backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Enalapril (အယ်နယ်လပရေး)


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Enalapril (အယ်နယ်လပရေး) ကို ဘာအတွက်အသုံးပြုကြသလဲ

Enalapril သည် ACEI အမျိုးအစားဖြစ်ပါသည်။ သွေးကြောများကို သွေးလည်ပတ်မှုကောင်းစေရန် အသုံးပြူပါသည်။

Enalapril ကို သွေးတိုးရောဂါများတွင် အသုံးပြုကြပါသည်။ သွေးတိုးကျခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးရောဂါဖောက်ခြင်း၊ ကျောက်ကပ်ရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ နှလုံးအလုပ်မလုပ်နိုင်တော့သောရောဂါ (heart failure ) ကုသရန် နှင့် အချို့နှလုံးပြဿနာများ (ဘယ်သွေးလွှတ်ခန်း အလုပ်မလုပ်နိုင်သောရောဂါများ) တွင် နှလုံးအလုပ်မလုပ်နိုင်ခြင်း၊ကျရှုံးခြင်းကို ကာကွယ်ရန်အသုံးပြုကြပါသည်။

အခြားသောအသုံးဝင်မှုများမှာ–အထက်ဖော်ပြပါ ရောဂါများတွင်သာ မက အခြားသော ရေဂါများအတွက်လည်း ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက် အတိုင်းသာ သောက်သုံးသင့်ပါသည်။

ဆီးချိုရောဂါကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါအတွက်လည်း Enalapril ကို အသုံးပြုနိုင်ပါသည်။

Enalapril (အယ်နယ်လပရေး) ဘယ်လိုသောက်သုံးသင့်သလဲ

အစာနှင့်ဖြစ်စေ အစာမရှိသည်ဖြစ်စေ တွဲ၍သောက်သုံးနိုင်ပါသည်။ တစ်ရက်လျှင် နှစ်ကြိမ် မနက်တစ်ကြိမ် ညတစ်ကြိမ်သောက်သုံးနိုင်ပါသည်။

အထူးပြုလုပ်ထားသော ဇွန်းနှင့်တိုင်း၍သောက်သုံးရပါမည်။ အိမ်တွင်ပုံမှန်သုံးနေသောဇွန်းနှင့် ချိန်တွယ်၍မသောက်သုံးရပါ။

ဆေးပမာဏနှင့် ကြာချိန်သည် မိမိရောဂါအခြေအနေပေးတွင်သာမူတည်ပါသည်။ ကလေးများတွင် ကိုယ်အလေးချိန်အတိုင်းသောက်သုံးရပါမည်။

ပိုးသတ်ဆေးပမာဏ သည် ခန္တာကိုယ်ထဲတွင် တစ်သမတ်တည်းရှိပါက အစွမ်းအထက်ဆုံးဖြစ်ပါသည်။ ထို့ကြောင့်အချိန်မှန်မှန် သောက်သုံးရပါမည်။

မိမိရောဂါလက္ခဏာသက်သာသွားသည့်တိုင်ဆေးကို သတ်မှတ်ထားသောရက်အတိုင်းပုံမှန်သောက်သုံးရပါမည်။ ဆေးကြိုဖြတ်လိုက်ပါက ရောဂါပိုးမွှားများပို၍ ပေါက်ပွားနိုင်ပါသည်။

သွေးတိုးရောဂါကုသရန်အတွက် enalapril ၏ အကျိုးကျေးဇူးအပြည့်အ၀ မရခင် ရက်သတ္တပတ် အနည်းငယ် အချိန်ယူရပါသည်။ နှလုံးအလုပ်မလုပ်နိုင်သော ရောဂါ (heart failure) ကုသရန်အတွက် enalapril ၏ အကျိုးကျေးဇူးအပြည့်အဝရဖို့ရက်သတ္တပတ် မှ လပိုင်းအထိ ကြာနိုင်ပါသည်။

အခြေအနေပိုဆိုးလာလျှင် ဆရာဝန်ဆီသွားပါ။

Enalapril (အယ်နယ်လပရေး) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Enalapril ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Enalapril ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Enalapril ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

Enalapril ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Enalapril (အယ်နယ်လပရေး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးမီ

-ယခုဆေးသို့မဟုတ်အခြားသောဆေးများ ( benazepril, captopril, fosinopril, lisinopril, moexipril, perindopril, quinapril, ramipril, trandolapril,)နှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။

-အစားအသောက်၊ ဆိုးဆေး တာရှည်ခံပစ္စည်းများ တိရစ္ဆာန်များနှင့် ဓါတ်မတည့်ပါက လည်းကြိုတငိ၍ အသိပေးရပါမည်။ Asprin စသောသွေးကျဲဆေးများ အခြားသော အရောင်ကျဆေးများ ၊ ဆီးဆေး Lithum၊ ပိုတက်ဆီယမ် သောက်သုံးနေလျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။ ဆေးပြောင်းခြင်း ဆေးချိန်ခြင်း နှင့် စောင့်ကြည့်ခြင်းများပြုလုပ်ရပါမည်။

