Generic Name: Eurax (ယူးရပ်စ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Eurax (ယူးရပ်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Eurax® ကို အများဆုံးအသုံးပြုကြသည်မှာ ဝဲရောဂါကို ကုသဖို့နဲ့ ယားယံမှု ပျောက်ကင်းစေဖို့ ဖြစ်ပါတယ်။

Eurax (ယူးရပ်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

  • ရေအရင်ချိုးပါ။ Eurax® ခရင် (သို့) လိုးရှင်းကို မေးစေ့ကနေ ခြေဖျားအထိ အကြိုအကြား မကျန် သုတ်လိမ်းပြီး နှိပ်နယ်ပါ။
  • Eurax® ခရင် (သို့) လိုးရှင်းကို လက်သည်းခြေသည်းညှပ်ပြီးရင် အောက်မှာ အသုံးပြုသင့်ပါတယ်။ ဝဲရောဂါဟာ ထိုနေရာတွေမှာ ကျန်ရှိနိုင်ပါတယ်။ ခြေသည်း လက်သည်းအောက်မှာ အသုံးပြုဖို့ သွားပွတ်တံကို အသုံးပြုနိုင်တယ်။ လိမ်းပြီးတာနဲ့ သွားပွတ်တံကို စက္ကူနဲ့ ပတ်ပြီး လွှတ်ပစ်ပါ။ သွားပွတ်တံတစ်ခုတည်းကို ပါးစပ်ထဲကို သုံးမိရင် အဆိပ်သင့်နိုင်ပါတယ်။
  • ၂၄ နာရီကြာပြီးမှ နောက်တစ်ကြိမ် အသုံးပြုပါ။
  • လူနှစ်ယောက်အတွက် ၆၀ ဂရမ် ညှစ်ဆေး (သို့) ပုလင်းက လုံလောက်ပါတယ်။
  • အင်္ကျီနဲ့ အိပ်ရာခင်းတွေကို နောက်နေ့မှာလဲလှယ်သင့်ပါတယ်။ ပေနေတဲ့ အင်္ကျီနဲ့ အိပ်ရာခင်းတွေကို အခြောက်လျှော်ခြင်း၊ အဝတ်လျှော်စက်မှာ ရေပူနဲ့ လျှော်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။
  • နောက်ဆုံးအကြိမ်လိမ်းပြီး ၄၈ နာရီကြာရင် သန့်စင်အောင် ရေချိုးသင့်ပါတယ်။
  • လိုးရှင်းကို မသုံးခင်မှာ လှုပ်ရမ်းသင့်ပါတယ်။

Eurax (ယူးရပ်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Eurax® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Eurax® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Eurax® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Eurax® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

 

ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Eurax® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Eurax (ယူးရပ်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါ အခြေအနေတွေရှိရင် crotamiton cream ကို အသုံးမပြုသင့်ပါဘူး။

  • crotamiton cream ရဲ့ ပါဝင်ပစ္စည်း တစ်ခုခုနဲ့ ဓါတ်မတည့်ရင်
  • ခရင်ကိုလိမ်းပြီး ပြင်းထန်စွာ ယားယံလာရင်
  • လိမ်းဆေးလိမ်းပြီး ယားလာရင်
  • crotamiton cream ကို ရောင်ရမ်းနေတဲ့ အရေပြားပေါ် မလိမ်းသင့်ပါဘူး။
  • ယားယံမှုဟာ ကမျဉ်းကောင်လေးတွေ ကြောင့် ဖြစ်တာမို့ သက်သာဖို့ အချိန်ကြာမြင့်နိုင်ပါတယ်။ မသက်သာသေးတာဟာ ကုသမှု မကောင်းလို့ မဟုတ်ပါဘူး။ crotamiton cream ကို နောက်တစ်ကြိမ် မလိမ်းခင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
  • crotamiton cream ဟာ မြိုချမိရင် အန္တရာယ် ရှိပါတယ်။ သင် (သို့) အသိအကျွမ်းတစ်ယောက်ယောက်ဟာ crotamiton cream ကိုမြိုချမိရင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။
  • မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေထဲမှာ crotamiton cream မရောက်ရှိအောင် သတိထားသင့်ပါတယ်။ မတော်တဆ ပေသွားခဲ့ရင် ရေအေးနဲ့ အမြန်ဆေးကြောသင့်ပါတယ်။
  • ကလေးတွေမှာ crotamiton cream ကို သတိထားပြီး အသုံးပြုသင့်ပါတယ်။ သူ့ရဲ့ စိတ်ချရမှုနဲ့ အသုံးဝင်မှုဟာ အတည်မပြုရသေးလို့ပဲ ဖြစ်ပါတယ်။

အလွန်အကျွံ ယားယံခြင်းဖြစ်လာပြီဆိုရင် ဒီဆေးကို ရပ်ပြီး အခြားဆေးတစ်ခုခု သုံးစွဲသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Eurax (ယူးရပ်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Eurax (ယူးရပ်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးကတော့ အရေပြားယားယံခြင်းပဲ ဖြစ်ပါတယ်။

အောက်ဖေါ်ပြပါ ပြင်းထန် လက္ခဏာတွေ ဖြစ်ပေါ်လာရင် အရေးပေါ် ကျန်းမာရေးကုသမှု ယူသင့်ပါတယ်။

  • ပြင်းထန်သော ဓါတ်မတည့် လက္ခဏာများ ( အကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ် တင်းကျပ်ခြင်း၊ ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ ရောင်ရမ်းခြင်း)
  • ပြင်းထန်စွာ ယားယံခြင်း
  • ပါးစပ် (သို့) လည်ချောင်း ပူလောင် ယားယံခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • ဗိုက်နာခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Eurax (ယူးရပ်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Eurax® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Eurax (ယူးရပ်စ်) နဲ့ ဓာတ်ပြုနိုင်သလား

ယေဘူယျအသိပေးချက် – Eurax® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Eurax (ယူးရပ်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Eurax® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Eurax (ယူးရပ်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝဲရောဂါအတွက်

မေးစေ့က စပြီး တစ်ကိုယ်လုံးကို လိမ်းပါ။ ကိုယ်ခန္ဓာ အကြိုအကြား မကျန်အောင်လိမ်းပါ။ ၂၄ နာရီကြာရင် နောက်တစ်ခါ ထပ်လိမ်းပါ။ အင်္ကျီတွေနဲ့ အိပ်ယာခင်းတွေကို နောက်တစ်နေ့မှာ လဲပါ။ နောက်ဆုံးအကြိမ်လိမ်းပြီး ၄၈ နာရီကြာရင် ရေချိုးပါ။

ယားယံခြင်းအတွက်

ယားယံနေတဲ့ နေရာတွေကို စုပ်ဝင်သွားတဲ့အထိ ညင်သာစွာနှိပ်ပြီါ် လိမ်းပေးပါ။ လိုအပ်ရင် ထပ်လိမ်းပါ။

ကလေးတွေအတွက် Eurax (ယူးရပ်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Eurax (ယူးရပ်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Eurax® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ခရင် 10g
  • ခရင် 60 g ညှစ်ဆေးတောင့်
  • ခရင် 60 g ဘူး
  • လိုးရှင်း 60g

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ယေဘူယျအသိပေးချက် – Eurax® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 14, 2017