Generic Name: Feburic (ဖဘ်ဗျူရစ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Feburic (ဖဘ်ဗျူရစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Feburic® (Febuxostat) ဟာ xanthine oxidase အင်ဇိုင်းမ်ကို ပိတ်ဆို့တားဆီးပေးတဲ့ ဆေးတမျိုးဖြစ်ပြီး သွေးထဲမှာရှိတဲ့ uric acid ပမာဏကို ကျဆင်းစေတဲ့အတွက် ဂေါက်ရောဂါတဖန်ပြန်ဖြစ်မှာကို ကာကွယ်ပေးနိုင်ပါတယ်။ဂေါက်ရောဂါရှင်တွေမှာ ကာလကြာရှည် uric acid ပမာဏများပြားခြင်းကို ကုသနိုင်ဖို့အတွက် Feburic® ကို အများဆုံးအသုံးပြုလေ့ရှိပါတယ်။

Feburic (ဖဘ်ဗျူရစ်) ဘယ်လိုသောက်သုံးသင့်သလဲ

febuxostat ကို အစာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သောက်သုံးနိုင်ပါတယ်။သင့်အနေနဲ့ ရောဂါလက္ခဏာတွေ သက်သာသွားပြီလို့ ထင်ရင်တောင်မှပဲ febuxostat ကို ဆက်လက်သုံးစွဲရပါမယ်။ဆေးသောက်ဖို့ တကြိမ်မှ မလွတ်ပါစေနဲ့။

Feburic (ဖဘ်ဗျူရစ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Feburic® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Feburic® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Feburic® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Feburic® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Feburic® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Feburic (ဖဘ်ဗျူရစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

febuxostat ကို မသုံးစွဲခင်မှာ အောက်ပါအချက်အလက်တွေရှိနေမယ်ဆိုရင် သင့်ဆရာဝန်ကို ကြိုတင်အသိပေးပါ။

  • febuxostat ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်း။
  • သွေးတွင်း uric acid ပမာဏများခြင်းရဲ့ လက္ခဏာတွေ တခုမှမရှိခြင်း။
  • ဂေါက်ရောဂါမဟုတ်တဲ့ တခြားရောဂါတွေကြောင့် သွေးတွင်း uric acid ပမာဏများနေခြင်း (ဥပမာ Lesch-Nyhan ရောဂါပေါင်းစု၊ကင်ဆာ သို့မဟုတ် ကင်ဆာဆေးများကြောင့်၊ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးလဲလှယ်ထားခြင်း စသည့် ရောဂါများ)။
  • azathioprine, didanosine, သို့မဟုတ် mercaptopurine တို့ကို သုံးစွဲနေခြင်း။

အောက်ပါအရေးကြီးတဲ့အချက်အလက်တွေကိုလည်း သတိထားသင့်ပါတယ်။

  • အချို့လူတွေဟာ febuxostat ကို စတင်သုံးစွဲတဲ့အခါ ဂေါက်ရောဂါထလာလေ့ ရှိပါတယ်။ဒီလို ဂေါက်ရောဂါထတာကို ကာကွယ်နိုင်ဖို့အတွက် colchicine ဒါမှမဟုတ် စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲနိုင်ပါတယ်။တကယ်လို့ ဂေါက်ရောဂါထလာပြီဆိုရင်လည်း ဆရာဝန်ကို မမေးမစမ်းဘဲနဲ့ ဆေးသောက်ရပ်လိုက်တာမျိုးကို ရှောင်ကျဉ်ရပါမယ်။သင့်အနေနဲ့ မေးစရာမေးခွန်းတွေ ရှိနေမယ် ဒါမှမဟုတ် စိုးရိန်ပူပန်မှုတွေ ရှိနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
  • febuxostat ကို သုံးစွဲနေစဉ်ကာလမှာ သွေးတွင်း uric acid ပမာဏကို တိုင်းတာစစ်ဆေးခြင်း နဲ့ အသည်းစစ်ဆေးခြင်းအပါအဝင် အခြားသော ဓာတ်ခွဲစမ်းသပ်မှုတွေကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ဒါမှသာ သင့်ရောဂါအခြေအနေ တိုးတက်မှုရှိမရှိနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ဆရာဝန်ချိန်းဆိုတဲ့ ရက်ချိန်းတွေနဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေပြုလုပ်ဖို့အတွက် ခေါ်ယူတဲ့ ရက်ချိန်းတွေကို မပျက်မကွက်သွားရောက်ရပါမယ်။

အသက် ၁၈ နှစ်အောက်လူနာတွေမှာ febuxostat ရဲ့ အာနိသင်သက်ရောက်မှုနဲ့ စိတ်ချရခြင်းရှိမရှိကို သေချာစွာ မသိရှိရသေးတာကြောင့် febuxostat ကို အဆိုပါကလေးတွေမှာ သတိကြီးကြီးထားပြီး သုံးစွဲရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Feburic (ဖဘ်ဗျူရစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Feburic (ဖဘ်ဗျူရစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတွေအားလုံးဟာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမယ့် လူအများစုမှာတော့ အနည်းအကျဉ်းပဲ ခံစားရလေ့ရှိပြီး လူအများအပြားဟာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလေ့တောင် မရှိပါဘူး။ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဆက်လက်ရှိနေမယ် ဒါမှမဟုတ် ပိုဆိုးလာမယ်ဆိုရင်တော့ သင့်ဆရာဝန်ကို အသိပေးရပါမယ်။

  • အဆစ်အမြစ်နာကျင်ခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။

အောက်ပါဆိုးရွားပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာမယ်ဆိုရင် အရေးပေါ်ဆေးဝါးကုသမှုကို အလျင်အမြန် ခံယူရပါမယ်။

  • ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (အနီစက်များထွက်ခြင်း၊အဖုအပိန့်များထွက်ခြင်း၊ယားယံခြင်း၊အသက်ရှုရခက်ခြင်း၊ရင်ကျပ်ခြင်း၊ပါးစပ်၊မျက်နှာ၊နှုတ်ခမ်း၊လျှာတို့ ရောင်ရမ်းဖောင်းကားခြင်း၊အသံရှတတဖြစ်ခြင်း)။
  • ဆီးထဲ သို့မဟုတ် ဝမ်းထဲတွင် သွေးပါခြင်း။
  • ရင်ဘတ်အောင့်ခြင်း၊မေးရိုးနာခြင်း၊လက်မောင်း/ပုခုံး စသည်တို့ နာခြင်း။
  • စိတ်ရှုပ်ထွေးခြင်း။
  • ချောင်းဆိုးသွေးပါခြင်း၊သွေးအန်ခြင်း။
  • ဆီးနည်းသွားခြင်း။
  • သတိလစ်သွားခြင်း။
  • နှလုံးခုန်မြန်ခြင်း၊နှေးခြင်း၊မမှန်ခြင်း။
  • ချမ်းတုန်ဖျားခြင်း၊လည်ချောင်းနာခြင်း။
  • အကြားအာရုံချို့တဲ့လာခြင်း။
  • စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊စိတ်ခံစားချက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း။
  • ကြွက်သားနာကျင်ခြင်း၊ကြွက်တက်ခြင်း။
  • ခန္ဓာကိုယ်တခြမ်းအားနည်းခြင်း။
  • အရေပြားနီရဲနာကျင်ခြင်း၊အရည်ကြည်ဖုများထခြင်း၊ကွာကျခြင်း။
  • အသက်ရှုမဝခြင်း။
  • ရုတ်တရက် ပြင်းထန်စွာ ပျို့အန်ခြင်း၊မအီမသာဖြစ်ခြင်း။
  • သွေးပေါင်တက်ခြင်း သို့မဟုတ် ကျခြင်း၏ လက္ခဏာများ (ဥပမာ ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊အားနည်းခြင်း)။
  • အသည်းပြဿနာများ၏ လက္ခဏာများ (အသားဝါခြင်း၊မျက်ဖြူသားဝါခြင်း၊ဆီးရောင်မည်းခြင်း၊ဝမ်းအရောင်ဖြူဖျော့ခြင်း၊ဝမ်းဗိုက်ညာဖက်ခြမ်းအောင့်ခြင်း၊အစားအသောက်ပျက်ခြင်း၊ပုံမှန်မဟုတ်စွာ ပင်ပန်းနွမ်းနယ်ခြင်း၊မအီမသာဖြစ်ခြင်း)။
  • စကားပီသစွာမပြောနိုင်ခြင်း။
  • ဗိုက်နာ၊ဗိုက်အောင့်ခြင်း။
  • ပုံမှန်မဟုတ်သော သွေးယိုစီးခြင်း၊သွေးခြေဥခြင်း။
  • ပုံမှန်မဟုတ်စွာ ချွေးထွက်များခြင်း၊အားနည်းခြင်း။
  • အမြင်အာရုံဆိုင်ရာပြဿနာများ (ဥပမာ အမြင်အာရုံဝေဝါးခြင်း)။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Feburic (ဖဘ်ဗျူရစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Feburic® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အထူးသဖြင့် febuxostat ဟာ azathioprine, didanosine, mercaptopurine နဲ့theophylline တို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Feburic (ဖဘ်ဗျူရစ်) နဲ့ ဓာတ်ပြုနိုင်သလား

Feburic® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Feburic (ဖဘ်ဗျူရစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Feburic® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

အဆိုပါ ကျန်းမာရေးအခြေအနေတွေကတော့

  • အသည်း ဒါမှမဟုတ် ကျောက်ကပ်ပြဿနာတွေ။
  • နှလုံးဆိုင်ရာပြဿနာတွေ ရှိဖူးတာ (ဥပမာ ရုတ်တရက် နှလုံးထိခိုက်ခြင်း)။
  • လေဖြတ်ဖူးတာ စတာတွေပဲ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Feburic (ဖဘ်ဗျူရစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားတဲ့ ပမာဏကတော့ ၄၀ သို့မဟုတ် ၈၀ မီလီဂရမ်ကို နေ့စဉ်သောက်ရမှာ ဖြစ်ပါတယ်။ဆေးကို အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သောက်နိုင်ပြီး antacids တွေနဲ့လည်း တွဲဖက်သုံးစွဲနိုင်ပါတယ်။

febuxostat ကို စတင်သုံးစွဲတဲ့အခါ တစ်ရှူးထဲကနေ uric acid တွေ ထွက်ရှိလာတဲ့အတွက် ဂေါက်ရောဂါဟာ ပိုဆိုးကောင်းဆိုးလာနိုင်ပါတယ်။ဒီလိုမျိုးဂေါက်ရောဂါပိုဆိုးရွားလာတာကို ကာကွယ်နိုင်ဖို့အတွက်  စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (indomethacin [Indocin, Indocin-SR] စသည်) နဲ့ colchicine တို့ကို သုံးစွဲနိုင်ပါတယ်။

ကလေးတွေအတွက် Feburic (ဖဘ်ဗျူရစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။

ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Feburic (ဖဘ်ဗျူရစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Feburic® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

 Feburic® ၄၀ မီလီဂရမ် ဆေးပြား။

 Feburic® ၈၀ မီလီဂရမ် ဆေးပြား။

 Feburic® ၁၂၀ မီလီဂရမ် ဆေးပြား။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Feburic® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 18, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 18, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