-နှလုံးရောဂါ ကျောက်ကပ်ရောဂါ မျက်စိရောဂါ ဆီးချို ကျောက်ကပ်ရောဂါ အစာမြိုရခက်သော အသက်ရှူရခက်သောရောဂါ မျက်နှာ၊လည်ချောင်း၊လျှာ၊နှုတ်ခမ်း၊မျက်လုံး၊လက်၊ခြေထောက်၊ ခြေချင်းဝတ် နှင့် ခြေထောက်အောက်ပိုင်း ရောင်ရမ်းခြင်း ရှိလျင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။

-ကိုယ်ဝန်ဆောင်နေလျှင် နို့တိုက်မိခင်ဖြစ်လျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။

-သွားနှုတ်ခြင်းများမပြုလုပ်မီ Enalapril သောက်ထားကြောင်းပြောရပါမည်။

-ဝမ်းသွားများလျှင် အန်လျှင် ရေလုံလောက်စွာမသောက်သုံးလျှင် သွေးပေါင်ချိန်ကျတတ်ပါသည်။ သွေးပေါင်ချိန်ကျလျှင် ခေါင်းမူးပြီး မူးမိုက်သွားနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Enalapril (အယ်နယ်လပရေး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ယခုဆေးသည် နို့တိုက်မိခင်များအတွက်ဘေးထွက်ဆိုးကျိုးနည်းပါသည်။

ဘေးထွက်ဆိုးကျိုးများ

Enalapril (အယ်နယ်လပရေး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဓါတ်မတည့်သောရောဂါလက္ခဏာများဖြစ်သော အရေပြားတွင် အကွက်များဖြစ်ခြင်း အသက်ရှူရခက်ခဲခြင်း မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ယောင်လာလျှင် အရေးပေါ်ကုသမှုရယူပါ။

ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများမှာ

-သတိလစ်တော့မလိုခံစားရလျှင်

-ဆီးပုံမှန်မသွားလျှင်

-နှုန်းခြင်း၊ စိတ်ဂနာမငြိမ်ခြင်း၊ရေဆာခြင်း၊ အစားအသောက်ပျက်ခြင်း၊ အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း

-ဖျားခြင်း တုန်ခြင်း တုပ်ကွေးလက္ခဏာများပေါ်ခြင်း

-အသားဖြူဖတ်ဖြူရော်ဖြစ်ခြင်း သွေးခြည်ဥလွယ်ခြင်း

-နှလုံးခုန်မမှန်ခြင်း

-ပိုတက်ဆီယမ် များခြင်း(နှလုံးခုန်နည်းခြင်း၊ သွေးခုန်နှုန်းနှေးခြင်း၊ ကြွက်သားအားနည်းခြင်း။ ကျဉ်ခြင်း)

-ရင်ဘတ်အောင့်ခြင်း

-အသားဝါခြင်း တို့ဖြစ်ပါသည်။

အတန်အသင့် ဘေးထွက်ဆိုးကျိုးများမှာ

ချောင်းဆိုးခြင်း အရသာပျက်ခြင်း အစားအသောက်ပျက်ခြင်း၊ မူးခြင်း ခေါင်းကိုက်ခြင်း အိပ်ရေးပျက်ခြင်း ၊အာခေါင်ခြောက်ခြင်း ၊အန်ခြင်း ဝမ်းလျှောခြင်း ၊အရေပြားတွင် အစက်ပေါ်ခြင်း တို့ဖြစ်ပါသည်။

ထိုသို့သောဘေးထွက်ဆိုးကျိုးများသည်လူတိုင်းတွင်မတွေ့ရတတ်ပါ။ ဘေးထွက်ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Enalapril (အယ်နယ်လပရေး) နဲ့ ဓါတ်ပြုနိုင်သလဲ

Enalapril ဟာ သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

မိမိဆရာဝန်ကို လက်ရှိသုံးနေသော ဆေးများ ၊ရပ်ထားသောဆေးများ ကို ပြောပြပါ။ အထူးသဖြင့် Lithum၊ ဆီးဆေး ၊ ပိုတက်ဆီယမ်ဆေးများ(Cytra, Epiklor, K-Lyte, K-Phos, Kaon, Klor-Con, or Polycitra;) သွေးကျဲဆေးများ၊ အရောင်ကျဆေး ၊ celecoxib, diclofenac, indomethacin, meloxicam, တို့ဖြစ်ပါသည်။

ယခုဖော်ပြပါ အချက်များအပြင် Enalapril သည်အခြားသောဆေးများ(ဗီတာမင်များ ၊ ဆေးရွက်များ၊တိုင်းရင်းဆေးများ)နှင့်လည်းဓါတ်ပြုနိုင်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Enalapril (အယ်နယ်လပရေး) နဲ့ ဓါတ်ပြုနိုင်သလား

Enalapril က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Enalapril (အယ်နယ်လပရေး) နဲ့ ဓါတ်ပြုနိုင်သလဲ

Enalapril ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

အထူုးသဖြင့်

  • ဓါတ်မတည့်ခြင်း (မျက်နှာ နှုတ်ခမ်း လျှာ လည်ချောင်း လက် နှင့် ခြေရောင်ရမ်းခြင်း)
  • သွေးရောဂါများ ကျောက်ကပ်နှင့်တွဲဖက်သောရောဂါများ
  • ဆီးချို
  • ကျောက်ကပ်ရောဂါ
  • ပိုတက်ဆီယမ်ပမာဏများခြင်း
  • – aliskiren (Tekturna) သောက်နေသော ဆီးချိုရောဂါရှင်များ
  • မျိုးရိုးလိုက် သို့ အကြောင်းရင်းမရှိ ဓါတ်မတည့်ခြင်း
  • ဓါတ် အချိုးမညီမျှခြင်း( ဆားဓါတ်နည်းခြင်း)
  • ရေဓါတ်မညီမျှခြင်း( ရေဓါတ်ဆုံးရှုံးခြင်း အန်ခြင်း ဝမ်းလျှောခြင်း)
  • နှလုံးနှင့် သွေးကြောရောဂါများ(နှလုံးအဆို့ရှင့် ကျဉ်းခြင်း နှင့် နှလုံးကြီးခြင်း)
  • ကျောက်ကပ်ရောဂါများ
  • အသည်းရောဂါများ သည် ရောဂါ အခြေအနေကို ပိုမိုဆိုးရွားနိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Enalapril (အယ်နယ်လပရေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Enalapril ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

-သွေးတိုးရောဂါများအတွက်

စစချင်း 5mg ကို တစ်နေ့တစ်ခါသောက်သုံးရပါမည်။

ဆက်လက်၍10-40mg ကို တစ်နေ့တစ်ကြိမ် သို့ နှစ်ကြိမ်သောက်သုံးရပါမည်။

အများဆုံး 40mg ကို တစ်နေ့တစ်ကြိမ် သို့ နှစ်ကြိမ်သောက်သုံးရပါမည်။

ဆီးဆေးနှင့်တွဲသောက်လျှင်

စစချင်း 2.5mg တစ်နေ့တစ်ကြိမ်

ဖြစ်နိုင်လျှင် ဆီးဆေးကို Enalapril မသောက်သုံးမီ 2-3ရက်အတွင်း ရပ်ရမည်။ အဆင်မပြေပါက တဖြည်းဖြည်းချင်းလျှော့ရပါမည်။

ထိုးဆေးဆို လျှင် 1.25-5mg အကြောဆေး ၅မိနစ်ကြာထိုးရပါမည်။ ၆နာရီခြားတစ်ခါဖြစ်ပါသည်။

မွေးရာပါနှလုံးရောဂါများတွင်

စစချင်း 2.5mg တစ်နေ့တစ်ကြိမ်သောက်သုံးနိုင်ပါသည်။

ထို့နောက် 2.5-20mg တစ်နေ့နှစ်ကြိမ်သောက်သုံးနိုင်ပါသည်။

အများဆုံး 40mg တစ်နေ့နှစ်ကြိမ်သောက်နိုင်ပါသည်။

ဘယ်သွေးလွှတ်ခန်း နှလုံးရောဂါများတွင်

-စစချင်း 2.5 mg တစ်နေ့နှစ်ကြိမ်သောက်သုံးနိုင်ပါသည်။

ထို့နောက် 20 mg တစ်နေ့နှစ်ကြိမ်သောက်သုံးနိုင်ပါသည်။

ကလေးတွေအတွက် Enalapril (အယ်နယ်လပရေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတိုးရောဂါအတွက်

-၁လမှ ၁၇ နှစ်ထိ

စစချင်း ကိုယ်အလေးချိန် 1kg လျှင် 0.08mg လူနာအခြေအနေအလိုက် ၁-၂ ကြိမ် ခွဲပြီး သောက်သုံးနိုင်ပါသည်။ (0.08 mg/kg/day)

ကိုယ်အလေးချိန် 1kg လျှင် အများဆုံး 0.58mg (40 mg) ထက်မပိုရပါ။

Enalapril (အယ်နယ်လပရေး) ကိုဘယ်လိုရရှိနိုင်သလဲ

Enalapril ကို သောက်ဆေး : 1 mg/mL (150 mL)

ဆေးလုံး 2.5 mg, 5 mg, 10 mg, 20 mg

ပုံစံများဖြင့်ရရှိနိုင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ ဖြစ်စေ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Enalapril ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement