backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Entonox (အန်တိုနော့စ်)


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Entonox (အန်တိုနော့စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Entonox ဆိုတာဖိအားမြင့်မြင့် အသုံးပြုပြီးဆလင်ဒါထဲထည့်သွင်းထားတဲ့ ဓါတ်ငွေ့အရောဖြစ်ပါတယ်။ Entonox ကိုအောက်ဖော်ပြပါ အခြေအနေတွေမှာ နာကျင်မှုဝေဒနာသက်သာအောင် အဓိကအသုံးပြုပါတယ်။

  • ကလေးမီးဖွားခြင်း
  • သွားဘက်ဆိုင်ရာကုသမှုခံယူခြင်း
  • အနာကိုသန့်ရှင်းရေးလုပ်ခြင်း၊ ချုပ်ခြင်း၊ ဆေးထည့်ခြင်း
  • အရိုးကျိုးခြင်းကဲ့သို့ ရုတ်တရက် ထိခိုက်ဒဏ်ရာရခြင်း
  • အခြားရောဂါများ၊ ခွဲစိတ်ကုသမှုများ၊ ရောဂါရှာဖွေစစ်ဆေးမှုများ

Entonox ရဲ့ အခြားအသုံးဝင်ပုံတွေအကြောင်း သိလိုပါကသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းနိုင်ပါတယ်။

Entonox (အန်တိုနော့စ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးရုံဆေးခန်းတွင်

Entonox ကို ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်ကိုယ်တိုင် ပေးရမှာဖြစ်ပါတယ်။

သူတို့ကသင်အသုံးပြုရမယ့် ကိရိယာကိုမှန်ကန်စွာတပ်ဆင်ပေးပြီးသင့်အတွက်လုံလောက်မှုရှိမရှိသေချာစွာစစ်ဆေးပေးမှာ ဖြစ်ပါတယ်။

မိမိနေအိမ်တွင်

Entonox ကိုပထမဦးဆုံးအသုံးပြုချိန်မှာဆလင်ဒါနဲ့ ကိရိယာတွေကိုမှန်ကန်စွာတပ်ဆင် အသုံးပြုတတ်အောင် သင့်ကျန်းမာရေးစောင့်ရှောက်သူကသင်ပြပေးမှာ ဖြစ်ပါတယ်။

  • ဆလင်ဒါကိုရေပြင်ညီမျက်နှာပြင်ပေါ်တွင် လဲမကျအောင်ထိန်းပြီးမတ်မတ်ထောင်ထားပါ။ ဆလင်ဒါအသေးစားတွေကိုတော့ လှဲထားလို့ အဆင်ပြေနိုင်ပါတယ်။
  • ဆလင်ဒါပေါ်ကဒိုင်ခွက်မှာဂတ်စ်ပမာဏလုံလောက်မှုရှိမရှိအရင်ဆုံးစစ်ဆေးပါ။
  • ဓါတ်ငွေ့ထွက်မည့်နေရာတွင် ဓါတ်ငွေ့ပိုက်ကိုသေချာစွာတပ်ဆင်ထားခြင်းရှိမရှိစစ်ဆေးပါ။
  • ကိရိယာတစ်ခုလုံးကိုဆီ၊ အကျိအချွဲကင်းစင်ခြင်းရှိမရှိသေချာအောင် စစ်ဆေးပါ။
  • ဆလင်ဒါအဆို့ကိုဖြေးညှင်းစွာဖွင့်ပါ။
  • ဆလင်ဒါ အသုံးမပြုတော့မည့် အချိန်မှသာအဆို့ကိုအားအသင့်အတင့်သုံး၍ လှည့်ပိတ်ပါ။
  • ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် တရှူးရှူးမြည်သံကြားရလျှင် ဆလင်ဒါအဆို့ကိုပိတ်ပြီးကိရိယာကိုစစ်ဆေးပါ။
  • ဆလင်ဒါထဲဓါတ်ငွေ့မကျန်တော့မှသာအဆို့ကိုအားအသင့်အတင့်သုံး၍ ပိတ်လိုက်ပါ။

Entonox ကိုကျန်းမာရေးစောင့်ရှောက်သူပညာရှင် သင်ပြထားသည့်အတိုင်းတိတိကျကျ လိုက်နာအသုံးပြုပါ။ မသေချာမရှင်းလင်းသည်များရှိလျှင် ပညာရှင်ကိုချက်ချင်းမေးပါ။

Entonox မှာပါဝင်တဲ့ ဓါတ်ငွေ့တွေဟာအလွယ်တကူပေါက်ကွဲလောင်ကျွမ်းနိုင်တဲ့အတွက် ဓါတ်ငွေ့ဆလင်ဒါနားမှာဆေးလိပ်သောက်ခြင်း၊ မီးညှိခြင်း လုံးဝမလုပ်ပါနဲ့။

