backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Esorid (အီစိုရစ်)


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Esorid (အီစိုရစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Esorid (Cisapride)ကို အစာအိမ်ချဉ်ဖောက်ခြင်းတွင် ၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတွင် အများဆုံးသုံးသော ဆေးအမျိုးအစားဖြစ်သည်။ ထို့ပြင် အခြားသောရောဂါ အခြေအနေများတွင်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါသည်။

Esorid (အီစိုရစ်) ဘယ်လိုသောက်သုံးသင့်သလဲ

Esorid (Cisapride) ကိုမသောက်မီ ဆေးအရည်ဗူးကို လှုပ်ပေးပါ။ ထို့နောက် သတ်မှတ်ထားသော ဇွန်း၊ ဆေးခွက်ဖြင့် ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်ပါ။ ဆေးထည့်ရန်ခွက် မရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ကို မေးပြီးမှသောက်ပါ။

ထိုဆေးကို တနေ့လျှင် ၄ကြိမ်ခန့် အစာမစားမီ ၁၅ မိနစ်အလိုတွင် သောက်ရပါသည်။ တိကျသော ဆေးညွှန်းကို သိရန် ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်လျှင် ပိုကောင်းပါသည်။

Esorid (အီစိုရစ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Esorid (Cisapride) ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Esorid (Cisapride) ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Esorid (Cisapride)

ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Esorid (Cisapride) ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Esorid (Cisapride) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Esorid (အီစိုရစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Esorid (Cisapride) ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • သင့်တွင် ရေနွေးပူလောင်ခြင်း၊ တိရိစ္ဆာန် တကောင်ကောင် အကိုက်ခံရခြင်းကဲ့သို့သော အနာများရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Esorid (အီစိုရစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Esorid (အီစိုရစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ မပြင်းထန်သော ဘေးထွက်ဆိုးကျိုး အချို့မှာ

ဗိုက်အောင့်ခြင်း

ပျို့ခြင်း

ဝမ်းလျှောခြင်း

ဆီးသွားများခြင်း တို့ဖြစ်ပါသည်။

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ချက်ချင်း ပြသရမည်ဖြစ်သည်။

  • နှလုံးခုန်မြန်လာခြင်း
  • မူးခနဲမိုက်ခနဲဖြစ်သွားခြင်း
  • ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Esorid (အီစိုရစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Esorid (Cisapride) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ Esorid (Cisapride) ဆေးနှင့် ဓါတ်ပြုနိုင်သောဆေးများမှာ အောက်ပါတို့ဖြစ်ပါသည်။

  • Clarithromycin ပိုးသတ်ဆေးများ(Biaxin) ,Erithromycin ပိုးသတ်ဆေးများ (Ery-Tab, E.E.S., E-Mycin)
  • Amitryptyline စိတ်ကျရောဂါဆေးများ (Elavil, Vanatrip), Nefazodone စိတ်ကျရောဂါဆေးများ (Serzone)
  • Fluconazole မှိုသတ်ဆေးများ (Diflucan), Itraconazole မှိုသတ်ဆေးများ (Sporanox), Ketoconazole မှိုသတ်ဆေးများ (Extina, Ketozole, Nizoral, Xolegal)
  • Phenothiazines (prochlorperazine ,Compazine) , Promethazine (Phenergan)
  • procainamide နှလုံးဆေးများ (Procan SR, Procanbid, Pronestyl),quinidine နှလုံးဆေးများ (Quin-G)
  • indinavir HIV ဆေးများ (Crixivan),ritonavir HIV ဆေးများ (Norvir, Kaletra)

အစားအသောက်တွေနဲ့ အရက်က Esorid (အီစိုရစ်) နဲ့ ဓါတ်ပြုနိုင်သလား

Esorid (Cisapride) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Esorid (အီစိုရစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Esorid (Cisapride) ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေများတွင် Esorid ကို မသုံးသင့်ပါ။

  • အစာအိမ်သွေးထွက်ခြင်း၊ အူလမ်းကြောင်းပိတ်နေခြင်း
  • နှလုံးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ
  • နှလုံးလုပ်ဆောင်ရည်ကျဆင်းခြင်း
  • နှလုံးခုန်နှေးခြင်း၊ နှလုံးခုန်မမှန်ခြင်း
  • နှလုံးတွင် လျှပ်စီးနှေးသော (မျိုးရိုးလိုက်သော ) “Long QT syndrome’
  • နှလုံးတည်ဆောက်ပုံ မူမမှန်သူများ
  • နှလုံးတွင် လျှပ်စီးကြောင်းများ ပိတ်နေခြင်း
  • ရေဓါတ်ခမ်းခြောက်ခြင်း
  • အစာအာဟာရ မပြည့်ဝခြင်း
  • ကျောက်ကပ် မကောင်းခြင်း
  • အဆုတ်ရောဂါများ ပြင်းထန်လျှင်
  • ကင်ဆာ ရောဂါ နောက်ဆုံးအဆင့်များ ဖြစ်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Esorid (အီစိုရစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အစာအိမ်ချဉ်ဖောက်ခြင်းကြောင့် စားချဉ့်ပြန်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ 10 mg တနေ့ ၄ ကြိမ် အစာမစားခင် ၁၅ မိနစ်အလိုနှင့် အိပ်ရာမဝင်ခင်အချိန်များတွင်သောက်ရမည်။ လိုအပ်လျှင် 20 mg အထိတိုးသောက်နိုင်သည်။

  • အစာအိမ်ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ 10 mg တနေ့ ၄ ကြိမ် အစာမစားခင် ၁၅ မိနစ်အလိုနှင့် နှင့် အိပ်ရာမဝင်ခင်အချိန်များတွင်သောက်ရမည်။ လိုအပ်လျှင် 20 mg အထိတိုးသောက်နိုင်သည်။

  • အစာမကြေခြင်း

သတ်မှတ်ထားသော ပမာဏမှာ 5 mg တနေ့ ၃ ကြိမ် အစာမစားခင် ၁၅ မိနစ်အလိုနှင့် နှင့် အိပ်ရာမဝင်ခင်အချိန်များတွင်သောက်ရမည်။ လိုအပ်လျှင် 10 mg အထိတိုးသောက်နိုင်သည်။

ကလေးတွေအတွက် Esorid (အီစိုရစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အစာအိမ်ချဉ်ဖောက်ခြင်းကြောင့် စားချဉ့်ပြန်ခြင်း

၁ နစ်အထက် ကလေးများတွင် သတ်မှတ်ထားသော ပမာဏမှာ 0.2 to 0.3 mg/kg/dose တနေ့ ၃ ကြိမ်မှ ၄ ကြိမ် ဖြစ်ပြီး လိုအပ်လျှင် 10 mg အထိတိုးသောက်နိုင်သည်။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Esorid (အီစိုရစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Esorid (Cisapride) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ၁၀ မီလီဂရမ် Esorid (Cisapride) ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Esorid (Cisapride) ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement