backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Emtrix


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Emtrix ကို ဘာအတွက်အသုံးပြုကြသလဲ

Emtrix®ကို မှိုစွဲခြင်းနဲ့ psoriasis ရောဂါကြောင့် လက်သည်းများအရောင်ပျက်ခြင်း၊ ပုံစံမမှန်ခြင်း၊ ကြွပ်ဆတ်ပြီး ကျိုးပဲ့လွယ်ခြင်းစတာတွေအတွက် အသုံးပြုပါတယ်။

Emtrix®ကိုသုံးစွဲပြီး ၂-၄ပတ်အတွင်းမှာ လက်သည်းတွေရဲ့ ပုံပန်းကို ကြည့်ကောင်းစေပြီးပုံမှန်အတိုင်း ပြန်ဖြစ်လာစေပါတယ်။

Emtrix ဘယ်လိုသောက်သုံးသင့်သလဲ

ပြသနာဖြစ်နေတဲ့ လက်သည်းတွေမှာတနေ့တကြိမ် လိမ်းပေးနိုင်ပါတယ်။ အထူးသဖြင့် ညအိပ်ရာမဝင်ခင်လိမ်းရင် ပိုကောင်းပါတယ်။ ဆေးလိမ်းရာမှာ ပြွန်လေးကိုလက်သည်းအပေါ်မှာချိန်ပြီးအသာညှစ်ချရပါတယ်။ ပြီးရင် ဆေးရည်ကိုပျံ့သွားအောင် လိမ်းပေးရပါတယ်။ လက်သည်းတခုစီကိုဆေးရည်ပါးပါးနဲ့ ဖုံးနေအောင် လိမ်းပေးရပါတယ်။ လက်သည်းတွေရဲ့ အနားစွန်းလွတ်နေတဲ့နေရာတွေမှာလည်းထည့်ပေးဖို့ အရေးကြီးပါတယ်။

ပြီးတဲ့အခါ မိနစ်အနည်းငယ်လောက်ထားပြီးအခြောက်ခံရပါမယ်။

ဆေးလိမ်းပြီး ၂-၄ပတ်ကြာပြီးရင် တိုးတက်မှုရှိတာတွေ့နိုင်ပါတယ်။ ဆေးသုံးစွဲဖို့ အချိန်ကာလဟာနဂိုကလက်သည်းရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ အများစုမှာတော့ ကျေနပ်လောက်တဲ့အထိ ဖြစ်အောင် ၃-၆လခန့် ဆက်လက်သုံးစွဲရပါတယ်။ ရလာဒ်ကောင်းအောင် ပုံမှန်လက်သည်း ဖြစ်လာတဲ့အထိသုံးစွဲသင့်ပါတယ်။

Emtrix ဘယ်လိုသိမ်းဆည်းရမလဲ

Emtrix®ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Emtrix®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Emtrix®ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Emtrix အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများစတာတွေလည်း ပါဝင်ပါတယ်။
  • Emtrix®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

Emtrix®သုံးစွဲနေချိန်မှာလက်သည်းအရောင်တင်ဆေးများသုံးစွဲခြင်းကနေရှောင်ကြဉ်သင့်ပါတယ်။ Emtrix®ရဲ့ အာနိသင်ကိုလျော့ကျစေလို့ ဖြစ်ပါတယ်။

မျက်လုံး (သို့) နုနယ်တဲ့အသားများနဲ့ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရပါမယ်။ ပါဝင်တဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်ဖြစ်တတ်ရင် ရှောင်သင့်ပါတယ်။

ကလေးတွေအတွက် သိပ်ပြီးသုံးစွဲတာမရှိပါဘူး။ ကလေးတွေအတွက် မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Emtrix ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Emtrix®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးမီဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Emtrix ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

လိမ်းလိုက်တဲ့ လက်သည်းနဲ့ကပ်လျက် အရေပြားပေါ်မှာယားနာအနည်းငယ် ဖြစ်နိုင်ပါတယ်။ လူတချို့မှာလက်သည်းအရောင်ပြောင်းသွားခြင်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လက်သည်းကွာခြင်းလည်း ဖြစ်တတ်ပါတယ်။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Emtrix နဲ့ ဓါတ်ပြုနိုင်သလဲ

Emtrix®ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Emtrix နဲ့ ဓါတ်ပြုနိုင်သလား

Emtrix®ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Emtrix နဲ့ ဓါတ်ပြုနိုင်သလဲ

Emtrix®ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ လတ်တလောမှာ ဖြစ်ပွားနေတဲ့ ရောဂါများရှိရင်သင်၏ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Emtrix ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တနေ့တကြိမ်နှုန်းနဲ့ ၂-၄ပတ်အထိ ဆေးထည့်ဖို့ ဖြစ်ပါတယ်။

ကလေးတွေအတွက် Emtrix ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေမှာသုံးစွဲရမယ့် ပမာဏကိုမသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသုံးဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Emtrix ကိုဘယ်လိုရရှိနိုင်သလဲ

Emtrix®ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ၁၀ မီလီလီတာလိမ်းဆေးတောင့်အရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Emtrix®ဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement