Generic Name: Ephedrine (အက်ဖီဒရင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Ephedrine (အက်ဖီဒရင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Ephedrine အား အသက်ရှူခြင်းဆိုင်ရာပြဿနာများ၊ ပန်းနာရင်ကြပ်နှင့် အအေးမိခြင်း သို့ အလက်ဂျီတို့ကြောင့်ဖြစ်တတ်သော နှာရောင်ခြင်း/စေးခြင်း တို့တွင် အများဆုံးအသုံးပြုကြ၏။
Ephedrine သည် sympathomimetics ဆိုသော ဆေးအုပ်စုတွင် ပါဝင်သည်။ ၎င်းသည် သဘာဝတွင်တွေ့ရသည့်ပစ္စည်း (adrenaline) ကဲ့သို့အလုပ်လုပ်ပြီး ထိုပစ္စည်းသည် သင်အန္တရာယ်ကျရောက်နေစဉ်တွင် ခန္ဓာကိုယ်ဟာအသင့်ဖြစ်အောင်လုပ်ပေးသော ပစ္စည်းဖြစ်သည်။ ၎င်းသည် ဗဟိုအာရုံကြောစနစ်အား လှုံစော်သည့်ပစ္စည်းဖြစ်ပြီး သင်၏နှလုံးခုန်နှုန်း/ သွေးဖိအားတို့အား မြင့်တက်နေပြီး သင်၏သွေးကြောများကို ကျဉ်းသွားစေခြင်း (vasoconstriction) နှင့် အဆုတ်လမ်းကြောင်းအားပွင့်စေခြင်း (bronchodilation) တို့ကို ဖြစ်စေနိုင်သည်။ ဒီဆေးအား သုံးခဲ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းထက်ပိုစိတ်ချရသော သက်ရောက်မှုပိုကောင်းသော ဆေးများရှိသောကြောင့်ဖြစ်သည်။ (ဥပမာ – albuterol ၊ pseudoephedrine)

Ephedrine (အက်ဖီဒရင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်မညွှန်ထားသည့်ဆေးများကိုသုံးမည်ဆိုပါက ephedrine ကိုမသုံးမီ အခွံတွင်ပါသော ညွှန်ကြားချက်အားလုံးကို ဖတ်ပါ။ ညွှန်ကြားထားသည့်အတိုင်း ပါးစပ်ကနေသာသောက်သုံးပါ။ သိရှိရသည့်အချက်အလက်နှင့်ပတ်သတ်၍ မသေချာပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့်တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်မှ ဤဆေးအားညွှန်ကြားသည်ဆိုပါက ညွှန်သည့်အတိုင်း တိတိကျကျ လိုက်နာပါ။
ဆေးပမာဏအများကြီးသုံးသည့်အခါ ephedrine သည် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေ၏။ နှလုံးဖောက်ခြင်း၊ တက်ခြင်း(၀က်ရူးပြန်ခြင်း)နှင့် လေဖြတ်ခြင်းများ ဖြစ်နိုင်သည်။ သတ်မှတ်ထားသည့်ပမာဏထက် ဆေးကိုပိုမသောက်ပါနှင့်၊ ဆရာဝန်မှမညွှန်ပါပဲ ၇ ရက်ဆက်တိုက်ထက်ပိုပြီး ဆေးကိုမသောက်ပါနှင့်။
ရှားရှားပါးပါးဆိုသလို ပုံမှန်မဟုတ်သည့် ဆေးစွဲပြဿနာမျိုး Ephedrine ၌ ရှိနိုင်ပါသည်။ ဆေးပမာဏကို တိုးသောက်ခြင်း၊ မကြာခဏသုံးခြင်း၊ ညွှန်ကြားသည်ထက် ရက်ပိုသောက်ခြင်းမျိုး မလုပ်ပါနှင့်။ ရပ်ရန်ညွှန်ကြားပါက ချက်ချင်းရပ်ပါ။
အချိန်အတော်ကြာ သုံးမည်ဆိုပါက ephedrine သည် ကောင်းကောင်းအလုပ်ဖြစ်တော့မည်မဟုတ်ပါ။ ဆေးသက်ရောက်မှု မကောင်းတော့လျှင် ဆရာဝန်နှင့်ဆွေးနွေးပါ။
အသက်ရှူခြင်းဆိုင်ရာပြဿနာများအတွက် Ephedrine ကိုသုံးသည်ဆိုပါက တစ်နာရီအတွင်း ရောဂါအခြေအနေကောင်းမလာခြင်း သို့ ပိုဆိုးလာခြင်းဖြစ်ပါက သို့မဟုတ် သင့်၌ပြင်းထန်သည့် ရောဂါတစ်ခုခုရှိနေပြီထင်ပါက ဆေးကုသမှုအား ချက်ချင်းခံယူပါ။ ချောင်းပြန်ဆိုးလာခြင်း သို့ ၇ ရက်ထက် ပိုဆိုးခြင်း သို့မဟုတ် ဖျားခြင်း၊ အကွက်ထခြင်း သို့ ခေါင်းအလွန်ကိုက်ခြင်းမျိုး ဖြစ်နေပါက ဆေးအကူအညီချက်ချင်းရယူပါ။ ၎င်းတို့သည် ပြင်းထန်သည့်ရောဂါတစ်ခု၏ လက္ခဏာများဖြစ်နိုင်ပါသည်။

Ephedrine (အက်ဖီဒရင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Ephedrine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Ephedrine ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Ephedrine ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။

Ephedrine အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

Ephedrine အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ephedrine (အက်ဖီဒရင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Ephedrine အားမသုံးခင် ဆရာဝန်ကို ပြောရမည်များမှာ
• Ephedrine နှင့်ဓာတ်မတည့်မှုရှိခြင်း
• ပန်းနာရင်ကျပ်မရှိကြောင်း
• သင့်၌ ပန်းနာရင်ကျပ်ရှိသောကြောင့် ပန်းနာရင်ကျပ်ဆေးများသုံးနေရကြောင်း
• ပန်းနာရင်ကျပ်ကြောင့် ဆေးရုံတက်ဖူးကြောင်း
• monoamine oxidase (MAO) inhibitor (ဥပမာ- phenelzine) များကို ယခုလက်ရှိ သို့မဟုတ် ပြီးခဲ့သည့် ၁၄ ရက်အတွင်း သုံးထားကြောင်း။ သင့်အားညွှန်ထားသည့်ဆေးများတွင် MAO inhibitor ပါမပါမသိပါက ကျန်းမာရေးစောင့်ရှောက်သူအား မေးမြန်းပါ။
• သင့်၌ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ ပုံမှန်မဟုတ်သောနှလုံးခုန်ခြင်း၊ သိုင်းရွိုက်ရောဂါ၊ ဆီးချို သို့ ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးသွားရခက်ခြင်း သို့မဟုတ် တခြားပြင်းထန်သည့် နှလုံးရောဂါများရှိကြောင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ephedrine (အက်ဖီဒရင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ephedrine (အက်ဖီဒရင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများတွင် စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် အိပ်မပျော်ခြင်းများ ပါဝင်ပါ၏။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Ephedrine (အက်ဖီဒရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Ephedrine သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓာတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။)

Beta-blockers (ဥပမာ propranolol)၊ ကိုကိန်း၊ indomethacin၊ methyldopa၊ MAO inhibitors (ဥပမာ phenelzine)၊ linezolid၊ oxytocic medicines (ဥပမာ oxytocin)၊ rauwolfia derivatives (ဥပမာ reserpine)၊ tricyclic antidepressants – စိတ်ကျရောဂါကုဆေးများ (ဥပမာ amitriptyline)၊ ergot alkaloids (ဥပမာ dihydroergotamine) ထိုဆေးများသည် Ephedrine ၏ အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေနိုင်ပါသည်။

Bromocriptine၊ catechol-O-methyltransferase (COMT) inhibitors (ဥပမာ entacapone) သို့မဟုတ် digoxin ၎င်းဆေးများ၏ အာနိသင်နှင့်ဘေးထွက်ဆိုးကျိုးများကို Ephedrine ကပိုဆိုးစေ၏။
Guanadrel၊ guanethidine၊ mecamylamine methyldopa သို့မဟုတ် reserpine တို့၏အာနိသင်အား Ephedrine က လျော့ကျစေနိုင်သည်။
ဒီစာရင်းသည့် ဖြစ်နိုင်သည့် ဓာတ်ပြုမှုအကုန်ပြုစုထားသည်မဟုတ်ပါ။ သင်၏ကျန်းမာရေးစောင့်ရှောက်သူအား သင်သောက်နေသည့်ဆေးများနှင့် Ephedrine တို့ ဓာတ်ပြုမှုရှိနိုင်မရှိနိုင်ကို မေးမြန်းပါ။ ဘယ်ဆေးကိုမဆို မစခင် မရပ်ခင် သို့ ပမာဏမပြောင်းခင် ကျန်းမာရေးစောင့်ရှောက်သူနှင့် သေချာစစ်ဆေးပါ။

