Ex-Lax ကို ဝမ်းချုပ်ဝေဒနာ သက်သာအောင် ကုသရာမှာအဓိကအသုံးပြုပါတယ်။
Ex-Lax ကိုသင့်ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအချိုးအစားအတိုင်းတိတိကျကျ သောက်သုံးပါ။ ကိုယ့်သဘောနဲ့ကိုယ် ပိုသောက်ခြင်း၊ စွဲသောက်ခြင်းမပြုလုပ်သင့်ပါ။ ဆေးညွှန်းမှာဖော်ပြထားသည်များကိုသေသေချာချာလိုက်နာပါ။
Ex-Lax သောက်သုံးပြီး ၂နာရီကြာသည်အထိ အခြားဘယ်ဆေးဝါးကိုမှ မသောက်သုံးပါနှင့်။
တစ်နေ့တစ်ကြိမ် သောက်ရမည်ဆိုလျှင် ညအိပ်ရာဝင်ချိန်မှာ သောက်သုံးပါ။ ဆေးကိုသေချာစွာကြေညက်အောင် ဝါးပြီးမှ မျိုချပါ။
Ex-Laxကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ex-Laxကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Ex-Laxဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Ex-Laxကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
သင် Ex-Lax သောက်သုံးနေကြောင်းသင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်ပညာရှင်၊ သွားဆရာဝန် စသည့် ကျန်းမာရေးစောင့်ရှောက်သူအားလုံးကိုအသိပေးထားပါ။
Ex-Lax ကို ဆရာဝန်မညွှန်ကြားဘဲတစ်ပတ်ထက်ပိုပြီးသောက်သုံးခြင်း၊ အခြားဝမ်းပျော့ဆေးများနှင့်တွဲပြီးသောက်သုံးခြင်းမပြုလုပ်သင့်ပါ။
အကယ်၍ ဆေးသောက်သုံးပြီးအစာဟောင်းအိမ်မှ (စအိုမှ) သွေးယိုခဲ့လျှင်၊ လေမလည်၊ ဝမ်းမသွားတော့လျှင် သင့်ဆရာဝန်ကို အသိပေးပါ။
အကယ်၍ သင်ဟာ ကိုယ်ဝန်ရှိနေမယ် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် Ex-Lax ကြောင့် ရလာမယ့် ကောင်းကျိုးဆိုးကျိုးတွေကိုချိန်ဆနိုင်ဖို့ သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
သင်ဟာ နို့တိုက်မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင်လည်းဒီဆေးကြောင့် သင့်ကလေးအပေါ် အန္တရာယ်ကျရောက်နိုင်ခြင်းရှိမရှိသင့်ဆရာဝန်ကို မေးမြန်းပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
အကယ်၍ Ex-Lax သောက်သုံးပြီးအောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတစုံတရာဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Ex-Laxဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Ex-Laxက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Ex-Laxဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ခွဲစိတ်ကုသမှု၊ ရောဂါရှာဖွေစစ်ဆေးမှု မပြုလုပ်မီ ဝမ်းနုတ်ခြင်း
တစ်ကြိမ်သောက်လျှင် Ex-Lax ၂ပြား (၅၀ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်
ဝမ်းချုပ်ဝေဒနာကို ကုသခြင်း
တစ်ကြိမ်သောက်လျှင် Ex-Lax ၂ပြား (၅၀ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်
ခွဲစိတ်ကုသမှု၊ ရောဂါရှာဖွေစစ်ဆေးမှု မပြုလုပ်မီ ဝမ်းနုတ်ခြင်း
အသက် ၆နှစ်နှင့် ၁၂နှစ်ကြား – တစ်ကြိမ်သောက်လျှင် Ex-Lax ၁ပြား (၂၅ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်
အသက် ၁၂နှစ်နှင့် ၁၈နှစ်ကြား – တစ်ကြိမ်သောက်လျှင် Ex-Lax ၂ပြား (၅၀ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်
ဝမ်းချုပ်ဝေဒနာကို ကုသခြင်း
အသက် ၆နှစ်နှင့် ၁၂နှစ်ကြား – တစ်ကြိမ်သောက်လျှင် Ex-Lax ၁ပြား (၂၅ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်
အသက် ၁၂နှစ်နှင့် ၁၈နှစ်ကြား – တစ်ကြိမ်သောက်လျှင် Ex-Lax ၂ပြား (၅၀ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်
Ex-Lax ကိုဆေးပြားပုံစံဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
Ex-Laxကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။