အဆီအခြေခံတဲ့ moisturizing cream လိမ်းပြီးဆလင်ဒါကိုကိုင်တွယ်ခြင်းမပြုပါနဲ့။ အယ်လ်ကိုဟောဂျယ်လ် အသုံးပြုထားတယ်ဆိုရင်လည်းအယ်လ်ကိုဟောလ်ခြောက်သွေ့သွားအောင် အချိန်အတော်ကြာစောင့်ပြီးမှ ဆလင်ဒါကိုကိုင်တွယ်ပါ။

Entonox (အန်တိုနော့စ်) ဘယ်လိုသိမ်းဆည်းရမလဲ

Entonox ကိုအသုံးမပြုခင် အနည်းဆုံး ၂၄နာရီကြိုတင်ပြီး ၁၀ဒီဂရီဆဲလ်စီးယပ်စ် အပူချိန်မှာတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Entonox ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Entonox ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Entonox ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Entonox (အန်တိုနော့စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Entonoxသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း
  • မကြာသေးမီကမျက်စိသို့မဟုတ် နားခွဲစိတ်ကုသမှု ခံယူထားပြီးဓါတ်ငွေ့များအသုံးပြုထားရခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Entonox (အန်တိုနော့စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Entonox (အန်တိုနော့စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Entonox ရဲ့ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးတွေကတော့

  • မူးဝေခြင်း
  • ခေါင်းထဲရီတီတီဖြစ်ခြင်း
  • အန်ချင်သလိုဖြစ်ခြင်း
  • ခန္ဓါကိုယ် ကျင်နေခြင်း
  • နေ့ရက်၊ အချိန်၊ လူပုဂ္ဂိုလ် စသည်တို့ကိုခွဲခြားမသိနိုင်ခြင်း

Entonox ရဲ့ ဖြစ်လေ့ဖြစ်ထနည်းတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • နားတွင်းဖိအားများခြင်းနှင့်ဆက်စပ်သည့် ပြဿနာများ
  • ပင်ပန်းနွမ်းနယ်ခြင်း
  • လေကြောင့် အူမကြီးဖောင်းလာခြင်း
  • ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Entonox (အန်တိုနော့စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Entonoxဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

    Entonoxနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

    Methotrexate (အဆစ်ရောင်ရောဂါ၊ ကင်ဆာရောဂါ ကုသရာတွင် အသုံးပြုသည့်ဆေးဝါး)

    • Entonox ကို methotrexate နဲ့တွဲပြီးအသုံးပြုခြင်းအားဖြင့် သွေးဆဲလ်အရေအတွက် အပြောင်းအလဲရှိနိုင်ပါတယ်။
    • Diazepam သို့မဟုတ် Lorazepam (စိုးရိမ်စိတ်များခြင်းနှင့် အိပ်မပျော်ခြင်းကိုကုသရာတွင် အသုံးပြုဥည့်ဆေးဝါး
    • ဒီဆေးဝါးတွေက Entonox ရဲ့ အာနိသင်ကိုတိုးမြင့်စေပါတယ်။

    Bleomycin (ကင်ဆာရောဂါ ကုသရာတွင် အသုံးပြုသည့်ဆေးဝါး)၊ Amiodarone (နှလုံးခုန်စည်းချက်မမှန်ခြင်းကိုကုသရာတွင် အသုံးပြုသည့်ဆေးဝါး)၊ Nitrofurantoin နှင့် အလားတူပိုးသတ်ဆေးများ (ကူးစက်ရောဂါများကိုကုသရာတွင် အသုံးပြုသည့်ဆေးဝါးများ)

    Entonox ကိုဒီဆေးတွေနဲ့တွဲပြီးအသုံးပြုခြင်းအားဖြင့် အဆုတ်ထိခိုက်နိုင်ချေကိုပိုမြင့်စေပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Entonox (အန်တိုနော့စ်) နဲ့ ဓါတ်ပြုနိုင်သလား

    Entonoxက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Entonox (အန်တိုနော့စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Entonoxဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

