Generic Name: Ethionamide (အီသီရိုနမိုက်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Ethionamide (အီသီရိုနမိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Ethionamide သည် တီဘီရောဂါရှင်များတွင် သုံးသော ပိုးသတ်ဆေးဖြစ်ပါသည်။ ယင်းကို အခြားပိုးသတ်ဆေးများနှင့် တွဲပြီးလည်း အသုံးပြုကြပါသည်။ ထို့ပြင် အခြားသောရောဂါ အခြေအနေများတွင်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုကြပါသည်။

Ethionamide (အီသီရိုနမိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

Ethionamide ကို ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်ပါ။ တိကျသော ဆေးညွှန်းကို သိရန် ဆေးဘူးပေါ်တွင်ပါသော တံဆိပ်ကို ဖတ်ပါ။

ဆေးအညွှန်းတွင် ပါသည်များကို မရှင်းလင်းလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ထံသွားရောက်မေးမြန်းနိုင်ပါသည်။

Ethionamide (အီသီရိုနမိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Ethionamide ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ethionamide ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Ethionamide

ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Ethionamide ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Ethionamide ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ethionamide (အီသီရိုနမိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် Ethionamide ကို မသောက်ပါနှင့်။ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

  • Ethionamide ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်

ဆေးမသောက်မီအောက်ပါအချက်များကို သိထားရန် လိုအပ်ပါသည်။

  • Ethionamide သည်မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ပြင် အရက်သောက်သူများ၊ ရာသီဥတုပူခြင်း၊ လေ့ကျင့်ခန်းလုပ်သူများ၊ အဖျားရှိသူများတွင် ဆေးဒဏ်ကို ပိုခံရနိုင်ပါသည်။
  • ထိုသို့မဖြစ်အောင် အထိုင်အထကို ဖြေးဖြေးလုပ်ပါ။ အထူးသဖြင့် မနက်ပိုင်းတွင် ပိုဂရုစိုက်ပါ။ ခေါင်းမူးခြင်း၊ ရိတ်ခနဲဖြစ်ခြင်းများဖြစ်လာပါက ထိုင်ချလိုက်ခြင်း၊ လှဲလျောင်းနေခြင်းတို့ပြုလုပ်ပါ။
  • Ethionamide သည် နေနှင့်ထိလျှင် ဓာတ်ပြုမှုများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆေးသောက်ထားစဉ် နေရာင်နှင့် ထိတွေ့ခြင်း၊ နေပူစာလှုံခြင်းများရှောင်ကျဉ်ပါ။ နေပူထဲသို့ အချိန်ကြာမြင့်စွာ ထွက်ရမည်ဆိုပါက လုံခြုံသော အ၀တ်အစားများဝတ်ခြင်း၊ နေရောင်ကာခရင်မ်များ လိမ်းခြင်းပြုလုပ်ပါ။
  • Ethionamide သည်ဘက်တီးရီးယားပိုးများကိုသာ သေစေနိုင်သောကြောင့် ဗိုင်းရပ်စ်ကြောင့်ြုဖစ်သော အအေးမိတုပ်ကွေးများတွင် အကျိုးမထူးပါ။
  • Ethionamide ကို ဆေးပတ်လည်အောင်သုံးပါ။ ဆေးပတ်မလည်လျှင် ဆေးအာနိသင်ထိရောက်မှုမရှိတော့ခြင်း၊ ပိုးကောင်များသည် ဆေးယဉ်ပါးမှုများဖြစ်လာပြီး ဆေးမတိုးတော့ခြင်း၊ နောင်တွင်ရောဂါများဖြစ်လာလျှင်လည်း ဆေးမတိုးတော့ခြင်း စသည့်ဆိုးကျိုးများဖြစ်နိုင်ပါသည်။
  • Ethionamide ကိုသောက်နေစဉ်တွင် ဗီတာမင် B ဆေးများမှီဝဲရန် လိုအပ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ethionamide (အီသီရိုနမိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်  C            ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Ethionamide (အီသီရိုနမိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါတို့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး ယင်းတို့သည် မခံမရပ်နိုင်အောင် ပြင်းထန်လာပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။

  • ၀မ်းလျှောခြင်း
  • မူးဝေခြင်း
  • ထိုင်းမှိုင်းခြင်း
  • ခေါင်းကိုက်ခြင်း
  • တံတွေးအထွက်များခြင်း
  • အရသာပျက်ခြင်း
  • ပါးစပ်တွင်တွင် အရသာများမူမမှန်ခံစားရခြင်း
  • ပါးစပ်တွင် အနာများပေါက်ခြင်း
  • ပျို့ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • ဗိုက်အောင့်ခြင်း
  • အန်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း တို့ဖြစ်ပါသည်။

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • အနံ့ခံအာရုံများပြောင်းလဲလာခြင်း
  • စိတ်ဓာတ်ကျရောဂါဖြစ်ခြင်း
  • သွေးထွက်လွယ်ခြင်း၊ သွေးခြေဥလွယ်ခြင်း
  • သွေးတွင်း အချိုဓာတ်များ လျော့နည်းခြင်း (ဥပမာ- နှလုံးခုန်မြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးပြန်ခြင်း၊ ချမ်းတုန်ခြင်း၊ အဆာလွန်ခြင်း၊ အမြင်အာရုံများပြောင်းလဲလာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ ထိုင်းမှိုင်းခြင်း စသည်တို့ဖြစ်ပါသည်။)
  • ခြေ၊လက်များ ထုံကျဉ်ခြင်း
  • အမြင်အာရုံများပြောင်းလဲခြင်း၊ မျက်စိကွယ်ခြင်း
  • အရေပြားနှင့် မျက်လုံးများ ၀ါလာခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Ethionamide (အီသီရိုနမိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

Ethionamide ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Ethionamide (အီသီရိုနမိုက်) နဲ့ ဓာတ်ပြုနိုင်သလား

Ethionamide က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ethionamide (အီသီရိုနမိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

Ethionamide ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ဆီးချိုရောဂါ
  • အသည်းရောဂါ

အမြင်အာရုံပြောင်းလဲခြင်းများ ရှိပါက ဆရာဝန်အား အသိပေးရန် လိုအပ်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ethionamide (အီသီရိုနမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • တီဘီရောဂါ

သတ်မှတ်ထားသော ပမာဏမှာ 15 to 20 mg/kg/day ဖြစ်ပါသည်။

စသောက်လျှင် 250 mg ကို တနေ့လျှင် ၁ကြိမ် ၁-၂ ရက်သောက်ပြီး နောက်ထပ် ၁-၂ ရက်တွင် 250 mg ကို တနေ့လျှင် ၂ကြိမ်သောက်ပါ။ ထို့နောက် ဆရာဝန်နှင့် တိုင်ပင်ပြီး ခံနိုင်ရည်ရှိသလောက် ဆေးပမာဏကို တိုးနိုင်ပါသည်။

ကလေးတွေအတွက် Ethionamide (အီသီရိုနမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • တီဘီရောဂါ

သတ်မှတ်ထားသော ပမာဏမှာ 10 to 20 mg/kg/day တနေ့လျှင် ၂-၃ ကြိမ် သို့မဟုတ် 15 mg ကို တနေ့လျှင် ၁ကြိမ် ဖြစ်ပါသည်။

အသက် ၁၂ နှစ်အောက်ကလေးများတွင် မသောက်သင့်ပါ။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Ethionamide (အီသီရိုနမိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

Ethionamide ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

၂၅၀ မီလီဂရမ် Ethionamide သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Ethionamide ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 16, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