Erimitကိုအချို့သော ဘက်တီးရီးယားပိုးမွှားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကိုကုသဖို့နဲ့ လေးဘက်နာအဖျားရောဂါမဖြစ်အောင် ကာကွယ်ဖို့ အဓိကအသုံးပြုပါတယ်။ ဒီဆေးကိုအခြားရည်ရွယ်ချက်တွေအတွက်လည်းသင့်ဆရာဝန်က ညွှန်ပေးနိုင်ပါတယ်။
Erythromycin ဟာ macrolide အုပ်စုဝင် ပဋိဇီဝပိုးသတ်ဆေးဖြစ်ပြီးဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ ပိုးကောင်ရေပွားများမှုနှုန်းကို နှေးကွေးစေတဲ့ အာနိသင်ရှိပါတယ်။
Erimitကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းအသုံးပြုပါ။ ဆေးညွှန်းတွင် ဖော်ပြထားသည့် ပမာဏအချိုးအစားအတိုင်းတိတိကျကျ လိုက်နာပါ။ အစာမစားမီ ၁နာရီ သို့မဟုတ် စားပြီး ၂နာရီ ခွာ၍ သောက်ပါ။ အကယ်၍ အစာအိမ်ထိခိုက်မှု ဖြစ်လာခဲ့ရင်တော့ အစာနဲ့တွဲသောက်နိုင်ပါတယ်။
ဆေးအာနိသင် အကောင်းဆုံးရရှိရန် နေ့စဉ်အချိန်မှန်မှန်သောက်ပါ။ ကူးစက်ရောဂါ လုံးဝပျောက်ကင်းစေရန် နေထိုင်ကောင်းနေစေကာမူသတ်မှတ်ထားသည့် ဆေးသောက်ရက်ပြည့်အောင် သောက်ပါ။
Erythromycin သောက်သုံးနေစဉ်အတောအတွင်းဂရိတ်ဖရုသီးမစားပါနှင့်၊ ဂရိတ်ဖရုသီးဖျော်ရည် မသောက်ပါနှင့်။
Erimit ကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Erimitကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Erimitဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Erimitကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
Erimitသောက်သုံးပြီးအောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုအချိန်ကြာကြာဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်ရလောက်တဲ့ အတိုင်းအတာအထိခံစားလာရမယ်ဆိုရင် သင့်ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။
အောက်ဖော်ပြပါ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Erimitဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Erimitနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့
Erimitက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Erimitဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
Erimitနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူတွေ သောက်သုံးရမယ့် အချိုးအစားကတော့ ၂၅၀ မီလီဂရမ် မှ ၅၀၀ မီလီဂရမ်၊ ၆နာရီမှ ၁၂နာရီခြားတစ်ကြိမ်
သို့မဟုတ် ၅၀၀ မီလီဂရမ် ၁၂နာရီခြားတစ်ကြိမ်
သို့မဟုတ် ၃၃၃ မီလီဂရမ် ၈နာရီခြားတစ်ကြိမ်
Legionnaires ရောဂါ
တစ်နေ့လျှင် ၁ဂရမ်မှ ၄ဂရမ် (ခွဲသောက်ရန်)၊ စုစုပေါင်း ၂၁ရက်
Gonococci ဘက်တီးရီးယားကြောင့်မဟုတ်သည့် ဆီးပြွန်ရောင်ရမ်းခြင်း
၅၀၀ မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ်၊ ၇ရက်
အူလမ်းကြောင်းပိုးမွှားသန့်စင်စေခြင်း
ခွဲစိတ်ကုသမှုမပြုလုပ်မီတစ်ရက်အလို၊ နေ့လည် ၁နာရီ၊ ၂နာရီနှင့် ည ၁၁နာရီတွင် ၁ဂရမ်စီ သောက်ရန်
(Neomycin သောက်သုံးဖို့၊ အူမကြီးသန့်ရှင်းရေးလုပ်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်)
Lymphogranuloma Venereum
၅၀၀ မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ်၊ စုစုပေါင်း ၂၁ရက်
ကြက်ညှာချောင်းဆိုးရောဂါ
၅၀၀ မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ်၊ ၁၄ရက်
ပုံမှန်အားဖြင့် ကလေးငယ်တွေသောက်သုံးရမယ့် အချိုးအစားကတော့
အပျော့စားမှ အလယ်အလတ်စားကူးစက်ရောဂါများ – တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၃၀ မီလီဂရမ် မှ ၅၀ မီလီဂရမ်၊ ၆နာရီမှ ၁၂နာရီခြားတစ်ကြိမ်ခွဲပြီးသောက်သုံးရန် (တစ်နေ့လျှင် ၂ဂရမ်ထက် မပိုသင့်ပါ)
ပြင်းထန်သည့်ကူးစက်ရောဂါများ – တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၁၅မီလီဂရမ် မှ ၅၀ မီလီဂရမ် (တစ်နေ့လျှင် ၄ဂရမ်ထက် မပိုသင့်ပါ)
ကလာမိုင်းဒီးယားရောဂါ
တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၅၀ မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ် (ခွဲသောက်ရန်)၊ စုစုပေါင်း ၁၄ရက် သောက်ရန်
ကြက်ညှာချောင်းဆိုးရောဂါ
တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၄၀ မီလီဂရမ် မှ ၅၀မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ် (ခွဲသောက်ရန်)၊ တစ်နေ့လျှင် ၂ဂရမ်ထက် မပိုသင့်ပါ
Streptococci ဘက်တီးရီးယားကြောင့်ဖြစ်သည့် အာသီးရောင်ခြင်း၊ အစာမျိုဝရောင်ရမ်းခြင်း
တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၂၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ် (ခွဲသောက်ရန်)
အူလမ်းကြောင်းပိုးမွှားသန့်စင်စေခြင်း
ခွဲစိတ်ကုသမှုမပြုလုပ်မီတစ်ရက်အလို၊ နေ့လည် ၁နာရီ၊ ၂နာရီနှင့် ည ၁၁နာရီတွင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် Erythromycin ၂၀ မီလီဂရမ်သောက်ရန်
(Neomycin သောက်သုံးဖို့၊ အူမကြီးသန့်ရှင်းရေးလုပ်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်)
Erimitကိုအောက်ဖော်ပြပါ အချိုးအစားပုံစံများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
Erimitကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။