    သင့်မှာအောက်ဖော်ပြပါ ကျန်းမာရေးပြဿနာတစ်ခုခုရှိရင် Entonox အသုံးမပြုသင့်ပါဘူး။

    • ခန္ဓါကိုယ်အစိတ်အပိုင်းတစ်နေရာရာမှာလေခိုအောင်းပြီးပမာဏများလာပါက အန္တရာယ်ရှိနိုင်ခြင်း (ဥပမာသွေးလွှတ်ကြောထဲလေခိုအောင်းခြင်း)
    • ရင်ခေါင်းနှင့်အဆုတ်ကြားလေခိုအောင်းပြီးအဆုတ်ကိုဖိမိခြင်း
    • ဖိအားများသည့်နေရာမှ နည်းသည့်နေရာသို့ ရုတ်တရက်ရောက်ရှိလာသည့်အခါ ခန္ဓါကိုယ်တွင်း ပျော်ဝင်နေသည့်ဓါတ်ငွေ့များပူဖောင်းသဏ္ဍာန် ပလုံစီပြီး အန္တရာယ်ရှိနိုင်သည့်နေရာများသို့ ရောက်ရှိသွားခြင်း (ဥပမာအရေးကြီးသည့် သွေးကြောများကိုသွားရောက်ပိတ်ဆို့ခြင်း) သို့မဟုတ် လွန်ခဲ့သည့် ၄၈နာရီအတွင်း ရေငုတ်ထားခြင်း
    • အဆုတ်ရောဂါ၊ အသက်ရှူရခက်ခဲခြင်း (ဥပမာအဆုတ်တွင်းရှိလေအိတ်ငယ်များပျက်စီးခြင်း)
    • မျက်နှာနှင့်မေးရိုးထိခိုက်ဒဏ်ရာရခြင်း
    • ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
    • ဆိုးဆိုးရွားရွား ဝမ်းဗိုက်လေပွခြင်း
    • ဦးနှောက်ပေါ် ဖိအားများနေသည်ဟုသံသယရှိခြင်းသို့မဟုတ် ဤသို့ဖြစ်စေသည့် အကြောင်းရင်းတစ်ခုခုရှိနေခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Entonox (အန်တိုနော့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူနာကိုယ်တိုင် Entonox ပါဝင်တဲ့ ဆလင်ဒါအဆို့ရှင်ကိုအဖွင့်အပိတ်လုပ်ပြီး face mask သို့မဟုတ် mouthpiece ကတဆင့် လိုအပ်သလို ရှူသွင်းနိုင်ပါတယ်။ ရှူသွင်းလိုက်တဲ့ဓါတ်ငွေ့တွေကိုအဆုတ်ကစုပ်ယူသွားမှာဖြစ်ပါတယ်။

    ဖြစ်နိုင်ရင် Entonox ကို ကျွမ်းကျင်စွာလေ့ကျင့်ထားတဲ့ ဆေးဘက်ဆိုင်ရာပညာရှင်အကူအညီနဲ့ သင့်တော်တဲ့ပတ်ဝန်းကျင်မှာ အသုံးပြုတာကအကောင်းဆုံးဖြစ်ပါတယ်။

    ကလေးတွေအတွက် Entonox (အန်တိုနော့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူနာကိုယ်တိုင် Entonox ပါဝင်တဲ့ ဆလင်ဒါအဆို့ရှင်ကိုအဖွင့်အပိတ်လုပ်ပြီး face mask သို့မဟုတ် mouthpiece ကတဆင့် လိုအပ်သလို ရှူသွင်းနိုင်ပါတယ်။ ရှူသွင်းလိုက်တဲ့ဓါတ်ငွေ့တွေကိုအဆုတ်ကစုပ်ယူသွားမှာဖြစ်ပါတယ်။

    ဖြစ်နိုင်ရင် Entonox ကို ကျွမ်းကျင်စွာလေ့ကျင့်ထားတဲ့ ဆေးဘက်ဆိုင်ရာပညာရှင်အကူအညီနဲ့ သင့်တော်တဲ့ပတ်ဝန်းကျင်မှာ အသုံးပြုတာကအကောင်းဆုံးဖြစ်ပါတယ်။

    Entonox (အန်တိုနော့စ်) ကိုဘယ်လိုရရှိနိုင်သလဲ

    Entonox ကိုအောက်ဖော်ပြပါ ပုံစံ၊ အချိုးအစားတွေနဲ့ ရရှိနိုင်ပါတယ်။

    ဆလင်ဒါ EA ၃၅၀ လီတာ

    ဆလင်ဒါ D* ၅၀၀ လီတာ

    ဆလင်ဒါ ED ၇၀၀ လီတာ

    ဆလင်ဒါ F* ၂၀၀၀ လီတာ

    ဆလင်ဒါ EX ၃၅၀၀ လီတာ

    ဆလင်ဒါ G* ၅၀၀၀ လီတာ

    ဆလင်ဒါ EW ၁၆၂၇၅ လီတာ

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Entonox ကိုအသုံးပြုဖို့ (ဆေးရှူဖို့) လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးရှူပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးရှူမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲရှူလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးရှူတာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement