သဘာဝအတိုင်း အလုပ်လုပ်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ဆေးစွမ်းအပြည့်ရရန် တစ်ရက်မှ သုံးရက်အထိ ဆက်တိုက်သုံးရန် လိုအပ်သည်။ ဆေးပမာဏ သည် စားသောက်ပုံ၊ လေ့ကျင့်ခန်း၊ အရင်က ဝမ်းပျော့ဆေး အသုံးပြုမှု သို့မဟုတ် ဝမ်းချုပ်ခြင်း၏ ပြင်းထန်မှုအပေါ် မူတည်ပြီး ပြောင်းလဲနိုင်သည်။

အရွယ်ရောက်ပြီးသူများနှင့် အသက် ၁၂ နှစ်နှင့်အထက် ကလေးများ။ ၂ caplets တစ်နေ့ တစ်ကြိမ်။ တစ်နေ့ ၄ ကြိမ်အထိ သုံးနိုင်သည်။

ကလေးတွေအတွက် Fibercon (ဖိုင်ဘာကွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၁၂ နှစ်အောက် ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Fibercon (ဖိုင်ဘာကွန်) ကိုဘယ်လိုရရှိနိုင်သလဲ

Fibercon® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Fibercon® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 16, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။