အစားအသောက်တွေနဲ့ အရက်က Ephedrine (အက်ဖီဒရင်း) နဲ့ ဓာတ်ပြုနိုင်သလား

Ephedrineက အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ephedrine (အက်ဖီဒရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Ephedrineသည်သင်၏နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီး၏။ အထူးသဖြင့် အောက်ပါတို့မှ တစ်ခုခုရှိနေလျှင် ပိုအရေးကြီး၏။
• ကိုယ်ဝန်ဆောင်ထားလျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် နို့တိုက်ရန် စီစဉ်ထားလျှင်
• ညွှန်ကြားထားသောဆေးများ သို့ မညွှန်ကြားသောဆေးများ၊ အပင်ထွက်ပရဆေးများ သို့မဟုတ် အာဟာရဖြည့်စွက်စာများသုံးနေလျှင်
• ဆေးများ အစာများနှင့် တခြားအရာများအား ဓာတ်မတည့်မှုရှိလျှင်
• သင့်၌ နှလုံးပြဿနာများ၊ ဆီးချို၊ ရေတိမ်၊ ဆီးကျိတ်ကြီးခြင်း သို့ တခြားသော ဆီးကျိတ်ပြဿနာများ၊အက်ဒရီနယ်ဂလင်းပြဿနာ၊ သွေးတိုးခြင်း၊ အတက်ရောဂါ (၀က်ရူးပြန်)၊ လေဖြတ်ခြင်း၊ သွေးကြောပြဿနာ၊ သိုင်းရွိုက်အလွန်အလုပ်လုပ်ခြင်း သို့မဟုတ် ပြင်းထန်သည့် ပန်းနာရင်ကျပ်ရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ephedrine (အက်ဖီဒရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Adams-Stokes Syndrome အတွက် ပုံမှန်လူကြီိးပမာဏ

သောက်ဆေး ။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ်
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းသောက်ရန်

ထိုးဆေး ။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ် အသားဆေး သို့ အရေပြားအောက်ထိုးဆေး သို့မဟုတ် အကြောဆေး ၅ မှ ၂၅ မီလီဂရမ်အား တဖြည်းဖြည်းချင်းထိုးခြင်း (၁၅ မိနစ်ကြာအောင် မျှဉ်းထိုးရမည်)။ ၅ မိနစ် မှ ၁၀ မိနစ်ခြားပြီး လိုအပ်လျှင် ထပ်ထိုးနိုင်သည်။
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းရန်

ရုတ်တရတ်ပြင်းထန် ပန်းနာရင်ကျပ်အတွက် ပုံမှန်လူကြီးပမာဏ
သောက်ဆေး ။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ်
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းသောက်ရန်

ထိုးဆေး ။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ် အသားဆေး သို့ အရေးပြားအောက်ထိုးဆေး သို့မဟုတ် အကြောဆေး ၅ မှ ၂၅ မီလီဂရမ်အား တဖြည်းဖြည်းချင်းထိုးခြင်း (၁၅ မိနစ်ကြာအောင် မျှဉ်းထိုးရမည်). ၅ မိနစ် မှ ၁၀ မိနစ်ခြားပြီး လိုအပ်လျှင် ထပ်ထိုးနိုင်သည်။
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းရန်

Chronic Obstructive Pulmonary Disease (အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သော ရောဂါ) အတွက် ပုံမှန်လူကြီးပမာဏ

သောက်ဆေး။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ်
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းသောက်ရန်

ထိုးဆေး။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ် အသားဆေး သို့ အရေးပြားအောက်ထိုးဆေး သို့မဟုတ် အကြောဆေး ၅ မှ ၂၅ မီလီဂရမ်အား တဖြည်းဖြည်းချင်းထိုးခြင်း (၁၅ မိနစ်ကြာအောင် မျှဉ်းထိုးရမည်)။ ၅ မိနစ် မှ ၁၀ မိနစ်ခြားပြီး လိုအပ်လျှင် ထပ်ထိုးနိုင်သည်။
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းရန်

သွေးပေါင်ကျခြင်းအတွက် ပုံမှန်လူကြီးပမာဏ
သောက်ဆေး။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ်
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းသောက်ရန်

ထိုးဆေး။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ် အသားဆေး သို့ အရေးပြားအောက်ထိုးဆေး သို့မဟုတ် အကြောဆေး ၅ မှ ၂၅ မီလီဂရမ်အား တဖြည်းဖြည်းချင်းထိုးခြင်း (၁၅ မိနစ်ကြာအောင် မျှဉ်းထိုးရမည်). ၅ မိနစ် မှ ၁၀ မိနစ်ခြားပြီး လိုအပ်လျှင် ထပ်ထိုးနိုင်သည်။
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းရန်

Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ)အတွက်ပုံမှန်လူကြီးပမာဏ
သောက်ဆေး။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ်
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းသောက်ရန်

ထိုးဆေး။ ။
ကနဦးပမာဏ – ၃ နာရီမှ ၄နာရီခြားတစ်ခါ ၂၅ မှ ၅၀ မီလီဂရမ် အသားဆေး သို့ အရေးပြားအောက်ထိုးဆေး သို့မဟုတ် အကြောဆေး ၅ မှ ၂၅ မီလီဂရမ်အား တဖြည်းဖြည်းချင်းထိုးခြင်း (၁၅ မိနစ်ကြာအောင် မျှဉ်းထိုးရမည်). ၅ မိနစ် မှ ၁၀ မိနစ်ခြားပြီး လိုအပ်လျှင် ထပ်ထိုးနိုင်သည်။
အများဆုံးပမာဏ – တစ်ရက်လျှင် ၁၅၀ မီလီဂရမ်အား ခွဲခြမ်းရန်

ကလေးတွေအတွက် Ephedrine (အက်ဖီဒရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Adams-Stokes Syndrome (နှလုံးခုန်နှုန်းမူမမှန်ဖြစ်ပြီး မေ့လဲခြင်း)ရောဂါအတွက်ကလေးပုံမှန် ပမာဏ

အသက်နှစ်နှစ်အောက် ကလေးလူနာများ၌အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ရာလိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။)

အသက်နှစ်နှစ်အထက် – ၂ မှ ၃ မီလီဂရမ်/ကီလိုဂရမ်/တစ်ရက် သောက်ရန်၊ အရေပြားအောက်ထိုးရန် သို့မဟုတ် အသားဆေးထိုးရန် (ထိုပမာဏအား တစ်ရက်လျှင် ၄ မှ ၆ ကြိမ်ခွဲသုံးရမည်ဖြစ်သည်။)

ရုတ်တရတ်ပြင်းထန် ပန်းနာရင်ကျပ်အတွက် ကလေးပုံမှန်ပမာဏ

အသက်နှစ်နှစ်အောက် ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ရာလိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။)
အသက်နှစ်နှစ်အထက် – ၂ မှ ၃ မီလီဂရမ်/ကီလိုဂရမ်/တစ်ရက် သောက်ရန်၊ အရေပြားအောက်ထိုးရန် သို့မဟုတ် အသားဆေးထိုးရန် (ထိုပမာဏအား တစ်ရက်လျှင် ၄ မှ ၆ ကြိမ်ခွဲသုံးရမည်ဖြစ်သည်။)

အဆုတ်ပွရောဂါအတွက် ကလေးပုံမှန်ပမာဏ

သွေးပေါင်ကျခြင်းအတွက် ကလေးပုံမှန်ပမာဏ

Myasthenia Gravis (အကြောပျော့ခွေ အာရုံကြောရောဂါ)အတွက် ကလေး ပုံမှန်ပမာဏ

အသက်နှစ်နှစ်အောက် ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ရာလိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။)
အသက်နှစ်နှစ်အထက် – ၂ မှ ၃ မီလီဂရမ်/ကီလိုဂရမ်/တစ်ရက် သောက်ရန်၊ အရေပြားအောက်ထိုးရန် သို့မဟုတ် အသားဆေးထိုးရန် (ထိုပမာဏအား တစ်ရက်လျှင် ၄ မှ ၆ ကြိမ်ခွဲသုံးရမည်ဖြစ်သည်။)

Ephedrine (အက်ဖီဒရင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Ephedrine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

ဆေးတောင့်၊ သောက်ဆေး၊ Sulfate အနေဖြင့် ။ ။ 25 မီလီဂရမ်
ပျော်ရည်၊ ထိုးဆေး၊ Sulfate အနေဖြင့် ။ ။ 50mg/mL (1mL)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ephedrine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့်နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအားနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