Enbrel®ကို အကျိတ်များ ပုပ်ဆွေးခြင်းဖြစ်စေတဲ့အရာ (TNF) ကို ပိတ်ဆို့တားမြစ်တဲ့ဆေး ဖြစ်ပါတယ်။ TNF ဟာ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ကိုယ်ခံအားစနစ်ကနေ ထွက်ပေါ်လာတဲ့ ပရိုတိန်းဖြစ်ပြီး Enbrel® ဟာ ဒီပရိုတိန်းကို လျှော့ချပေးပါတယ်။ မိမိကိုယ်ခံအားက မိမိကို မှားယွင်းတုံ့ပြန်မှုရှိတဲ့ ပြသနာမှာ ကိုယ်ခံအားကနေ TNF အများအပြားကို ထွက်လာစေပြီး ကောင်းနေတဲ့ဆဲလ်တွေကိုပါ တိုက်ခိုက်မိတတ်ပါတယ်။
Enbrel® ကို လေးဘက်နာအဆစ်ရောင်ခြင်း၊ psoriasis ရောဂါကြောင့် အဆစ်ရောင်ခြင်း၊ ကျောရိုး ကျီးပေါင်းတက်ခြင်း စတာတွေကို ကုသရာမှာ အသုံးပြုပြီး အဲဒီရောဂါတွေကြောင့် အဆစ်များပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ကလေးများမှာ ဖြစ်တတ်တဲ့ အကြောင်းအရင်း မသိရဘဲ ဖြစ်တတ်တဲ့ အဆစ်ရောင်ခြင်းကို ကုသရာမှာလည်း သုံးပါတယ်။
လူကြီးများနဲ့ အသက် ၄နှစ်နဲ့အထက် ကလေးများမှာ ဖြစ်တတ်တဲ့Plaque psoriasis ရောဂါကို ကုသရာမှာလည်း သုံးပါတယ်။
Enbrel® နဲ့ မကုသခင်မှာ ရောဂါပိုးဝင်ခြင်း မရှိဖို့ စစ်ဆေးရပါတယ်။
Enbrel® ကို အရေပြားအောက် ထိုးသွင်းပါတယ်။ အိမ်မှာ ထိုးဆေးအဖြစ်သုံးနိုင်အောင် လေ့လာနိုင်ပါတယ်။ ဆေးကို ဘယ်လို ထိုးရမယ်ဆိုတာ သေချာနားမလည်ရင်၊ ဆေးထိုးအပ်ကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာ မသိရင် မထိုးပါနဲ့။
ဆေးမထိုးခင်မှာ Enbrel® ကို မိုးရည်နဲ့ ဖျော်ရပါတယ်။ အိမ်မှာထိုးရင် ဆေးကိုဘယ်လို ဖျော်ရတယ်၊ ဘယ်လိုသိမ်းဆည်း သိုလှောင်သင့်တယ်ဆိုတာ သေချာသိဖို့ လိုပါတယ်။
ကိုယ်အလေးချိန် ၁၃၈ ပေါင်ထက်နည်းတဲ့ ကလေးတွေမှာ Enbrel® ကို မသုံးသင့်ပါဘူး။ ကလေးမှာ ဒီဆေးကို သုံးနေရင်းနဲ့ ကိုယ်အလေးချိန်ပြောင်းလဲတာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးကို ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ထိုးရမယ်ဆိုတာ ပြသပေးပါလိမ့်မယ်။ တနေရာတည်းကို ဆက်တိုက် မထိုးပါနဲ့။ သွေးခြေဥခြင်း၊ နာကျင်ခြင်း၊ မာခြင်း၊ နီရဲခြင်းရှိနေတဲ့ အရေပြားမှာ ဆေးမထိုးပါနဲ့။
ဆေးထိုးလိုက်တဲ့နေရာမှာ နာကျင်နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ပူနွေးခြင်း ရှိနိုင်ပါတယ်။ အဲဒီလက္ခဏာတွေဟာ ၅ရက်ကျော်ပြီး မပျောက်ရင် ဆရာဝန်ပြသပါ။
တခါသုံးဆေးထိုးအပ်များကို တကြိမ်တည်းသာသုံးပါ။ ဆေးထိုးအပ်တွေကို ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာ လေ့လာပါ။ ပေါက်မထွက်နိုင်တဲ့ အချွန်ပစ္စည်းတွေ စွန့်ပစ်ထည့်သွင်းနိုင်တဲ့ အမှိုက်ပုံးများသုံးပါ။ အဲဒီ အမှိုက်ပုံးကို ကလေးများနဲ့ အိမ်မွေးတိရစ္ဆာန်များ မမီနိုင်တဲ့ နေရာမှာထားပါ။
တခါသုံးဆေးထိုးအပ်တွေကို တခါသုံးပြီးတာနဲ့ အထဲမှာ ဆေးကျန်နေသေးရင်တောင် လွှင့်ပစ်ပါ။
ဆေးကို မလှုပ်ပါနဲ့။ ဆေးထိုးဖို့ အသင့်ဖြစ်ချိန်မှာသာ ဆေးကိုဖျော်ပါ။ ဆေးရည်ဟာ အရောင်ပြောင်းရင်၊ အနည်ကျရင် အသုံးမပြုပါနဲ့။ ဆေးအသစ်ကို သုံးပါ။
Enbrel® ဟာ ကိုယ်ခံအားကို ကျဆင်းစေပါတယ်။ သွေးကို မကြာခဏစစ်ဖို့ လိုပါတယ်။ အသည်းရောင် အသားဝါဘီပိုးရှိရင် ရောဂါပိုဆိုးစေနိုင်ပါတယ်။ ကုသချိန်မှရော ဆေးဖြတ်ပြီး လပေါင်းများစွာ ကြာသည့်တိုင်အောင် သွေးစစ်ဖို့ လိုပါတယ်။
ခွဲစိတ်မှုခံယူမယ်ဆိုရင် Enbrel® သုံးနေကြောင်း ဆရာဝန်ကို ပြောပြပါ။
Enbrel®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Enbrel®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။
Enbrel®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
သွေးဆိပ်တက်တဲ့ လက္ခဏာရှိရင် Enbrel® သုံးခြင်းကို ရပ်ထားသင့်ပါတယ်။
အောက်ပါအခြေအနေတွေရှိနေရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
တီဘီရောဂါရှိရင်၊ အိမ်သားတွေထဲမှာ တီဘီရောဂါရှိနေရင်၊ ရောဂါပိုး ကူးစက်နိုင်မှုများတဲ့ ဒေသတွေကို ခရီးသွားထားရင် ဆရာဝန်ကို အသိပေးပါ။
ကာကွယ်ဆေးထိုးထားတဲ့ ကလေးတွေမှာ Enbrel® စတင်သုံးစွဲမယ်ဆိုရင် သတိထားပါ။
Enbrel® သုံးစွဲခြင်းဟာ ပြန်ရေကြော အကျိတ်ကင်ဆာလိုမျိုး ကင်ဆာအမျိုးအစားတချို့ကို ပိုပြီးအားကောင်းလာနိုင်ခြေ ရှိပါတယ်။ အဲဒီကင်ဆာအမျိုးအစားဟာ ရှားပါးပြီး ခရွန်းရောဂါ၊ အနာဖြစ်ပြီး အူရောင်ခြင်း စတာတွေအတွက် ကိုယ်ခံအားနှိမ့်ပေးတဲ့ ဆေးတွေနဲ့ ကုသနေရတဲ့ ဆယ်ကျော်သက် ယောက်ျားလေးများနဲ့ လူငယ်အမျိုးသားများမှာ ဖြစ်တတ်ပါတယ်။
မိမိကိုယ်ခံအားက ပြန်တိုက်ခိုက်လို့ ဖြစ်တတ်တဲ့ လေးဘက်နာအဆစ်ရောင်ခြင်း၊ ခရွန်းရောဂါ၊ psoriasis ရောဂါကြောင့် အဆစ်ရောင်ခြင်း၊ ကျောရိုး ကျီးပေါင်းတက်ခြင်း စတဲ့ရောဂါရှိသူတွေမှာ ပြန်ရေကြော အကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ တဦးချင်းရဲ့ ဖြစ်နိုငခြေ အန္တရာယ်တွေအကြောင်း ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။
Enbrel®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီ ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
Enbrel®ဆေးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဓါတ်မတည့်ခြင်း လက္ခဏာတွေဖြစ်တဲ့ အရေပြားပေါ် အကွက်ဖြစ်ခြင်း၊ အင်ပျဉ်ထခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်း၊ ဖျားလျက် (သို့) မဖျားဘဲ အရေပြားကွာခြင်း၊ ရင်ဘတ်နှင့်လည်ချောင်း ကြပ်ခြင်း၊ အသက်ရှူရန် စကားပြောရန်ခက်ခြင်း၊ အသံဝင်ခြင်း၊ ပါးစပ် မျက်နှာ နှုတ်ခမ်း လျှာ လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း စတာတွေဖြစ်ရင် ဆေးကုသမှု ခံယူပါ။
ဆိုးရွားပြင်းထန်ပြီး တခါတရံ သေစေနိုင်တဲ့ထိ ရောဂါပိုးဝင်ရောက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွေးထွက်ခြင်း၊ ကိုယ်ခန္ဓါကိုက်ခဲခြင်း၊ အရေပြား အနာဖြစ်ခြင်း၊ နီရဲခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဆီးသွားစဉ်ပူခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ သက်ရှူရခက်ခြင်း စတာတွေဖြစ်ရင် ဆရာဝန်ချက်ချင်းပြပါ။
အောက်ပါအခြေအနေတွေ ကြုံရင်လည်း ဆရာဝန်ပြပါ။
တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
Enbrel®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။ အောက်ပါဆေးဝါးများနဲ့ ဓါတ်ပြုနိုင်ပါတယ်။
Enbrel®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။
Enbrel®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
လူကြီးများ ကျောရိုးကျီးပေါင်းတက်ခြင်းအတွက်
တပတ်လျှင် တကြိမ် ၅၀မီလီဂရမ် အရေပြားအောက် ထိုးရန်၊
လူကြီးများ လေးဘက်နာအဆစ်ရောင်ခြင်းအတွက်
တပတ်လျှင် တကြိမ် ၅၀မီလီဂရမ် အရေပြားအောက် ထိုးရန်၊
လူကြီးများ psoriasis ရောဂါကြောင့် အဆစ်ရောင်ခြင်း၊
တပတ်လျှင် တကြိမ် ၅၀မီလီဂရမ် အရေပြားအောက် ထိုးရန်၊
လူကြီးများ Plaque psoriasis ရောဂါအတွက်
ကနဦး။ တပတ်လျှင် ၂ကြိမ် ၃-၄ရက်ခွာပြီး ၃လအထိ ၅၀မီလီဂရမ်ကို အရေပြားအောက် ထိုးရန် ဖြစ်ပါတယ်။ နောက်တနည်းကတော့
၂၅မီလီဂရမ်ကနေ စတင်ပြီး ၅၀မီလီဂရမ်ထိ တပတ်တကြိမ်ထိုးခြင်းဟာလည်း ထိရောက်ပါတယ်။
ဆက်လက်ထိုးရမည့် ပမာဏ။ တပတ်လျှင် တကြိမ် ၅၀မီလီဂရမ် အရေပြားအောက် ထိုးရန်၊
ကလေးများမှာ ဖြစ်တတ်တဲ့ အကြောင်းအရင်းမသိရတဲ့ အဆစ်ရောင်ခြင်းအတွက်
၂နှစ်နှင့်အထက်
ကလေးများမှာဖြစ်တတ်တဲ့ Plaque Psoriasis ရောဂါအတွက်
Enbrel®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။
Enbrel®ဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။